Pages

Saturday 26 January 2013

Electronic Chart Display and Information System ကြောင့် စစ်သဘော်သောင်တင်ခြင်း

'တိုးအေး' သဘော်မောင်းနှင်တဲ့ ရေယာဉ်မှူး (ဆလင်/ တက်မကိုင်) လည်း၊ ရန်ကုန်မြစ်ထဲမှာ တက်မ wheel ကို၊ လက်နဲ့လှည့် မောင်းရင်း collision ဖြစ်ကာ၊ သဘော်တိုက်ခဲ့ဖူးသလို၊ ဆူးလူးပင်လယ်လို အပြောကျယ်တဲ့ ဗွေပင်လယ်မှာ၊ အီလက်ထရောနစ်စက်ပစ္စည်းတွေ၊ အကူအညီနဲ့ မောင်းရင်း grounding ဖြစ်ကာ၊ သောင်တင်တတ်တာကိုလည်း၊ တောက်တိုမယ်ရ၊ ကြားဖူးနားဝ အနေနဲ့ ရေးပါဦးမယ်။

Fig. Yangon River (Rangoon River) and Approaches, Admiralty Charts No. 0833

သဘော်တွေ၊ တနေရာနဲ့ တနေရာကို သွားလာခုတ်မောင်းတဲ့အခါ၊ ရေပုံ ဆိုတဲ့ nautical charts တွေကို၊ အသုံးပြုရပါတယ်။ တကမ္ဘာလုံးမှာ အသုံးပြုနေတဲ့ nautical charts တွေဟာ၊ United Kingdom Hydrographic Office ဆိုတဲ့ ဗြိတိသျှဘုရင်မကြီးရဲ့ ဇလဗေဒဆိုင်ရာတိုင်းတာရေးရုံးမှ၊ ထုတ်ဝေတာ ဖြစ်သလို၊ Admiralty Charts တွေလို့ ခေါါပါတယ်။ မူပိုင်ခွင့် copy right အနေနဲ့ ဗြိတိသျှဓနသဟာယ common wealth နိုင်ငံတွေ အားလုံးနဲ့ သက်ဆိုင်တဲ့အတွက်၊ 'crown copyright' ရယ်လို့၊ အမှတ်အသား ပြုထားပါတယ်။ ရေပုံစာရွက် mapping အနေနဲ့ အရည်အတွက် (၃၀၀၀) ကျော်တဲ့ nautical charts တွေကို၊ large-scale charts, medium-scale charts နဲ့ small-scale charts ဆိုပြီး ခွဲခြား အသုံးပြုကြပါတယ်။ large-scale charts တွေကို၊ entrances to harbours ဆိုတဲ့ ဆိပ်ကမ်းအဝင် အထွက်၊ မောင်းနှင်ခြင်းကိစ္စတွေမှာ အသုံးပြုကာ၊ medium-scale charts တွေကို coastal areas ဆိုတဲ့၊ ကမ်းခြေ အနီးအနား မောင်းနှင်ခြင်းကိစ္စတွေမှာ အသုံးပြုပါတယ်။ small-scale charts တွေကိုတော့ open areas ဆိုတဲ့၊ ပင်လယ်သမုဒ္ဒရာအတွင်း၊ မောင်းနှင်ခြင်းကိစ္စတွေမှာ အသုံးပြုကြပါတယ်။ 
'ဒူဒူ' တို့လို ဗုစုခရုတွေကတော့ ရေပုံစာရွက် chart paper mappings တွေဟာ၊ စာရွက်အသား ကောင်းသမို့၊ ခပ်ပါးပါး gasket paper အနေနဲ့ အလိုရှိသလို၊ စက်ခန်းမှာ တွင်တွင်ကျယ်ကျယ်၊ အသုံးပြုကြပါတယ်။
ဇလဗေဒ hydrology ဆိုင်ရာ အချက်အလက်တွေဟာ၊ အချိန်နဲ့ အမျှပြောင်းလဲနေပါတယ်။ သက်ဆိုင်ရာ တိုင်းပြည်တွေရဲ့ ရေကြောင်းဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေမှ အချိန်နဲ့ တပြေးးညီ updated ပေးပို့တဲ့ သတင်း၊ အချက်အလက်တွေအပေါါ မူတည်ပြီး၊ United Kingdom Hydrographic Office ဟာ၊ ရေပုံတွေမှာ ဖြည့်စွက် ပြင်ဆင်မှု amended ကိစ္စတွေကို၊ ဆောင်ရွက်ရသလို၊ သက်ဆိုင်ရာ တိုင်းပြည်တွေရဲ့ ရေကြောင်းဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေကိုလည်း၊ mariners' notice အနေနဲ့ ပြန်လည် သတင်းပေးပို့ရပါတယ်။ ရေကြောင်းဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေဟာ၊ သဘော်လိုင်းတွေသို့ ၊ mariners' notice တွေကို ဆက်လက်ပေးပို့ပြီး၊ သဘော်မှ ရေပုံစာရွက် ပြင်ဆင်ခြင်း chart correction အားဆောင်ရွက်ရပါတယ်။ 


Fig. ECDIS

နောက်ပိုင်းမှာတော့ ရေပုံစာရွက် chart papers တွေအစား၊ Electronic Chart Display and Information System ဆိုတဲ့ ECDIS စနစ်တွေကို၊ သဘော်တွေမှာ တတ်ဆင် အသုံးပြုလာကြပါတယ်။ ECDIS စနစ်ဟာ computer-based navigation information system ဖြစ်ပြီး၊၊ ENC လို့ခေါါတဲ့ electronic navigational charts တနည်းအားဖြင့် DNC လို့ခေါါတဲ့ Digital Nautical Charts တွေနဲ့ radar, Navtex, automatic identification systems (AIS), Sailing Directions နဲ့ fathometer တို့မှ၊ ရရှိလာတဲ့ အချက်အလက်တွေကို၊ ပေါင်းစပ်အသုံးပြုတဲ့ စနစ်လို့ပြောနိုင်ပါတယ်။


ECDIS စနစ်ကို (၂၀၀၂) ခုနှစ်လောက်မှ၊ စတင်ပြီး SOLAS regulation V/ 19-2.1.4 အရ၊ သဘော်တွေမှာ backup arrangement အနေနဲ့ အရံအဖြစ် တတ်ဆင်အသုံးပြုခဲ့ရာမှ၊ IMO Maritime Safety Committee ရဲ့ (၂၀၀၉) ခုနှစ် ဆုံးဖြတ်ချက်အရ၊ safe navigation အနေနဲ့ ဘေးအန္တရာယ်ကင်းရှင်းစွာ၊ သွားလာခုတ်မောင်းနိုင်စေရန်၊ မရှိမဖြတ်တတ်ဆင် အသုံးပြုရမယ့် mandatory requirement စနစ် ဖြစ်လာပါတော့တယ်။ IMO Maritime Safety Committee ရဲ့ MSC. 232(82) အရ အပြည်ပြည်ဆိုင်ရာ international voyages ရေလမ်းခရီးတွေမှာ၊ သွားလာခုတ်မောင်းနေတဲ့ သဘော်တိုင်းမှာ တတ်ဆင် ထားရမှာဖြစ်ပါတယ်။


Fig. USS Guardian, grounding in Sulu Sea, Tubbataha Reef, Philippine waters

USS Guardian ဆိုတဲ့ အမေရိကန်စစ်သဘော်ဟာ၊ Sulu Sea အတွင်းမှ Tubbataha Reef ဆိုတဲ့ သန္တာကျောက်တန်းနဲ့ ငြိပြီး၊ ဒီနှစ် ဇန္နဝါရီလ (၁၇) ရက်နေ့က၊ သောင်တင်သွားခဲ့ ပါတယ်။ ECDIS စနစ် သို့မဟုတ် DNC လို့ခေါါတဲ့ Digital Nautical Charts တွေ တနည်းအားဖြင့် DNC mapping တွေကို၊ အမေရိကန်စစ်သဘော်တွေမှာ တတ်ဆင်အသုံးပြုကြပြီး၊ USS Guardian သောင်တင်ခြင်းဟာ၊ chart data မှ အချက်အလက် erroneous navigation အမှားတွေကြောင့်၊ ပေါါပေါက်ခဲ့ရတယ်လို့၊ ပဏာမစုံစမ်းစစ်ဆေးချက် preliminary findings တွေအရ၊ သိရပါတယ်။ chart data မှ အချက်အလက်တွေထဲမှာ၊ Tubbataha Reef ဆိုတဲ့ သန္တာကျောက်တန်း တည်နေရာကို လွဲမှားစွာဖော်ပြထားတာ တွေ့ရပါတယ်။ USS Guardian ဟာ၊ ရွှေမြန်မာ သဘော်သားတို့ ပျော်စံရာစခန်းသာဆိုတဲ့၊ ပလဝန်း Palawan Island ကျွန်းရဲ့ အရေရှ့တောင်ဖက်၊ မိုင် (၈၀) အကွာမှာ သောင်တင်နေနတာဖြစ်ပြီး၊ U.S. 7th Fleet ဆိုတဲ့ အမေရိကန်အမှတ် (၇) ရေယာဉ်စုဟာ၊ သန္တာကျောက်တန်းမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု environmental effects အနည်းဆုံး အနေအထားဖြင့်၊ သဘော်ဆယ်ယူမှု salvage operations ကိုဆောင်ရွက်နေပါတယ်။


Reference and Image credit to : Admiralty Charts, U.S. Pacific Fleet spokesman Capt. Darryn James On January 19, 2013.

Remark : All publications images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party. 

No comments:

Post a Comment