Pages

Monday 21 November 2011

"Class Change သို့မဟုတ် Classification Society အဖွဲ့အစည်းတခုမှ၊ နှစ်သက်ရာ အခြား Classification Society အဖွဲ့အစည်းတခုခုသို့ ပြောင်းလဲအပ်နှံခြင်း"

International Sea Voyage အနေနဲ့၊ နိုင်ငံတကာ ကုန်သွယ်ရေကြောင်းမှာ၊ သွားလာခုတ်မောင်းနေတဲ့ သဘော်တွေကို၊ Owner သဘော်ပိုင်ရှင် ဒါမှမဟုတ် Managers လို့ခေါါတဲ့၊ သဘော်ကိုစီမံခန့်ခွဲသူတွေ အခြေချနေထိုင်ရာ၊ တိုင်းပြည်မှ၊ သက်ဆိုင်ရာ National Administration သို့မဟုတ် Authority လို့ခေါါတဲ့ Flag State အာဏာပိုင် အဖွဲ့ အစည်းတွေမှာ၊ registration မှတ်ပုံတင်ရပါတယ်။ မှတ်ပုံတင်ဖို့အတွက်၊ Classification နဲ့ Statutory လို့ခေါါတဲ့ Standardization အဆင့်အတန်းသတ်မှတ်ခြင်း၊ ပြုလုပ်ဖို့လိုပါတယ်။ တနည်းအားဖြင့် standardization ရှိမှသာ၊ registration ကိုဆောင်ရွက်နိုင်တယ်လို့၊ ဆိုနိုင်ပါတယ်။

Lloyd's Register, Bureau Veritas (BV), American Bureau of Shipping (ABS), Det Norske Veritas (DNV), Germanischer Lloyd (GL) နဲ့ Nippon Kaiji Kyokai (ClassNK) အစရှိတဲ့၊ အပြည်ပြည် ဆိုင်ရာ International Classification Societies အဖွဲ့ အစည်းတွေဟာ၊ classification နဲ့ statutory ဆိုင်ရာ ကိစ္စတွေကို၊ သက်ဆိုင်ရာတိုင်းပြည်ရဲ့ National Administration သို့မဟုတ် Authority ကိုယ်စားဆောင်ရွက်ပေးပါတယ်။

Coastal နဲ့ Home Trade Voyage လောက်သာ၊ သွားလာခုတ်မောင်းနေတဲ့ သဘော်တွေ ကိုတော့ National Administration ဆိုတဲ့၊ Flag State အာဏာပိုင်အဖွဲ့ အစည်းကသာ၊ Classification နဲ့ Statutory ဆိုင်ရာ ကိစ္စတွေကို၊ ဆောင်ရွက်ပေးပါတယ်။ အနီးဆုံးကမ်းခြေမှ၊ (၁၂) မိုင်ထက်မဝေးသလို၊ ဆိပ်ကမ်း ခရီးတခုနဲ့တခု မိုင် (၅၀၀) ထက်မပိုတဲ့၊ voyages တွေကိုသွားလာနေတဲ့ သဘော်တွေဟာ၊ Coastal နဲ့ Home trade voyage သွားလာနေတဲ့ သဘော်တွေဖြစ်ပါတယ်။

International Sea Voyage အနေနဲ့၊ နိုင်ငံတကာ ကုန်သွယ်ရေကြောင်းမှာ၊ သွားလာခုတ်မောင်းနေတဲ့ သဘော်တွေကို၊ စတင်တည်ဆောက်ကတည်းက နှစ်သက်ရာ Classification Society အဖွဲ့အစည်း တခုခု ကို၊ အပ်နှံကာ Classification နဲ့ Statutory ဆိုင်ရာ Survey & Inspection စစ်ဆေးခြင်းကိစ္စတွေ ကိုဆောင်ရွက်ရပါတယ်။ သဘော်ကို တည်ဆောက်ပြီး International Sea Voyage တွေမှာ၊ အသုံးပြုကာပြေးဆွဲတဲ့ အခါမှာလည်း၊ Owners နဲ့ Managers တို့ နှစ်သက်ရာ Classification Society အဖွဲ့အစည်း တခုခုကို၊ အပ်နှံကာ Class Annual Survey, Class Intermediate Survey, Class Renewal Survey နဲ့ Class Occasional Survey အစရှိတဲ့၊ Classification နဲ့ Statutory ဆိုင်ရာ Survey & Inspection စစ်ဆေးခြင်း ကိစ္စတွေကို၊ ပုံမှန်နဲ့ လိုအပ်သလို ဆက်လက်ဆောင်ရွက်ရပါတယ်။ 

တခါတရံမှာတော့ လက်ရှိအပ်နှံထားတဲ့၊ Classification Society အဖွဲ့အစည်းတခုမှ၊ နှစ်သက်ရာ အခြား Classification Society အဖွဲ့အစည်းတခုခုကို၊ ပြောင်းလဲအပ်နှံလေ့ရှိသလို၊ တခါတရံမှာ National Administration ဆိုတဲ့၊ Flag State အာဏာပိုင်အဖွဲ့ အစည်းတွေမှ၊ ဆောင်ရွက်ပေးနေတဲ့၊ Classification နဲ့ Statutory ဆိုင်ရာကိစ္စတွေကို၊ Classification Society အဖွဲ့အစည်းတခုခုကို၊ ပြောင်းလဲအပ်နှံလေ့လည်း ရှိပါတယ်။

ဒီနေရာမှာတော့ Classification Society အဖွဲ့အစည်းတခုမှ၊ နှစ်သက်ရာ အခြား Classification Society အဖွဲ့အစည်း တခုခုကို၊ ပြောင်းလဲအပ်နှံတဲ့အခါ၊ ဆောင်ရွက်ရမယ့်ကိစ္စတွေနဲ့ National Administration ဆိုတဲ့၊ Flag State အာဏာပိုင်အဖွဲ့ အစည်းတွေမှ၊ ဆောင်ရွက်ပေးနေတဲ့၊ Classification နဲ့ Statutory ဆိုင်ရာကိစ္စတွေကို၊  Classification Society အဖွဲ့အစည်းတခုခုကို၊  ပြောင်းလဲအပ်နှံတဲ့အခါ၊ ဆောင်ရွက် ရမယ့်ကိစ္စတွေကို၊ ဖော်ပြထားပါတယ်။

Remark : All publications herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.

No comments:

Post a Comment