Pages

Sunday 25 December 2011

စက်ာပူ North - South MRT လမ်းအပိုင်း လျှပ်စစ်ဓါတ်အားစနစ်ပြတ်တောက်မှု (၁)

စက်ာပူက MRT လို့ခေါါတဲ့ လျှပ်စစ်ရထားတွေမှာ၊ ရထားမောင်းနှင်ဖို့ လိုအပ်တဲ့ လျှပ်စစ်ဓါတ်အားကို၊ power rail လို့ခေါါတဲ့ third rail မှတဆင့်ရယူပါတယ်။ ရထားဘီးတွေဟာ rail လို့ခေါါတဲ့ သံလမ်းပေါါ မှာမောင်းနှင်တာဖြစ်ပြီး၊ သံလမ်းဘေးမှာ သံလမ်းနဲ့အပြိုင်တတ်ဆင်ထားတဲ့ third rail မှာ၊ DC high voltage ကိုလွှတ်ထားပါတယ်။ third rail ကို protective cover နဲ့ အပေါါမှဖုံးအုပ်ထားသလို၊ ရထားမှာ တတ်ဆင်ထားတဲ့ collector shoe ဟာ၊ third rail ရဲ့ အောက်ပိုင်းမှ conductive surface နဲ့ ထိနေပြီး၊ လျှပ်စစ်ဓါတ်အားကိုရယူပါတယ်။ ရထားတွဲတတွဲ မှာ ရှေ့နောက် ဘယ်ညာ၊ collector shoe (၄) ခု ပါဝင်ပါတယ်။






Fig. Third rail and collector shoe

Third rail အစိတ်အပိုင်းတနေရာရာမှာ အကြောင်းတစုံကြောင့်၊ dialoged လို့ခါါတဲ့ နေရာရွေ့သွားမှု ဖြစ်ပေါါခဲ့ရင်၊ Third rail ရဲ့ conductive surface နဲ့ထိကာပွတ်တိုက်နေတဲ့ collector shoe ပျက်စီးကာ၊ ရထားရဲ့ လျှပ်စစ်ဓါတ်အား စနစ်ပြတ်တောက်သွားတတ်ပါတယ်။ အလားတူ collector shoe ဟာ၊ dialoged ဖြစ်နေခဲ့မယ်ဆိုရင်၊ Third rail ကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။








စက်ာပူက North - South MRT လမ်းအပိုင်းမှာဖြစ်ပေါါခဲ့တဲ့၊ ရထားရဲ့ လျှပ်စစ်ဓါတ်အားစနစ် ပြတ်တောက်မှုကို၊ စစ်ဆေးကြည့်တဲ့အခါ၊ third rail နဲ့ collector shoes တွေပျက်စီးနေတာ ကို၊ တွေ့ရသလို၊ ပျက်စီးရခြင်း အကြောင်းရင်းကိုတော့ ဆက်လက်ရှာဖွေနေဆဲလို့၊ သိရပါတယ်။ လျှပ်စစ်ရထားတွေရဲ့ တည်ဆောက်ပုံ၊ အလုပ်လုပ်ပုံတွေအကြောင်းကို၊ ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

third rail ကို၊ claw လို့ခေါါတဲ့ metal grip မှ၊ ညှပ်ထားပြီး၊ ရထားသံလမ်းအဆက်တွေမှာ ရထားက ခုန်တိုင်း၊ အလိုက်သင့်ထိမ်းပေးထားပါတယ်။ တနည်းအားဖြင့် third rail ရဲ့ alignment မှန်စေဖို့၊ claw မှထိမ်းပေးထားတယ်လို့ ဆိုနိုင်ပြီး၊ foundation bracket မှာ၊ bolts နဲ့ nuts ကိုသုံးကာ၊ အထိုင်ချထား ပါတယ်။ claw ရဲ့ metal piece assembly တွေ၊ အထိုင်ရွှေ့သွားပြီး၊ လုံလောက်တဲ့ tension မရှိတော့တဲ့ အခါ၊ third rail ကို secured position အနေနဲ့ သေသေခြာခြာညှပ်မထားနိုင်တော့သလို၊ third rail ဟာ၊ နေရာရွေ့သွား နိုင်ပါတယ်။ third rail မှာ dialoged ဖြစ်ရင်၊ third rail ရဲ့ conductive surface နဲ့ထိကာပွတ်တိုက်နေတဲ့ collector shoe တွေပါ၊ နေရာရွှေ့ကာ၊ ရထားရဲ့ လျှပ်စစ်ဓါတ်အားစနစ် ပြတ်တောက်သွားမှာဖြစ်ပါတယ်။



SMRT ရဲ့ ပဏာမလေ့လာစစ်ဆေးချက်တွေအရ၊ လုံလောက်တဲ့ tension မရှိတော့တဲ့ claws တွေကို၊ cable ties တွေနဲ့တုတ်ထားတယ်လို့၊ သိရပါတယ်။ claw ရဲ့ foundation brackets မှ bolts နဲ့ nuts တွေ ကို၊ ပြန်ကျပ်လို့ပါတယ်။ tension မရှိတော့တဲ့ claw ရဲ့ အစိတ်အပိုင်းတွေကိုတော့၊ ပြန်ပြင်လို့မရတဲ့ အတွက်၊ claw ရဲ့ metal piece assembly တခုလုံးကို၊ အစားထိုးအသစ်လဲရမှာဖြစ်ပါတယ်။

ညဘက် ရထားတွေမမောင်းချိန် ရထားလမ်းတလျှောက်၊ စစ်ဆေးပြီး၊ claw အသစ်တွေနဲ့ အစားထိုး လဲလှယ်နေသလို၊ dialoged ဖြစ်နေတဲ့ claws တွေကို အကုန်မလဲနိုင်ခင်မှာတော့၊ ရထားတွေနှေးနေဦး မယ်လို့ သိရပါတယ်။ claws တွေ dialoged ဖြစ်ရတဲ့အကြောင်းရင်းကို၊ စစ်ဆေးနေစဉ်မှာပဲ ဒူဒူကြီး တို့လို နောက်တတ်တဲ့ သူတွေမှ၊ formula one ပြိုင်ကားပြိုင်ပွဲတွေလုပ်လို့ claws တွေ dialoged ဖြစ်တာ တို့၊ construction project တွေက၊ pile တွေရိုက်လို့ claw ရဲ့ metal piece assembly တွေ၊ အထိုင်ရွှေ့သွားတာတို့၊ ဆိုပြီးပြောကြပါတယ်။


SMRT ရဲ့ ရထားလမ်းတွေမှာ claw ဆိုတဲ့ metal piece assembly ကို၊ တခုနဲ့တခု (၆ ဒသမ ၃) မီတာ အကွာအဝေးထားပြီး၊ တတ်ထားတာဖြစ်ပါတယ်။ North - South နဲ့ East West လမ်းအပိုင်းတွေမှာ ပြုတ်ထွက်နေတဲ့ claws တွေနဲ့ နေရာရွှေ့နေတဲ့ claws တွေ၊ စုစုပေါင်း (၂၁) ခုတွေ့တယ်လို့၊ စစ်ဆေးချက်တွေ အရ၊ သိရပါတယ်။



ရထားသံလမ်းဆိုတဲ့ train rail ရဲ့ အောက်မှာ cast-in-situ concrete elements ဖြစ်တဲ့၊ floating slab တွေတတ်ထားပါတယ်။ slab ရဲ့ အောက်မှာ longitudinal အနေအထားနဲ့ resilient bearings တွေ တတ်ထားပါတယ်။ ရထားခုတ်မောင်းရာ မှ ပေါါပေါက်လာတဲ့ vibration ကို၊ အနား ပတ်ဝန်းကျင်မှ အဆောက်အဦတွေ အပေါါ မသက်ရောက်စေဖို့၊ resilient bearings တွေဟာ shock absorber လို အလုပ်လုပ်ပြီး၊ လျှော့ချပေးတဲ့အတွက် floating slab လို့ခေါါပါတယ်။ တကယ်လို့ slab အောက်မှ bearing တွေ၊ ပုံမှန် အလုပ်မလုပ်တဲ့အခါ၊ ရထားလမ်းမှာ vibration ဖြစ်ပေါါလာပြီး claws တွေ၊ dialoged ဖြစ်နိုင်ပါတယ်။


Reference and image credit to : MRT N-S Line Breakdown, The New Paper, December, 17, 2011, The Strait Times, December, 23, 2011. 


Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.

No comments:

Post a Comment