Pages

Saturday 19 May 2012

စက်ာပူ North - South MRT လမ်းအပိုင်း လျှပ်စစ်ဓါတ်အားစနစ်ပြတ်တောက်မှု (၃)

စက်ာပူ North - South MRT လမ်းအပိုင်း လျှပ်စစ်ဓါတ်အားစနစ်ပြတ်တောက်မှုနဲ့ ပက်သက်ပြီး၊ စုံစမ်းရေးကော်မတီမှ စတင်စစ်ဆေးနေပြီဖြစ်ပါတယ်။ Committee of Inquiry (COI) ဆိုတဲ့ စုံစမ်းရေးကော်မတီမှာ ခရိုင်တရားသူကြီး Tan Siong Thye မှ၊ ဥက္ကဌအဖြစ်ဆောင်ရွက်ပြီး၊ နန်ယန် နည်းပညာတက္ကသိုလ်၊ စက်မှုနှင့် လေကြောင်းအင်ဂျင်နီယာပါမောက္ခ Lim Mong King နဲ့ အကျဉ်းဌာန ညွန်ကြားရေးမှုး Soh Wai Wah တို့မှ၊ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ပါတယ်။ Land Transport Authority (LTA) ဆိုတဲ့ regulator အာဏာပိုင်အဖွဲ့အစည်းရဲ့၊ ဥပဒေအကျိုးဆောင် အဖြစ် Allen & Gledhill ဥပဒေအဖွဲ့မှ၊ လိုက်ပါဆောင်ရွက်ပြီး၊ Singapore Mass Rapid Transit (SMRT) ဆိုတဲ့ operator ဝန်ဆောင်မှုလုပ်ငန်း အဖွဲ့အစည်းဖက်ရဲ့၊ ဥပဒေအကျိုးဆောင်အဖြစ် Drew & Napier ဆိုတဲ့ နာမည်ကြီး၊ ဥပဒေအဖွဲ့မှ၊ လိုက်ပါဆောင်ရွက်ပါတယ်။


Committee of Inquiry : Who's who

Attorney General (AG) ရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ် Second Solicitor General Lionel Lee မှ၊ အစိုးရ ကိုယ်စားလှယ် အဖြစ်ဆောင်ရွက်ပါတယ်။ စက်ာပူ North - South MRT လမ်းအပိုင်း လျှပ်စစ် ဓါတ်အားစနစ်ပြတ်တောက်မှုနဲ့ပက်သက်ပြီး၊ သက်သေစုစုပေါင်း (၁၀၈) ဦးရဲ့ ထွက်ဆိုချက်တွေ ကိုလည်း၊ စုံစမ်းရေးကော်မတီမှ စစ်ဆေးသွားမှာဖြစ်ပါတယ်။ သက်သေ (၁၀၈) ဦးမှာ ဘူတာရုံပိုင် (၃၈) ဦး၊ ခရီးသည် (၃) ဦးအပါအဝင်၊ SMRT ရထားတွေရဲ့ ပြုပြင်ထိန်းသိမ်းရေး ကိစ္စတွေကိုဆောင်ရွက်နေသူ အင်ဂျင်နီယာများနဲ့၊ railway engineering နဲ့ vibration engineering ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူ အပြည်ပြည်ဆိုင်ရာမှ၊ expert witness (၁၁) ဦးရဲ့ စုံစမ်းတွ့ရှိချက်တွေကိုပါ၊ ထည့်သွင်းစစ်ဆေးသွားမှာ၊ ဖြစ်ပါတယ်။

လျှပ်စစ်ဓါတ်အားစနစ်ပြတ်တောက်မှုရဲ့ အကြောင်းရင်းရှာဖွေဖို့နဲ့ နောက်ထပ် မဖြစ်ပေါါစေရန် တားဆီးနိုင်ဖို့ကို၊ အဓိကထား စုံစမ်းရန် ဒုတိယရှေ့နေချုပ်မှ၊ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် floating slabs တွေနဲ့ အသစ်ရောက်လာတဲ့ တရုပ်ပြည်ထုတ် ရထားတွဲတွေကြောင့်၊ claws တွေနေရာရွှေ့သွားခြင်း မဟုတ် ကြောင်းကို၊ ပဏာမစုံစမ်းစစ်ဆေးမှုတွေအရ သိရတယ်လို့၊ ဒုတိယရှေ့နေချုပ်မှ၊ ပြောကြားခဲ့ ပါတယ်။

မှုခင်းတပ်ဖွဲ့ Criminal Investigation Department (CID) မှ Assistant Superintendent of Police လို့ခေါါတဲ့ ရဲဝန်ထောက် Roy Lim ကလည်း၊ အချိန် (၁၃) ပတ်ခန့်ယူကာ၊ အထောက်အထား evidence တွေ စုဆောင်းရယူခဲ့ကြောင်းနဲ့၊ တမင်သက်သက် လုပ်ကြံဖျက်စီးမှု sabotage မဟုတ်ကြောင်း၊ ထွက်ဆိုခဲ့ပါတယ်။ မှုခင်းတပ်ဖွဲ့ဟာ၊ ရထားမောင်းသူ (၂) ဦးရဲ့ ထွက်ဆိုချက်တွေအရ၊ ရထားလမ်း တလျှောက်၊ စစ်ဆေးခဲ့ပါတယ်။ ရထားမှတ် (၁၃၃) မောင်းနှင်သူဟာ ၊ဒီဇင်ဘာလ (၁၅) ရက်နေ့ 'Dhoby Ghuat' ဘူတာမဝင်ခင်၊ ရထားတွဲအောက်မှ၊ မီးပွား spark တွေထွက်လာတာ၊ တွေ့ရတယ်လို့၊ ပဏာမ စစ်ဆေးချက်မှာထွက်ဆိုခဲ့ပါတယ်။ 

'Dhoby Ghuat' ဘူတာမှထွက်ပြီး၊ မီတာ (၂၀၀) ခန့်မောင်းနှင်သွားစဉ်၊ မီးပွားတွေ ထွက်ရုံမက၊ ညှော်နံ့လည်းရကာ၊ တခုခုပေါက်ကွဲသလို အသံကိုပါကြားရတယ်လို့၊ သိရပါတယ်။ တဆက်တည်းမှာပဲ ရထားမောင်းနှင်ခန်းမှာ fault အချက်ပြမီးလင်းလာပြီး၊ 'Braddell' ဘူတာအရောက်မှာတော့ လျှပ်စစ် ဓါတ်အားစနစ် ပြတ်တောက်သွားကြောင်း၊ ထွက်ဆိုခဲ့ပါတယ်။ ရထားမှတ် (၁၃၅) မောင်းနှင်သူကတော့ ၊ဒီဇင်ဘာလ (၁ရ) ရက်နေ့မှာ 'City Hall' ဘူတာ အထွက်မှာ၊ တခုခုပေါက်ကွဲသလို အသံကြားရပြီး၊ ညှော်နံ့လည်း ရတယ်လို့ ထွက်ဆိုခဲ့ပါတယ်။ ရဲဝန်ထောက် Roy Lim ဟာ ဒီဇင်ဘာ (၁၆) ရက်နေ့ညမှာ ရထားလမ်းတလျှောက်စစ်ဆေးစဉ် third rail ရဲ့ နေရာတချို့မှာ အက်ကွဲမှုတွေ၊ တွေ့ခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။

ပထမနေ့မှာ စုံစမ်းရေးကော်မတီသို့ SMRT နဲ့ LTA တို့ရဲ့ ဥပဒေအကျိုးဆောင်များမှ၊ တင်သွင်းခဲ့တဲ့လျှောက်လှဲချက်တွေဟာ စိတ်ဝင်စားဖို့ကောင်း ပါတယ်။ အိုမင်းနေပြီဖြစ်တဲ့ aging infrastructure ရထားလမ်းဆိုင်ရာအစိတ်အပိုင်းတွေနဲ့ အသုံးပြုထားတဲ့ ပစ္စည်းတွေရဲ့ material defects တွေကြောင့်၊ စက်ာပူ North - South MRT လမ်းအပိုင်း လျှပ်စစ်ဓါတ်အားစနစ် ပြတ်တောက်မှုဖြစ်ပေါါခဲ့ရတယ်လို့၊ SMRT ဥပဒေ အကျိုးဆောင် Cavinder Bull မှ၊ စတင်လျှောက်လဲချက်ပေးခဲ့ပါတယ်။ North - South နဲ့ East - West MRT ရထားလမ်းပိုင်းတွေကို၊ (၁၉၈၀) ခုနှစ်မှာ MRTC လို့ခေါါတဲ့၊ Mass Rapid Transit Corporation မှတည်ဆောက်ခဲ့ပြီး၊ (၁၉၈ရ) ခုနှစ်မှာ SMRT ဟာ၊ operator အဖြစ်၊ ရထားတွေ စတင်ပြေးဆွဲခဲ့ပါတယ်။ (၁၉၉၅) ခုနှစ်မှာတော့ LTA ဟာ၊ ရထားလမ်းဆိုင်ရာ infrastructure အစိတ်အပိုင်းတွေရဲ့ စီမံခန့်ခွဲမှုကို၊ MRTC ထံမှ၊ လွဲပြောင်းယူခဲ့ ပါတယ်။

North - South လမ်းအပိုင်း၊ Novena ဘူတာမှ City Hall ဘူတာအထိ၊ ရထားလမ်းပိုင်းကို phase I အဖြစ်၊ သတ်မှတ်ပါတယ်။ phase I မှာ တတ်ဆင်ထားတဲ့ claws အများစုဟာ၊ ပထမဆုံး ထုတ်လုပ်ခဲ့တဲ့ first generation claws တွေဖြစ်ပြီး၊ နောက်ထပ်အသစ်ထပ်မံထုတ်လုပ်တဲ့ new generation claws တွေနဲ့၊ အစားထိုးလဲလှယ်သင့်တယ်လို့ (၁၉၈၇) ခုနှစ်မှာ၊ Bricknell Willis ဆိုတဲ့၊ ဗြိတိသျှကုမ္မဏီမှ၊ MRTC ကို အကြံပေးခဲ့ကြောင်း၊ SMRT ရဲ့ ဥပဒေ အကျိုးဆောင်မှ၊ စုံစမ်းရေးကော်မတီသို့လျှောက်လဲခဲ့ ပါတယ်။ 

Bricknell Willis ဆိုတဲ့၊ ဗြိတိသျှကုမ္မဏီဟာ၊ ရထားလမ်းပိုင်း phase I မှာတတ်ဆင်ထားတဲ့ third rail system ထုတ်လုပ်သူ manufacturer ဖြစ်တဲ့ အပြင်၊ third rail system ရဲ့ design ကိုပါရေးဆွဲခဲ့တဲ့၊ အဖွဲ့အစည်းဖြစ်ပါတယ်။ ပြောင်းလဲတတ်ဆင်ဖို့ အကြံပေးခဲ့တဲ့ claws တွေဟာ split pin type claws တွေဖြစ်ပြီး၊ vibration ဒဏ်ကို ခံနိုင်ရည်ရှိတယ်လို့၊ ဆိုပါတယ်။ split pin type claws တွေကို၊ ပြောင်းလဲအသုံးပြုခဲ့တဲ့ ကမ္ဘာအရပ်ရပ်မှ third rail system တွေမှာ၊ ဒီနေ့အထိ လျှပ်စစ်ဓါတ်အားစနစ် ပြတ်တောက်မှုဖြစ်ပေါါခြင်းမရှိခဲ့တာကိုလည်း၊ SMRT ရဲ့ ဥပဒေ အကျိုးဆောင်မှ၊ ထည့်သွင်းလျှောက်လဲခဲ့ပါတယ်။

claws တွေပြောင်းလဲတတ်ဆင်ရန်၊ အကြံပေးချက်ကို MRTC မှ၊ ပယ်ချခဲ့ပါတယ်။ (၁၉၉၅) ခုနှစ်မှာတော့ claw အချို့ပြုတ်ထွက်နေတာကို၊ စစ်ဆေးတွေ့ရှိပြီး၊ SMRT မှ Bricknell Willis ကုမ္မဏီရဲ့ အကြံပေးချက်တောင်းခံခဲ့ပါတယ်။ high speed ramp area လို့ခေါါတဲ့ အရှိန်မြှင့်ကာမောင်းနှင်မယ့် ရထားလမ်းပိုင်းတွေမှာ၊ ယာယီအဖြစ် plastic cable ties တွေအသုံးပြုကာ၊ claws တွေကို ချည်နှောင်ထားဖို့၊ Bricknell Willis ကုမ္မဏီမှ ပြန်ကြားခဲ့ပါတယ်။ တဆက်တည်းမှာပဲ SMRT ဟာ LTA ရဲ့ ခွင့်ပြုချက်အရ၊ stainless steel housings တွေ တတ်ဆင်ကာ၊ claws တွေနေရာ မရွှေ့စေဖို့၊ ဆောင်ရွက်ခဲ့ကြောင်း၊ သိရပါတယ်။ SMRT အနေနဲ့ နောက်ဆုံးပေါါ last generation claws တွေကို၊ အစားထိုးတတ်ဆင်ဖို့ ရည်ရွယ်ထားကြောင်းကိုလည်း၊ 

SMRT ရဲ့ ဥပဒေအကျိုးဆောင်မှ၊ ထည့်သွင်းလျှောက်လဲခဲ့ပါတယ်။ phase I မှာ လက်ရှိ တတ်ဆင်ထားတဲ့၊ claws တွေဟာ cast iron claws တွေဖြစ်ပြီး၊ last generation claws တွေဖြစ်တဲ့ fifth - generation claws တွေကတော့ cast stainless steel claws တွေဖြစ်ပြီး၊ claw နဲ့ fastener ကို၊ bolts & nuts တွေသုံးကာ၊ တတ်ဆင်ရပါတယ်။


Expert witness

railway engineering နဲ့ vibration engineering ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူ အပြည်ပြည်ဆိုင်ရာမှ၊ expert witness တွေရဲ့၊ စစ်ဆေးတွေ့ရှိချက်တွေကို၊ ရှေ့နေချုပ်ရုံးသို့ တိုက်ရိုက် တင်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒီဇင်ဘာလ (၁၅) ရက်နေ့ မှာဖြစ်ပေါါခဲ့တဲ့ North - South MRT လမ်းအပိုင်း လျှပ်စစ်ဓါတ်အားစနစ် ပြတ်တောက်မှုဟာ၊ claws assembly မှ၊ fastener တွေကျိုးပဲ့ပြီး၊ insulator နေရာရွေ့သွားခြင်းကြောင့် ဖြစ်ပွားခဲ့ရကြောင်း၊ fastener တွေကျိုးပဲ့ရခြင်းဟာ manufacturing faults ဆိုတဲ့၊ စတင် ထုတ်လုပ်စဉ် ကတည်းက design ဆိုင်ရာနဲ့ material composition ကြောင့်ဖြစ်ကြောင်း၊ expert witness တွေရဲ့ စစ်ဆေးတွေ့ရှိချက်တွေမှာ၊ ဖော်ပြခဲ့ပါတယ်။ဒီဇင်ဘာလ (၁၅) ရက်နေ့ မှာဖြစ်ပေါါခဲ့တဲ့ North - South MRT လမ်းအပိုင်း လျှပ်စစ်ဓါတ်အားစနစ် ပြတ်တောက်မှုကတော့ third rail အက်ကွဲမှုတွေကြောင့်၊ ဖြစ်ပွားခဲ့ရကြောင်း၊ ကာလကြာရှည်စွာ အသုံးပြုခဲ့တဲ့ အတွက် third rail ဟာ၊ ခိုင်ခန့်မှုအားနည်းပါးခဲ့ရပြီး၊ အက်ကွဲမှုတွေဖြစ်ပေါါရကြောင်း၊ ၊ expert witness တွေရဲ့ စစ်ဆေးတွေ့ရှိချက်တွေကို၊ ကိုးကားကာ SMRT ရဲ့ ဥပဒေအကျိုးဆောင်မှ၊ လျှောက်လဲခဲ့ပါတယ်။

SMRT ဟာ၊ ရထားနဲ့ပက်သက်သမျှ၊ ပစ္စည်းဝယ်ယူရေးဆိင်ရာ procurement ကိစ္စရပ်တိုင်းကို၊ LTA သို့တင်ပြပြီး၊ ခွင့်ပြုချက်ရယူကာ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ အပိုပစ္စည်း spare parts နဲ့ ပြုပြင်ထိမ်းသိမ်းရေး maintenance ဆိုင်ရာကိစ္စတွေ နဲ့ပက်သက်ပြီး၊ ဘဏ္ဍာရေးအပိုင်းမှာ ကန့်သတ်ခြင်း မရှိပဲ သုံးစွဲခဲ့တယ်လို့ဆိုပါတယ်။ ပြုပြင်ထိမ်းသိမ်းရေးတွေဆောင်ရွက်ရာမှာ မူလထုတ်လုပ်သူ manufacturers များမှ၊ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်း standards တွေထက်ပိုပြီး၊ ဆောင်ရွက်ခဲ့လို့ သိရပါတယ်။ ဒါ့အပြင် တိုးလာတဲ့ ပြေးဆွဲမှု အခေါက်ရည်အကြိမ် အရည်အတွက်၊ တိုးလာတဲ့ခရီးသည် အရည်အတွက်အရ၊ ပြုပြင်ထိမ်းသိမ်းရေးတွေကိုလည်း၊ တိုးမြှင့်ကာ ဆောင်ရွက်ခဲ့ကြောင်း၊ SMRT ရဲ့ ဥပဒေအကျိုးဆောင်မှ၊ လျှောက်လဲခဲ့ပါတယ်။   


SMRT ဟာပြုပြင်ထိမ်းသိမ်းရေးတွေဆောင်ရွက်ရာမှာ၊ improvement အနေနဲ့ တိုးတက်ဆောင်ရွက်ခဲ့ခြင်း မရှိတဲ့အတွက်၊ စက်ာပူ North - South MRT လမ်းအပိုင်း လျှပ်စစ်ဓါတ်အားစနစ် ပြတ်တောက်မှု ဖြစ်ပေါါခဲ့ရတယ်လို့၊ LTA ရဲ့ ဥပဒေ အကျိုးဆောင် Andrew Yeo မှ၊ စတင်လျှောက်လဲချက်ပေးခဲ့ပါတယ်။ သံလမ်းနဲ့ထိတွေ့မယ့် ရထားဘီးတွေရဲ့ မျက်နှာပြင်ဟာ၊ ညီညာမှု မရှိတဲ့အတွက်၊ vibrations တွေ ဖြစ်ပေါါခဲ့ရတယ်လို့၊ ဆိုပါတယ်။ Vipac Engineering ဆိုတဲ့၊ သြစတေးလျှအခြေစိုက်၊ ဓါတ်ခွဲခန်း စမ်းသတ်မှုကုမ္မဏီရဲ့ သရုပ်ပြစမ်းသတ်မှု simulation test အရ၊ ဝိုင်းစက်ညီညာခြင်းမရှိပဲ၊ အချိုင့်တွေ ရှိနေတဲ့ ရထားဘီး မျက်နှာပြင်ကြောင့် excessive vibration တွေဖြစ်ပေါါရကြောင်း၊ ကိုးကားလျှောက်လဲသွားပါတယ်။ 

Reference & Image credit to : The New Paper, April 17 & 18, 2012., The Strait Times, April 17 & 18, 2012.,

Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.  

No comments:

Post a Comment