Pages

Wednesday 15 June 2011

Incinerator လို့ခေါါတဲ့ မီးရှို့စက်

မြန်မာအင်ဂျင်နီယာဖိုရမ် http://myanmarengineer.org/ မှ၊ ကူးယူဖော်ပြပါတယ်။

ပင်လယ်ပြင်ညစ်ညမ်းမှုလို့ခေါါတဲ့ Pollution at Sea ဟာ သဘာဝပါတ်ဝန်းကျင်ညစ်ညမ်းမှုရဲ့ အစိတ် အပိုင်းတခုဖြစ်ပြီး၊ အခုအခါအလေးအနက်ပြောဆိုဆွေးနွေးလာတဲ့ အကြောင်းအရာတစ်ခုလဲဖြစ်ပါတယ်။
sewage၊ food waste စတဲ့ waste အမျိုးမျိုး၊ ဆီအညစ်အကျေး sludge၊ နဲ့ အမှိုက်သရိုက်တွေ အပါ အဝင်၊ ဘေးထွက်ပစ္စည်းတွေနဲ့ စွန့်ပြစ်ပစ္စည်းတွေကို သဘော်မောင်းနှင်ခုတ်မောင်းစဉ်မှာ ပင်လယ်ပြင် အတွင်းသို့၊ စွန့်ပြစ်ခြင်းကြောင့် ပင်လယ်ပြင်ညစ်ညမ်းမှုကိုဖြစ်စေနိုင်ပါတယ်။

ဘေးထွက်ပစ္စည်းတွေနဲ့ စွန့်ပြစ်ပစ္စည်းတွေကို အမျိုးအစားခွဲခြားပြီး၊ သဘော်ပေါါမှာတင်သိမ်းဆည်းကာ Next Call Port လို့ခေါါတဲ့၊ နောက်ထပ်ဆိုက်ကပ်မယ့် ဆိပ်ကမ်းရောက်မှ၊ ကမ်းခြေရှိအဖွဲ့အစည်းများသို့ လွဲပြောင်းပေးခြင်းဖြင့်၊ စွန့်ပစ်ခြင်းကိုဆောင်ရွက်နိုင်ပေမယ့်၊ သဘော်ဟာ ပင်လယ်ထဲမှာ ရက် အတော်ကြာ သွားလာခုတ်မောင်းနေရပြီး၊ နောက်ထပ်ဆိုက်ကပ်မယ့် ဆိပ်ကမ်းဟာ ခရီးဝေးလွန်းတဲ့အခါ၊ သိမ်းဆည်းထားရခြင်းဟာ မီးဘေးအန္တရာယ်၊ အနံ့အသက်ဆိုး၊ ပါတ်ဝန်းကျင်သန့်ရှင်းရေး၊ အဆိတ် အတောက်ဖြစ်မှု စတဲ့ အချက်အလက်များအပြင်၊ LO purifier, FO purifier နဲ့ DO purifier စတဲ့ ဆီသန့်စင်စက်တွေက သန့်စင်ရင်းစွန့်ထုတ်ပစ်တဲ့ sludge တွေကို သိုလှောင်သိမ်းဆည်းတဲ့ tank တွေရဲ့ capacity စတဲ့ အခက်အခဲတွေရှိလာမှာဖြစ်ပါတယ်။

အဲဒီအခါ ဘေးထွက်ပစ္စည်းတွေနဲ့ စွန့်ပြစ်ပစ္စည်းတွေကို အခြားနည်းလမ်းတခုအနေနဲ့၊ သဘော်ပေါါမှာတင် မီးရှို့ဖျက်ဆီးပြစ်ဖို့အတွက် incinerator လို့ခေါါတဲ့ မီးရှို့စက်ကို တတ်ဆင်အသုံးပြုကြရပါတော့တယ်။

                                              Fig. Incinerator                                             

တတ်ဆင်အသုံးပြုတဲ့ Incinerator တွေဟာ၊ IMO ကပြဌာန်းထားသော၊ MARPOL 73/78 – ANNEX VI, Standards/Certification Related to Shipboard Incineration of Waste ဆိုတဲ့ Regulation နဲ့ ကိုက်ညီရမှာဖြစ်ပြီး၊ Under Article 6 of the 1997 Protocol အရ၊ Regulation 16(4) အနေနဲ့ သဘော်ပေါါမှာ incinerator ကိုအသုံးပြုပြီး မီးရှို့ဖျက်ဆီးခြင်းမပြုလုပ်ရတဲ့ ဘေးထွက်ပစ္စည်းတွေ နဲ့ စွန့်ပြစ်ပစ္စည်းတွေကိုသတ်မှတ်ထားပါတယ်။

ကုန်သွယ်ရေကြောင်းလောကအတွက်၊ မူလပြဌာန်းထားတဲ့ Regulations ဆိုတဲ့ နည်းဥပဒေတွေမှာ၊ Annex ဆိုတဲ့ဖြည့်စွက်ချက်တွေထပ်မံပေါင်းစပ်ရင်း၊ အမှန်တကယ်လိုက်နာခြင်းရှိမရှိကို၊ ပုံမှန်စစ်ဆေး ခြင်း၊ ရှောင်တခင်စစ်ဆေးခြင်း အစရှိတာတွေနဲ့၊ ပိုမိုတင်းကျပ်စွာဆောင်ရွက်လာတာကိုလည်း သတိထားမိ ပါတယ်။

မီးရှို့ဖျက်ဆီးခြင်းမပြုလုပ်ရတဲ့ ဘေးထွက်ပစ္စည်းတွေ နဲ့ စွန့်ပြစ်ပစ္စည်းတွေကတော့ ၁။ MARPOL 73/78 Annex I, II and III မှာပြဌာန်းထားတဲ့ cargo residues including related contaminated packaging များ
၂။ Poly-chlorinated Biphenyls (PCB’s) ဆိုတဲ့ organic ပလတ်စတစ်ပစ္စည်းများ
၃။ MARPOL 73/78 Annex V, အရပြဌာန်းထားတဲ့ containing more than traces of heavy metals ဆိုတဲ့ garbage အမှိုက်သရိုက်များနဲ့
၎။ halogen compounds တွေပါဝင်တဲ့ refined petroleum products များဖြစ်ပါတယ်။

Construction
incinerator တွေရဲ့ကိုယ်ထည်မှာ waste တွေကိုထည့်သွင်းဖို့၊ vertical cylindrical chamber ပါပြီး၊ chamber ရဲ့အပေါါဖက်မှာတော့ funnel shape ပုံစံတည်ဆောက်ထားတဲ့၊ chimney လို့ခေါါတဲ့၊ မီးခိုးခေါင်းတိုင်ပါဝင်ပါတယ်။

အဆောက်အဦတွေမှာ chimney ဆိုတဲ့မီးခိုးခေါင်းတိုင်တတ်ဆင်အသုံးပြုခြင်းကို၊ ဥရောပမြောက်ပိုင်းဒေ သတွေမှာ ၁၂ ရာစု လောက်ကတည်းက စတင်အသုံးပြုခဲ့တာဖြစ်ပြီး၊ သမိုင်းအထောက်အထားအရ အေဒီ ၁၁၈၅ ခုနှစ်မှာအသုံးပြုခဲ့တဲ့ chimney ကို အဂ်လန်ကျွန်း Yorkshire ယောက်ခ့်ရှိုင်းရားနယ်က Conisborough ဆိုတဲ့မြို့လေးမှာ တွေ့နိုင်ပါသေးတယ်။ Renascence ပြန်လည် ဆန်းသစ် ခြင်းခေါတ် အလွန်မှာ၊ James Watt ရဲ့ ရေနွေးငွေ့ အင်ဂျင်ကစလို့စက်မှုတော်လှန်ရေးပေါါပေါက်လာပြီး၊ ၁၈ ရာစုနှောင်းပိုင်းမှ စတင်ကာ၊ စက်ရုံ အလုပ်ရုံတွေမှာ industrial chimney တွေကို တတ်ဆင်အသုံးပြု လာကြပါတယ်။

မီးလောင်ကျွမ်းခြင်းကြောင့်ဖြစ်ပေါါလာတဲ့ flue gas တွေကို၊ အပြင်ဘက် လေထုအတွင်းသို့၊ စွန့်ထုတ် တဲ့အခါ၊ gas flow ကောင်းစေဖို့ vertical ဆိုတဲ့ ထောင်လျှက်ပုံစံ သို့မဟုတ် near as possible to vertical အနီးစပ်ဆုံး ထောင်လျှက်ပုံစံရရှိအောင်တည် ဆောက်ရပါတယ်။

cylindrical chamber ဟာ oil fired boiler မှ furnace တွေလို၊ refractory materials တွေကို အသုံးပြု ကာ တည်ဆောက်ထားတာဖြစ်ပြီး၊ မီးလောင်ကျွမ်းခြင်းကြောင့်ဖြစ်ပေါါလာမယ့် temperature ဟာ oil fired boiler တွေရဲ့ furnace မှာမီးထိုးတဲ့အခါ၊ ဖြစ်ပေါါလာမယ့် temperature ထက်ပိုများ ပါတယ်။

oil fired steam boiler တွေမှာ မီးထိုးတဲ့အခါ၊ steam pressure ပေါါမူတည်လို့၊ control လုပ်ခြင်း နဲ့ thermal oil heater တွေမှာ thermal oil temperature ကို control လုပ်ခြင်းများကဲ့သို့၊ incinerator မှာတော့ furnace ရဲ့ thermostat ကိုအသုံးပြုကာ control လုပ်ပါတယ်။ oil fired boiler တွေကဲ့သို့ FD forced draft fan ကိုလည်း တတ်ဆင်ထားပါတယ်။

FD fan တတ်ဆင်ထားပြီး၊ rotating shaft ကိုအသုံးပြုကာ blade တွေကိုလှည့်ပတ်ပေးခြင်း ဖြင့်၊ မီးလောင်ကျွမ်းမှုကို ပိုမိုလျှင်မြန်စေပြီး၊ incomplete combustion ဆိုတဲ့ waste တွေတဝက် တပျက်လောင်ကျွမ်း ခြင်းကိုလည်း တားဆီးပေးပါတယ်။

မီးလောင်ကျွမ်းရာမှ ရရှိလာတဲ့ ပြာ ssh တွေဟာ chamber ရဲ့အောက်ခြေက hopper ထဲကို ကျဆင်း သွားပြီး၊ လောင်ကျွမ်းမှုပြီးဆုံးတဲ့အခါ၊ hopper တံခါးကိုဖွင့်ကာထုတ်ယူနိုင်ပါတယ်။ solid waste တွေကို ထည့်တဲ့ တံခါးကိုတော့ pneumatically or electrically limit switch တတ်ဆင်ထားပြီး၊ တံခါးဖွင့် လိုက်တာနဲ့ FD fan နဲ့ burner ကိုအလိုအလျှောက်ရပ်တန့်သွားစေဖို့စီမံထားပါတယ်။

ဒါပေမယ့် ပြာတွေ အကုန်လုံး ကို၊ collect လုပ်နိုင်တာတော့မဟုတ်ပါဘူး။ ပြာ တချို့တလေဟာ forced air နဲ့အတူ၊ chimney ထဲကို smoke မီးခိုးတွေနဲ့ အတူ ရောနှောပါဝင်သွားပါတယ်။ ရောနှော ပါဝင်သွားတဲ့ ash တွေကို၊ char eliminator ကိုအသုံးပြုပြီး filtering စစ်ယူပါတယ်။ အတွင်းဘက်က burning process ကိုကြည့်နိုင်အောင် sight glass တစ်ခုကိုလည်း၊ တတ်ဆင်ထားပါတယ်။

Working and Disposing
solid waste တွေကို chamber ထဲကို၊ တံခါးကတဆင့်တိုက်ရိုက်ထည့်ပြီး၊ combustion ကောင်းစေဖို့ အလွှာလိုက်ဖွကာထည့်ရပါတယ်။ engine room မှာ ဆီသုတ်တဲ့ ဂျွတ်စလို့ခေါါတဲ့ အဝတ်စုတ် rags တွေ တနည်းအားဖြင့် oily rags တွေကိုလည်း၊ solid Waste အဖြစ်သတ်မှတ်ပါတယ်။

sludge တွေနဲ့ waste oil တွေကိုတော့၊ သီးသန့်အပူပေးပြီးမှသာ combustion chamber ထဲကိုပေး
ပို့ပြီးလောင်ကျွမ်းစေပါတယ်။ purifier တွေက Sludge တွေအပါအဝင်၊ အကြောင်းအမျိုးမျိုးကြောင့်၊ ဖြစ်ပေါါလာတဲ့ waste oil တွေကို၊ sludge tank ဒါမှမဟုတ် waste oil tank သို့ပေးပို့ပြီး၊ စုဆောင်း ထားပါတယ်။ sludge နဲ့ waste oil တွေထဲမှာရေတွေလဲ ရောနှောပါဝင်နေတတ်ပြီး၊ အပူပေးတဲ့အခါ၊ condensate ဖြစ်လို့ ရေတွေထွက်လာလေ့ရှိပါတယ်။

waste oil tank ထဲကရေတွေကို ပုံမှန် ဖောက်ချခြင်း drain လုပ်ပေးရပြီး၊ အဲဒီရေတွေကို bilge holding tank ထဲမှာစုဆောင်းထားရပါတယ်။ bilge holding tank ထဲက ရေတွေဟာ oily water တွေဖြစ်တာမို့ oily water separator နဲ့ စစ်ထုတ်ကာ ဆီပါဝင်မှု 15 ppm (pulse per million) ထက်လျှော့နည်းမှသာ ပင်လယ်ပြင်ထဲကို စွန့်ပြစ်ရပါတယ်။

sludge နဲ့ waste oil တနည်းအားဖြင့် oily waste တွေကို သတ်မှတ်ထားတဲ့ temperature ရောက်သည် အထိ အပူပေးကာ၊ solid waste တွေလောင်ကျွမ်းနေစဉ်၊ chamber ထဲသို့ပေးပို့ကာ လောင်ကျွမ်းစေ ပါတယ်။ incinerator မှာ၊ oil fired boiler တွေလို မီးစတင်လောင်ကျွမ်းစေဖို့၊ burner မှတဆင့် မီးမွှေးပေးတဲ့ ignition system နဲ့ fuel supply system တို့ပါဝင်ပေမယ့်၊ solid waste တွေ မီး စတင်လောင် ကျွမ်းတာနဲ့ burner ဟာ သတ်မှတ်ထားတဲ့ မီးမထိုးပေးတော့ပဲ၊ သူ့ဘာသာ ဆက်လက်လောင်ကျွမ်းစေပါတယ်။

steam boiler တွေမှာ safety valve တတ်ဆင်ထားသလို၊ incinerator မှာတော့ flue gas high temperature sensor တတ်ဆင်ထားကာ၊ temperature setting ကိုရောက်တာနဲ့ force draft fan ကို ရပ်ပစ်ခြင်းဖြင့် combustion ကိုရပ်ကာ၊ incinerator over heating ဖြစ်ခြင်းမှ ကာကွယ်ထား တဲ့ အကြောင်းနဲ့၊ flue gas high temperature setting ကိုယေဘုယျအားဖြင့် ၃၅၀ ဒီဂရီ စင်တီဂရိတ် ကနေ ၃၈၀ ဒီဂရီ စင်တီဂရိတ် ခန့်ထားရှိကြောင်း မှတ်သား မိသလောက်ရေးခဲ့ပါတယ်ခင်ဗျား။

ပုံကို Google ကနေရှာဖွေကူးယူပါတယ်။
Post credit to : ဦးရီးထွန်း http://myanmarengineer.org/

No comments:

Post a Comment