Pages

Saturday 19 January 2013

မျိုးရိုးဗီဇနဲ့ သန္ဓေပြောင်းခြင်း heredity and mutation

"မြန်မာအင်ဂျင်နီယာဖိုရမ်" ရဲ့ မျိုးရိုးဗီဇအင်ဂျင်နီယာပညာ ဘာသာရပ်မှ၊ 'ငုတ်ဗီဇ' ခေါင်းစဉ်အောက်မှာ၊ ရေးဖြစ်ခဲ့တဲ့ post ကိုပြန်လည် ကူးယူဖော်ပြလိုက်ပါတယ်။
'ငုတ်ဗီဇ' ဆိုတဲ့  'recessive gene' နဲ့ ပက်သက်ပြီး၊ မျိုးရိုးဗီဇအင်ဂျင်နီယာ genetic engineering ပညာရပ်နယ်ပယ်ဖက်မှမဟုတ်ပဲ၊ evolutionary biology ဆင့်ကဲပြောင်းလဲမှုဇီဝဗေဒနဲ့ cognitive psychology သိခြင်းဆိုင်ရာ စိတ်ပညာတို့ကို၊ ပေါင်းစပ်ထားတဲ့ လူမှုရေးသိပ္ပံ social science ပညာရပ်ခေါင်းစဉ်အောက်မှ၊ 'ဆင့်ကဲပြောင်းလဲမှု စိတ်ပညာ' ဆိုတဲ့ evolutionary psychology ပညာရပ်နယ်ပယ် အမြင်နဲ့ ဆွေးနွေး ကြည့်ပါဦးမယ်။ ရုပ်ကြွင်း fossils နဲ့ ဇီဝသက်ရှိ organic compounds ပညာရှင် palaeontologist တဦးဖြစ်သူ 'Stephen Jay Gould' ကတော့ ဆင့်ကဲပြောင်းလဲမှု စိတ်ပညာဟာ၊ ထင်ကြေးနဲ့ ကောလ ဟာလတွေကို၊ မှန်မမှန် စစ်ဆေးခြင်းမရှိပဲ လိုရာဆွဲယူကာ လက်ခံထားတဲ့ ပညာရပ်ရယ်လို့၊ ပြောဖူးပါတယ်။ ဒီ post ကိုလည်း၊ လိုရာ ဆွဲယူပြီးရေးထားတဲ့ post အဖြစ်ယူဆကာ၊ ဖတ်ကြပါလို့ ကြိုတင်တောင်းပန်ပါရစေ။


Fig. Gene

မျိုးရိုးဗီဇနဲ့ သန္ဓေပြောင်းခြင်း heredity and mutation တို့ကြောင့် ဆင့်ကဲပြောင်းလဲမှု revolution ဖြစ်ပေါါလာရပါတယ်။ မျိုးစေ့ သို့မဟုတ် ဗီဇဆိုတဲ့ gene ဟာ၊ cell ထဲမှာရှိနေပြီး၊ ပုံစံတူစေရန် ညွှန်ကြားပေးတဲ့ အရာတခုဖြစ်ပါတယ်။ molecular unit ဖြစ်တဲ့ gene ဟာ မျိုးရိုးဗီဇ heredity ကို ဖြစ်ပေါါစေတဲ့ သက်ရှိဇီဝခန္စာအဖွဲ့အစည်း living organism လည်းဖြစ်ပါတယ်။ DNA လို့ခေါါတဲ့ gene ရဲ့ ညွှန်ကြားချက်အရ ဆဲလ် cell မှ ပရိုတိန်း protein တွေကိုထုတ်ပေးပါတယ်။ gene ဟာ ဆံပင်အညို၊ ဆံပင်အနက်၊ မျက်လုံးအပြာ၊ မျက်လုံးအနက်၊ အသားအဖြူ၊ အသားအညိုနဲ့ အရပ်၊ အတို အရှည် အပါအဝင်၊ စိတ်နေစိတ်ထားတွေကို ညွှန်ကြားပေးတဲ့ အရာဖြစ်ပါတယ်။ သားသမီးတွေ မိဘနဲ့ တူရတာကတော့၊ မိဘထံမှ မျိုးစေ့ သို့မဟုတ် ဗီဇဆိုတဲ့ gene ကိုလက်ခံရရှိခြင်းကြောင့်ဖြစ်ပြီး၊ heredity ဆိုတဲ့ 'မျိုးရိုးဇာတိလက်ခံရရှိခြင်း' လည်းဖြစ်ပါတယ်။

DNA လို့ခေါါတဲ့ gene ဆိုတဲ့ မျိုးစေ့တွေဟာ ကန်ထဲမှာရှိနေသလို အလားသဏ္ဍန်တူပြီး၊ လူရဲ့ မျိုးစေ့တွေဟာ လူမျိုးစေ့ကန်၊ ဆင်ရဲ့မျိုးစေ့တွေဟာ ဆင်မျိုးစေ့ကန်နဲ့ လိပ်ရဲ့ မျိုးစေ့တွေဟာ လိပ်မျိုးစေ့ ကန်မှာ ရှိနေတယ်လို့ ဥပမာပေးပါရစေ။ လူမျိုးစေ့ကန်ထဲမှာ လူရဲ့ပုံသဏ္ဍန်၊ အရွယ်အစားအစရှိတာတွေကို ဖြစ်ပေါါစေတဲ့ လူရဲ့ မျိုးစေ့တွေရှိသလို၊ ဆင်နဲ့လိပ်တို့ရဲ့ လူမျိုးစေ့ကန်တွေထဲမှာလည်း၊ ဆင်နဲ့ လိပ်တို့ရဲ့ ပုံသဏ္ဍန်၊ အရွယ်အစား အစရှိတာတွေကို ဖြစ်ပေါါစေတဲ့ မျိုးစေ့တွေရှိပါတယ်။

မျိုးစေ့ကန်အတွင်း၊ တူညီတဲ့မျိုးစေ့တွေရှိနေပေမယ့် မျိုးစေ့ တခုတလေ သို့မဟုတ် အချို့ဟာ ကွဲပြား ခြားနားနေရာမှ၊ သန္ဓေပြောင်းခြင်း mutation ဖြစ်ပေါါလာရပါတယ်။ တနည်းအားဖြင့် cell တခုထဲ အတွင်းမှာ ရှိနေတဲ့ မျိုးစေ့ကိုယ်တိုင်ပြောင်းလဲသွားခြင်းဖြစ်ပါတယ်။ အရပ်ရှည်စေရန်ပြုလုပ်ပေးမယ့် မျိုးစေ့မှ၊ လက်ချောင်းတချောင်း ပိုထွက်လာစေရန် ပြုလုပ်ပေးလိုက်ခြင်းဟာ သန္ဓေပြောင်းခြင်းဖြစ်သလို၊ cell အသစ် ဖြစ်ပေါါလာခြင်းလည်း ဖြစ်ပါတယ်။ သန္ဓေပြောင်းခြင်းအများစုဟာ အန္တရာယ် ဖြစ်စေတတ်ပါတယ်။ သန္ဓေပြောင်းခြင်းမှပေါါပေါက်လာတဲ့ မျိုးစေ့အသစ်ဟာ ရှင်သန်မှုနဲ့ မျိုးပွားမှုကို အားမပေးလျှင် ကြာကြာမခံသလို၊ ရှင်သန်မှုနဲ့ မျိုးပွားမှုအားကောင်းတဲ့အခါ အခြားမျိုးစေ့တွေကိုပါ၊ ကူးစက်ပြန့်နှံ့သွားပြီး၊ မျိုးစေ့ကန်အတွင်းမှာ မျိုးစေ့အသစ်တွေကိုထပ်မံပေါါပေါက်စေပါတယ်။

သက်ရှိသတ္တဝါတွေမှာ မျိုးစေ့အသစ်တွေထပ်မံပေါါပြီး၊ cell အသစ်တွေပေါါပေါက်ရာမှတဆင့် ဆင့်ကဲပြောင်းလဲမှု revolution ဖြစ်ပေါါလာရပါတယ်။ ဗြိတိသျှလူမျိုး evolutionary biologist ဆင့်ကဲပြောင်းလဲမှု ဇီဝဗေဒပညာရှင် ဝီလျှံဒေါါလ်နယ်ဟယ်လ်မင်တန် 'W.D Hamilton' က ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်မှာ ဖွဲ့စည်းပုံဟာအဓိကမဟုတ်ပဲ၊ သက်ဆိုင်ရာမျိုးစေ့ကသာ အဓိက ကျတယ်လို့ (၁၉၆၄) ခုနှစ်လောက်တုန်းက၊ ပြောခဲ့ပါတယ်။ W.D Hamilton ရဲ့ Hamilton's rule နိယာမအကြောင်းကိုလည်း၊ ထည့်ပြောပါဦးမယ်။

ဆွေမျိုးနီးစပ်သူတွေမှာ၊ တူညီတဲ့မျိုးစေ့တွေရှိကြပြီး၊ သွေးသားတော်စပ်သူတွေကို ကူညီခြင်းဟာ တူညီတဲ့မျိုးစေ့တွေ အခြင်းခြင်း အညီပေးခြင်းဖြစ်သလို၊ မိမိရဲ့ ကိုယ်ပွားတွေကို ကူညီခြင်းဖြစ်တယ်လို့ 'ပါမောက္ခ Richard Dawkins' ကဆိုခဲ့ပါတယ်။ ဆွေမျိုးတော်စပ်မှုပမာဏ coefficient of relatedness ကို 'r' ဆိုတဲ့ တိုင်းတာမှု ကိန်းနဲ့ တွက်ချက်နိုင်ပါတယ်။ အမေရိကန်လူမျိုး geneticist မျိုးရိုးဗီဇပညာရှင် 'Sewall Wright' က၊ coefficient of relatedness ကို ပထမဒီဂရီဆွေမျိုး၊ ဒုတိယဒီဂရီဆွေမျိုးနဲ့ တတိယဒီဂရီဆွေမျိုးဆိုပြီး၊ ပိုင်းခြားကာ၊ 'r' တန်ဘိုးကို တိုင်းတာပြခဲ့ပါတယ်။ 

ပထမဒီဂရီဆွေမျိုးအုပ်စုမှာ မိဘနဲ့ သားသမီးတို့ပါဝင်ပြီး၊ 'r' တန်ဖိုး အနေနဲ့ (၅၀) % ရှိပါတယ်။ ဒုတိယဒီဂရီဆွေမျိုးအုပ်စုမှာတော့ အဘိုး၊ အဘွား၊ ဘကြီး၊ ကြီးဒေါါ၊ ဦးလေး၊ အဒေါါ၊ တူ၊ တူမတို့ ပါဝင်ကာ၊ 'r' တန်ဖိုးအနေနဲ့ (၂၅) % ရှိပါတယ်။ တတိယဒီဂရီဆွေမျိုး အုပ်စုမှာတော့ တစ်ဝမ်းကွဲတွေ ပါဝင်ပြီး၊ 'r' တန်ဖိုးအနေနဲ့ (၁၂. ၅) % ရှိပါတယ်။ သွေးသားတော်စပ်သူတွေအခြင်းခြင်း၊ အပြန်အလှန်အကျိုးကို မမျှော်ကိုးပဲ၊ ကူညီစောင့်ရှောက်ခြင်း ဖြစ်ပေါါစေရန်၊ ဆွေမျိုးတော်စပ်မှုပမာဏ coefficient of relatedness 'r' ဟာ ကောင်းကျိုးတန်ဖိုးအချိုး cost - benefit ratio ဆိုတဲ့ c/ b တန်ဖိုးထက် ကျော်လွန်ရမယ်လို့၊ "r > c/ b" ဆိုပြီး Hamilton's rule နိယာမကဆိုပါတယ်။

'ငုတ်ဗီဇ' ဟာ ဆွေမျိုးနီးစပ်သူတွေရဲ့၊ တူညီတဲ့မျိုးစေ့တွေမှတဆင့် သန္ဓေပြောင်းခြင်း heredity မှပေါါပေါက်လာတဲ့ မျိုးစေ့အသစ်ဖြစ်ပါတယ်။ သန္ဓေပြောင်းခြင်းမှပေါါပေါက်လာတဲ့ မျိုးစေ့အသစ်ဟာ မျိုးစေ့ကန်အတွင်းမှာ cell အသစ်ကို ဖြစ်ပေါါစေခြင်းမရှိပဲ၊ ပုန်းကွယ်နေတတ်ပါတယ်။ တချိန်ချိန်မှာ မျိုးရိုးဇာတိကို လက်ခံရရှိသူရဲ့ မျိုးစေ့ကန်အတွင်းမှာ ငုတ်ဗီဇ ဆိုတဲ့ recessive gene ကြောင့်၊ cell အသစ် ဖြစ်ပေါါလာတတ်သလို၊ နောက်တခါမှာတော့ ငုတ်ဗီဇ အနေနဲ့ ပြန်လည် ပုန်းကွယ်နေတတ်ပါတယ်။ 


Reference and image credit to : ဒေါက်တာခင်မောင်ဝင်း၊ အီဗော်လူးရှင်းစိတ်ပညာ၊ မုံရွေး စာအုပ်တိုက်၊ အောက်တိုဘာ၊ (၂၀၁၀) ခုနှစ်။ Pearson H (2006). "Genetics: what is a gene?". Nature 441 (7092): 398–401,. The Evolution of Desire : Strategies of Human Mating, by David Buss, 1994., Gene

Remark : All publications and images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.

No comments:

Post a Comment