Pages

Wednesday 29 February 2012

Control Valves (၈) - Control Valve Characteristics

control valves တွေရဲ့၊ ပင်ကိုယ် inherent flow characteristic အရ၊ constant pressure conditions မှာ၊ 'valve opening' နဲ့ flow-rate တို့ဟာ ဆက်စပ်နေပါတယ်။ 'valve opening' ဆိုတာ ကတော့ valve plug ဟာ valve seat မှဝေးကွာနေတဲ့ အနေအထားကို၊ ဆိုလိုခြင်းဖြစ်ပြီး၊ orifice pass area ကို ထည့်သွင်းဖော်ပြခြင်းမရှိတာ၊ တွေ့ရမှာ ဖြစ်ပါသတဲ့။ orifice pass area ကို၊ တခါတရံ 'valve throat' ရယ်လို့ ခေါါဝေါါသုံးနှုံးတတ်ပြီး၊ valve plug နဲ့ seat ကြားမှ၊ သေးငယ်ကျဉ်းမြောင်းတဲ့ narrowest point ကို၊ ဆိုလိုခြင်းဖြစ်ပါတယ်။ control valves တွေရဲ့ characteristic အရ၊ orifice pass area နဲ့ flow-rate တို့ဟာ၊ directly proportional အနေနဲ့ တိုက်ရိုက်အချိုးကျစွာ ဆက်စပ်နေတာကိုလည်း၊ တွေ့ရပါတယ်။

control valves တွေဟာ၊ တခုနဲ့တခု အရွယ်အစား ကွဲပြားခြားနားပေမယ့်၊ ပင်ကိုယ်မူလ inherent flow characteristic ကြောင့်၊ တူညီတဲ့ orifice pass area မှာ တူညီတဲ့ volumetric flow-rate နဲ့ differential pressure တို့ကိုရရှိမှာဖြစ်ပါတယ်။ pass area ခြင်းတူညီပေမယ့်၊ 'valve openings' မှာတော့ မတူညီနိုင်တဲ့ အတွက်၊ valve characteristics မှာ ကွဲပြားမှုတွေရှိပါသတဲ့။ orifice pass areas ခြင်း တူညီပေမယ့်၊ certain pressure drop နဲ့ flow-rate ကို၊ linear valves တွေမှာ၊ valve opening ရဲ့ (25 %) ခန့်မှာရနိုင်ပြီး၊ equal percentage valves တွေမှာတော့ (65 %) ခန့် မှသာရရှိတာ၊ တွေ့ရပါတယ်။


Fig. Shape of the trim determines the valve characteristic

plug နဲ့ seat arrangements တွေကို၊ valve 'trim' အဖြစ်၊ ခေါါဝေါါသုံးနှုံးလေ့ရှိပါတယ်။ valve 'trim' ကြောင့် valve opening မှာ၊ ခြားနားမှုတွေဖြစ်ပေါါပြီး၊ valve characteristics မှာ ကွဲပြားမှုတွေ ရှိလာပါတယ်။ globe valves တွေမှာ၊ plugs နဲ့ ကွဲပြားခြားနားတဲ့ ပုံသဏ္ဍန်တည်ဆောက်ပုံ shapes တွေကြောင့်၊ valve characteristics တွေ ပါ၊ ကွဲပြားခြားနားရပါသတဲ့။ globe valves တွေရဲ့ valve 'trim' ပုံသဏ္ဍန်တည်ဆောက်ပုံ shapes တွေကို Fast opening, Linear နဲ့ Equal percentage ဆိုပြီး၊ ခွဲခြားသတ်မှတ်နိုင်ပါတယ်။


Fig. Inherent flow characteristics of typical globe valves and rotary valves

rotary valves တွေဖြစ်တဲ့၊ ball valves နဲ့ butterfly valves တွေဟာ၊ basic characteristic curve အရ၊ ပင်ကိုယ်မူလ inherent flow characteristic တွေရှိပေမယ့်၊ plugs တွေကို modify အနေနဲ့၊ ပြောင်းလဲ တတ်ဆင်လိုက်တဲ့အခါ၊ valve characteristics တွေပါ၊ ကွဲပြားခြားသွားမှာဖြစ်ပါတယ်။ fast opening characteristic valve plugs တွေ ဟာ၊ closed position သို့ သေးငယ်တဲ့ small valve lift အဖြစ်ပြောင်းလဲ ရုံနဲ့တင်၊ flow-rate ပမာဏကို ကြီးမားစွာပြောင်းလဲစေပါတယ်။ valve lift ဟာ (50 %) ခန့်ပြောင်းလဲရွှေ့လျှား တဲ့အခါ၊ orifice pass area ရဲ့ maximum potential ဖြစ်တဲ့ (90 %) ခန့်အထိ flow-rate မြင့်တက်သွားတာ၊ တွေ့ရပါတယ်။ တနည်းအားဖြင့် 'on / off' characteristic ရှိတဲ့ valve plug အဖြစ် သတ်မှတ်နိုင်ပါတယ်။ fast opening valves တွေကို electrically သို့မဟုတ် pneumatically actuators တွေနဲ့ တွဲဖက်ပြီး 'on / off' control အဖြစ် အသုံးပြုလေ့ရှိပါတယ်။

self-acting type control valves တွေရဲ့ plug ကို၊ fast opening plug ပုံသဏ္ဍန် shape အဖြစ်ပြောင်းလဲ တတ်ဆင်လိုက်တဲ့အခါ၊ valve plug ရွှေ့လျှားမှုကြောင့်၊ fast opening control valves တွေမှာလို၊ flow-rate ကို၊ အပြောင်းအလဲ၊ အများအပြားမဖြစ်ပေါါစေတော့သလို၊ controlled condition မှာလည်း၊ အပြောင်းအလဲ အနည်းငယ်သာ ပေါါပေါက်တာတွေ့ရပါတယ်။


Fig. Linear valve flow / lift curve for a linear valve

linear characteristic valves တွေရဲ့ plug တည်ဆောက်ထားတဲ့ပုံသဏ္ဍန့် shape ကြောင့်၊ constant differential pressure မှာ၊ flow-rate ဟာ valve lift နဲ့ directly proportional အနေနဲ့၊ တိုက်ရိုက် အချိုးကျပြောင်းလဲပါတယ်။ ဒါ့အပြင် valve lift နဲ့ orifice pass area တို့ဟာလည်း၊ linear relationship အနေနဲ့ အချိုးကျစွာဆက်စပ်နေတာ၊ တွေ့ရ ပါတယ်။ valve lift (40 %) မှာ၊ orifice pass area (40 %) မှ တဆင့်၊ full flow ရဲ့ (40 %) ခန့်သာဖြတ်သန်းသွားမှာဖြစ်ပါသတဲ့။
equal percentage valves တွေရဲ့ plug တည်ဆောက်ထားတဲ့ပုံသဏ္ဍန့် shape ကြောင့်၊ valve lift ထပ်တိုးလာတိုင်း၊ flowrate ဟာ မူလ flowrate ရဲ့ percentage ရာခိုင်နှုံး တခုဖြင့်၊ တိုးလာမှာ ဖြစ်ပါတယ်။ တနည်းအားဖြင့် incremental increase လို့ခေါါဆိုနိင်ပြီး၊ valve lift orifice pass area တို့ဟာ၊ linear အနေနဲ့ ဆက်စပ်နေတာမဟုတ်ပဲ၊ "logarithmic" relation အဖြစ်၊ ဆက်စပ်နေတာတွေ့ရ ပါတယ်။ valve lift ရွှေ့လျှားမှုကို "H" အဖြစ်၊ သက်ေတပေးကာ သတ်မှတ်ဖော်ပြကြပါသတဲ့။ closed position valve ဟာ၊ အပိတ်အနေအထားမှာ၊ ရှိနေခဲ့လျှင် "0" လို့သတ်မှတ်ပြီး၊ အပွင့်အနေအထား fully opened position မှာရှိနေခဲ့လျှင်တော့၊ "1" အဖြစ်သတ်မှတ်ပါသတဲ့။ valve ရဲ့ အပိတ်အနေအထားမှ၊ အပွင့်အနေအထားသို့၊ ပြောင်းလဲသွားစေဖို့ valve lift ရွှေ့လျှားသွားတိုင်း၊ အပွင့်အနေအထား fully opened position ရဲ့ ရာခိုင်နှုံး တန်ဘိုးတခုအဖြစ်၊ သတ်မှတ်ဖော်ပြပါတယ်။


Fig. Valve rangeability (50) : Equal percentage characteristic - flowrate and valve lift with constant differential pressure

valve rangeability (50) ရှိတဲ့ control valve တလုံးအတွင်း၊ maximum volumetric flow တန်ဖိုး (10 m/ h) နှုံးနဲ့ fluid သို့မဟုတ် gas ဖြတ်စီးစဉ်၊ (40 %), (50 %) နဲ့ (60 %) valve lift အပြောင်းအလဲ conditions တွေမှာပေါါပေါက်လာမယ့်၊ incremental increase flow rate ပမာဏ တွက်ချက်ပုံကို၊ ဥပမာအဖြစ်၊ ဖော်ပြထားပါတယ်။ "valve rangeability" အရ (50) လို့၊ သတ်မှတ်ထားတဲ့ equal percentage control valves တွေကိုကြည့်လျှင်၊ valve lift (50 %) မှာ၊ valve lift (40 %) ပွင့်စဉ်က၊ စီးဆင်းခဲ့တဲ့ flow rate ထက် (48 %) ပိုပြီး၊ စီးဆင်းတာတွေ့ရမှာဖြစ်သလို၊ valve lift (60 %) မှာ၊ valve lift (50 %) ပွင့်စဉ်က၊ စီးဆင်းခဲ့တဲ့ flow rate ထက် (48 %) ပိုပြီး၊ စီးဆင်းတာတွေ့ရမှာ ဖြစ်ပါတယ်။

valve rangeability တန်ဖိုး (50) လို့သတ်မှတ်ထားတဲ့ valves တွေမှာ valve lift (10 %) တိုးသွားတိုင်း၊ flowrate မှာ (48 %) တိုးသွားပါတယ်။ valve rangeability တန်ဖိုး အနေနဲ့ (100) လို့ သတ်မှတ်ထားတဲ့၊ equal percentage control valves တွေမှာတော့၊ valve lift (10 %) တိုးသွားတိုင်း၊ flowrate မှာ (58 %) တိုးသွားတာ တွေ့ရပါတယ်။ valve rangeability တန်ဖိုး တိုးသွားတိုင်း၊ flow rate ပမာဏဟာ၊ မူလ flowrate ရဲ့ percentage ရာခိုင်နှုံးတခုဖြစ်တဲ့၊ incremental increase တန်ဖိုးအတိုင်း၊ လိုက်ပါပြောင်းလဲ သွားတာ တွေ့ရပါတယ်။ equal percentage control valves တွေရဲ့ incremental increase တန်ဖိုးပြောင်းလဲခြင်းကို၊ inherent valve characteristic လို့ခေါါပြီး၊ တခါတရံ parabolic, modified linear နဲ့ hyperbolic characteristic အဖြစ် သတ်မှတ်ခေါါဝေါါကြပါသတဲ့။

fluid flow နဲ့ load demand တို့ဟာ၊ unique installation characteristic အနေနဲ့တခုနဲ့တခု၊ ဆက်စပ်နေပါတယ်။ တနည်းအားဖြင့် valve opening နဲ့ flow rate တို့ဟာ၊ ညီညွတ်စွာ ဆက်စပ်နေခြင်း ဖြစ်ပါတယ်။ water (သို့မဟုတ်) liquid system တွေမှာ၊ flow ပေါါမူတည်ပြီး၊ control valve မှာ pressure drop အပြောင်းအလဲ ဖြစ်ပေါါစေသလို၊ steam (သို့မဟုတ်) gaseous system တွေမှာတော့၊ လိုအပ်တဲ့ load demand ပေါါမူတည်ပြီး၊ control valve မှာ pressure drop အပြောင်းအလဲကို ဖြစ်ပေါါစေပါတယ်။ water ကဲ့သို့ liquid system တွေမှာ၊ linear control valves တွေကို၊ အသုံးပြုပြီး၊ steam လို gaseous system တွေ မှာတော့၊ equal percentage control valves တွေကို၊ အသုံးပြုကြပါတယ်။


Fig. Three-port diverting valve on a water heating system

"water circulating heating systems" တွေမှာ၊ three - port valves တွေကို mixed သို့မဟုတ် diverted အဖြစ်၊ တတ်ဆင်ကြပြီး၊ balanced circuit အတွင်း၊ constant အနေနဲ့ flow rate တည်ငြိမ်နေစေဖို့၊ control valve ရဲ့ pressure drop အပြောင်းအလဲမှ တဆင့်၊ ဆောင်ရွက်ပါတယ်။ mixed သို့မဟုတ် diverted အနေနဲ့ဆောင်ရွက်ပေးမယ့် three - port valve ဟာ၊ linear characteristics ရှိတဲ့၊ control valve ဖြစ်ပါတယ်။


Fig. Modulating boiler water level control system

"boiler water level control systems" တွေမှာတော့၊ two - port valves တွေကို၊ တတ်ဆင်ကြ ပါတယ်။ flow အပြောင်းအလဲကြောင့်၊ valve မှာ pressure drop အပြောင်းအလဲဖြစ်ပေါါပြီး၊ level ကို control လုပ်ခြင်းဖြစ်ပါတယ်။ pump မှတဆင့် flow rate ကို decrease အနေနဲ့လျှော့ချတဲ့အခါ၊ pump နဲ့ control valve ရဲ့ differential pressure ဟာ၊ increase အနေနဲ့တိုးလာပြီး၊ pump characteristic ဖြင့်၊ control valve မှာ pressure drop အပြောင်းအလဲကို၊ ပေါါပေါက်စေခြင်းဖြစ်ပါတယ်။ pipework ရဲ့ fractional resistance အပြောင်း အလဲမှတဆင့်၊ flowrate ကိုပြောင်းလဲနိုင်ပါသေးတယ်။ fraction lost ဟာ၊ velocity ရဲ့ နှစ်ထိပ်ကိန်းနဲ့၊ တိုက်ရိုက်အချိုးကျတဲ့ အတွက်၊ velocity အပြောင်းအလဲ မှတဆင့်၊ pressure drop အပြောင်းအလဲကို၊ ပေါါပေါက်စေခြင်းဖြစ်ဖြစ်ပါတယ်။ ဒါ့အပြင်၊ staem load အပေါါ မူတည်ပြီး၊ boiler အတွင်းမှာပေါါပေါက်လာတဲ့၊ pressure အပြောင်းအလဲမှတဆင့်၊ flowrate ကိုပြောင်းလဲနိုင်ပါတယ်။

"temperature control systems" တွေမှာလည်း၊ two - port valves တွေကို၊ တတ်ဆင်အသုံးပြု ပါတယ်။ heat exchanger မှာ primary steam ကို၊ heating agent အဖြစ်အသုံးပြုပြီး၊ valve အတွင်း ဖြတ်သန်းသွားမယ့် flowrate အပြောင်းအလဲမှ တဆင့်၊ temperature ကို control လုပ်ပါတယ်။


Reference and image credit to : Control Valve Characteristics - ကိုထွန်း, Steam Engineering Tutorials, Control Hardware : Electric/ Pneumatic Actuation, The Steam and Condensate Loop Book, ISBN 978-0-9550691-5-4, 2011. Copyright © 2012 Spirax-Sarco Limited.

Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.

No comments:

Post a Comment