Pages

Sunday 6 November 2011

Air Clutch

အင်းစိန် G.T.I တုန်းက၊ Industrial Electronics သင်ပေးခဲ့တဲ့၊ ဆရာမနဲ့ Facebook မှာ၊ တွေ့တဲ့အခါ၊ အတွေ့ အကြုံထဲက၊ အကြောင်းတွေကို အခြေခံပြီးရေးဖို့၊ အကြံပေးတဲ့အတွက်၊ ဒီ post လေးကိုရေးဖြစ်ပါတယ်။ ဒီ post လေးမှာ၊ ကြုံဖူးတဲ့ Transmission gear box နဲ့ Air Clutch အကြောင်းလေးကိုဖော်ပြ ပါ့မယ်။ Air clutch ဆိုတာကို၊ (၁၉၃၆) ခုနှစ်မှာ၊ Thomas Fawick ဆိုသူက၊ စတင်တီထွင်ခဲ့တာဖြစ် ပါတယ်။

Direct coupling အနေနဲ့မသုံးပဲ၊ Clutch ကိုထည့်သွင်းတတ်ဆင်တဲ့ ရည်ရွယ်ချက်ကတော့၊ primer mover ရဲ့ out put ကို၊ လိုအပ်တဲ့အခါ clutch ကို၊ engage လုပ်ပြီးရယူဖို့နဲ့၊ မလိုအပ်တဲ့အခါ dis-engage လုပ်နိုင်ဖို့ဖြစ် ပါတယ်။


Fig. Generator with Clutch

တခါက၊ Medium speed 4 stroke, 1200 KW engine မှတဆင့်၊ Reduction gear box ခံပြီး၊ Pumps တွေ ကိုမောင်းတဲ့ system မှာ၊ Air clutch ကို သုံးထားတာတွေ့ခဲ့ရပါတယ်။ အဲဒီလို Air clutch တွေကိုသုံးပြီး၊ Transmission gear box မှတဆင့် Generator တွေကိုလည်းမောင်းလေ့ရှိပါတယ်။ Generator တွေကို၊ transmission gear နဲ့ အသုံးပြုတဲ့အခါ၊ gear box မှာ၊ thrust force ကိုရစေဖို့၊ Thrust Roller Bering အုပ်စုမှ၊ cylinder bore - cylindrical roller bearing တွေကို အသုံးပြုပါတယ်။ Rooling Bearings အကြောင်းကိုတော့၊ ဒီနေရာမှာ ပြန်ဖတ်နိုင်ပါတယ်။


Fig. Prime mover's fly wheel, intermediate shaft, plumber block and gear box input clutch assembly  


Fig. Cargo pump transmission gear box

prime mover နဲ့ gear box ကို၊ intermediate shaft နဲ့ဆက်သွယ်တဲ့အခါ၊ plumber block မှာ၊ tapered bore - cylindrical roller bearing တွေကို အသုံးပြုပါတယ်။ အလားတူပဲ၊ pumps တွေ ကိုမောင်းနှင်ဖို့၊ transmission gear box ကိုထည့်သွင်းတတ်ဆင်တဲ့အခါ၊ Thrust Roller Bering အုပ်စုမှ၊ cylinder bore နဲ့ tapered bore cylindrical roller bearing တွေကို အသုံးပြုပါတယ်။ Bearing နံပါတ်မှာ၊ (2) ဆိုတဲ့ ဂဏန်းနဲ့ စတဲ့ Rooling bearings တွေဟာ၊ Thrust Roller Bearings တွေဖြစ်ပါတယ်။


ကျွန်တော်ကြုံခဲ့ရတာကတော့၊ cylindrical roller bearing ရဲ့၊ bearing cone ကွဲသွားပြီး၊ အစအနတွေ gear box ထဲကျကာ၊ gear teeth တွေ ပဲ့ထွက်ကုန်သလို၊ defected bearing ကြောင့်၊ shaft ဟာလည်း mis-alignment ဖြစ်သွားပြီး၊ shaft seal ပါ၊ leak ဖြစ်ကာ၊ gear lubricating oil တွေ leakage ယိုကျလာ ပါတယ်။ bearing cone ကွဲသွားတဲ့ အထိ၊ defected ဖြစ်တဲ့အတွက်၊ root of cause ကိုရှာကြည့်ရ ပါတော့တယ်။ vibration ကြောင့် ဖြစ်နိုင်သလို၊ mis-alignment ကြောင့်လည်းဖြစ်နိုင်ပါတယ်။

  
Fig. Gear box input shaft alignment

Gear box ရဲ့ input နဲ့ out put shaft တွေကို၊ dial gauge သုံးပြီး alignment စစ်ဆေးကြည့်တဲ့ အခါ၊ primer mover ဖြစ်တဲ့ engine fly wheel နဲ့ gear box ကြားမှ intermediate shaft ဟာ mis-alignment ဖြစ်နေတာ၊ တွေ့ရပါတယ်။ intermediate shaft ကို၊ secured ဖမ်းထားတဲ့ plumber block ဟာနေရာရွေ့သွားတဲ့အတွက် mis-alignment ဖြစ်ပေါါရတာဖြစ်ပါတယ်။  


Fig. Crankshaft deflection


Fig. Dial gauge position

Torsional vibration ကြောင့်၊ mis-alignment ဖြစ်ပေါါရတာလို့ယူဆပြီး၊ primer mover ဖြစ်တဲ့ engine ကိုပါ စစ်ဆေးရပါတော့တယ်။ engine ရဲ့ crank case doors တွေကိုဖွင့်ပြီး၊ crank shaft ရဲ့ crank pin unit တခုခြင်း ကို၊ dial gauge ကိုသုံးပြီး၊ crank shaft deflection ယူကြည့်တဲ့အခါ၊ ရရှိလာတဲ့ readings တွေဟာ၊ allowable limit အတွင်းမှာရှိတာကိုတွေ့ရပါတယ်။


Fig. Crankshaft thrust pad measurement

Fly wheel အနီးမှ No. 6 unit crank pin နဲ့ No. 7 main bearing cap ကြားမှ၊ thrust pad ရဲ့ clearance ကို တိုင်းကြည့်တဲ့အခါ၊ 0.86 mm လောက် clearance ရှိနေတာကိုတွေ့ရပါတယ်။ thrust pad အနေနဲ့ 0.86 mm ဆိုတာ၊ အတော့်ကို ကြီးမားတဲ့ clearance ဖြစ်ပြီး၊ crank shaft မှတဆင့် torsional vibration ကိုဖြစ်ပေါါစေတဲ့ အဓိကအကြောင်းရင်း root of cause ပဲဖြစ်ပါတယ်။


Transmission gear box ရဲ့ power ဟာ 2 x 250 KW ရှိပြီး၊ pump (၂) လုံးကိုမောင်းဖို့၊ clutch (၂) စုံ နဲ့ အတူ၊ out put shaft (၂) ချောင်းတတ်ဆင်ထားပါ တယ်။ Gear ratio အနေနဲ့ 1 : 1.818 ရှိပြီး၊ in put မှာ 650 rpm နဲ့ out put 550 rpm ရှိပါတယ်။ အသုံးပြုထားတဲ့ Gears တွေဟာ၊ Parallel Axis Gear အုပ်စုမှ၊ Helical Gears တွေ ဖြစ်ပါတယ်။ တတ်ဆင်ထားတဲ့ pumps တွေက၊ screw pump တွေ ဖြစ်ပြီး၊ capacity အနေနဲ့ 350 Cu. meter per hour ရှိပါတယ်။ 


Fig. Helical Gears

Gear တွေကို၊ Parallel Axis Gears, Perpendicular Axis Gears, Crossed Axis Gear နဲ့ Planetary Gear ဆိုပြီး ခွဲခြားနိုင်ပါတယ်။ Parallel Axis Gears တွေမှာ Spur Gears, Helical Gears နဲ့ Double Helical or Herringbone Gears တို့ပါဝင်ပါတယ်။


Fig. Parallel Axis Gears

Perpendicular Axis Gears တွေကို၊ ခွဲခြားကြည့်တဲ့အခါ Non Intersecting Perpendicular Axis Gear တွေနဲ့ Intersecting Perpendicular Axis Gears တွေဆိုပြီး၊ တွေ့ရပါတယ်။ တနည်းအားဖြင့် Worm Gears တွေနဲ့ Bevel Gears တွေဟာ Perpendicular Axis Gears အမျိုးအစားတွေဖြစ်ပါတယ်။


Fig. Perpendicular Axis Gears


Fig. Crossed Axis Gears


Fig. Planetary Gears

Gear အသစ်တွေမှာရင်၊ အချိန်ပေးပြီး စောင့်ရမှာဖြစ်တဲ့အတွက်။ အသစ်မလဲတော့ပဲ grinding လုပ်ကာ ပြန်သုံးခဲ့ပါတယ်။ ပဲ့ထွက်သွားတဲ့ နေရာတွေမှာ၊ ဖို့ထားတဲ့ အသားဟာ အကြောင်းတစုံကြောင့်၊ ပြန်ပဲ့ထွက် သွားနိုင်တဲ့အတွက်၊ re-built ပြန်မလုပ်တော့ပါဘူး။ ဆိုးဆိုးရွားရွားအနေအထားအထိ၊ ပဲ့ထွက်သွားတဲ့ အခါ၊ gear အသစ်လဲဖို့၊ လိုပါလိမ့်မယ်။ အသစ်ရဖို့၊ အချိန်ပေးပြီး၊ မစောင့်နိုင်ရင်တော့၊ Gear ကို၊ Material analysis လုပ်ကာ၊ material composition အတိုင်း၊ strength တန်ဖိုး အနီးစပ်ဆုံး၊ raw metal ကိုရှာပြီး၊ machine ခုတ်ကာ၊ fabrication လုပ်နိုင်ပါတယ်။


Fig. Pressure regulating unit

တတ်ဆင်ထားတဲ့ Clutch ကတော့၊ maximum pressure 7 bar သာရှိတဲ့၊ Control air ကိုသုံးထားတဲ့၊ Clutch ပဲဖြစ်ပါတယ်။ Control air ကိုတော့ main air vessel မှ၊ maximum pressure 30 bar ရှိတဲ့၊ main air ကို၊ pressure regulating unit တတ်ဆင်ပြီးရယူပါတယ်။


Fig. Element Unit


Fig. RD coupling

Air clutch မှာ၊ ပါဝင်တဲ့အဓိက အစိတ်အပိုင်း (၂) ခုကတော့ Element unit နဲ့ RD coupling လို့ခေါါတဲ့၊ Reduction coupling တို့ပဲဖြစ်ပါတယ်။ RD coupling ဟာ၊ primer mover ရဲ့ out put shaft မှာ၊ direct coupling အနေနဲ့ တတ်ဆင်ထားတဲ့၊ unit ဖြစ်ပါတယ်။ ‘RD’ coupling ကို၊ အတွင်းမှာ synthetic rubber ဖြစ်တဲ့၊ neoprene နဲ့ ပြုလုပ်ထားပြီး၊ အပေါါမှ metal drum နဲ့ အုပ်ထားတဲ့အတွက်၊ torsional vibration ကိုခံနိုင်ရည် ရှိပါတယ်။


Transmission gear box ရဲ့ input shaft မှာတော့၊ element unit ကို၊ direct coupling အနေနဲ့ တတ်ဆင်ထား ပါတယ်။ အလားတူ transmission gear box ရဲ့ out put shaft မှာ၊ RD coupling ကို တတ်ဆင်ထားပြီး၊ pumps တွေရဲ့ input လို့ခေါါတဲ့၊ driven shaft မှာ element unit ကို၊ direct coupling အနေနဲ့တတ်ဆင်ထား ပါတယ်။


Fig. Element unit - neoprene cord actuating tube and fraction pads

Element unit ရဲ့အတွင်းဖက်မှာ၊ fraction padsေ တွကို၊ ထည့်သွင်းတတ်ဆင်ထားပါတယ်။ fraction pads တွေ ရဲ့အပေါါမှာတော့၊ neoprene cord actuating tube ကိုတတ်ဆင်ထားပြီး၊ cord actuating tube ကို၊ metal housing drum နဲ့အပေါါမှ အုပ်ထားပါတယ်။ Air regulating unit မှ၊ maximum pressure 7 bar ခန့်ရှိတဲ့၊ pressurized air ကို၊ neoprene cord actuating tube အတွင်းသို့၊ ပေးသွင်း လိုက်တဲ့အခါ၊ tube ဟာ၊ expand ကားသွားပြီး၊ fraction pads တွေကို RD coupling surface ဖက်သို့ တွန်းထုတ်ပါတယ်။ fraction pads တွေ RD coupling နဲ့ ကပ်သွားတဲ့အခါ၊ transmission gear box ရဲ့ input shaft ဟာ၊ စတင်လည်ပတ် ပါတယ်။



Fig. Rotor seal 

Pressurized air ကို၊ element unit အတွင်းသို့ပေးသွင်းတဲ့အခါ၊ gear box shaft ရဲ့ element unit တတ်ဆင် ထားခြင်း မရှိတဲ့ shaft ဖက်အခြမ်း၊ တနည်းအားဖြင့် non-driven end မှာတတ်ဆင်ထားတဲ့ rotor seal မှတဆင့်ပေးသွင်းပါတယ်။ ball bearing ထည့်သွင်းတတ်ဆင်ထားတဲ့အတွက်၊ rotor seal ရဲ့ အတွင်းဖက် အစိတ်အပိုင်းတွေသာ၊ shaft နဲ့ အတူလိုက်ပါလည်ပတ်နေမှာဖြစ်ပါတယ်။ အပြင် အစိတ်အပိုင်း ကတော့ လည်ပတ်နေခြင်းမရှိတဲ့အတွက်၊ stationary unit အနေနဲ့ Air regulating unit မှ၊ pressurized air ကို တိုက်ရိုက်ပေးသွင်းနိုင်ပါတယ်။ 


shaft မှာ air passage ထည့်သွင်းထားတဲ့ အတွက်၊ non-driven end မှတဆင့် ဝင်လာတဲ့ pressurized air ဟာ၊ driven end ဖက်မှ၊ Element unit ရဲ့ metal housing drum သို့ပေးသွင်းပါတယ်။ metal housing drum ဟာ pressurized air ကို၊ cord actuating tube အတွင်း၊ ဝင်ရောက်စေခြင်းကြောင့် tube ဟာ၊ expand ကားသွားတာ ဖြစ်ပါတယ်။

Air clutch တွေကို၊ transmission gear box နဲ့တွဲသုံးတဲ့၊ Generator နဲ့ Pumps တွေမှာသာမက၊ Can Making Process, Metal Forming Process, Rubber Processing, Commercial Laundry, Oil Field, Tire Building နဲ့ Paper Mill စတဲ့လုပ်ငန်းတွေမှာပါအသုံးပြုကြပါတယ်။ RD coupling နဲ့ Element ဟာ synthetic rubber ဖြစ်တဲ့၊ neoprene နဲ့ပြုလုပ်ထားတဲ့အတွက်၊ torsional vibration ကို ခံနိုင်ရည်ရှိ သလို၊ တော်ရုံတန်ရုံ mis-alignment ဖြစ်ရုံနဲ့၊ မပျက်စီးနိုင်တာ၊ တွေ့ရပါတယ်။

ဒါပေမယ့် synthetic rubber ကိုသုံးထားတဲ့အတွက်၊ သက်တမ်းအားဖြင့် အများဆုံး (၅) နှစ်ခံသာခံပြီး၊ RD coupling ကွဲအက်တတ်သလို၊ cord actuating tube လည်း ကွဲအက်တတ်တာကို၊ တွေ့ရပါတယ်။ အကယ်၍ အကြောင်းတစုံတခုကြောင့် synthetic rubber ကွဲအက်တဲ့အခါ၊ Clutch ကိုအသုံးမပြုပဲ၊ direct coupling အနေနဲ့ တိုက်ရိုက်အသုံးပြုနိုင်ဖို့၊ fitting plate တွေထည့်သွင်းတတ်ဆင်ထားလေ့ ရှိပါတယ်။ Element unit ကို၊ သက်တမ်းစေ့ အပြင် နှစ်အနည်းငယ်ပိုကာ၊ သုံးချင်ရင်တော့ pressurized air ကို၊ maximum 7 bar အထိမသုံးပဲ၊ 4. 8 ~ 5. 6 bar လောက်မှာ regulating unit မှ၊ maintain လုပ်ကာ အသုံးပြုပါလို့၊ အကြံပေးပါရစေ ခင်ဗျား။



Image credit to : http://www.rikind.com/, http://hfoplant.blogspot.com/, http://www.maritime.org/, http://www.macequipment.com/

Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party. 

No comments:

Post a Comment