Pages

Tuesday 1 January 2013

Hydraulic control valves (၅)

pilot-operated with external drain type check valve လို့ခေါါတဲ့ 'sequence valve' အကြောင်းကို၊ ဆက်ပါဦးမယ်။ fluid power circuits လို့ခေါါတဲ့ hydraulic circuits တွေမှာ၊ operation, efficiency နဲ့ performance တွေကောင်းလာစေဖို့အပြင်၊ safety အတွက်ပါ ရည်ရွယ်ပြီး၊ sequence valves တွေကို၊ တတ်ဆင်အသုံးပြုကြပါတယ်။ sequence vales တွေဟာ normally closed အနေအထားဖြင့် 'ပိတ်' နေသလို၊ fluid ဟာ bidirectional flow ဖြင့်၊ valve အား ဖြတ်သန်းစီးဆင်းနိုင်ပြီး၊ bypass check valve တလုံးနဲ့အပြိုင် parallel တွဲဖက်တတ်ဆင်အသုံးပြုရတဲ့၊ valves တွေဖြစ်ပါတယ်။ sequence valves တွေမှာ hydraulic tank ဖြင့် တိုက်ရိုက်ဆက်သွယ်ထားတဲ့ external drain line ပါဝင်ပါတယ်။

(၂) ခုထက်ပိုတဲ့ hydraulic cylinders တွေကို၊ parallel အနေနဲ့ မောင်းနှင်အသုံးပြုတဲ့အခါ၊ အစီအစဉ် တကျ sequence အနေနဲ့ လှုပ်လျှားရွှေ့လျှားစေဖို့ လိုအပ်ပါတယ်။ directional control valves, limit switches တွေနဲ့ limit valves တွေကို၊ တတ်ဆင်အသုံးပြုပြီး၊ first cylinder ဟာ၊ လိုအပ်တဲ့ positive location ကိုမရောက်ခင်၊ second cylinder စတင် ရွှေ့လျှားစေဖို့၊ ဆောင်ရွက်ခဲ့ကြရာမှ၊ sequence valves တွေကို cylinder actuation အတွက် အစားးထိုးတတ်ဆင်ပြီး၊ အသုံးပြုလာကြပါတယ်။ bypass check valve တလုံးနဲ့အပြိုင် parallel တွဲဖက်ထားတဲ့ sequence valve ကို၊ directional valve ဖြင့်၊ တိုက်ရိုက် series အနေအထားဖြင့် တတ်ဆင်အသုံးပြုလေ့ရှိပါတယ်။


Fig. Simplified cutaway of a typical hydraulic sequence valve and schematic symbol

sequence valves တွေကို preset pressure ဖြင့် setting ချိန်ညှိထားပါတယ်။ fluid pressure ဟာ preset pressure မရောက်ခင်မှာ valve ပွင့်သွားပြီး၊ flow အားဖြတ်သန်း စီးဆင်းစေသသို၊ လိုအပ်ပါက flow direction ကိုပါပြောင်းလဲ စီးဆင်းစေနိုင်ပါတယ်။ အထက်မှာ အသုံးများတဲ့ direct acting - internally pilot operated sequence valve တလုံးကို၊ နမူနာအဖြစ် ဖော်ပြထားပါတယ်။ internally pilot operated sequence valves တွေကို၊ အများဆုံး set pressure အနေနဲ့ 50 psi ပမာဏထက်မပိုပဲ၊ ချိန်ညှိထားလေ့ ရှိပါတယ်။ internally piloted designed အဖြစ် တည်ဆောက်ထားပေမယ့်၊ လိုအပ်ပါက externally piloted အဖြစ်ပြောင်းလဲ တတ်ဆင်အသုံးပြုနိုင်ပါတယ်။ direct acting - externally pilot operated sequence valves တွေမှာ set pressure ကို 100 ~ 150 psi ပမာဏခန့်မှာ၊  ချိန်ညှိ ထားပေမယ့် premature cylinder creep ဆိုတဲ့ hydraulic cylinder တဖြည်းဖြည်း ညင်သာစွာ စတင်ရွှေ့လျှားစေဖို့၊ below set pressure မှာ၊ valve ဟာ partially open အနေအထားဖြင့်၊ အနည်းငယ် စတင် 'ပွင့်' တာတွေ့ရပါတယ်။

မူလအခြေအနေမှာ၊ spring မှ adjustable force ရဲ့ တွန်းအားဖြင့် balanced spool ဟာ sequence valve inlet သို့ fluid စီးဆင်း မဝင်ရောက်စေရန်၊ block အနေနဲ့ တားဆီး ထားပါတယ်။ valve inlet မှ fluid ရဲ့ pressure ဟာ spring force setting ကိုကျော်လွန်သွားတဲ့အခါ၊ spool အား အပေါါသို့ တွန်းတင်လိုက်ပါတယ်။ fluid ဟာ routing fluid အနေနဲ့ စီးဝင်လာပေမယ့်၊ outlet ဟာ valve အတွင်းမှ fluid pressure မြင့်တက် မလာမခြင်း 'ပိတ်' နေပါတယ်။ inlet မှ fluid pressure ဟာ set pressure ရဲ့အောက်သို့ လုံးဝကျဆင်းမှု မရှိတဲ့ အခြေအနေရောက်မှာသာ၊ outlet စတင် 'ပွင့်' သွားပြီး၊ fluid flow ဆက်လက် စီးဆင်းသွားပါတော့တယ်။ outlet pressure ဟာ exceeds set pressure အဖြစ် ရရှိလာတဲ့အခါ၊ valve ဟာ fully open အနေအထားဖြင့် အပြည့်အဝ 'ပွင့်' သွားပြီး၊ valve ရဲ့ အဝင်နဲ့ အထွက် inlet and outlet မှ fluid flow pressure ကို equalized အနေနဲ့ ညီမျှနေစေရန်၊ ဆောင်ရွက်ပေးပါတယ်။

Fig. Typical hydraulic circuit using conventional sequence valves for sequential operation of cylinders 

အထက်မှာ work piece ကို clamp and hold အနေနဲ့ ကိုင်တွယ်ပြီး၊ second operation အဖြစ် လွှဲပြောင်းပေးမယ့်၊ machine တခုရဲ့ hydraulic circuit ကို၊ နမူနာအဖြစ် ဖော်ပြထား ပါတယ်။ sequence valve '2' ကို preset pressure အနေနဲ့ 500 psi မှာချိန်ညှိထားတဲ့အတွက်၊ cylinder '1' မှာအနည်းဆုံး 550 psi ဖိအားပမာဏရှိမှသာ၊ cylinder '2' ဟာ extend အနေနဲ့ အပြင်သို့ ဆန့်ထွက်နိုင်မှာ ဖြစ်ပါတယ်။ cylinder '2' ဟာ အပြင်သို့ extending အနေနဲ့ ဆန့်ထွက်ရွှေ့လျှားစဉ်၊ circuit အတွင်းမှ pressure ဟာ 500 psi ဖိအား ပမာဏအောက်သို့ ကျဆင်းမသွားရန် လိုအပ်ပါတယ်။ အကယ်၍ cylinder '2' ဟာ 1000 psi ဖိအားပမာဏလိုအပ်ပါက၊ relief valve setting မှတဆင့် increase အနေနဲ့ မြှင့်တင်ပေးနိုင်ပါတယ်။

cylinder '2' ဟာ retracted အနေနဲ့ အတွင်းသို့ ဝင်ရောက်ရွှေ့လျှားစဉ်၊ cylinder '1' သို့ retracted signal မဝင်ရောက်စေရန်၊ sequence valve '1' ကို preset pressure အနေနဲ့ 450 psi မှာချိန်ညှိကာ၊ block အဖြစ် တားဆီးပေးထားပါတယ်။ cylinder '2' ဟာ retracted အနေနဲ့ အတွင်းသို့ ဝင်ရောက်ရွှေ့လျှားစဉ်၊ pilot-operated check valve မှ cylinder '1' ရဲ့ force ကို ထိန်းသိမ်းပေးထား ပါတယ်။ sequence valve '1' နဲ့ cylinder '1' တို့ရဲ့ line မှဝင်ရောက်လာမယ့် signal မှသာ၊ pilot-operated check valve ကို open position ဖြင့် ဖွင့်နိုင်တဲ့အတွက်၊ အနှောက်အယှက်ပေးမယ့် မည်သည့် signal မှမရှိတဲ့ အခြေအနေ ဖြစ်ပေါါနေပြီး၊ cylinder '2' ဟာ fully retraced အနေနဲ့ အဆုံးထိ ဝင်ရောက်ရွှေ့လျှားနိုင်မှာ ဖြစ်ပါတယ်။

အကယ်၍ cylinder '1' ဟာ load contacting တနည်းအားဖြင့် stroke end သို့ရောက်ရှိစဉ်၊ သို့မဟုတ် cylinder '2' ဟာ prematurely အနေနဲ့ ချောမွှေ့စွာအလုပ်လုပ်နိုင်တဲ့ အခြေအနေမျိုးမှာ build-up pressure ပေါါပေါက်နိုင်တဲ့ အတွက်၊ အထက်မှာဖော်ပြထားတဲ့ circuit ကို၊ safe အနေနဲ့ စိတ်ချ ယုံကြည်စွာ၊ အသုံးမပြုနိုင်တာ တွေ့ရပါတယ်။ ဒါ့အပြင် ပထမဆုံးရွှေ့လျှားမယ့် cylinder '2' ဟာ၊ subsequent ones အနေနဲ့ နောက်ထပ် လိုက်ပါရွှေ့လျှားမယ့် cylinder '1' ထက် higher pressure ပိုမို လိုအပ်တဲ့အတွက်၊ sequence valves တွေမှာ အဆက်မပြတ် substantial heat တွေပေါါပေါက်နိုင်တဲ့ အပြင်၊ valve ရဲ့ အဝင်နဲ့ အထွက်မှာလည်း၊ မြင့်မားတဲ့ high pressure drop တွေ ဖြစ်ပေါါနိုင်ပါတယ်။
Fig. Simplified cutaway of a kick-down sequence valve and schematic symbol   

sequence valves တွေမှာ ဖြစ်ပေါါလာမယ့် substantial heat တွေနဲ့ high pressure drop ကို၊ တားဆီး ကာကွယ်ရန် conventional sequence valves တွေအစား၊ kick-down sequence valves တွေကို၊ hydraulic circuits တွေမှာ တတ်ဆင်အသုံးပြုလာကြပါတယ်။ kick-down sequence valves တွေမှာ spring force နဲ့ပိတ်နေမယ့် adjustable poppet ပါဝင်ပါတယ်။ pressurized fluid ဟာ valve ရဲ့ inlet မှတဆင့် control orifice ကိုဖြတ်ပြီး၊ main poppet သို့ ဝင်ရောက်စီးဆင်းပါတယ်။ main poppet up ကို pressurized fluid မှ တွန်းပေမယ့်၊ opposite side မှ light spring ရဲ့force နဲ့ equal pressure အဖြစ်၊ ညီမျှနေစဉ် valve ဟာ 'ပိတ်' နေပါတယ်။

fluid ဟာ adjustable poppet ကို 'ပွင့်'သွားစေမယ့် ဖိအားပမာဏ pressure built-up အခြေအနေ အထိ ရောက်ရှိလာတဲ့အခါ၊ valve ရဲ့ inlet မှတဆင့် control orifice ကိုဖြတ်ပြီး စီးဆင်းခဲ့တဲ့ နှုံးထက်၊ ပိုမြန်မယ့် flow rate တခုဖြင့်၊ ဖြတ်သန်းစီးဆင်းပါတယ်။ flow rate ကြောင့် pressure imbalance ဖြစ်ပေါါလာပြီး၊ main poppet လည်း၊ အပေါါသို့ 'ကြွ' တက်လာပါတယ်။ main poppet ဟာ အပေါါသို့ route trapped အနေနဲ့ လုံလုံလောက်လောက် 'ကြွ' တက်သွားစဉ်မှာတော့၊ bypass orifice ကိုဖြတ်ပြီး၊ fluid စီးဆင်းပါတယ်။ bypass orifice ရဲ့အရွယ်အစားဟာ၊ control orifice ရဲ့ အရွယ်အစားထက်၊ ပိုမို ကြီးမားတဲ့အတွက်၊ main poppet ရဲ့အထက်မှာ pressure ကျဆင်းသွားပါတယ်။ spring force နဲ့ outlet port မှ back-pressure တို့မှသာ main poppet ကို ပိတ်စေနိုင်ပါတယ်။ pressure ဟာ valve ရဲ့ အဝင်နဲ့ အထွက်မှ၊ pressure ဟာ equalized အနေနဲ့ ညီမျှသွားစဉ်မှာတော့၊ fluid ရဲ့ flow လည်းရပ်တန့်သွားပြီး၊ spring force ဖြင့် main poppet ကို ပိတ်လိုက်ပါတယ်။

Fig. Typical hydraulic circuit using conventional sequence valves for sequential operation of cylinders

ဖော်ပြထားတဲ့ circuit ဟာ၊ အထက်မှာဖော်ပြခဲ့တဲ့ work piece ကို lamp and hold အနေနဲ့ ကိုင်တွယ်ပြီး၊ second operation အဖြစ်၊ လွှဲပြောင်းပေးမယ့်၊ machine တခုရဲ့ hydraulic circuit နဲ့ အတူတူဖြစ်ပြီး၊ conventional sequence valves တွေအစား၊ kick-down sequence valves တွေကို၊ အသုံးပြုထားတဲ့ circuit လည်းဖြစ်ပါတယ်။ cylinder '1' မှာ ဖိအားပမာဏ 750 psi မရရှိ မခြင်း၊ cylinder '2' လည်း ရပ်တန့်နေမှာ ဖြစ်ပါတယ်။ preset setting သို့ရောက်ရှိပြီး၊ kick-down sequence valve ပွင့်သွားတာနဲ့ fluid ရဲ့ ဖိအားပမာဏ pressure ဟာ၊ မူလထက် 50 psi ခန့် ဖိအားပမာဏ ထပ်တိုးသွားသလို၊ overcome resistance အနေနဲ့ system အား၊ ထိန်းညှိပေးထားနိုင်တာ တွေ့ရပါတယ်။

Reference and image credit to : http://hydraulicspneumatics.com/, Are You Taking Advantage of Sequence Valves ? By Bud Trinkel - Fluid Power Consultant, Oct. 8, 2008.

Remark : All publications and images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party. 

No comments:

Post a Comment