crankcase အတွင်းမှ hot spot တွေနဲ့ မြင့်မားတဲ့အပူချိန်နဲ့ circulate လုပ်နေတဲ့ lubricating oil တို့ တွေ့ဆုံတဲ့အခါ၊ ဆီဟာ vaporized အနေနဲ့အငွေ့ပျံပါတယ်။ vaporized particles တွေဟာ lubricating oil cooler ကိုဖြတ်သန်းတဲ့အခါ၊ atomization action ဖြင့် oil mist လို့ခေါါတဲ့ အဖြူရောင် whit mist တွေဖြစ်ပေါါပြီး၊ engine ရဲ့ crankcase အတွင်းမှ hot spot တွေနဲ့ ထပ်မံထိတွေ့ရာမှတဆင့် မီးထလောင်ခြင်းဖြစ်ပါတယ်။ မီးလောင်ခြင်းကြောင့် crankcase အတွင်းမှာ သာမန်ထက်မြင့်မားတဲ့ အပူချိန် temperature နဲ့ ဖိအား pressure ပေါါပေါက်လာပြီး၊ pressure ဟာ maximum permissible limit ကိုကျော်လွန်သွားရာမှ ပေါက်ကွဲမှု explosion ဖြစ်ပေါါပါတယ်။ crankcase explosion မဖြစ်ပေါါခင်မှာ အရိပ်လဏ္ခာ symptoms တွေပြလေ့ရှိပါတယ်။ exhaust temperature ရုတ်တရက်မြင့်တက်လာခြင်း၊ engine ရဲ့ load ရုတ်တရက်မြင့်တက်လာခြင်း၊ engine မောင်းနှင်လည်ပတ်ပုံ မမှန်တော့ခြင်း၊ engine အတွင်းမှ ထူးခြားတဲ့ဆူညံသံပေါါထွက်လာခြင်းနဲ့ oil mist သို့မဟုတ် whit mist ဖြစ်ပေါါရာမှ ထူးခြားတဲ့အနံ့ တမျိုးပေါါထွက်လာခြင်းစတဲ့ pre-explosion signs လို့ခေါါတဲ့ symptoms တွေကို သတိပြုသင့်ပါတယ်။ pre-explosion signs တွေပြလာခဲ့လျှင် engine ကို slow down လုပ်ကာရပ်ပြီး၊ fuel line နဲ့ supply air line တွေကို ပိတ်ရမှာဖြစ်ပါတယ်။ indicator cock တွေဖွင့်ကာ turning gear ကို engage လုပ်ပြီး၊ engine ကိုလှည့်ထားရပါတယ်။ တဆက်တည်း cooling efficiency ကိုပေးနိုင် သလောက်ပေးပြီး internal parts တွေကို cooled down လုပ်ကာ အအေးခံရမှာ ဖြစ်ပါတယ်။ engine အေးနေပြီလို့ ယူဆရတဲ့အခါ၊ crankcase doors တွေကိုဖွင့်ပြီး၊ unit တခုခြင်းအလိုက် inspection အနေနဲ့ စစ်ဆေးရန်လိုအပ်ပါတယ်။
crankcase explosion မဖြစ်ပေါါစေဖို့အတွက် preventive action အနေနဲ့ဆောင်ရွက်သင့်တာတွေကတော့ - (၁) - oil mist detector တတ်ဆင်အသုံးပြုခြင်း၊ (၂) - temperature လျှော့ချနိုင်ရန် reciprocating movement ဖြင့်လှုပ်ရှားနေတဲ့ အစိတ်အပိုင်းတွေအတွင်းမှာ proper lubricating ချောဆီ လုံလုံလောက်လောက် ရရှိစေခြင်း၊ (၃) - temperature လျှော့ချနိုင်ရန် white metal materiel bearings တွေကိုအသုံးပြုခြင်း၊ (၄) - engine ကို over loaded ဖြစ်တဲ့အထိ အသုံးမပြုခြင်း၊ (၅) - crankcase အတွင်းမှ pressure ကိုလျှော့ချနိုင်ရန် pressure relief valves တွေ တတ်ဆင်အသုံးပြုခြင်း၊ (၆) - တတ်ဆင်ထားတဲ့ pressure relief valves တွေကို ပုံမှန် pressure test ဆောင်ရွက်ပေးခြင်း၊ (၇) - pressure relief valves တွေမှာ flame arrestor လို့ခေါါတဲ့ wire mesh တွေ ထည့်သွင်းထားခြင်းဖြင့် crankcase အတွင်း မီးလောင်တဲ့အခါ flame တွေ engine room သို့မရောက်ရှိစေရန် တားဆီးထားခြင်း၊ (၈) - vent pipes တွေကို choke အနေနဲ့ပိတ်ဆို့ မနေစေရန် ပုံမှန်စစ်ဆေးခြင်းနဲ့ (၉) - crankcase အတွင်းမီးလောင်မှုမှ explosion အဆင့်အထိ ကူးစက်မသွားစေရန် CO2 နဲ့ inert gas system ကဲ့သို့ fixed fire extinguishing system တွေကို၊ crankcase အတွင်း တတ်ဆင်ခြင်း တို့ဖြစ်ပါတယ်။
Fig. 2 door type spring loaded self-closing pressure relief valve
crank case အတွင်း မီးလောင်ခြင်းကြောင့်ဖိအားမြင့်တက်ကာ pressurized ဖြစ်လာတဲ့အခါ၊ sparing ဖြင့်ဖိထားတဲ့ valve ဟာကြွတက်လာပြီး၊ pressure ကို engine အပြင်ဖက် atmosphere ထဲသို့၊ ထုတ်လိုက်ခြင်းဖြင့် ဖိအားကို pressure reduce အနေနဲ့လျှော့ချလိုက်ပါတယ်။ crank case အတွင်းထဲမှာ pressure ကျသွားတဲ့အခါ spring မှ valve ကိုမူလနေရာသို့ပြန်လည်တွန်းပို့လိုက်ပါတယ်။ oil-wetted gauze လို့ခေါါတဲ့ flame arrestor ဇကာတွေကို engine room ဖက်မှာတတ်ထားပါတယ်။ flame arrestor ဟာ crank case အတွင်းမှ မီးတောက်၊ မီးစ flame တွေ engine အပြင်ဖက်သို့ ထွက်မလာနိုင်စေရန် flame trap သဘောမျိုးဖြင့် တားဆီးပေးပါတယ်။ အပြင်ကို မရောက်နိုင်ပါဘူး။ relief valve တွေအတွင်းမှ spring တွေပုံမှန်အလုပ်လုပ်ခြင်း ရှိမရှိနဲ့ oil-wetted gauze ဇကာတွေ corrosion ဖြစ်ပြီးပေါက်ပြဲနေခြင်း ရှိမရှိတို့ကို၊ ပုံမှန်စစ်ဆေးပေးရန် လိုအပ်ပါတယ်။
Fig. operating level of oil mist
crankcase explosion ဟာ engine အတွင်း oil mist တွေဖြစ်ပွားရာမှ စတင်တယ်လို့ပြောနိုင်ပေမယ့်၊ လည်ပတ်လှုပ်ရှားနေတဲ့ အစိတ်အပိုင်းတွေအကြား ဖြတ်သန်းသွားလာနေတဲ့ lubricating oil တွေမှာ မြင့်မားတဲ့ high temperature အပူရှိန်အမြဲရှိနေပြီး၊ oil mist လို့ခေါါတဲ့ အဖြူရောင် whit mist တွေ အမြဲတမ်းပေါါပေါက်နေမှာဖြစ်ပါတယ်။ oil mist ဖြစ်ပေါါမှု density ပေါါမူတည်ပြီး၊ ပမာဏများမှသာ crankcase explosion ဖြစ်ပေါါပါတယ်။ ယေဘုယျအားဖြင့် oil mist ရဲ့ သိပ်သည်းဆ density (0 ~ 1.99 mg/ Lit) ပမာဏကို ပုံမှန် working level အဖြစ်သတ်မှတ်ပြီး၊ (1.99 ~ 50 mg/ Lit) ပမာဏကိုတော့ အန္တရာယ်ရှိတဲ့ danger level အဖြစ် သတ်မှတ်ကာ၊ (50 mg/ Lit) ပမာဏအထက် ဆိုရင်တော့ ပေါက်ကွဲမှုဖြစ်စေနိုင်တဲ့ explosive level အဖြစ်သတ်မှတ်ပါတယ်။ oil mist ရဲ့ သိပ်သည်းဆ density မြင့်တက်မှုပေါါပေါက်ရတဲ့ အဓိက အကြောင်းရင်းတွေကို (၁) - ဖိအားမြင့်ကာ pressurized ဖြစ်နေတဲ့ lubricating piping system မှာ vibration ကြောင့် fittings တွေချောင်ထွက်ပြီး၊ atomized spray အနေနဲ့ lubricating oil ဟာအပြင်ဖက်သို့ ပန်းထွက်လာခြင်းနဲ့ (၂) - lubricating oil ဟာ သာမန်ထက်ထူးထူးကဲကဲ အပူချိန်မြင့်နေတဲ့နေရာမှ hot spot တွေနဲ့ ထိတွေ့ပြီး၊ ဆူပွက်ကာ boiling ဖြစ်ပေါါခြင်း ဆိုပြီးတွေ့ရပါတယ်။
air ဆိုတဲ့ လေ တနည်းအားဖြင့် အောက်စီဂျင်၊ fuel လောင်စာနဲ့ ignition မီးစ ဒါမှမဟုတ် heat အပူတို့ ပေါင်းဆုံရာမှ မီးလောင်ခြင်း ဖြစ်ပေါါတယ်လို့ ယေဘုယျအားဖြင့်လက်ခံထားကြပေမယ့် အလုံပိတ် enclosed space အဖြစ် တည်ဆောက်ထားတဲ့ engine ရဲ့ crankcase အတွင်းသို့၊ ပြင်ပလေ အဆက်မပြတ် ဝင်ရောက်နေတာ မဟုတ်တဲ့အတွက် အောက်စီဂျင်ပမာဏဟာ နည်းပါးပါတယ်။ crankcase အတွင်း မီးလောင်ခြင်းဟာ hot spot လို့ခေါါတဲ့ သာမန်ထက်အပူချိန် ပိုများတဲ့နေရာတွေမှတဆင့် ပေါါပေါက်လာတာဖြစ်ပါတယ်။ engine အတွင်း hot spot ရဲ့အပူချိန် (200ိC) ထက်ကျော်လွန်သွားတဲ့အခါ၊ ထိတွေ့မိတဲ့ lubricating oil အငွေ့ပျံပြီး၊ cooler ကိုဖြတ်ကာ၊ (5 ~ 10) micron အရွယ်အစားရှိတဲ့ white oil mist တွေအဖြစ်၊ engine အတွင်းသို့ပြန်လည် ဝင်ရောက်လာပါတယ်။ oil mist ရဲ့ concentration ဟာ (50 mg/ Lit) သို့မဟုတ် oil mist - air ratio (13) % ခန့်ရှိလာခြင်းကို lower explosive level လို့ခေါါပါတယ်။ oil mist ဟာ (850ိC) အပူချိန်သို့ရောက်ရှိလာတဲ့အခါ ignition စတင်ဖြစ်ပေါါသလို၊ တခါတရံမှာတော့ crank case အတွင်းသို့ blow past ဖြစ်ရာမှတဆင့် ignition ဖြစ်ပေါါတတ်ပါတယ်။
ရှည်မျောမျော crank path ပုံစံမျိုးတည်ဆောက်ထားတဲ့ engine တွေမှာ crankcase explosion ပိုဖြစ်လေ့ ရှိတာကိုလည်း တွေ့ရပါတယ်။ engine design ပုံစံအနေအထားတွေကို ထည့်သွင်းစဉ်းစားလာကြပြီး၊ 2 stroke engine တွေရဲ့ crankcase volume ကို 500 cu-meter အထက် အရွယ်အစားအနေနဲ့ တည်ဆောက်ကြပါတယ်။ crankcase explosion ဟာအဆင့် (၂) ဆင့်နဲ့ဖြစ်ပေါါပြီး 'primary explosion' နဲ့ 'secondary explosion' လို့ခါါဆိုကြပါတယ်။ explosion ဖြစ်တဲ့အခါ၊ မီးတောက် flame ဟာ အရင်ဆုံးရှေ့မှာပေါါပေါက်လာပြီး၊ crankcase ရဲ့အောက်ဖက်သို့ထိုးဆင်းပါတယ်။ flame နဲ့အတူ pressure wave တခု ဖြစ်ပေါါလာပြီး pressure wave သို့မဟုတ် turbulence ရဲ့မြင့်မားတဲ့ အရှိန်အဟုန်ကြောင့် လည်ပတ်မောင်းနှင်နေတဲ့ engine အစိတ်အပိုင်းတွေ ပြင်းထန်စွာလှုပ်ရှားသွားပြီး၊ oil mist vapor တွေ ပိုမိုပေါါပေါါက်လာခြင်းကို primary crankcase explosion အဖြစ်သတ်မှတ်ပါတယ်။ ပိုမိုပေါါပေါါက်လာတဲ့ oil mist vapor တွေကြောင့် flame ပိုမိုကြီးမားလာပြီး၊ flame ရဲ့ ရှေ့မှ pressure wave ကို ပိုမိုမြင့်မားစေပါတယ်။ pressure မြင့်တက်လာတဲ့အခါ vent valve တွေမှတဆင့် vent လုပ်ပေးခြင်းဖြင့်၊ အပြင်ဖက်သို့ flame ထွက်လာတတ်ပါတယ်။ တနည်းအားဖြင့် pressure ကို release လုပ်လိုက်ခြင်း ဖြစ်ပါတယ်။ pressure release လုပ်ပြီးတဲ့အခါ valve seal ဟာ မူလနေရာသို့ ပြန်လည်ရောက်ရှိရမှာ ဖြစ်ပြီး၊ အကယ်၍ relief valve ပြန်မပိတ်ခဲ့လျှင် crankcase အတွင်းမှ pressure ဟာ atmosphere pressure ထက်လျှော့နည်းသွားပြီး၊ ပြင်ပလေဟာ crankcase အတွင်းသို့ ဝင်ရောက်လာနိုင်ပါတယ်။
Fig. explosion pressure/ time variation
ပြင်ပလေဟာ flammable mixture တွေနဲ့ပေါင်းစပ်သွားတဲ့အခါ၊ နောက်ထပ် explosion တခု crankcase အတွင်းပေါါပေါက်လာပြီး secondary explosion လို့ခေါါဆိုကြပါတယ်။ secondary explosion ဟာ crankcase door ကိုပွင့်ထွက်သွားစေနိုင်တဲ့အထိ ပြင်းထန်တာကိုတွေ့ရပါတယ်။ အကယ်၍ relief valve ဟာ pressure ကို release မလုပ်နိုင်ခဲ့လျှင်၊ secondary explosion အဆင့်သို့ တိုက်ရိုက်ရောက်ရှိ သွားနိုင်ပါတယ်။ crankcase door ပွင့်ထွက်သွားရာမှ တဆင့်၊ engine room မီးလောင်မှုပါ ဆက်တိုက် ဖြစ်ပေါါတတ်ပါတယ်။ crankcase explosion ဖြစ်ပွားရတဲ့အကြောင်းရင်းတွေကို၊ လက်လမ်းမှီသလောက် လေ့လာကြည့်တဲ့အခါ PTO gear box bearing မှာ hot spot ဖြစ်ပေါါခဲ့ခြင်း၊ piston cooling oil inlet pipe ပြုတ်ထွက်ရာမှ တဆင့် ဖြစ်ပေါါခဲ့ခြင်း၊ stuffing box မှ spring တွေကို လွဲမှားစွာတတ်ဆင်ခဲ့ခြင်း၊ piston rod နဲ့ cylinder frame တို့ ထိတိုက်မိရာမှ ဖြစ်ပေါါခဲ့ခြင်း၊ timing chain tightener ပြုတ်ထွက်ခဲ့ခြင်း၊ main bearing မှာ hot spot ဖြစ်ပေါါခဲ့ခြင်း၊ cam shaft bearing မှာ hot spot ဖြစ်ပေါါခဲ့ခြင်း၊ crank pin bearing မှာ hot spot ဖြစ်ပေါါခဲ့ခြင်းနဲ့ piston crown ပြတ်ထွက်သွားခဲ့ခြင်း စတဲ့ အကြောင်းရင်းတွေကိုတွေ့ရပါတယ်။
Reference and Image Credit : Marine Auxiliary Machinery, 7th Edition, 1995 by Mc George, http://www.marinelighting.ca/, http://www.machineryspaces.com/
Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.
No comments:
Post a Comment