Pages

Tuesday 14 June 2011

AVR ဆိုတဲ့ Automatic Voltage Regulator

generator စတင်လည်ပတ်တာနဲ့ rated RPM ရဲ့ ၈၀ ~ ၈၅ % လောက်မှာ residual magnetism ကြောင့်ထွက်လာတဲ့ output voltage တန်ဘိုးတခုကို AVR ကတဆင့် သတ်မှတ်ထားတဲ့ ratio အချိုးအဆအတိုင်း ပြင်ဆင်ပေးကာ exciter stator သို့ ပေးပို့ပါတယ်။ အဲဒီအခါ exciter stator ကနေ flux တွေထွက်လာပြီး၊ ထွက်လာတဲ့ flux တွေကို လည်ပတ် နေတဲ့ exciter rotor Coil က လက်ခံရရှိပြီး၊ excitation voltage အဖြစ် rotating rectifier diodes တွေဆီကို ပို့ပြီး DC excitation အဖြစ်ပြောင်းလဲ ပြီးမှ၊ main rotor သို့ ပေးပို့ပါတယ်။




Fig. negative feedback control loop system

AVR ဆိုတဲ့ Automatic Voltage Regulator ဆိုတာကတော့ constant voltage level ဆိုတဲ့ volt အားတန်ဘိုးတခုမှာ၊ ရှိနေစေဖို့ အလိုအလျှောက်ထိမ်းကျောင်းပေးတဲ့ အရာပဲဖြစ်ပါတယ်။ တနည်း အားဖြင့် negative feedback control loop system ကိုအသုံးပြုကာ၊ voltage တန်ဘိုးတခုကို၊ ထိမ်းကျောင်းပေးပါသတဲ့။ AVR ဟာ generator စတင်လည်ပတ်ချိန်မှာ၊ နဂိုကတည်းက ရှိနေပြီးသား residual magnetism ကြောင့်ထွက်ပေါါလာတဲ့ out put voltage ကိုရယူပြီး၊ သတ်မှတ် ထားတဲ့ ratio အတိုင်း၊ regulated လုပ်ကာ excitation voltage အဖြစ်၊ generator ကိုစတင် ပေးသွင်းပါတယ်။

brush type generator တွေမှာ carbon brushes တွေကိုအသုံးပြုပြီး၊ slip rings တွေကတဆင့် rotor ကိုပေးသွင်းသလို၊ brush-less type generator တွေမှာတော့ exciter stator ကိုပေးသွင်းပါတယ်။



Fig.
solid state AVR


ဒီလိုနဲ့ generator ဟာ rated RPM ကိုရောက်သွားပြီး၊ rated output voltage ထွက်လာတဲ့အခါ၊ out put voltage ကို ရယူကာ၊ သတ်မှတ် ထားတဲ့ ratio အချိုးအဆအတိုင်း၊ excitation voltage ကိုပေးသွင်းနေ ပါတယ်။ တဖန် generator ကို load တင်ကာအသုံးပြုနေစဉ် ကာလတလျှောက်လုံးမှာလည်း၊ AVR ဟာ excitation voltage ကိုပေးသွင်းနေရင်း အကြောင်းတစုံတခုကြောင့် load increasing တနည်းအားဖြင့် load ဆွဲလိုက်လို့၊ generator ရဲ့ output volatge ရုတ်တရက်ကျသွားတဲ့အခါ၊ excitation voltage ကို သတ်မှတ် ထားတဲ့ ratio အချိုးအဆအတိုင်း၊ ပိုမိုပေးသွင်းခြင်းဖြင့်၊ constant voltage level ဆိုတဲ့ ဗို့အား တန်ဘိုးတခုမှာ တည်ရှိနေစေအောင်၊ အလိုအလျှောက်ထိမ်းကျောင်းပေးပါတယ်။

အလားတူ generator ရဲ့ output volatge ရုတ်တရက်မြင့်တက်လာရင်လည်း AVR ဟာ excitation voltage ကို သတ်မှတ် ထားတဲ့ ratio အချိုးအဆ အတိုင်း၊ လျှော့ချကာ ပေးသွင်းခြင်းဖြင့်၊ constant voltage level ဆိုတဲ့ ဗို့အား တန်ဘိုးတခုမှာ တည်ရှိနေအောင်၊ အလိုအလျှောက်ထိမ်းကျောင်းပေးပါတယ်။

တကယ်တော့ load တင်ထားတဲ့ generator ရဲ့ output voltage အနိမ့်အမြင့် ဟာ၊ သိသိ သာသာ  ပြောင်းလဲတာမဟုတ်ပဲ၊ load current က သာ သိသိသာသာ ပြောင်းလဲတာပါ။ ဒါပေမယ့် ဝေါဟာရ အသုံး အနှုံးအရ မြင်လွယ်အောင် output voltage ရယ်လို့သာ သုံးနှုံးလိုက်ပါတယ်။



AVR ဟာ generator ရဲ့ output က ရရှိလာတဲ့ voltage ကို sensing voltage တခုအဖြစ်လက်ခံကာ၊ internal reference voltage တန်ဘိုးတခုနဲ့ compared နှိုင်းယှဉ်ပြီး၊ သတ်မှတ် ထားတဲ့ ratio အချိုးအဆ အတိုင်း regulated လုပ်ကာ AVR ရဲ့ output voltage အနေနဲ့ generator သို့ပြန်ပေးပါတယ်။

initial voltage နဲ့ reference voltage တို့ရဲ့ ကွာခြားချက်တွေကို၊ negative feedback control loop system ကို အသုံးပြုကာ regulated လုပ်တဲ့အခါ၊ open loop gain အနေနဲ့ regulating accuracy က၊ ကောင်းပေမယ့် stability ကတော့ သိပ်မကောင်းပါဘူး။


Stability ဆိုတာကတော့ AVR ကနေ Excitation Voltage အနေနဲ့ Generator ကိုပေးသွင်းမယ့် ညှို့ Volatge မှာပါဝင်နေတတ်တဲ့ Oscillation တို့ Ringing တို့ပါဝင်မှုအနည်းအများကို ဆိုလိုတာဖြစ်ပြီး၊ Stability ကို လိုအပ်သလို ချိန်ညှိလို့ ရစေဖို့ AVR တွေမှာ စီစဉ်ထားပါသတဲ့။ Stability အကြောင်းပြော တဲ့အခါ Droop ဆိုတဲ့ Offest အကြောင်းကိုပြောဖို့ လိုအပ်လာပါတယ်။

Droop ဆိုတာကို လွယ်လွယ်ပြောရရင် desired value လိုချင်တာနဲ့ actual value ရ လာတာ ကြားက ကွာခြားမှုကို ချိန်ညှိပေးခြင်းရယ်လို့ သဘောပေါက်မိပါတယ်။ generator ဟာ အကြောင်းတစုံတခုကြောင့် load increasing သို့မဟုတ် load တက်သွားတဲ့အခါ၊ ဒါမှမဟုတ် load decreasing ဆိုတဲ့ load ကျသွား တဲ့အခါ AVR ဟာ အချိန်အတိုင်းအတာ တခု အတွင်းမှာ open loop gain အနေနဲ့ regulated လုပ်ပြီး၊ excitation voltage ကို ပိုထုတ်ကာ generator ကို constant voltage level တခုသို့ ပြန်လည် ရောက်ရှိ လာအောင် ထိမ်းကျောင်း ပေးရပါတယ်။ အဲဒီလို ထိမ်းကျောင်းပေးဖို့ အတိုင်းအတာ တခုကို droop ရယ် လို့ ခေါါကြပြီး၊ လိုအပ်သလို ချိန်ညှိလို့ ရစေဖို့ AVR တွေမှာ စီစဉ်ထားတာကို သိခဲ့ရပါတယ်။

ပုံတွေကို google ကနေရှာဖွေကူးယူပါတယ်။

No comments:

Post a Comment