Pages

Thursday 23 May 2013

"Oil Fired Drum Type Water Tube Boiler နဲ့ Burner Operation Sequence"

oil fired drum type water tube boiler တွေရဲ့ burner operation sequence ကို၊ pre - purging period, ignition period, operating period နဲ့ post - purging period ဆိုပြီး၊ ခွဲခြားသတ်မှတ်နိုင်ပါတယ်။

 

Fig. Boiler Fuel Oil Supply System

boiler ရဲ့ fuel oil system မှာ၊ fuel oil pump, fuel oil heater,  fuel oil duplex filters နဲ့ fuel oil burner တို့ပါဝင်ပါတယ်။ သဘော် boiler တွေမှာ အသုံးပြုတဲ့ fuel oil ကတော့ 'residual low-grade fuel oil' တွေဖြစ်ပါတယ်။ fuel oil pump ဟာ၊ boiler fuel oil service tank အတွင်းမှ၊ fuel တွေကို၊ burner သို့ ပို့ပေးတဲ့ gear pump ဖြစ်ပြီး၊ individual အနေနဲ့ သီးသန့်တတ်ဆင်ထားပါတယ်။ 


Fig. force draft fan with attached fuel  pump

residual low-grade fuel oil ကို၊ အသုံးမပြုပဲ MGO လို့ခေါါတဲ့ marine gas oil ကိုသာ၊ အသုံးပြုတဲ့ boiler တွေမှာတော့၊ forced draft fan ရဲ့ shaft ဝင်ရိုးမှာ direct coupling အနေနဲ့၊ ချိတ်ဆက်ကာ၊ fan နဲ့ အတူလိုက်ပါ လည်ပတ်နေမယ့် fuel pump ကို၊ အသုံးပြုပါတယ်။ boiler စတင်မောင်းနှင်တဲ့ pre-purging period မှာ burner သို့ fuel oil မရောက်ရှိစေရန်၊ fuel oil return line မှာတတ်ဆင်ထားတဲ့၊ normally closed solenoid valve ကိုပွင့်စေပြီး၊ service tank သို့ပြန်လည်ပေးပို့ ပါတယ်။

residual low-grade fuel oil ကို၊ အသုံးပြုတဲ့ boiler တွေမှာ၊ fuel oil heater ကို တတ်ဆင်ထားပါတယ်။ fuel oil heater ဟာ၊ fuel oil service tank မှာ၊ အပူပေးပြီးသားဖြစ်တဲ့ fuel oil ဟာ၊ viscous အနေနဲ့ စေးပျစ်နေဆဲ ဖြစ်ခဲ့လျှင်၊ စေးပျစ်မှု ကျဆင်းစေရန်၊ တနည်းအားဖြင့် temperature တက်လာစေရန် ထပ်မံအပူပေးတဲ့၊ electric heater ဖြစ်ပါတယ်။ fuel oil duplex filters ကတော့၊ duplex fine mesh filters တွေဖြစ်ပြီး၊ အပူပေးထားတဲ့ fuel oil ရဲ့ temperature ကို ခံနိုင်ရည်ရှိပါတယ်။ fuel Oil burner ဟာ boiler ကို မီးထိုးပေးတဲ့ အဓိက အစိတ်အပိုင်းဖြစ်ပြီး၊ pressure jet burner, rotary cap burner, steam blast jet burner, gas burner နဲ့ dual fuel burner ဆိုပြီး၊ တွေ့ရပါတယ်။

Pressure jet burner - fuel oil pressure ကို (7 ~ 15) Bar ပမာဏခန့် အသုံးပြုထားပြီး၊ pressurized tube ရဲ့အဆုံးမှာ orifice တတ်ဆင်ထားကာ၊ "ဆီ" တွေကို၊ ပန်းထုတ်ပေးပါတယ်။ orifice တတ်ဆင်ထားခြင်းကြောင့် furnace မှာ "ဆီ" pressure လျှော့ကျသွားပြီး၊ atomization ဖြစ်ပေါါစေပါတယ်။ 'P' ဆိုတဲ့ pressure နဲ့ 'F' ဆိုတဲ့ flow rate တို့ရဲ့ " √P ∝ F " ဆိုတဲ့ ဆက်သွယ်ချက်အရ၊ fuel oil ရဲ့ flow rate ကို (50 %) ခန့် လျှော့ချလိုက်တဲ့အခါ၊ atomization ကိုလည်း (၂၅ %) ခန့် လျှော့ကျသွားစေနိုင်ပါတယ်။

 

Fig.  Pressure jet burner

pressure jet burner နဲ့ nozzle အသုံးပြုထားတဲ့ အခြား burner တွေကို၊ နှိုင်းယှဉ်ကြည့်တဲ့အခါ၊ turn-down ratio အနေနဲ့  (2 : 1) ခန့် ကွာခြားတာ တွေ့ရပါတယ်။ pressure jet burner တွေဟာ ပြုပြင်ထိမ်းသိမ်းမှု လွယ်ကူစွာဆောင်ရွက်နိုင်ခြင်းနဲ့ ဈေးသက်သာခြင်းစတဲ့၊ အားသာချက်တွေရှိသလို၊ "ဆီ" မသန့်ခဲ့လျှင် "ဆီ" မှာ ရောပါဝင်လာတတ်တဲ့ debris ဆိုတဲ့ အစအနလေးတွေကြောင့်၊ အလွယ်တကူ ပိတ်ဆို့သွားတတ်တဲ့ အားနည်းချက်လည်း ရှိတဲ့အတွက်၊ ဆီစစ်ဇကာအစိတ် fine mesh strainer တွေတတ်ဆင်ပြီး သုံးသင့်ပါတယ်။ 

Rotary cap burner - central tube မှတဆင့် ဝင်ရောက်လာတဲ့ "ဆီ" ဟာ၊ လည်ပတ်နေတဲ့ rotating cone အတွင်းသို့ ဝင်ရောက်သွားကာ၊ centrifugal force ရဲ့သက်ရောက်မှုကြောင့်၊ cone နံရံတွေကို ရိုက်ခတ်ပြီး၊ မူလ oil film တွေထက်၊ ပိုမိုသေးငယ်ပါးလွှာတဲ့ oil film တွေအဖြစ် ပြိုကွဲသွားကြပါတယ်။

 

Fig.  Rotary cap burner 

ပြိုကွဲထွက်သွားတဲ့ oil film တွေဟာ၊ fine spray အနေနဲ့  atomization pressure ဖြစ်ပေါါစေပါတယ်။ atomization မှာ turn-down ratio အနေနဲ့ ပိုမို ကောင်းမွန်လာပြီး၊ အသုံးပြုတဲ့ "ဆီ" ကြောင့်  block အနေနဲ့ ပိတ်ဆို့မှု မဖြစ်ပေါါနိုင်ခြင်းဆိုတဲ့ အားသာချက်ရှိသလို၊ ပြုပြင်ထိမ်းသိမ်းမှုကို အလွယ်တကူ မဆောင်ရွက်နိုင်ခြင်းနဲ့ ဈေးနှုံးကြီးမြင့်ခြင်းစတဲ့ အားနည်းချက်တွေလည်းရှိပါတယ်။ 

Gas burner - fuel အစား gas နဲ့ လေ ကိုရောနှောလွှတ်ကာ၊ လောင်ကျွမ်းစေတဲ့ gas burner တွေကို၊ low pressure gas burner နဲ့ high pressure gas burner ဆိုပြီး၊ တွေ့ရပါတယ်။


Fig. Low pressure gas burner

low pressure gas burner မှာ gas pressure အနေနဲ့ (2.5 ~10 mBar) ခန့်ကို၊ အသုံးပြုထားပြီး၊ boiler ရဲ့ output ဟာအများဆုံး၊ 1 MW လောက်သာရှိပါတယ်။ low pressure gas burner တွေမှာ၊ needle valve တတ်ဆင်ထားတဲ့ venturi device ကို အသုံးပြုထားပါတယ်။ high pressure gas burner တွေမှာ gas pressure အနေနဲ့ (12 ~ 175 mBar) ခန့်ကို၊ အသုံးပြုထားပြီး၊ nozzles တွေကို၊ တတ်ဆင် အသုံးပြုထားပါတယ်။

Dual fuel burner - boiler ကို စတင်မောင်းတဲ့အခါ၊ FD fan အရင်ဆုံး လည်ပတ်ပါတယ်။ တနည်းအားဖြင့် 'pre - purging period' ရဲ့ အစလည်း ဖြစ်ပါတယ်။ ယခင် boiler မီးထိုးစဉ်ကာလမှ flue gas တွေ ကြွင်းကျန်နေခဲ့ပါက၊ ignition period မှာ ဖြစ်ပေါါလာမယ့် flame နဲ့ ထိတွေ့ပြီး၊ back fire ဆိုတဲ့ explosion ဖြစ်နိုင်တဲ့အတွက်၊ flue gas တွေကို၊ ကုန်စင်သွားစေရန် FD Fan ကို အသုံးပြုပြီး ဖယ်ရှားခြင်းဖြစ်ပါတယ်။

 

Fig. Dual fuel single package burner

Pre - purging period - ရဲ့အဓိကရည်ရွယ်ချက်ဟာ၊ flue gas တွေကို ဖယ်ရှားခြင်း ဖြစ်တဲ့အတွက်၊ FD fan စတင်လည်ပတ်တာနဲ့ furnace အတွင်းသို့၊ ပြင်ပလေ ဝင်ရောက်လာနိုင်စေရန် burner damper flap အား၊ fully open အနေအထားဖြင့် ဖွင့်ပေးထားပါတယ်။ အချို့ boiler တွေမှာ damper solenoid မှတဆင့်၊  damper flap  အဖွင့်အပိတ်ကို ဆောင်ရွက်ပေးပြီး၊ အချို့ boiler တွေမှာတော့ stepper motor မှတဆင့်၊  damper flap အဖွင့်အပိတ်ကို ဆောင်ရွက်ပေးပါတယ်။ 

Ignition period - pre - purging period ပြီးဆုံးသွားတဲ့အခါ၊ ignition transformer မှ၊ supply voltage ပေးသွင်းလိုက်တဲ့အတွက်၊ electrode (၂) ခုဟာ ignited အနေနဲ့ မီး စ "ခပ်" ပါတယ်။ တနည်းအားဖြင့် 'ignition period' အစလည်း ဖြစ်ပြီး၊ burner damper flap ဟာ fully closed အနေအထားဖြင့် ပိတ်သွားပါတယ်။ တပြိုင်နက်ထဲမှာ MDO ဆိုတဲ့ marine diesel oil သို့မဟုတ် MGO ဆိုတဲ့ marine gas oil solenoid valve တနည်းအားဖြင့် pilot burner solenoid valve အား၊ ပွင့်စေပြီး၊ pilot burner nozzle မှ၊ ဆီတွေကို atomizing pressure ဖြင့် ပန်းထုတ်ပေးလိုက်ပါတယ်။ pilot burner fuel oil အဖွင့်၊ အပိတ်ကို 3 way solenoid valve တလုံးတည်းဖြင့် ဆောင်ရွက်သလို၊ 'NO' ဆိုတဲ့ normally opened solenoid valve တလုံးနဲ့ 'NC' ဆိုတဲ့ normally closed solenoid တလုံးတို့ကို၊ တတ်ဆင်ပြီး၊ ဆောင်ရွက်တဲ့ burner တွေကိုလည်း၊ တွေ့ရတတ်ပါတယ်။

electrodes (၂) ခုမှ ignition 'မီးစ' နဲ့ pilot burner nozzle မှ၊ atomizing pressure ဖြင့် ပန်းထွက်လာတဲ့ 'ဆီ' တို့၊ တွေ့တဲ့အခါ firing ဖြစ်ပေါါလာပြီး၊ 'မီးလောင်' ပါတော့တယ်။ pilot burner မှာ flame အနေနဲ့ 'မီးစွဲ' တာကို၊ low flame လို့ခေါါပါတယ်။ burner မှာ မီးစလောင်တာနဲ့ electrodes (၂) ခုမှ ignition ဟာ ရပ်တန့်သွားပါတယ်။ burner မှာ၊ low flame အနေနဲ့ မီးစလောင်ခြင်း ရှိမရှိကို flame eye လို့ခေါါတဲ့ photo cell တနည်းအားဖြင့် flame detector မှ စောင့်ကြည့်နေပါတယ်။ burner မှာ မီးစွဲပြီဆိုတာသေခြာမှ၊ flame eye ဟာ burner control unit သို့၊ signal ပေးပို့ပြီး၊ main burner solenoid valve အားပွင့်စေပါတယ်။ main burner အတွက် HFO ဆိုတဲ့ heavy fuel oil ကိုလောင်စာအဖြစ်၊ အသုံးပြုပါတယ်။

main burner 'မီးစွဲ' တာနဲ့ pilot burner fuel oil solenoid valve လည်း၊ ပိတ်သွားပြီး၊ burner fuel oil return line solenoid valve ပြန်ပွင့်သွားပါတယ်။ main burner မီးစွဲတာကို၊ high flame လို့ခေါါပါတယ်။ burner မှာ၊  high flame အနေနဲ့ မီးလာင်ခြင်း ရှိမရှိကို flame detector မှ၊ စောင့်ကြည့်နေပါတယ်။ အကြောင်းတစုံတရာကြောင့် မီးမလောင်နိုင်တော့တဲ့အခါ၊ flame detector မှ တစ်ဆင့်၊ flame failure alarm ကို၊ activated ဖြစ်ပြီး၊ ignition period ရဲ့ operation တခုလုံးကို အလိုအလျှောက် ရပ်တန့်စေပါတယ်။


Fig. Boiler safety cut - off

ignition period ရဲ့ operation ကို၊ ရပ်တန့်ခြင်းဟာ၊ burner သို့ပေးပို့နေတဲ့ fuel supply အား၊ ဖြတ်တောက်ခြင်းဖြစ်ပါတယ်။ အကယ်၍ burner မှာ၊ 'မီးမစွဲ' ပဲ၊ burner nozzle မှ 'ဆီ' တွေကို atomizing pressure ဖြင့်၊ ဆက်လက် ပန်းထုတ်ပေးနေခဲ့လျှင် boiler furnace အတွင်း၊ လောင်စာဆီ အများအပြားရောက်ရှိနေမှာဖြစ်သလို၊ ရုတ်တရက် ignition နဲ့ ပေါင်းစပ် လိုက်တဲ့အခါ၊ miss - fire သို့မဟုတ် back fire ဆိုတဲ့  ပြင်းထန်တဲ့  explosion ပေါါပေါက် လာနိုင်ပါတယ်။ ignition period ရဲ့ operation ရပ်တန့် သွားတာနဲ့ damper flap အလိုအလျှောက် ပြန်ပွင့်သွားပြီး၊ FD fan ဟာ furnace အတွင်း၊ အကုန်အစင်လောင်ကျွမ်းခြင်းမရှိပဲ၊ ကြွင်းကျန်ရှိနေတဲ့ flue gas  တွေကို၊ ဖယ်ရှားပြစ်ပါတယ်။

Operation period - main burner မှာ 'မီးစွဲ' လောင်ကျွမ်းမှု ဖြစ်ပေါါခြင်း သေခြာ သွားတဲ့အခါ၊ burner damper flap ဟာ partial opened အနေအထားဖြင့် ပြန်ပွင့်လာပါတယ်။ တနည်းအားဖြင့် 'operation period' ရဲ့ အစလည်းဖြစ်ပါတယ်။ burner ဟာ လိုအပ်တဲ့ desired steam pressure ရရှိလာတဲ့အထိ၊ မီးထိုးပေးနေမှာ ဖြစ်ပြီး၊ setting pressure သို့ရောက်ရှိသွားတဲ့အခါ၊ fuel supply အား၊ ဖြတ်တောက်လိုက်ခြင်းဖြင့် operation period ကို အဆုံးသတ်ပါတယ်။ flame detector ဟာ၊ ignition period မှာဖြစ်ပေါါလာတဲ့ low flame နဲ့ high flame တို့ကို၊ detect လုပ်ရုံတင်မက၊ operation period တလျှောက်လုံးမှာလည်း flame ကို detect လုပ်ကာ၊ စောင့်ကြည့်နေပါတယ်။

Post - purging Period - fuel supply ဖြတ်တောက်လိုက်ခြင်းဟာ၊ 'post purging period' အစလည်းဖြစ်ပါတယ်။ FD fan ဟာ ဆက်လည်နေမှာဖြစ်သလို၊ burner damper flap ကို fully opened အနေအထားဖြင့် ပြန်ဖွင့်ပြီး၊ furnace အတွင်းမှ၊ flue gas  တွေကို၊ ဖယ်ရှားပြစ်ပါတယ်။

Combustion Control (Two-term Controllers - Air Sub-loop & Fuel Sub-loop Method) - 'ရေ' ကိုအပူပေးပြီး steam ထုတ်ယူတဲ့အခါ၊ fuel အား၊ လောင်ကျွမ်းစေတဲ့ အတွက်၊ boiler ရဲ့ မီးလောင်ခန်း furnace အတွင်းမှာ temperature နဲ့ pressure ပေါါပေါက်လာပါတယ်။ fuel ကိုလောင်ကျွမ်းစေတဲ့အခါ၊ air ဆိုတဲ့ 'လေ နဲ့ fuel ဆိုတဲ့ 'လောင်စာ' တို့၊ အချိုးညီစွာပေါင်းစပ်လောင်ကျွမ်းရန် လိုအပ်ပါတယ်။ တနည်းအားဖြင့် complete combustion ဖြစ်ပေါါစေရန် combustion control ကို၊ စနစ်တကျ ချိန်ညှိပေးရန်လိုအပ်ပါတယ်။ combustion control ချိန်ညှိခြင်းဟာ၊ damper နဲ့ fuel ကို ချိန်ညှိပေးခြင်းလည်းဖြစ်ပါတယ်။

 

Fig. Combustion Control System

combustion control ကို၊ ဆောင်ရွက်ရာမှာ၊ steam flow နဲ့ steam pressure တို့ကို၊ control element အနေနဲ့ အသုံးပြုလေ့ရှိပါတယ်။ combustion control system မှာ steam pressure signal ကို၊ two-term controller သို့ပေးပို့ပြီး၊ desired value ဖြင့်နှိုင်းယှဉ်ပါတယ်။ ရရှိလာတဲ့ deviation results ပေါါမူတည်ပြီး၊ summing relay ကို၊ activated ဖြစ်စေပါတယ်။ steam flow signal ကိုလည်း၊ summing relay မှ လက်ခံရယူပါတယ်။

'summing relay' ဟာ ရရှိလာတဲ့ steam pressure signal နဲ့ steam flow signal တို့အပါါ မူတည်ပြီး၊ out put signal ထုတ်ပေးပါတယ်။ out put signal ဟာ variable desired value signal ဖြစ်ပါတယ်။ fuel control and combustion air control loops ရဲ့ two-term controllers ကို activated ဖြစ်စေပြီး၊ လိုအပ်မယ့် burner fuel input requirements ကို adjusted အနေနဲ့ ချိန်ညှိပေးပါတယ်။

high သို့မဟုတ် low signal selector ဟာ၊ boiler ရဲ့ load အပေါါမှာ မူတည်ပြီး၊ combustion air flow ကို၊ fuel requirements ထက်၊ အမြဲပိုများ နေစေရန် ဆောင်ရွက်ပေးပါတယ်။ combustion air flow ဟာ၊ fuel requirements ထက် နည်းနေခဲ့လျှင် boiler exhaust gas မှာ၊ black smokey အနေနဲ့ မီးခိုးမဲတွေ အမြောက်အများ ထွက်ပေါါနေမှာဖြစ်ပါတယ်။ boiler ရဲ့ load အပေါါမှာ မူတည်ပြီး၊ steam flow အားမြှင့်တင်ရန်၊ master signal ကို variable desired signal အနေနဲ့ high signal selector သို့ပေးသွင်းပြီး၊ air sub - loop မှ တဆင့်၊ combustion air flow ကိုပါ increase အနေနဲ့ မြှင့်တင်ပေးသလို၊ fuel requirements ကိုလည်း၊ fuel sub - loop မှတဆင့်၊ မြှင့်တင်ပေးပါတယ်။ air flow ကို increase အနေနဲ့ အရင်ဆုံးမြှင့်တင်ပေးရာမှာ air flow signal line မှာရှိတဲ့၊ ratio relay မှ တဆင့် ဆောင်ရွက်ပါတယ်။

Boiler Efficiency - တွက်ယူတဲ့အခါ၊ အသုံးပြုတဲ့ fuel အပေါါမူတည်ပြီး နည်းလမ်း အမျိုးမျိုးရှိတဲ့အနက်၊ 'ASME method for Boiler Efficiency Calculation PTC 4' ဆိုတဲ့ Code ကို၊ အသုံးပြုကာ၊ အနည်းငယ်ဖော်ပြပါဦးမယ်။

 

oil fire boiler ရဲ့ efficiency ကို၊ 'ASME method for Boiler Efficiency Calculation PTC 4' ဆိုတဲ့ Code အရ၊ အထက်မှာ ဖော်ပြထားတဲ့ ပုံသေနည်းဖြင့် တွက်ယူနိုင်ပါတယ်။ 'heat exported by the fluid' ဟာ boiler ရဲ့ 'output' ဖြစ်ပြီး၊ 'heat provided by the fuel' ကတော့ boiler ရဲ့ 'input' ဖြစ်ပါတယ်။ 'ရေ' ကို အပူထုတ်ပေးရာ 'heat export media' အနေနဲ့ အသုံးပြုပြီး၊ 'Steam Tables' မှာ ပါဝင်တဲ့၊ feed water temperature, exported steam pressure နဲ့ steam flow rate တို့ကို ကိုးကားရန်လိုအပ်ပါတယ်။

q = ( m / t ) cp dT   

heat exported ကို၊ 'output' အဖြစ်၊ ယူဆတဲ့အခါ၊ q = heat exported (kJ/ s, kW), m / t = mass flow (kg/ s), m = mass (kg), t = time (s), cp = specific heat capacity (kJ/ kg oC), dT = temperature difference between inlet and outlet of the boiler ( oC) ဆိုပြီး အထက်ပါ၊ ပုံသေနည်းဖြင့် တွက်ယူနိုင်ပါတယ်။

q = ( m / t ) he

'ရေ' ကို အပူပေးစဉ်၊ အငွေ့ပြန်တဲ့အတွက်၊ heat saturation temperature မှာရှိမယ့် heat export 'q' ကို၊ အထက်ပါ ပုံသေနည်းဖြင့် တွက်ယူနိုင်ပြီး၊ m = mass flow of evaporated water (kg), t = time (s), he evaporation energy in the steam at the saturation pressure the boiler is running (kJ/ kg)  အဖြစ်၊ သတ်မှတ်နိုင်ပါတယ်။

'heat provided by fuel' ဆိုတဲ့ boiler 'input' အတွက်ပေးသွင်းတဲ့ fuel ကို၊ 'Gross' သို့မဟုတ် 'Net Calorific Value' အနေနဲ့ဖော်ပြပါတယ်။ oil fired boiler တွေမှာ၊ လောင်စာအဖြစ် အသုံးပြုထားတဲ့ Gross Calorific Values of some common Fuels  အချို့ရဲ့ 'Gross Calorific Value' မှာ၊ burner အတွင်း flue gases တွေအနေနဲ့ ဖြစ်ပေါါလာမှုကို၊ ထည့်သွင်းစဉ်းစားခြင်း မရှိတဲ့အတွက်၊ 'input' ကို fuel ရဲ့ 'Gross Calorific Value'  တန်ဘိုးဖြင့် တွက်ယူတဲ့အခါ၊ boiler မှာ ရရှိလာမယ့် 'actual heat amount' ပမာဏ လျှော့နည်းသွားတာကို တွေ့ရမှာ ဖြစ်ပါတယ်။

 

Fig. Gross Calorific Value for 'Fuel'

 

 Fig. Gross Calorific Value for 'Gas'

boiler ရဲ့ efficiency ဟာ၊ furnace အတွင်းပေးသွင်းတဲ့ supply air flow အပေါါမှာလည်း၊ မူတည်ပါတယ်။ supply air flow ပမာဏ 'များ' တဲ့အခါ၊ useful heat ကို ဖယ်ထုတ်မှာဖြစ်ပြီး၊ ပမာဏ 'နည်း' တဲ့အခါမှာတော့၊ incomplete combustion မှတဆင့် မီးမလောင်သေးတဲ့ unburned fuel တွေနဲ့ smoke တွေ ပေါါပေါက်လာမှာ ဖြစ်ပါတယ်။

 

'Net calorific value' မှာတော့၊ combustion process အတွင်းဖြစ်ပေါါလာတဲ့ water vapor discharged တွေပါဝင်ပါတယ်။ 'combustion process' ကို၊ အထက်ပါ ပုံသေနည်းဖြင့် ဖော်ပြပြီး၊ C = carbon, H = hydrogen, O = oxygen, N = nitrogen အဖြစ်၊ သတ်မှတ်နိုင်ပါတယ်။ 

Net Calorific Value = (Gross Calorific Value) - 10 %

'Net Calorific Value' နဲ့  'Gross Calorific Value' တို့ရဲ့၊ အနီးစပ်ဆုံး ဆက်သွယ်ချက်ကို၊ အထက်မှာ ဖော်ပြထားပါတယ်။ oil fire boiler တွေမှာ၊ အသုံးပြုတဲ့ fuel တွေရဲ့ BTU Content ပမာဏတွေကတော့ No. 1 Oil = 13, 7400 BTU per Gallon, No. 2 Oil = 13, 9600 BTU per Gallon, No. 3 Oil = 14, 1800 BTU per Gallon, No. 4 Oil = 14, 5100 BTU per Gallon, No. 5 Oil = 14, 8800 BTU per Gallon, No. 6 Oil = 15, 2400 BTU per Gallon, Natural Gas = 9, 50 - 1, 050 BTU per cu. ft, Propane = 2, 550 BTU per cu. ft  နဲ့ Butane = 3, 200 BTU per cu. ft တို့ဖြစ်ပါတယ်။  

boiler တလုံးမှာ အကောင်းဆုံး efficiency ရရှိရန်၊ တနည်းအားဖြင့် 'perfect combustion' ဆိုတဲ့၊ 'stoichiometric combustion' ရရှိနိုင်ရန်၊ လက်တွေ့မှာ ခက်ခဲတာကိုတွေ့ရပါတယ်။ fuel ဟာ combustion ဖြစ်တဲ့အခါ၊ carbon, hydrogen နဲ့ oxygen molecules တွေ ပေါါပေါက်လာပြီး၊ အချို့ oxygen molecules တွေဟာ၊ nitrogen molecules တွေနဲ့ပေါင်းစပ်ကာ၊  nitrogen oxides ကိုဖြစ်ပေါါစေပါတယ်။  furnace အတွင်းသို့၊  'excess air' ကို၊ လုံလောက်စွာပေးသွင်းပြီး၊ complete combustion ဖြစ်ပေါါစေမှသာ၊ အကောင်းဆုံး 'efficiency' ကိုရနိုင်မှာဖြစ်ပါတယ်။ 

'closed loop system' ကိုအသုံးပြုထားတဲ့ boiler တွေမှာ oxygen sensor တနည်းအားဖြင့် oxygen analyzer တွေကို တတ်ဆင်ပြီး၊ combustion air damper ကို steeper motor ဖြင့် control အနေနဲ့ ထိမ်းညှိပေးပါတယ်။  'opened loop system' ကို အသုံးပြုထားတဲ့ boiler တွေမှာတော့၊ cams တွေနဲ့ levers တွေကို တတ်ဆင်ပြီး၊ combustion air damper အား၊ control အနေနဲ့ ထိမ်းညှိပေးပါတယ်။ air/ fuel mixture ratio ကို ထိန်းညှိတဲ့ burner တွေမှာ၊ အကောင်းဆုံး efficiency ကိုရရှိစေရန်၊ တတ်ဆင်ထားတဲ့အစိတ်အပိုင်းတွေကို၊ ပုံမှန် calibrated လုပ်ပေးဖို့ လိုပါတယ်။ 

နိုင်ငံပေါင်း (၁၆၀) သဘောတူ လက်မှတ်ရေးထိုးထားတဲ့၊ 'Kyoto Agreement of 1997' လို့ခေါါတဲ့၊ သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေးဆိုင်ရာ သဘောတူညီချက် ဟာလည်း၊ residual low - grade fuel oil တွေကို အသုံးပြုထားတဲ့၊ boiler တွေနဲ့ လာရောက် သက်ဆိုင်နေတာ တွေ့ရပါတယ်။ 'Climate Change Programme' အရ ရေးဆွဲခဲ့တဲ့၊ 'Kyoto Agreement of 1997' ကိုလေ့လာကြည့်လျှင်၊ atmosphere အတွင်းသို့ harmful gases တွေ ထုတ်လွှင့်မှုကို၊  (80 %) အထိ လျှော့ချရန် ရည်ရွယ်ထားတာ တွေ့ရမှာဖြစ်ပါတယ်။ နှစ်ကာလအပိုင်းအခြား အလိုက် non - polluting energy sources တွေကို အစားထိုးအသုံးပြုရန် သတ်မှတ်ထားပါတယ်။ 

မူလကတည်းက low - grade fuel oil တနည်းအားဖြင့် high sulpher content HFO ဆိုတဲ့ 'မီးထိုးဆီအပျစ်' တွေကို၊ စီးပွားရေးအရ တွက်ခြေကိုက်ရန် လောင်စာ အဖြစ် သုံးစွဲထားတဲ့ marine used boiler တွေမှာ၊ efficiency ကောင်းစေရန်နဲ့၊ ထုတ်ပြန်သတ်မှတ်ထားတဲ့ နည်းဥပဒေတွေ နဲ့ ကိုက်ညီစေရန်၊ ပြုပြင်ပြောင်းလဲမှုတွေ  ဆောင်ရွက်ဖို့၊ လိုအပ်လာပါတယ်။ 

'လေထုညစ်ညမ်းမှု' ဆိုတဲ့ 'air pollution' ဖြစ်ပေါါစေတဲ့ mono-nitrogen oxide တနည်းအားဖြင့် nitric oxide (NO) နဲ့ nitrogen dioxide (NO2) အစရှိတဲ့ NOx တွေနဲ့ပက်သက်ပြီး၊ လျှော့ချနိုင်ရန်၊ 'Emission standards' တွေကို၊ သတ်မှတ် ပြဌာန်းထားပါတယ်။ nitrogen oxides (NOx), sulfur oxides, particulate matter (PM) လို့ခေါါတဲ့ soot နဲ့ carbon monoxide (CO) သို့မဟုတ် volatile hydrocarbons တွေကြောင့် air pollution ဖြစ်ပေါါရပါတယ်။ ဖန်လုံအိမ် အာနိသင်ဆိုတဲ့ 'greenhouse effect' ဖြစ်ပေါါစေတဲ့ nitrous oxide (N2O) နဲ့ လေထုညစ်ညမ်းမှု ဆိုတဲ့ 'air pollution' ဖြစ်ပေါါစေတဲ့ (NOx) တို့ကို၊ ရောထွေး မှတ်သားတတ်ပါတယ်။ 

'NOx' ထွက်ပေါါလာမယ့် primary sources တွေကို thermal NOx, fuel NOx နဲ့ prompt NOx ဆိုပြီး ခွဲခြားနိုင်ပါတယ်။ 'thermal NOx' ဟာ၊ high temperature oxidation ကြောင့်ဖြစ်ပေါါပြီး၊ hydrocarbon molecules တွေဟာ carboxylic acids အဖြစ်၊ converted အနေနဲ့ အသွင်ကူးပြောင်းသွားခြင်းကို 'oxidation' လို့ခေါါပါတယ်။ 'fuel NOx' ကတော့ လောင်စာတွေ မီးလောင်ပေါက်ကွဲမှု combustion ကြောင့် ဖြစ်ပေါါပါတယ်။ fuel NOx ဟာ NOx ထွက်ပေါါမယ့် အဓိက major source ဖြစ်ပါတယ်။ 'Prompt Nox' ကတော့ လောင်စာတွေရဲ့ မီးလောင်ပေါက်ကွဲမှုအစ တနည်းအားဖြင့် combustion ရဲ့ earliest stage မှာ ဖြစ်ပေါါပါတယ်။ 



Fig. low pressure air atomized burner

boiler ရဲ့ furnace အတွင်း incomplete combustion အနေနဲ့ အကုန်အစင် လောင်ကျွမ်းမှုမဖြစ်ပေါါပဲ၊ ကြွင်းကျန်ရစ်ခဲ့တဲ့ flue gas တွေကို၊ minimum excess air ပေးသွင်းပြီး၊ optimum combustion အဖြစ်၊ လောင်ကျွမ်းစေရန် burner design ပုံသဏ္ဍန်အား၊ ပြောင်းလဲမှုတွေ ပြုလုပ်လာတာကို တွေ့ရပါတယ်။ ဒါ့အပြင် flue gas ကျန်ရှိနေမှုကို၊ 'sophisticated electronic control system' မှစောင့်ကြည့်ပြီး၊ fuel နဲ့ air flow ကို လိုအပ်သလို အလိုအလျှောက်ထိန်းညှိပေးတဲ့ စနစ်ကိုလည်း တတ်ဆင်အသုံးပြုလာကြပါတယ်။ တနည်းအားဖြင့် boiler turn - down ratios လို့ခေါါတဲ့ 'maximum and minimum firing rates' အတွင်းမှာ၊ efficiency နဲ့ emission rate ကို၊ ထိန်းညှိခြင်း ဖြစ်ပါတယ်။  

boiler မီးထိုးစဉ် combustion process အတွင်း၊ losses တွေဖြစ်ပေါါပြီး၊ losses တွေကို၊ flue gas မှာဖြစ်ပေါါတဲ့ heat losses နဲ့ boiler insulation ကြောင့်ဖြစ်ပေါါတဲ့ radiation losses ဆိုပြီး၊ တွေ့နိုင်ပါတယ်။ burner နဲ့ damper တို့ရဲ့ mechanism ပိုင်းမှာ၊ setting တွေ လွဲမှားနေခြင်းကြောင့်၊ boiler အတွက် လိုအပ်တဲ့ specific load ထက်ပိုပြီး၊ burner မီးထိုးပေးနေရတဲ့အခါ၊ furnace အတွင်းမှာ အပူချိန်မြင့်မားတဲ့ flue gas တွေဖြစ်ပေါါလာပါတယ်။ တနည်းအားဖြင့် hot gas လို့ခေါါပြီး၊ efficiency ကို ကျဆင်းစေပါတယ်။ boiler ရဲ့ heat transfer surface တွေကို၊ ပုံမှန်သန့်ရှင်းရေးမဆောင်ရွက်တဲ့အခါ၊ contaminated ဖြစ်ပေါါပြီး၊ burner ဟာ၊ မီးထိုးပေမယ့် လိုအပ်တဲ့ required heat transferring အပူကူးပြောင်းမှုကို၊ အပြည့်အဝ မဆောင်ရွက်နိုင်ခြင်းကြောင့်လည်း efficiency ကျဆင်းပါတယ်။ 

 

flue gas ဟာ dew point အမှတ်အောက်ရောက်နေအောင် cooled  အနေနဲ့ 'အေး' နေခဲ့လျှင်၊ contaminated ဆိုတဲ့၊ formation တွေကို၊ ဖြစ်ပေါါစေပါတယ်။ boiler မီးထိုးတဲ့အခါ combustion air flow မှာပါဝင်လာတဲ့၊ nitrogen ကြောင့်၊ nitric acid ဓါတ်နဲ့၊ လောင်စာအဖြစ်အသုံးပြုထားတဲ့ high sulpher content low-grade heavy fuel oil မီးထိုးဆီတို့ကြောင့်၊ sulphuric acid ဓါတ်တွေဟာ၊ formation အနေနဲ့ ဖြစ်ပေါါလာသလို၊ boiler ရဲ့ အတွင်းအစိတ်အပိုင်း internal parts တွေမှာ၊ corrosion ဖြစ်ပေါါစေနိုင်ပြီး 'flue gas dew point corrosion' လို့ခေါါပါတယ်။ 


Fig. Typical net boiler efficiencies

boiler ဟာ အပူရှိန်ရှိနေတဲ့အတွက်၊ ဘေးပတ်ဝန်းကျင်သို့  heat radiation အနေနဲ့ အနည်းနဲ့အများ အပူဖြာထွက်ပါတယ်။ heat radiation ကြောင့် heat losses ဖြစ်ပေါါလာပြီး၊ insulation တွေ၊ ပေါက်ပြဲနေခဲ့လျှင် သို့မဟုတ်  poorly installed insulation ဆိုတဲ့ လုံလောက်တဲ့ insulation တွေကို အသုံးမပြုခဲ့လျှင်၊ heat losses ပမာဏ ပိုများလာနိုင်ပါတယ်။  well - insulated အနေနဲ့ လုံလောက်တဲ့ insulation တွေကို၊ အသုံးပြုထားတဲ့ 5.0 MW capacity water-tube boiler တလုံးဟာ၊ ဘေးပတ်ဝန်းကျင်ကို၊ အပူဖြာထွက်မှုကြောင့် (0.3 ~ 05 %) ခန့် energy losses ပမာဏရှိတာတွေ့ရပါတယ်။ 


Reference and image credit to : Steam Engineering Tutorials, http://www.steamesteem.com/, 

Remark : All publications and images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.

No comments:

Post a Comment