Pages

Saturday 17 December 2011

Limit switches , proximity switches တွေနဲ့ simple pneumatic engine control system

ဆောင်းပါးဆန်ဆန် post တွေပဲရေးမိတဲ့အခါ၊ ငြီးငွေ့လာတဲ့အတွက်၊ လုပ်ရင်းကိုင်ရင်း နဲ့ တွေ့လာတာလေး ကို၊ ပေါ့ပေါ့ပါးပါး ရေးပါဦးမယ်။ ဇတ်အစနိဒါန်းကတော့ normally close 3/4 way pneumatic solenoid valve တလုံးက၊ လေအဆက် မပြတ် ယိုနေခြင်းပါပဲ။ DC 24 V ဝင်လာပြီး၊ coil energized ဖြစ်တဲ့အခါ၊ open position သို့ ပြောင်းပေး ပါတယ်။ pneumatic valves တွေမှာ exhaust ပါတဲ့အတွက်၊ valve ရဲ့ function တခုနဲ့ တခုပြောင်းတဲ့ အခါ၊ valve block အတွင်းမှ၊ လေအကျန်ကို exhaust အနေနဲ့ရှင်းထုတ် ပါတယ်။ open position အပြောင်း မှာ၊ exhaust function ဖြစ်ပေါါပေမယ့်၊ exhaust ဟာရပ်မသွားပဲ၊ leakage အဖြစ် လေအဆက်မပြတ် ထွက်နေပါတယ်။




Fig. 3/ 2 way (NC) pneumatic solenoid, 0 ~ 10 Bar, DC 24 V, 4.5 W




Fig. Engine control system

လေ အဆက်မပြတ်ယိုစိမ့်ထွက်နေတဲ့၊ solenoid ဟာ engine ရဲ့ speed control solenoid ဖြစ်ပါတယ်။ solenoid မှ ရလာတဲ့ maximum 7.0 bar ခန့်ရှိတဲ့၊ control air ကို၊ speed control handle မှတဆင့်၊ အနည်းအများပြောင်းလဲပေးကာ၊ governor boost air အနေနဲ့၊ governor သို့ပေးပို့ပါတယ်။ boost air အနည်းအများအပေါါမူတည်ပြီး၊ governor ဟာ fuel rack တွေကို၊ အတွန်းအဆွဲ ပြုလုပ်ပါတယ်။ engine ရဲ့ idle speed ဟာ၊ 420 rpm ဖြစ်ပြီး၊ maximum rpm ကတော့ 650 rpm ဖြစ်ပါတယ်။

fuel racks တွေ ရဲ့ ရွှေ့လျှားမှုကြောင့် cylinder unit တခုစီ မှာရှိတဲ့၊ fuel pump တလုံးချင်းမှတဆင့်၊ fuel injector တခုစီကို fuel ဆိုတဲ့၊ လောင်စာဆီ ကို၊ ပမာဏအနေနဲ့ အနည်း နဲ့ အများပေးပို့ပြီး၊ engine ရဲ့ speed ကိုပြောင်းလဲယူပါတယ်။ speed control handle ဟာ၊ boost air ကို control လုပ်သလို၊ engine နဲ့ ချိတ်ဆက်ထားတဲ့ transmission gear box ကိုလည်း၊ ahead နဲ့ astern ဆိုပြီး၊ ဘယ်လည်၊ ညာလည် လိုအပ်သလို၊လည်ပတ်စေပါတယ်။

engine ကို စတင်နှိုးပြီးတဲ့အခါ၊ idle speed 420 rpm နဲ့ engine room control မှ၊ bridge control သို့ selector switch နဲ့ပြောင်းယူပါတယ်။ engine room မှ bridge ပေါါကို၊ DC 24 V signal ရောက်သွားတဲ့ အခါ၊ alarm အနေနဲ့ အချက်ပေးပါတယ်။ alarm ကို reset လုပ်ခြင်းဟာ engine room မှ ပေးပို့လာတဲ့ DC 24 V signal ကို bridge control signal အဖြစ် လက်ခံခြင်းဖြစ်ပါတယ်။ DC 24 V signal ကို ရရှိပြီးတဲ့ အခါ၊ selector switch မှတဆင့် DC 24 V supply ကို၊ speed control solenoid သို့ပေးပို့ပါတယ်။ solenoid activated ဖြစ်တဲ့ အခါ၊ control air ဟာ၊ natural position အနေအထားမှာရှိနေတဲ့ speed control handle သို့ရောက်ရှိသွားပါတယ်။

natural position မှာရှိနေတဲ့ speed control handle ကို၊ ahead position အဖြစ်ရှေ့ကိုတွန်းလိုက်တဲ့ အခါ၊ solenoid မှတဆင့်ရောက်နေတဲ့ control air ကို boost air အဖြစ်၊ ဖွင့်ပေးလိုက်ပါတယ်။ boost air ဟာ governor ရဲ့ actuator ကိုတွန်းတဲ့ အတွက်၊ governor linkages တွေမှ တဆင့်၊ fuel rack ကို၊ တွန်းပါတယ်။ တနည်းအားဖြင့် engine rpm ကိုမြှင့်ယူခြင်းလို့ ဆိုနိုင်ပါတယ်။ တချိန်တည်းမှာ speed control handle ကို၊ ahead position အဖြစ်ရှေ့ကိုတွန်းလိုက်တဲ့အခါ၊ handle မှ cam knot ဟာ၊ ahead limit switch ကိုသွားထိတဲ့ အတွက်၊ limit switch မှတဆင့် transmission and reduction gear box မှ၊ ahead solenoid သို့ DC 24 V power signal ရောက်သွားပါတယ်။

engine room မှာရှိတဲ့ air regulating unit မှ၊ control air ဟာ၊ gear box ရဲ့ ahead solenoid အဝင်မှာရှိနေပြီး၊ signal ဝင်လာတဲ့ အခါ၊ solenoid valve ပွင့်သွားပါတယ်။ control air ဟာ၊ solenoid valve မှတဆင့်ဖြတ်သန်းကာ၊ clutch reversing servo cylinder ကိုတွန်းလိုက် တဲ့ အတွက်၊ gear box ဟာ ahead position နဲ့စတင်လည်ပတ်ပါတယ်။ gear box ဟာ propeller shaft နဲ့ intermediate shaft မှတဆင့် ဆက်ထားတဲ့အတွက်၊ gear box လည်တာနဲ့ propeller ပါလည်ပတ်ပြီး၊ သဘော်ကို ရှေ့သို့ ရွှေ့ လျှားစေပါတယ်။ gear box ahead position မှာရှိနေကြောင်းကိုလည်း၊ engine room မှ gear box ရဲ့ clutch servo cylinder မှာတတ်ထားတဲ့ limit switch မှ တဆင့်၊ bridge မှာ အသိပေးဖော်ပြပါတယ်။ propeller စလည်တာနဲ့ engine ဟာ load ကိုစထမ်းပါတယ်။ load စထမ်းတဲ့အခါ engine rpm ဟာ ရုတ်တရက်လျှော့ကျသွားပြီး၊ governor ရဲ့ response ကြောင့် အချိန်အနည်းငယ်အတွင်းမှာပဲ၊ မူလ engage လုပ်စဉ်မှာရှိတဲ့ rpm သို့၊ ပြန်ရောက်လာပါတယ်။

သဘော်ကို နောက်သို့ဆုတ်တဲ့အခါ၊ speed control handle ကို natural position သို့၊ ပြန်ပို့ပြီး၊ astern position အနေနဲ့ နောက်သို့ ဆွဲယူပါတယ်။ handle မှ cam knot ဟာ၊ astern limit switch ကို သွားထိ တဲ့အတွက်၊ limit switch မှတဆင့် transmission and reduction gear box မှ၊ astern solenoid သို့ DC 24 V power signal ရောက်သွားပြီး၊ လေဟာ clutch reversing servo cylinder မှတဆင့် gear box ကို၊ astern position နဲ့စတင်လည်ပတ်စေပါတယ်။ ahead သို့မဟုတ် astern position မှာ engage လုပ်ပြီးတဲ့ အခါ၊ engine ဟာမူလ engage လုပ်စဉ်မှာရှိတဲ့ rpm ကိုပြန်ရောက်လာပြီး၊ speed control handle မှ တဆင့် boost air ကို၊ ပိုမိုပေးသွင်းကာ၊ rpm ကိုမြှင့်ယူသလို၊ boost air ကိုလျှော့ချခြင်းဖြင့် rpm ကိုလျှော့ချနိုင်ပါတယ်။

လေ အဆက်မပြတ်ယိုစိမ့်ထွက်နေတဲ့၊ speed control solenoid ကြောင့် governor ရဲ့ actuator မှာ၊ လေ လုံလောက်စွာမရတဲ့အခါ၊ governor linkages တွေမှ တဆင့်၊ fuel rack ကို၊ မတွန်းနိုင်တော့သလို engine ရဲ့ rpm ကိုလည်း၊ မြှင့်ယူလို့မရတော့ပဲ၊ engine ဟာမူလ engage လုပ်စဉ်မှာရှိတဲ့ rpm မှာသာ လည်ပတ်နေပါတော့တယ်။

solenoid ရဲ့ Maker ဟာ၊ FESTO ဖြစ်ပြီး၊ connection port တွေရဲ့ အရွယ်အစားဟာ၊ quarter လို့ခေါါတဲ့ 1/4 inch အရွယ်အစားဖြစ်ပါတယ်။ 0 ~ 10 Bar, DC 24 V, 4.5 W , 3/ 2 way (NC) pneumatic solenoid ဖြစ်ပြီး၊ SMC, BURKERT, NABCO, PARKER အစရှိတဲ့ maker brand တွေမှ၊ အမျိုးအစား တူ solenoid တလုံးနဲ့ အလွယ်တကူ အစားထိုးလဲလှယ်လို့ရပါတယ်။

အရေးရယ်အကြောင်းရယ်ဆို သုံးလို့ရအောင်၊ ဆောင်ထားတဲ့ ပစ္စည်းတွေအထဲမှ၊ အဆင်သင့်ရှိနေတဲ့ BURKERT solenoid တလုံးနဲ့ အစားထိုးလဲလှယ်ပြီး၊ engine ကိုစမ်းတဲ့အခါ၊ maximum boost air ကိုပေးပေမယ့် rpm တက် မလာပါဘူး။ fuel racks တွေဟာ normal position မှာပဲရှိနေသလို၊ governor response ကြောင့်လို့ယူဆပြီး၊ droop နဲ့ governor linkage တွေကို၊ adjust လုပ်ကြည့်တဲ့၊ အခါမှာလည်း rpm တင်လို့မရတာတွေ့ရပါတယ်။ 





Fig. Fuel injection and valve timing

ပြသနာတခုခုဖြစ်လာရင် တောတွေးတောင်တွေး၊ ပေါက်ကရတွေးဆိုတဲ့ nonsense တွေကို၊ အဓိကထား ကာ စဉ်းစားတတ်တဲ့ အကျင့်ကြောင့် load မထမ်းတာဟာ၊ fuel timing မမှန်လို့ဆိုပြီး စတွေးပါတော့ တယ်။ စကားမပြောတတ်တဲ့ စက်တွေဟာ၊ တရားခံ ဆိုပြီး၊ 'ငယ်တဲ့အမှုကိုကြီးစေ၊ ကြီးတဲ့အမှုကို ရှင်းမရစေ' အနေအထားကို၊ ဆွဲသွင်းတာပါ။ မကြာသေးခင်ကမှ၊ engine ကို inspection လုပ်ရင်း၊ camshaft bearing clearance တွေကို၊ cylinder unit တခုခြင်းအတွက်၊ ကိုယ်တိုင်တိုင်းထားတာမို့ timing မမှန်ဘူးလို့ တွေးမိတာလည်းဖြစ်ပါတယ်။




Fig. Inspection and replacement of camshaft bearing





Fig. Camshaft bearing & Cam knob

cam shaft bearing clearance reading တွေဟာ မူလရှိရမယ့် limit range ဖြစ်တဲ့၊ 0.07 ~ 0.13 mm clearance reading မှာမရှိတော့ပဲ 1 mm အထက်ကိုရောက်နေသလို၊ cam knobs တွေဟာလည်း၊ pitting & wear down ဆိုသလို၊ အချိုင့်တွေနဲ့ ပွန်းစားနေတာတွေကို၊ တွေ့ရပါတယ်။ clearance များတဲ့ အပြင်၊ cam knob တွေပါမကောင်းတော့တဲ့အတွက်၊ fuel timing မမှန်တော့သလို၊ exhaust valve နဲ့ inlet valve တွေရဲ့ အဖွင့်အပိတ် timing တွေပါ၊ မမှန်တော့ပဲ၊ valve spring တွေပါ ခဏခဏကျိုးကာ၊၊ LO လို့ခေါါတဲ့ lubrication oil pressure ပါကျနေတဲ့ engine ဖြစ်ပါတယ်။ 
LO pressure ကျတာကို၊ stand by LO pump နဲ့အတူတွဲမောင်းရင်း၊ ထိန်းထားတာအတော်ကြာပါပြီ။ budget အနေအထားအရ၊ လာမယ့် ဇွန်လလောက်မှ၊ Dock တင်ရင်း completed overhauling လုပ်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ No. 1 နဲ့ No. 3 unit တွေရဲ့ cylinder liner ဟာ၊ maximum wear down limit ကိုရောက်နေသလို၊ No. 2 နဲ့ No.5 unit တွေရဲ့ piston pin clearance ဟာလည်း၊ maximum limit ထက်ပိုနေတဲ့ engine ဖြစ်တဲ့အတွက်၊ နောက်ထပ် (၆) လလောက်အသုံးခံစေဖို့၊ နေ့တိုင်းမေတ္တာ ပို့နေရတဲ့ engine ဖြစ်ပါတယ်။

သဘော်ဆက်ထွက်ဖို့၊ မထွက်ဖို့နဲ့ ပက်သက်ပြီး၊ ဆုံးဖြတ်ချက်တခုခုကို၊ အတိအကျပေးရယ့်၊ အခြေအနေ ကို ရောက်သွားပါပြီ။ Ideal speed နဲ့သာ မောင်းလို့ရတဲ့သဘော်ဟာ၊ ကုန်အပြည့်တင်ပြီး၊ ထွက်မယ်ဆိုရင်၊ ပင်လယ်ပြင်မှာ ရာသီဥတု ဆိုးလာတဲ့အခါ wind speed ဆိုတဲ့ လေတိုက်နှုံးနဲ့ current speed ဆို တဲ့၊ ရေစီးကြောင်းတို့ကို တောင့်ခံထားဖို့၊ မလွယ်သလို အန္တရာယ်လည်းများပါတယ်။ 'ဘာလေးဘာ နဲ့ ရီနှစ်ရီ' ဆိုတဲ့၊ သဘော်သားစကားအရ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ နဲ့ ဖော်ဖော်ဝါရီလ တွေမှာ၊ တောင်တရုပ်ပင်လယ်မှာ မြူးတဲ့ မုန်တိုင်းတွေကြောင့်၊ ဒီ speed နဲ့ ဆက်ထွက်ဖို့ ဆိုတာ၊ တကယ့်ကို စွန့်စားရမယ့် ကိစ္စဖြစ်ပါတယ်။

main engine rpm indicator ကိုငေးကြည့်ရင်း၊ engine မှာ taco-generator နဲ့ magnetic pick-up တို့ တတ်ထားတာ သတိရမိပါတယ်။ engine အကြီးတွေမှာ techo-generator ဟာ engine နဲ့လိုက်ပါ လည်ပတ်ရင်း၊ out put voltage ထုတ်ပေးကာ၊ ရလာတဲ့ voltage signal ကို engine rpm indicating အတွက်အသုံးပြုလေ့ရှိပါတယ်။



Fig. Timing gear

magnetic pick up sensor ကိုတော့ speed relay နဲ့တွဲကာ၊ over speed protection တွေအတွက် အသုံးပြုလေ့ရှိပါတယ်။ ဒီ engine ရဲ့ timing gear case cover မှာ၊ proximity switch ဖြစ်တဲ့၊ magnetic pick-up sensor တတ်ထားတဲအတွက့်၊ safety protection system malfunction ဖြစ်ပြီး၊ rpm တင်မရ တာလားရယ်လို့၊ တွေးမိပါတော့တယ်။ 

စက်ခန်းထဲဆင်းကာ၊ main engine alarm & monitoring panel ကိုသွားကြည့်တဲ့အခါ၊ over speed နဲ့ပက်သက်ပြီး၊ panel မှာ၊ indicating အနေနဲ့တတ်ဆင်ထားတာ မရှိပေမယ့်၊ panel အတွင်းမှ speed relay မှာ၊ မီးအနီလေးလင်းနေတာကိုတွေ့ရပါတယ်။ တဆက်တည်းမှာ governor မှာ wire ကြိုး ဝင်သွားတာကိုသတိရမိပါတယ်။ emergency stop နဲ့ LO low pressure, cooling water high temperature အစရှိတဲ့ engine ရဲ့ safety system အတွက်၊ shutdown အဖြစ်၊ governor ထဲမှာ integrated built in stop solenoid ကိုတတ်ထားပြီး၊ governor အတွင်းမှ stop solenoid energized ဖြစ်တဲ့အခါ၊ fuel rack ကို '0' position အထိဆွဲချကာ၊ engine ကိုရပ်လိုက်မယ်ဆိုပြီး၊ တွေးမိပါတယ်။




Fig. Governor, Fuel link and Fuel limiter

အဲဒီအခါ၊ proximity switch နဲ့ speed relay ဟာ၊ over speed trip အနေနဲ့ engine ကို၊ မရပ်ပဲ၊ speed limit အဖြစ်၊ arrangement တခုခုနဲ့ rpm ကိုလျှော့ချမယ်လို့၊ ဆက်တွေးမိပါတယ်။ governor နဲ့ ဆက်ထားတဲ့၊ common fuel link ရဲ့ အဆုံးကိုသွားကြည့်တဲ့အခါ၊ တွေးထင်မိတဲ့အတိုင်း fuel limiter arrangement ကိုတွေ့ရပါတော့တယ်။ engine ဟာ 100 % maximum rpm 650 ရဲ့ + 15 % ဖြစ်တဲ့ 747 rpm ကျော်သွားတာနဲ့၊ magnetic pick up မှပေးပို့တဲ့ signal အရ၊ speed relay မှတဆင့်၊ fuel limiter ကို activated ဖြစ်ပေါါစေပါတယ်။ 

fuel limiter ဟာ solenoid တလုံးသာဖြစ်ပါတယ်။ over speed limit ကိုရောက်တဲ့အခါ speed relay မှ DC 24 V signal ကို၊ solenoid သို့ပေးပို့ပြီး၊ solenoid ရဲ့ plunger မှတဆင့် common fuel link ကို၊ အောက်သို့တွန်းချခြင်းဖြင့် rpm ကိုလျှော့ချမှာဖြစ်ပါတယ်။ 'fuel limiter တွေအများစုရဲ့ plungers တွေဟာ၊ activated ဖြစ်ပြီးလျှင်၊ main engine alarm & monitoring panel မှ reset လုပ်ရုံနဲ့ မူလနေရာကိုအလိုအလျှောက်ပြန်ဝင်သွားလေ့မရှိပဲ၊ manually reset အနေနဲ့ လူကိုယ်တိုင်သွားပြီး၊ ပြန်တွန်းတင်ပေးဖို့လိုတယ် ' ဆိုတဲ့၊ ငယ်ဆရာတဦးရဲ့ အမှာစကားကို သတိရမိသလို၊ သဘော်သားဘဝက ကြုံခဲ့ဖူးတဲ့ SULZER, AKASAKA UEC, PIELSTICK နဲ့ DIHATSU အင်ဂျင်တွေမှာလည်း၊ emergency stop စမ်းပြီးတိုင်း၊ fuel rack ကိုတွန်းထုတ်တဲ့ solenoid ကို၊ manually reset လုပ်ပေးခဲ့ရတာကို ပြန်သတိရမိပါတယ်။ 

fuel limiter မှ plunger ကိုအတွင်းသို့  ပြန်တွန်းတင်ပေးပြီး၊ engine ကိုနှိုးကာ rpm အတိုးအလျှော့ စမ်းကြည့်တဲ့အခါ၊ လိုသလိုအတိုးအလျှော့လုပ်နိုင်တာကိုတွေ့ရသလို၊ governor response ရဲ့ response ဟာ ကောင်းမွန်တာကို၊ တွေ့ရပါတယ်။ speed control solenoid မှာ air leakage ဖြစ်တဲ့အခါ၊ bridge control အနေနဲ့ engine rpm ကိုတင်မရတဲ့အတွက်၊ လူကိုယ်တိုင်သွားပြီး governor ကို manual increase/ decrease အနေနဲ့၊ engine ကို မောင်းခဲ့ကြပါလိမ့်မယ်။

manually အတိုးအလျှော့မှာအချိန်အဆအမှားအယွင်းတခုခုကြောင့်၊ မမျှော်လင့်ပဲ over speed ဖြစ်ကာ၊ fuel limiter activated ဖြစ်သွားပုံရပါတယ်။ fuel limiter activated ဖြစ်ပြီး၊ rpm တင်မရတော့တာကို၊ မူလက speed control solenoid valve မှာ၊ air leakage ဖြစ်တာနဲ့ ရောထွေးမိသလို၊ control system ရဲ့ drawings တွေကို၊ အစအဆုံးမဖတ်ခဲ့တဲ့အတွက်၊ engine rpm အတိုးအလျှော့ ကိစ္စမှာ၊ အဖြေရှာမရဖြစ်ခဲ့ရ ပါတော့တယ်။

Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party. 

No comments:

Post a Comment