Pages

Thursday 16 May 2013

"Oil-fired Drum Type Water Tube Boiler Steam Generation Process နဲ့ Thermal Oil Heater"

fire tube နဲ့ water tube boiler ဆိုတဲ့၊ boiler အမျိုးအစား၊ (၂) မျိုးမှာ  ပါဝင်တဲ့ system တွေကို၊ ပိုင်းခြားကြည့်လျှင်၊ combustion air system, feed water system, fuel oil supply system နဲ့ steam system ဆိုပြီး တွေ့ရမှာဖြစ်ပါတယ်။ မီးထိုးအပူပေးထားတဲ့ hot gas တွေကို၊ tube တွေအတွင်းမှာ ဖြတ်သန်းစေပြီး၊ feed water ဆိုတဲ့ 'ရေ' အား tube အပြင်ဖက်မှ၊ စီးဆင်းစေတဲ့ boiler ကို၊ ‘fire tube boiler’ လို့ခေါါပါတယ်။ feed water ကို tube တွေ အတွင်းမှာ ဖြတ်သန်းစေပြီး၊  မီးထိုးအပူပေးထားတဲ့ hot gas တွေကို၊ အပြင်ဖက်မှ၊ စီးဆင်းစေတဲ့ boiler ကိုတော့ ‘water tube boiler’ လို့၊ ခေါါပါတယ်။ 

fire tube boilers တွေကို locomotive လို့ခေါါတဲ့ မီးရထားစက်ခေါင်း boiler၊ စက်မှုလုပ်ငန်းသုံး industrial boiler နဲ့ အသေးစားလုပ်ငန်းသုံး domestic used boiler တွေအဖြစ်၊ အသုံးပြုလေ့ရှိကြပါတယ်။ turbine တွေလည်ပတ်ရန် steam pressure ပမာဏ များများထုတ်ပေးနိုင်တဲ့ natural circulation boiler, forced circulation boiler နဲ့ super critical pressure boiler သို့မဟုတ် zero circulation boiler တွေကိုတော့ water tube boiler တွေ အဖြစ်တွေ့ရပါတယ်။ tubes တွေကို၊ furnace လို့ခေါါတဲ့ မီးလောင်ခန်းနံရံမှာ တတ်ဆင်ထားတဲ့အတွက်၊ water wall သို့မဟုတ် floor tubes တွေလို့လည်း ခေါါကြပါတယ်။

ဒါ့အပြင် မီးထိုးပေးမယ့် burner အတွက်၊ အသုံးပြုတဲ့ fuel oil system အပေါါမူတည်ကာ၊ coal fired boiler, oil fired boiler, gas fired boiler, multi-fuel fired boiler, industrial waste fired boilers နဲ့ biomass fired boilers ဆိုပြီးခေါါကြပါတယ်။ တခါ arrangement နဲ့ design အရ၊ top supported, bottom supported, package, field erected, tower type or single pass, two pass, close coupled နဲ့ drum type boiler တွေဆိုပြီး ခွဲခြား သတ်မှတ်ပြန်ပါတယ်။ drum type boilers တွေကိုလည်း single - drum, bi - drum နဲ့ three - drums ဆိုပြီး၊ ထပ်မံခွဲခြားပါတယ်။ ဒီနေရာမှာ သဘော်တွေမှာအသုံးပြုတဲ့ oil fired drum type boiler ကိုသာ၊ အခြေခံပြီး မှတ်သားမိသလောက် ဖော်ပြမှာဖြစ်ပါတယ်။


Fig. Oil fired water tube boiler

oil fired boiler တွေရဲ့၊ steam generation process မှာ၊ fuel burner မှ feed water ကို၊ မီးထိုး အပူပေးခြင်းဖြင့် wet Steam အဖြစ်သို့ ရောက်ရှိစေခြင်းနဲ့  wet steam ကို ထပ်မံအပူပေးခြင်းဖြင့် super-heated steam အဖြစ်သို့ရောက်ရှိစေခြင်းဆိုပြီး တွေ့ရပါတယ်။

ရေကို water drum နဲ့ steam drum တို့မှာ၊ circulate လုပ်စေရန် furnace ရဲ့အထွက်မှာ၊ water wall tube တွေထက် အရွယ်အစားပိုကြီးတဲ့၊ large-bore down comer tubes တွေတတ်ဆင်ထားပါတယ်။ tubes တွေအတွင်းမှာ အပူပေးခြင်းခံရတဲ့ feed water ဆိုတဲ့ "ရေ" ဟာ steam အဖြစ်နဲ့၊ steam drum သို့ရောက်ရှိလာမေယ့် ရေခိုးရေငွေ့ moisture တွေ အများအပြားပါဝင်နေပြီး wet steam သို့မဟုတ် saturated steam လို့ခေါါပါတယ်။

wet steam ကို boiler မှ၊ super heater အတွင်းထပ်မံဖြတ်သန်းကာ၊ အပူပေးခြင်းဖြင့်၊ moisture တွေ ကင်းစင်သွားပြီး ခြောက်သွေ့တဲ့ super-heated steam ရရှိလာပါတယ်။ အကယ်၍ အပူချိန် temperature ပမာဏ အလွန်များတဲ့ super-heated steam ကိုအသုံးပြုခဲ့လျှင်၊ steam system မှ အစိတ်အပိုင်းတွေ ထိခိုက်ပျက်စီးစေနိုင်တဲ့အတွက်၊ သတ်မှတ်ထားတဲ့ အပူချိန်ပမာဏအတွင်းသာရှိနေစေရန်၊ attemperator ဆိုတဲ့ cooler ထဲမှာ၊ ဖြတ်သန်းစေပြီး၊ လျှော့ချပါတယ်။

အသုံးပြုပြီး၊ temperature ကျသွားတဲ့ steam ကို condenser, hot well ဆိုတဲ့ cascade tank သို့မဟုတ် de-areator tank တို့မှာ အအေးပြန်ခံ ရပါတယ်။ အအေးခံလိုက်တဲ့အတွက် steam ဟာ၊ "ရေ" အဖြစ်ပြောင်းလဲသွားပြီး feed Pump မှတစ်ဆင့် boiler ရဲ့ water drum သို့ပြန်ပို့ကာ circulating အား ပြန်လည်၊ ဆောင်ရွက်ပါတယ်။

combustion air system မှာ  လေမှုတ်သွင်းပေးတဲ့ FD fan လို့ခေါါတဲ့ forced draft fan, air heater နဲ့ air register တို့ပါဝင်ပါတယ်။ FD fan ဟာ boiler ကို၊ စတင်မောင်းတဲ့အဆင့်၊ pre-purging period မှ၊ လိုအပ်တဲ့ steam pressure ရရှိသွားတဲ့အခါမှာ၊ combustion ဆိုတဲ့ မီးထိုးခြင်း ကို ရပ်လိုက်တဲ့၊ နောက်ဆုံးအဆင့် post-purging period အထိ မရပ်မနား လည်ပါတ်နေပါတယ်။

 
Fig. Opened feed system
 
Fig. Closed feed system   
 
oiler feed water system ကို၊ open feed system နဲ့ close feed system ဆိုပြီး ခွဲခြားနိုင်ပါတယ်။ သဘော်တွေမှာတော့ open feed system ကိုသာ၊ တတ်ဆင်အသုံးပြုကြပါတယ်။

Open Feed System - heating system တွေထဲမှာ ဖြတ်သန်းအသုံးပြုပြီး၊ ပြန်လာတဲ့ steam တွေကို condenser အတွင်း ဖြတ်သန်းအအေးခံပြီး၊ "ရေ" အဖြစ်သို့ ပြောင်းလဲယူပါတယ်။ အအေးခံလိုက်တဲ့အခါ steam pressure ဟာ၊ under certain atmospheric pressure တစ်နည်းအားဖြင့် slight vacuum ဆိုတဲ့ 'လေဖိအား' ထက်အနည်းငယ်နည်းတဲ့ ရေငွေ့ သို့မဟုတ် pressure လုံးဝမရှိတော့တဲ့ condensate အငွေ့ ဖြစ်သွားပြီး၊ hot well နဲ့ feed filter tank အတွင်းသို့က၊ gravity ဖြင့်ကျဆင်း ဝင်ရောက်လာပါတယ်။ တချို့ capacity ကြီးမားတဲ့ boiler တွေမှာတော့ condenser capacity လည်း၊ ကြီးမားပြီး condensate ရဲ့ pressure ဟာ၊ under vacuum ဖြစ်နေတဲ့အတွက် extraction pump ကိုသုံးကာ hot well သို့ပို့ပေးပါတယ်။

ဒါ့အပြင် hot well ဟာ၊ fuel oil heating system, oil tank heating system, drain cooler နဲ့ observation tank system စတဲ့ system တွေအပြင်၊ အထူးသဖြင့် storage tank, service tank နဲ့ daily tank တွေထဲမှ၊ drain လုပ်လိုက်တဲ့ condensate water ကိုပါ လက်ခံရပါသေးတယ်။ tank တွေထဲမှ drain လုပ်လိုက်တဲ့ condensate water တွေအတွင်းမှာ၊ oil presence အနေနဲ့ "ဆီ" တွေရောနှော ပါဝင်လာပြီး၊ boiler မှ၊ condensate water နဲ့ "ဆီ"  တွေမရောစေရန်၊ ပထမအဆင့် အနေနဲ့  filter သို့မဟုတ် internal baffles တွေကို၊ ခံကာ စစ်ထုတ်ပါတယ်။ ဒုတိယ အဆင့်အနေနဲ့ charcoal သို့မဟုတ် cloth filters တွေကို သုံးကာ၊ စစ်ထုတ်ယူ ပါတယ်။ အကယ်၍ hot well မှာ over flow ဖြစ်ပေါါခဲ့လျှင်၊ feed water tank မှ လက်ခံရယူပါတယ်။

de-aerated type heater သို့မဟုတ် cascade tank တွေသုံးလျှင်တော့၊ "ရေ" ထဲမှာပျော်ဝင်နေတဲ့ dissolved oxygen ကိုထပ်မံဖြိုခွဲနိုင်ပြီး boiler tube တွေမှာ၊ ပေါါါပေါက်လာမယ့် corrosion အား၊ အထိုက်အလျှောက် တားဆီးပေးနိုင်ပါတယ်။

opened  feed system မှာ feed water pump, condenser, cascade tank သို့မဟုတ် de-areator tank, economizer နဲ့ boiler feed control valve၊ boiler feed check valve တို့ပါဝင်ပါတယ်။ return steam ကို condenser မှာ အအေးခံပြီး၊ cascade tank သို့မဟုတ် de-areator tank မှာထပ်မံ အအေးခံပါတယ်။ cascade tank မှာ အအေးခံစဉ် condensate water ဟာ၊ အငွေ့ပျံခြင်း evaporation ကြောင့် လျှော့နည်းပျောက်ဆုံးမှု losses တွေရှိတဲ့အတွက်၊ make-up water အနေနဲ့ "ရေ" ထပ်ဖြည့်ပေးရပါတယ်။ cascade tank မှ water level ကို၊ ရိုးရိုးသာမာန် level switch တလုံး၊ တနည်းအားဖြင့် On/ Off function float switch တလုံးမှ၊ တိုင်းတာပြီး make-up water pump ဖြင့် အလိုအလျှောက် ဖြည့်သွင်းပေးပါတယ်။


Fig. Boiler drum water control system

feed water pump ရဲ့ capacity ဟာ၊ boiler ရဲ့ maximum pressure capacity ထက် ပိုများပါတယ်။ boiler drum အတွင်း water level ကျဆင်းသွားတဲ့အခါ၊ feed water pump ဟာ၊ အလိုအလျှောက် ထလည်ပြီး၊ cascade tank သို့မဟုတ် de-areator tank မှ ရေကို ပေးသွင်းပါတယ်။ feed regulator ကို de-aerated type heater သို့မဟုတ် cascade tank မှာတတ်ဆင်ပြီး၊ boiler drum water level ကို control လုပ်လေ့ရှိပါတယ်။ တချို့ boiler တွေမှာတော့ water drum အတွင်း level sensor probe တတ်ဆင်ပြီး၊ boiler drum water level ကို control လုပ်ပါတယ်။

steam ကို heating media အနေနဲ့ fuel oil heating system, oil tank heating system, drain cooler နဲ့ observation tank system အစရှိတဲ့ system တွေအပြင်၊ purifier တွေမှာပါ အသုံးပြုတဲ့အခါ၊ အကြောင်းအမျိုးမျိုးကြောင့် heating coil တွေ leak ဖြစ်ပြီး၊ steam နဲ့အတူ oil presence "ဆီ" တွေဟာ၊ boiler water drum အတွင်းသို့ ဝင်ရောက်လာတတ်ပါတယ်။ oil presence တွေဟာ၊ boiler drum အတွင်းမှ၊ ရေ မျက်နှာပြင်ပေါါမှာ၊ အလွှာတခုအနေနဲ့ရှိနေပြီး၊ water level sensor probe ကို malfunction ဖြစ်ပေါါစေတတ်ပါတယ်။

steam ကို၊ heat transfer medium ဆိုတဲ့၊ အပူကူးပြောင်းပေးသူအဖြစ်၊ အသုံးချတဲ့အခါ မူလကုန်ကြမ်းဖြစ်တဲ့ "ရေ" ဟာ ဈေးသက်သာသလို၊  သဘာဝ ပါတ်ဝန်းကျင်အတွက် environmental issues ဆိုင်ရာ၊ ဘေးထွက်ဆိုးကျိုးတွေနဲ့ ပက်သက်ပြီး၊ အများကြီးထည့်သွင်းစဉ်းစားရန်၊ မလိုအပ်တာတွေ့ရပါတယ်။ အပူချိန် 350 C ခန်းသုံးရန်လိုအပ်မယ့် applications တွေမှာ၊ steam ရဲ့ temperature နဲ့အတူ၊ pressure လည်း 180 Bar ခန့်ရှိလာပြီး၊ tube တွေ၊ pipeline တွေနဲ့ condenser မှအစ၊ thermal stress နဲ့ pressure ကိုခံနိုင်စေရန်၊ လိုအပ်လာပါတယ်။

အပူပေးပေမယ့်၊ pressure ပြောင်းလဲခြင်းသိသိသာသာ မရှိသလို၊ အပူရှိန်ပေါါမူတည်လို့၊ "ရေ" ကဲ့သို့ liquid state ဆိုတဲ့ အရည်၊ vapoour  state ဆိုတဲ့ အငွေ့နဲ့ solid state ဆိုတဲ့ အစိုင်အခဲဆိုပြီး၊ state ပြောင်းလဲခြင်းမရှိတဲ့ "thermal oil" ကို (၁၉၇၀) ခုနှစ်၊ အလွန်ကာလများမှ၊ စတင်အသုံးပြုလာကြပါတယ်။ thermal oil ဟာ၊ state ပြောင်းလဲခြင်းမရှိတဲ့အတွက်၊ condenser နဲ့ cascade tank တွေ တတ်ဆင်ရန်၊ မလိုအပ်တော့သလို၊ steam ကဲ့သို့ losses တွေလည်း မရှိတဲ့အတွက် circulating pump ဖြင့်မောင်းနှင်ပြီး၊ burner မှ မီးထိုးပေးရန်သာ လိုအပ်ပါတယ်။ အပူပေးပေမယ့်၊ "ရေ" မှာ de-mineralized makeup water supply ထပ်ဖြည့်ပေးရခြင်းနဲ့ chemical additions ခေါါတဲ့ ဓါတုပစ္စည်း chemical dosage တွေထပ်မံ ဆောင်ရွက်ရန်၊ မလိုအပ်တော့တဲ့အပြင်၊ drains, traps နဲ့ safety valves တွေ တတ်ဆင်ထားရန်နဲ့ bow downs လုပ်ရန်လည်း၊ မလိုအပ်တော့တာကို၊ တွေ့ရပါတယ်။

thermal oil ကို၊ aromatic compounds တွေမှ၊ ထုတ်ယူတဲ့ synthetic oil, paraffin မှ၊ တဆင့်ထုတ်ယူတဲ့ petroleum based oil နဲ့ synthetic fluids တွေမှ တဆင့် ထုတ်ယူတဲ့ synthetic glycol fluids ဆိုပြီး၊  ခွဲခြားနိုင်ပါတယ်။ ထုတ်လုပ်တဲ့ maker တွေရဲ့ နာမည်အရ၊ Solutia Inc. မှ ထုတ်လုပ်တဲ့ thermal oil ကို 'Therminol', Dow Chemical Co. မှထုတ်လုပ်တဲ့ thermal oil ကို 'Dowtherm', Radco Industries Inc. မှထုတ်လုပ်တဲ့ thermal oil ကို 'Exceltherm' နဲ့ Paratherm Corp. မှထုတ်လုပ်တဲ့ thermal oil ကို 'Paratherm' လို့ခေါါကြပါတယ်။



"ရေ"ကို ရေဆူမှတ်လို့ခေါါတဲ့ boiling point ရောက်တဲ့အထိ၊ အပူပေးရတဲ့အတွက် boiler လို့ခေါါပေမယ့်၊ thermal oil ကို heating transfer medium အနေနဲ့ အပူကူးပြောင်းပေးသူအဖြစ်၊ အသုံးပြုတဲ့အခါ thermal oil heater လို့ခေါါပါတယ်။ thermal oil ဟာ ရေခဲမှတ်အောက်အပူချိန်မှာ၊ အေးခဲသွာားခြင်း မရှိသလို၊ circulating system အတွင်းမှလည်း၊ corrosion, scaling, fouling နဲ့ deposits ဖြစ်ပေါါခြင်းတို့ မရှိတာလည်း၊ တွေ့ရပါတယ်။ လက်ရှိမှာ thermal oil ဟာ၊ အမြင့်ဆုံး (400 ° C.) အထိ၊ အပူပေးလို့ရပြီး၊ cryogenic applications အနေနဲ့ အနိမ့်ဆုံး (- 100 ° C.) အထိ အသုံးပြုနိုင်ပါတယ်။

အသုံးပြုမယ့် thermal oil ကို ရွေးချယ်တဲ့အခါ၊ ထုတ်ယူရာမူလ compounds တွေအပေါါ၊ မူတည်ပြီး  အပူကူးပြောင်းရရှိနိုင်မှုစွမ်းရည် heat transfer ability, အသုံးပြုထားတဲ့ pump တွေရဲ့ စွမ်းဆောင်ရည်မထိခိုက်စေရန် pumpability & serviceability, သဘာဝပါတ်ဝန်းကျင်အတွက်၊ ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ အဆိပ်အတောက်ပါဝင်မှုနဲ့ စွန့်ပြစ်မှုနည်းလမ်းတွေအပါအဝင် oxidation နဲ့ degradation အစရှိတဲ့ အချက်တွေကိုလည်း၊ ထည့်သွင်းစဉ်းစားသင့်ပါတယ်။

 
Fig. Thermal oil circulating diagram

thermal oil heater အလုပ်လုပ်ပုံဟာ၊ steam boiler အလုပ်လုပ်ပုံနဲ့ ဆင်တူပါတယ်။ combustion chamber ထဲမှာ fuel oil သို့မဟုတ် bio fuel သို့မဟုတ် ကျောက်မီးသွေး coal စတာတွေကို၊ အသုံးပြုလောင်ကျွမ်းစေပြီး လိုအပ်တဲ့ safety devices တွေ၊ တတ်ဆင်ထားရှိကာ အပူပေးပါတယ်။ evaporation ဆိုတဲ့ အငွေ့ပျံခြင်းမရှိပဲ၊ လမ်းကြောင်းတစ်လျှောက်၊ တစ်နည်းအားဖြင့် radiant သို့မဟုတ် convection zones တွေမှာ၊ အပူပေးထားတဲ့ thermal oil  စီးဆင်း သွားခြင်းဖြင့်၊ heat transfer medium ဆိုတဲ့၊ အပူကူးပြောင်းပေးသူ အဖြစ်၊ ဆောင်ရွက်ပါတယ်။

return line မှာတော့ heat exchanger လို့ခေါါတဲ့ cooler အသေးစားလေးတတ်ဆင်ထားရန်လိုအပ်ပြီး၊ cooler မှတစ်ဆင့် expansion tank သို့ရောက်ရှိသွားကာ၊ circulate လုပ်ရန်၊ pump အဝင်သို့ ပြန်လာပါတယ်။ expansion tank ဟာ thermal expansion ဖြစ်ပေါါမှုကို ကာကွယ်ပေးသလို၊ oxidation နဲ့ vaporization ကိုလည်း တားဆီးပေးပါတယ်။

circulating system ရုတ်တရက်ရပ်တန့်သွားတဲ့အခါ၊ thermal Oil ဟာတစ်နေရာထဲမှာပဲရှိနေပြီး over heat အနေနဲ့ အပူလွန်ကာ၊ explosion ဖြစ်ပေါါနိုင်ပါတယ်။ overheating ကြောင့် (400 ° C.) အထိသာ အပူခံတဲ့ thermal oil ဟာ၊ degradation ကြောင့် sludge ဖြစ်သွားနိုင်ပြီး၊ system တစ်ခုလုံးကို chemical wash အနေနဲ့ ဆေးကြောကာ thermal Oil အသစ်ဖြင့် အစားထိုးရန်၊ လိုအပ်ပါတယ်။ အကယ်၍ combustion area မှာ ယိုစိမ့်မှု leak ဖြစ်ပေါါခဲ့လျှင်၊ မီးလောင်နိုင်တဲ့  fire hazards အန္တာရယ်ရှိပါတယ်။
 
circulating system မှ valves တွေ၊ gaskets တွေနဲ့ packing တွေကို thermal oil အတွက်သတ်မှတ်ထားတဲ့ standard အတိုင်းသာ၊ အသုံးပြုသင့်သလို၊ thermal expansion နဲ့ thermal fatigue တွေပေါါပေါက်နိုင်တဲ့အတွက်၊ piping နဲ့ supports တွေကိုလည်း၊ သတိထားကာ၊ ပုံမှန်စစ်ဆေးရန်လိုအပ်ပါတယ်။       
 
Remark : All publications and images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.                                    

No comments:

Post a Comment