မြန်မာအင်ဂျင်နီယာဖိုရမ် မှာ၊ ဦးရီးထွန်း ရေးခဲ့တဲ့ Post ဖြစ်ပြီး၊ Logistics & Supply Chain Management နဲ့ ဆက်စပ်ကြည့်မိလို့၊ ပြန်လည်ကူးယူဖော်ပြပါတယ်။
အီရတ်မှာဖြစ်ပွာခဲ့တဲ့ roadside booming လမ်းဘေးဗုံးကွဲမှုတွေကို၊
စစ်ဆေးကြည့်တဲ့အခါ အများစုဖြစ်တဲ့ (၆၀ %) ကျော်ဟာ IED improvised explosive
device အဖြစ်၊ wireless data transmitted radio frequency modules တွေကို၊
detonator အနေနဲ့အသုံးပြုပြီး၊ ခွဲသွားတာတွေ့ရပါတယ်။ roadside booming
ကြောင့် အမေရိကန်စစ်သားတွ၊ ထိခိုက်သေဆုံးမှုများခဲ့ရပါတယ်။ အဲဒီ wireless
data transmitted RF modules တွေကိုထုတ်လုပ်သူကတော့ Minnesota မှ၊ Digi
International ဆိုတဲ့ US အခြေစိုက်၊ ကုမ္မဏီတခု ဖြစ်နေတာကိုတွေ့ရပါတယ်။
စက်ာပူက တဆင့်တင်သွင်းတယ်လို့ ယူဆရတာကြောင့်၊ အစတွေဆွဲထုတ်တဲ့အခါ စက်ာပူ
Peninsular Plaza ပင်နဆူလာပလာဇာမှ၊ Opto Electronics ဆိုတဲ့
အီရန်နိုင်ငံသား Hossein Larijani ပိုင် အီလက် ထရောနစ်
ပစ္စည်းတွေလက်ကားဖြန့်တဲ့၊ ကုမ္မဏီ၊ စက်ာပူ Kallang Way မှ၊ NEL Electronics
ဆိုတဲ့၊ စက်ာပူနိုင်ငံသား Lim Yong Nam ပိုင်
အီလက်ထရောနစ်ပစ္စည်းတွေလက်ကားဖြန့်တဲ့၊ ကုမ္မဏီ၊ စက်ာပူ Simei condominium မှ
စက်ာပူနိုင်ငံသား Lim Kow Seng နဲ့ Benson Hia တို့ရဲ့ Corezing
International ဆိုတဲ့ ကုမ္မဏီတွေ ပါဝင်ပက်သက်နေတာကို၊ DOJ ဆိုတဲ့ US
Department of Justice က၊ တွေ့သွားပါတယ်။
Opto Electronics ကိုယ်စား၊ Lim Yong Nam က IED တွေကိုစုံစမ်းပါတယ်။
ပေါက်ဈေးတခုကို US$ 98.45 အစား၊ US $ 60 နဲ့ရမလားလို့ Digi International
ကိုမေးပါတယ်။ တခါ Lim Yong Nam ကပဲ၊ NEL Electronics နဲ့ Corezing
International ကိုယ်စား၊ တခုကို US$ 77 နှုံးနဲ့ အခု ၆၀၀၀ ဝယ်ခဲ့ပါ တယ်။
အကြောင်းပြချက်ကတော့ wireless data transmitted radio frequency ဆိုင်ရာ၊
သုသေသန လုပ်ဖို့ပါတဲ့။ တခါရလာတဲ့ IED တွေကို၊ တခု US$ 85 နှုံးနဲ့ Opto
Electronics ကို ပြန်ရောင်းပါတယ်။
ပစ္စည်းတွေကို NEL Electronics အနေနဲ့၊ စက်ာပူကိုသွင်းပြီးမှ၊ Corezing
International အနေနဲ့ အီရန်ကို ပို့ပါသတဲ့။ အဲဒီကတဆင့်
အီရတ်ကိုရောက်သွားတာဖြစ်ပါတယ်။ စက်ာပူနိုင်ငံသား (၄) ဦး ကိုတော့ စတင်
စစ်ဆေးနေပြီဖြစ်သလို၊ ဥပဒေအရ US Department of Justice
ကိုလွှဲပြောင်းပေးရမှာဖြစ်ပြီး၊ အီရန်နိုင်ငံ သား Hossein Larijani ကိုတော့
မမိသေးပါဘူးတဲ့။
Reference : The Straits Times, Friday, October 28, 2011
Credit to : ဦးရီးထွန်း
No comments:
Post a Comment