Pages

Saturday 26 May 2012

သဘော်တွေမှာ hybrid electric propulsion systems တွေကို တတ်ဆင် အသုံးပြုလာကြတော့မှာလား ?

ဒူဒူကြီး။ လက်ရှိအသုံးပြုနေတဲ့ သဘော်တွေရဲ့ existing propulsion system နဲ့ အသစ် တည်ဆောက်မယ့် သဘော်တွေရဲ့ propulsion system တွေမှာ၊ mechanical propulsion system အစား၊ hybrid electric propulsion systems တွေကို တတ်ဆင် အသုံးပြုလာကြပါတယ်။ GE ဆိုတဲ့ General Electric မှ ထုတ်လုပ်တဲ့၊ hybrid systems တွေကို၊ စစ်ရေယာဉ်တွေနဲ့ ကုန်တင် သဘော်တွေမှာ၊ အသုံးပြုကြပါတယ်။ LM series gas turbines တွေကို၊ electric motors တွေနဲ့ တွဲဖက်ပြီး၊ hybrid electric propulsion systems တွေအဖြစ်တတ်ဆင်ကြပါတယ်။ hybrid electric propulsion systems တွေကို အသုံးပြုတဲ့အတွက် ဆူညံမှုနဲ့ လေထုညစ်ညမ်းမှုကိုလျှော့ချနိုင်ပါတယ်။


Fig. GE LM2500 module with power out put of 25 MW


Fig. hybrid twin shaft electric propulsion configuration with mechanical gas turbine boost

 CODAG လို့ခေါါတဲ့ Combined diesel and gas သို့မဟုတ် COGOD လို့ခေါါတဲ့ Combined diesel or gas arrangements တွေအဖြစ်အသုံးပြုကြတယ်လို့၊ သိရပါတယ်။ hybrid systems တွေကို၊ တတ်ဆင် အသုံးပြုလာတာနဲ့အမျှ ရေကြောင်းလျှပ်စစ်ပညာရပ်ဆိုတဲ့ Marine Electrical Engineering ဘာသာရပ် ဟာလည်း၊ ပိုမိုအရေးပါလာလိမ့်မယ်လို့ ယူဆမိပါတယ်။

ကိုထွန်း။ ဟုတ်ပါတယ် ဒူဒူရေ။ Marine Electrical Engineering ဘာသာရပ်ကို၊ တွင်တွင်ကျယ်ကျယ် အသုံးချလာတာကို၊ ပိုတွေ့လာရပါတယ်။ နေရာတကာ instrumentation နဲ့ automation နည်းပညာတွေ ကို၊ အသုံးပြုလာကြတဲ့အတွက်၊ ရေကြောင်းအင်ဂျင်နီယာတွေလည်း၊ instrumentation နဲ့ automation ဆိုင်ရာ knowledge တွေရှိဖို့ပိုလိုအပ်လာတာ၊ တွေ့ရပါတယ်။ ဦးရီး ဟိုတနေ့က ကြုံခဲ့တာလေးကို၊ အကြောင်း တိုက်ဆိုင်လာသမို့၊ ပြောပါရစေ။

ဦးရီး သဘော်တစီးမှာ CUMMINS K 19 D (M) auxiliary engine (၃) လုံးတတ်ထားပါတယ်။ No. (1) နဲ့ No. (3) auxiliary engine တွေကို၊ generator နဲ့ ဆက်ပြီး၊ clutch ခံကာ cargo pump နဲ့တွဲသုံး ထားပါတယ်။ cargo pump ဟာ၊ တနာရီမှာ (၅၅၀) ကုဗမီတာနှုံး flow rate capacity ရှိပါတယ်။ cargo pump နဲ့ တွဲသုံးတဲ့အခါ idle speed 800 rpm မှာ clutch ကို engage လုပ်ပါတယ်။ cargo pump နဲ့ အသုံးပြုစဉ်၊ engine rpm ကို (၈၀၀) မှ (၁၄၀၀) အတွင်းအသုံးပြုသလို၊ low rpm အခြေအနေမှာ၊ inter lock အနေနဲ့ generator ရဲ့ excitation voltage ကို၊ ဖြတ်တောက်ထားပါတယ်။ excitation voltage ဖြတ်တောက် ထားရတာကတော့၊ generator ဟာ low rpm ဖြင့် အချိန်အကြာကြီး လည်ပတ်နေရတဲ့အခါ၊ winding တွေပူလာပြီး လောင်ကျွမ်းသွားနိုင်တဲ့အတွက်၊ ဖြစ်ပါတယ်။ No. (2) auxiliary ကိုတော့၊ rated rpm 1800 မောင်းနှင်ပြီး၊ generator ဖြင့်သာ၊ တွဲဖက်အသုံးပြုပါတယ်။ 


Fig. actuator unit


Fig. PCB  

သမာရိုးကျတွေ့နေကျ generator engine တွေမှာ၊ governor ကို steeper motor နဲ့သာ အတိုး၊ အလျှော့ပြုလုပ်ပြီး engine rpm ကို ချိန်ညှိပေမယ့်၊ ဒီ CUMMINS K 19 D (M) auxiliary engine တွေ မှာတော့၊ fuel pump မှာ electrically operated actuator ကိုတတ်ဆင်ထားပြီး၊ governor actuator control PCB မှတဆင့်၊ signal ပေးသွင်းကာ အတိုး၊ အလျှော့ပြုလုပ်ပြီး engine rpm ချိန်ညှိပါတယ်။

ဖြစ်ပုံက No. (1) auxiliary engine ဟာ cargo pump နဲ့တွဲစဉ် clutch engage လုပ်တာနဲ့ 1100 rpm သို့ထိုးတက်သွားပြီး၊ 1400 rpm အထိ increase အနေနဲ့ rpm ကိုမြှင့်လို့ရပါတယ်။ 1100 rpm အောက် ကိုတော့ decrease အနေနဲ့ လျှော့ချယူလို့ မရတာကို၊ သိရပါတယ်။ generator နဲ့ တွဲပြီး rated 1800 rpm ဖြင့်မောင်းစဉ်၊ (၂) မိနစ်ခန့်အကြာမှာ engine ထိုးရပ်သွားတာ၊ တွေ့ရပါတယ်။


Fig. Fuel pump

CUMMINS engine တွေရဲ့ ထူးခြားချက်တခုကတော့၊ PT type fuel pump ကိုယ်ထည်မှာ solenoid valve တလုံးထည့်သွင်းတတ်ဆင်ထားပြီး၊ DC 24 volt supply ပေးကာ၊ fuel inlet ကို ဖွင့်ပေးခြင်းပဲ ဖြစ်ပါတယ်။ engine စတင်နှိုးတာနဲ့ DC 24 volt supply ရောက်ရှိကာ၊ valve ပွင့်သွားပြီး၊ fuel ဟာ fuel pump မှတဆင့်၊ fuel injectors များသို့ပေးပို့ပါတယ်။ engine ရပ်တဲ့အခါနဲ့ LO low pressure, over-speed နဲ့ jacket cooling high temperature အစရှိတဲ့ safety system ပိုင်းဆိုင်ရာ၊ အခြေအနေတွေမှာလည်း၊ DC 24 volt supply ကို ဖြတ်တောက်ပြီး၊ engine အလိုအလျှောက် ရပ်စေပါတယ်။ 

အကယ်၍ safety system ကို by-pass လုပ်လိုလျှင်၊ fuel pump ကိုယ်ထည်မှာ တတ်ဆင်ထားတဲ့ manual knob ကလေးကို၊ ဖိချကာ valve ကို ဖွင့်ထားနိုင်ပါတယ်။ engine rpm အတိုးအလျှော့ကိုတော့ fuel pump ကိုယ်ထည်မှာတတ်ဆင်ထားတဲ့ actuator မှ ဆောင်ရွက်ပေးပါတယ်။ actuator ရဲ့ coil အတွင်းသို့၊ governor actuator PCB မှ signal ပေးသွင်းရာမှာ၊ current ပမာဏအနည်း၊ အများပေါါ မူတည်ပြီး actuator ရဲ့ plunger ဟာ အတိုးအလျှော့ဖြင့် ရွှေ့လျှားပါတယ်။

တွေ့ကြုံခဲ့တာလေးကို ဆက်ပါဦးမယ်။ ပထမဆုံး governor actuator PCB မှ၊ potentio meter လေးကို၊ adjust လုပ်ပြီးချိန်ညှိတဲ့အခါ၊ cargo pump clutch engage အခြေအနေမှာ engine rpm ကို 950 rpm အထိ၊ လျှော့ချနိုင်ပါတယ်။ တင်ဆောင်ထားတဲ့ cargo ဟာ viscosity 550 cSt ခန့်ရှိပြီး၊ စေးပြစ် လွန်းတဲ့ ရေနံဓါတု petrol-chemical product ဖြစ်တဲ့အတွက်၊ pump rpm နိမ့်နိမ့်မောင်းနှင်ဖို့လိုပါတယ်။ ဒါ့အပြင် tank တခုနဲ့တခု cargo အပြောင်းအလဲ tank to tank transfer မှာ rpm ကိုလိုသလို၊ မလျှော့နိုင်တဲ့ အတွက်၊ tank over flow ဖြစ်ကာ၊ ဆီလျှံခြင်းမှတဆင့် pollution ဖြစ်သွားနိုင်ပါတယ်။ PCB card ရဲ့ အပြစ်လို့ယူဆပြီး၊ PCB card ကိုအသစ်လဲလှယ်ကာ ပြန်လည်ချိန်ညှိတဲ့အခါမှာ engine rpm ကို၊ လိုအပ်သလို ချိန်ညှိနိုင်တာ၊ တွေ့ရပါတယ်။ ဦးရီးတို့တတွေ Marine Electrical Engineering ဘာသာရပ် ဆိုင်ရာ၊ ဖြစ်ပေါါတိုးတက်မှုတွေကို မျက်ခြေမပြတ်ဖို့၊ လိုနေပြီလို့ ယူဆမိပါတယ် ဒူဒူရေ။

Reference and Image credit to : http://articles.maritimepropulsion.com/, http://www.p-wholesale.com/

Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.

No comments:

Post a Comment