Pages

Saturday 11 August 2012

Shipboard electrical distribution system

သဘော်ဆိုတာ 'mobile power plant' ရယ်လို့ပြောနိုင်ပါတယ်။ သဘော်မှာတတ်ဆင်ထားတဲ့ စက်ကရိယာ machinery အများစုဟာ၊ လျှပ်စစ်ဓါတ်အားကို အသုံးပြုမောင်းနှင်ရတဲ့အတွက်၊ လိုအပ်မယ့် electrical power demand ပမာဏ၊ ကြီးမားပါတယ်။ သဘော်တစီးလုံးအတွက်လိုအပ်မယ့် electrical power demand ကို၊ ပေးပို့ထောက်ပံ့နေတဲ့ 'shipboard electrical distribution system' ဟာ ဆုံးရှုံးလေလွင့်မှု losses မရှိသလောက်နည်းပါးပါတယ်။ သဘော်တွေမှာ AC 50/ 60 Hz, 3 phase, 450 V , 415 V နဲ့ 380 V အစရှိ သလို၊ လျှပ်စစ်ဓါတ်အားကိုထုတ်လုပ်ယူပါတယ်။ ဒါပေမယ့် electrical propulsion system အသုံးပြုတဲ့ သဘော်တွေနဲ့ LNG tanker လိုသဘော်တွေမှာတော့ high voltage ဖြစ်တဲ့ 3 phase, 6.6 KV ကို ထုတ်ယူ သုံးစွဲပါတယ်။ general cargo သဘော်တွေမှာ DWT တန်ချိန် ၁၀, ၀၀၀ လောက်ဆိုရင် 1 mega watt လောက် power လိုအပ်မှာဖြစ်ပြီး၊ TEU ၁၀, ၀၀၀ လောက် ရှိတဲ့ container သဘော်တွေမှာတော့ 8 mega watt လောက်လိုအပ်ပါတယ်။ tanker တွေမှာတော့ 1.5 ~ 5 mega watt လောက်နဲ့ LNG tanker တွေမှာတော့ 12 mega watt ခန့်လိုအပ်ပါတယ်။

generators တွေမှ ထုတ်ယူရရှိလာတဲ့ လျှပ်စစ်ဓါတ်အားကို main circuit breaker တွေကတဆင့် main switch board ထဲမှာရှိတဲ့ bus bar တွေထဲကိုပေးပို့ပြီး၊ လိုအပ်သလိုခွဲယူအသုံးပြုကြပါတယ်။ main bus bar တွေရဲ့ rating ကို ကုန်တင်ကုန်ချ cargo operation အတွက်အသုံးပြုမယ့် critical machinery တွေ အတွက်လိုအပ်မယ့် power နဲ့ သဘော်မောင်းနှင်နေစဉ်မှာ အသုံးးပြုမယ့် critical machinery တွေ အတွက်လိုအပ်မယ့် power တွေအပေါါမူတည်ပြီး၊ သဘော်အမျိုးအစားအလိုက်၊ ရွေးချယ်ရပါတယ်။

bus bar တခုနဲ့ တခုကြားမှာ လျှပ်ကာ insulated supports တွေနဲ့ clamps တွေကိုသုံးပြီး၊ main switch board နဲ့ ချိတ်ဆက်ထားပါတယ်။ လျှပ်ကူး conductive bus bar တွေအဖြစ်၊ copper ကြေးပြား အထူတွေကိုသုံးပြီး၊ main switch board ထဲမှာ အလျှားလိုက်တတ်ဆင်ထားပါတယ်။ phase တခုစီ အတွက် bus bar (၂) ချောင်းတစုံ တတ်ဆင်ထားပြီး၊ circuit barkers တွေကို clamping အနေနဲ့ ချိတ်ဆက်ထားပါတယ်။ circuit barkers တွေနဲ့ bus bars တွေ၊ ချိတ်ဆက်တဲ့အခါ sliding contact တွေကိုအသုံးပြုပါတယ်။ ဟိုးအရင်ကတော့ bus bar တွေမှာ insulation တွေ 'ပတ်' မထားပဲ၊ အသုံးပြုလေ့ရှိရာမှ၊ နောက်ပိုင်းမှာတော့ insulation တွေပတ်ကာအသုံးပြုလာတာကိုတွေ့ရပါတယ်။



Fig. Bus-bar

main switch board အတွင်း၊ လျှပ်စစ်ဓါတ်အားစီးဆင်းနေတဲ့ bus bars တွေသွယ်တန်းးထားတဲ့အခါ၊ bus bar တွေတချောင်း နဲ့ တချောင်းကြားမှာ ပြင်ပလေထု atmosphere ရှိနေပါတယ်။ bus bars တွေဟာ dead ဖြစ်နေပေမယ့် capacitance effect နဲ့ လျှပ်သိုသဘောမျိုး လျှပ်စစ်ဓါတ်အား သိုလှောင်ထားနိုင်သေးတဲ့အတွက်၊ main switch board ရဲ့ အတွင်းပိုင်းပြင်ဆင်မှုတွေဆောင်ရွက်ရာမှာ၊ ၊ bus bars တွေကိုထိတွေ့ ကိုင်တွယ်ရမယ်ဆိုရင်၊ discharge လုပ်ပြီးမှသာ ထိတွေ့ကိုင်တွယ်သင့်ပါတယ်။

ကုန်းပေါါ at shore မှာ၊ လျှပ်စစ်ဓါတ်အား သယ်ဆောင်ဖြန့်ဖြူးခြင်း transmission & distribution ကိုဆောင်ရွက်တဲ့အခါ၊ 3 phase, 4 wires system ကိုအသုံးပြုပါတယ်။ phase တခုစီအတွက် conductor တနည်းအားဖြင့် wire တခုစီကိုသုံးထားပြီး၊ စတုထ္တမြောက် wire ကတော့၊  return circuit ဖြစ်တဲ့ 'neutral wire' ဖြစ်ပါတယ်။ သဘော်ပေါါ on-board မှာတော့ '3 phase, 3 wire insulated' သို့မဟုတ် '3 phase, 4 wire neutral grounded' နဲ့ 'single phase, 2 wire insulated' သို့မဟုတ် 'single phase, 3 wire neutral grounded' အစရှိတဲ့ စနစ်တွေကို၊ အသုံးပြုပါတယ်။ 

Fig. Earth neutral system - earthed system has one pole or neutral point connected to earth.

လျှပ်စစ်ဓါတ်ကိုသယ်ဆောင်ပေးပို့နေတဲ့ conductor တခုခုမှာ insulation failure ကြောင့်ပဲဖြစ်ဖြစ်၊ conductor ဟာ machinery တွေရဲ့ metal enclosure part အစိတ်အပိုင်းတွေကို၊ ထိမိလို့ပဲဖြစ်ဖြစ် voltage accumulation ကြောင့် ဓါတ်လိုက်ခြင်းဆိုတဲ့ 'electrical shock' ဖြစ်ပေါါပါတယ်။ electrical shock ဟာ လူသားတွေအတွက် အသက်အန္တရာယ်ထိခိုက်မှု ဖြစ်ပေါါနိုင်တဲ့အတွက်၊ ကုန်းပေါါမှာ neutral wire ကို ground ချကာအသုံးပြုကြပြီး "earthed neutral system" လို့ခေါါပါတယ်။ ground ချခြင်း တနည်းအားဖြင့် earth ဖမ်းထားခြင်းကြောင့် circuit failure ဖြစ်ပေါါတဲ့အခါ၊ protection devices တွေမှတဆင့် tripping ဖြစ်ပေါါစေပြီး၊ လျှပ်စစ်ဓါတ်အားကိုဖြတ်တောက်ကာ electrical shock အန္တရာယ်မှ၊ ကာကွယ်တားဆီးပါတယ်။ လူသားတွေ ဘေးအန္တရာယ် ကင်းရှင်းစေဖို့ကိုသာ အဓိက ရည်ရွယ်ပြီး၊ machinery တွေရဲ့ safety ပိုင်းနဲ့ operation ပိုင်းတွေကို၊ ထည့်သွင်းစဉ်းးစားခြင်း မရှိတာ၊ တွေ့ရမှာဖြစ်ပါတယ်။

Fig. Insulated earth system, totally electrically insulated from earth (ship's hull)

သဘော်ပေါါမှာ essential machinery တွေရဲ့ safety ပိုင်းနဲ့ operation ပိုင်းတွေကိုသာ အဓိက ထားပါတယ်။ အဓိကရည်ရွယ်ချက် main priority ကတော့ သဘော်ဘေးအန္တရာယ် ကင်းရှင်းစေဖို့သာ ဖြစ်ပြီး၊ navigation နဲ့ fire safety အစရှိတဲ့ အချက်တွေကိုကာကွယ်နိုင်ဖို့ပဲဖြစ်ပါတယ်။ အကြောင်း တစုံတခုကြောင့် earth fault ဖြစ်ပေါါခဲ့ရင်၊ essential machinery တွေကို isolate လုပ်ကာ ဆက်လက်မောင်းနှင်အသုံးပြုစေဖို့ စီမံထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ circuit failure ဖြစ်တဲ့အခါ၊ "insulated neutral system" ကနေတဆင့် ground ချခြင်း တနည်းအားဖြင့် earth ဖမ်းထားခြင်းဖြင့်၊ ကာကွယ်တားဆီးတယ်လို့ ဆိုနိုင်ပါတယ်။

insulated neutral system မှာ insulator ဟာ စီးဆင်းနေတဲ့လျှပ်စစ်ဓါတ်အားကို၊ conductor ထဲမှာသာ ရှိနေစေရန်ဆာင်ရွက်ပေးပါတယ်။ circuit faults ဟာ insulation brake နဲ့ conductor brake ဆိုတဲ့အခြေအနေ (၂) ခုကြောင့်ဖြစ်ပေါါပါတယ်။ open circuit fault, earth fault နဲ့ short circuit fault ဆိုတဲ့ basic circuit fault (၃) မျိုးရှိပါတယ်။

Fig. A = open circuit fault, B = earth fault, C = short circuit fault

conductor brake ဖြစ်ပေါါတဲ့အခါ၊ လျှပ်စစ်ဓါတ်စီးဆင်းခြင်းမရှိတော့တဲ့အတွက် open circuit fault ဖြစ်ပေါါလာပြီး၊ insulation brake ဖြစ်ပေါါတဲ့အခါမှာတော့၊ conductor ဟာ၊ သဘော်ရဲ့ hull သို့မဟုတ် earthed metal enclosure တွေနဲ့ထိမိပြီး၊ earth fault ဖြစ်ပေါါပါတယ်။ insulation brake ဟာ conductor (၂) ခုလုံးမှာ ဖြစ်ပေါါတဲ့အခါ၊ conductor တခုနဲ့ တခုထိမိရာမှ၊ short-circuit fault ဖြစ်ပေါါပါတယ်။ earth fault ဟာ equipments တွေနဲ့ machinery တွေမှာ အများဆုံးဖြစ်ပေါါတတ်ပြီး၊ earthed ဆိုတဲ့ ground ချမထားတဲ့အခါ၊ ပြင်းထန်တဲ့ electrical shock ကိုဖြစ်ပေါါစေပါတယ်။ 

ကုန်းပေါါမှာအသုံးပြုတဲ့ "earthed neutral system" ကို၊ သဘော်ပေါါမှာအသုံးပြုအခါ၊ line conductor တခုတည်းမှာသာ တတ်ဆင်ပြီး၊ earth fault current ကိုစီးစေပါတယ်။ တနည်းအားဖြင့် single earth fault လို့ဆိုနိုင်ပါတယ်။ earth fault ဖြစ်ပေါါတဲ့အခါ high current ဟာ၊ short circuit fault အဖြစ်၊ မြေကြီး ground ထဲကို စီးသွားသလို၊ on-board မှာတော့ သဘော်ရဲ့ hull ကို စီးဆင်းသွားမှာဖြစ်ပါတယ်။ စီးသွားတဲ့ earth fault current ကြောင့် line မှာရှိတဲ့ fuse ကဲ့သို့၊ protection devices တွေမှတဆင့်၊ ပေးပို့နေတဲ့ လျှပ်စစ်ဓါတ်အားကို ဖြတ်တောက်လိုက်ပါတယ်။ အကယ်၍ သဘော်မောင်းနှင်နေစဉ် လျှပ်စစ်ဓါတ်အား ဖြတ်တောက်လိုက်တဲ့အခါ၊ equipment သို့မဟုတ် machinery ဟာ၊ steering gear ကဲ့သို့ အရေးကြီးတဲ့ critical machinery သို့မဟုတ် မရှိမဖြစ်လိုအပ်တဲ့ essential machinery သာဖြစ်ခဲ့လျှင်၊ သောင်တင်ခြင်း grounded နဲ့ သဘော်တိုက်ခြင်း collision တွေဖြစ်ပွားနိုင်ပါတယ်။

"insulated neutral system" မှာတော့ single earth fault ကြောင့် ဖြစ်ပေါါလာတဲ့ earth fault current ဟာ၊ completed circuit အဖြစ်မစီးဆင်းနိုင်တာကိုတွေ့ရမှာဖြစ်ပါတယ်။ single earth fault (၂) ခု ဖြစ်ပေါါတဲ့ အခါမှသာ short circuit fault အနေနဲ့ သဘော်ရဲ့ hull သို့ စီးဆင်းသွားပြီး၊ protection devices တွေမှတဆင့် equipments တွေနဲ့ machinery တွေကို၊ isolate လုပ်လိုက်မှာဖြစ်ပါတယ်။ တနည်းအားဖြင့် line (၂) ခုမှာ earth fault ဖြစ်မှသာ၊ ပေးပို့နေတဲ့ လျှပ်စစ်ဓါတ်အားကို ဖြတ်တောက်တယ်လို့ ဆိုနိုင်ပါတယ်။ 

သဘော်မှာ earth fault ဖြစ်ပေါါတတ်တဲ့နေရာတွေကတော့ (i) အပူအအေးလွန်ကဲတဲ့နေရာတွေ၊ (ii) တုန်ခါမှု vibration များလွန်းတဲ့နေရာတွေ၊ (iii) အကွေး bend နေရာတွေ၊ (iv) ရေခိုးရေငွေ့ moisture နဲ့ စွတ်စိုတဲ့နေရာတွေ၊ (v) ဖုန်နဲ့ အမှိုက်သရိုက်၊ အညစ်အကြေး dust and dirt များလွန်းတဲ့နေရာတွေနဲ့ (vi) mechanical stress များလွန်းတဲ့နေရာတွေဖြစ်ပါတယ်။

generator တွေမှထုတ်ပေးတဲ့ လျှပ်စစ်ဓါတ်အားကို၊ main switch board မှာရှိတဲ့ bus bar တွေကတဆင့်၊ အသုံးပြုမယ့်နေရာတွေကို ခွဲခြားပေးပို့ပါတယ်။ သဘော်မှာအသုံးပြုတဲ့ main switch board တွေဟာ 'self mounted - drip proof type' တွေဖြစ်ပြီး၊ လက်ခံမယ့် လျှပ်စစ်ဓါတ်အားဟာ AC 50 volt ထက်ကျော်ရင် 'dead front panel' ဖြစ်ရမယ်လို့ SOLAS regulation အရသတ်မှတ်ထားပါတယ်။ 'self mounted' ဆိုတာကတော့ main switch board ဟာ bulkhead လို နံရံမှာကပ်ပြီး၊ တတ်ဆင်ထားတာ မဟုတ်သလို၊ standing frame လို ဘောင်တခုခုကို မှီပြီး တတ်ဆင်ထားတာမျိုးလည်းမဟုတ်ပဲ၊ သီးခြား ရပ်တည်နေတာရယ်လို့ ပြောနိုင်ပါတယ်။

'drip proof' ဆိုတာကတော့ တော်ရုံတန်ရုံ ရေမှုန်ရေမွှားရေစက်တွေ စင်တဲ့အခါနဲ့ ရေတွေကျတဲ့ အခါတွေမှာ main switch board ထဲမဝင်နိုင်အောင်၊ panel တံခါးတွေမှာ liner တွေထည့်သွင်း တတ်ဆင်ထားခြင်း ဖြစ်ပါတယ်။ main switch board ရဲ့ panel တွေမှာရှိတဲ့ barker တွေကို၊ off လုပ်ပြီးမှသာ panel တံခါးတွေကို၊ ဖွင့်လို့ရစေဖို့ စီမံထားတာကိုတော့ 'dead front panel' လို့ခေါါပါတယ်။ ဒါ့အပြင် main switch board ရှေ့နဲ့နောက်ဖက်နေရာတွေမှာ 'hand rail' လို့ခေါါတဲ့ လက်ကိုင်တန်းတွေ တတ်ဆင်ထားဖို့နဲ့ main switch board ရှေ့နဲ့ နောက်ဖက် ကြမ်းပြင် floor မှာတော့ 'insulation map' လို့ခေါါတဲ့ rubber sheet တွေခင်းထားဖို့ SOLAS regulation မှာ ပြဌာန်းထားပါသေးတယ်။

open circuit fault, earth fault နဲ့ short circuit fault ဆိုတဲ့ circuit fault တွေပေါါပေါက်လာတဲ့အခါ၊ main switch board မှာတတ်ဆင်ထားတဲ့ safety devices တွေမှတဆင့်၊ လျပ်စစ်ဓါတ်အားပေးပို့မှုကို လိုအပ်သလို isolate ခွဲခြားပေးပါတယ်။ အခြေခံ safety devices တွေကတော့ circuit breakers တွေ၊ fuses တွေနဲ့ over current relay တွေဖြစ်ကြပြီး၊ dead front panel ကိုလည်း safety device တခုအနေနဲ့ ထည့်သွင်းစဉ်းစား နိုင်ပါတယ်။ over load ဖြစ်တဲ့အခါတွေနဲ့ short circuit fault ပေါါပေါက်တဲ့အခါတွေမှာ၊ circuit breaker တွေကတဆင့် အလိုအလျှေက် ဖြတ်တောက်ပေးပါတယ်။ အလားတူ rating အမျိုးမျိုးရှိတဲ့ fuses တွေမှတဆင့် short circuit ဖြစ်ပေါါတဲ့အခါ isolate လုပ်ပေးပါတယ်။ တတ်ဆင်ထားတဲ့ fuses တွေဟာ rated current ပမာဏထက် (၁) ဆခွဲပိုတဲ့ fuses တွေဖြစ်ပါတယ်။ over current relays တွေကတော့ high current ဖြစ်ပေါါလာတဲ့အခါ၊ တားဆီးပေးပါတယ်။


main switch board ကို feeder side နဲ့ load side ရယ်လို့ခွဲခြားနိုင်ပြီး၊ feeder side ဟာ လျှပ်စစ်ဓါတ်ကို၊ လက်ခံရယူတဲ့ အပိုင်းဖြစ်ကာ၊ parallel operation ဆိုတဲ့ generators တွေချိတ်ဆက်မောင်းနှင်နိုင်ဖို့၊ synchronizing panel လည်းပါဝင်ပါတယ်။ load side ကတော့ လက်ခံရရှိတဲ့ လျှပ်စစ်ဓါတ်အားကို၊ equipment တွေနဲ့ machinery တွေအတွက်၊ အသုံးပြုတဲ့အပိုင်းဖြစ်ပြီး၊ essential load နဲ့ non-essential load side ရယ်လို့ (၂) ပိုင်း ခွဲခြားနိုင်ပါတယ်။ သဘော်ရဲ့ safety, propulsion နဲ့ navigation တို့နဲ့ ပက်သက်တဲ့ equipments တွေ၊ critical machinery တွေဟာ essential load တွေဖြစ်ပြီး၊ လိုအပ်တဲ့ လျှပ်စစ်ဓါတ်အားကို၊ main switch board မှတိုက်ရိုက်ပေးပို့သလို၊ sectional boards တွေနဲ့ distribution boards တွေမှတဆင့် 'group starter panel' တွေထပ်မံခွဲထုတ်ကာ၊ လျှပ်စစ်ဓါတ်အားပေးပို့ပါတယ်။


 Fig. Group starter panel 

လျှပ်စစ်ဓါတ်အားကို main switch board bus bar တွေမှတဆင့်၊ distribution boards တွေထံပေးပို့တဲ့အခါ individual circuit breaker တွေခံကာပေးပို့သလို၊ distribution boards တွေမှ group starter panels တွေကိုပေးပို့တဲ့ အခါမှာလည်း၊ individual circuit breaker တွေခံ ကာပေးပို့ပါတယ်။ main switch board နဲ့တဆက်တည်း၊ တတ်ဆင်ထားတဲ့ group stater panels တွေကို bus bar တွေမှတိုက်ရိုက်ပေးပို့ ပြီး၊ သီးခြားတတ်ဆင် ထားတဲ့ group starter panels တွေဆီကိုတော့ cable တွေ အသုံးပြုကာပေးပို့ပါတယ်။ သီးခြားတတ်ဆင်ထားတဲ့ group starter panels တွေအတွင်း ရရှိလာတဲ့ လျှပ်စစ်ဓါတ်အားကို၊ bus bar အငယ်စားတွေကိုသုံးပြီး individual starter panel တွေ အတွင်းသို့ breaker တွေခံကာပေးပို့ပါတယ်။ individual stater panel တွေဟာ၊ cable တွေအသုံးပြုပြီး သက်ဆိုင်ရာ machinery တွေကိုပေးပို့ကာမောင်းနှင် လည်ပတ်စေပါတယ်။


ဒါ့အပြင်လျှပ်စစ်ဓါတ်အားကို၊ 'transformer' မှတဆင့် 220 volt သို့မဟုတ် 110 volt သို့ step down လျှော့ချကာ၊ lighting, sockets တွေနဲ့ domestic used အတွက်ပေးပို့ပါတယ်။ တနည်းအားဖြင့် 'secondary distribution' လို့ခေါါနိုင်ပါတယ်။ မီးလောင်ခြင်း fire၊ ရေလွှမ်းခြင်း flooding ၊ သောင်တင်ခြင်း grounding နဲ့ သဘော်တိုက်ခြင်း collision အစရှိတဲ့ emergency အရေးပေါါအခြေအနေတွေမှာ၊ critical machinery တွေဖြစ်တဲ့ essential load တွေအတွက်၊ လျှပ်စစ်ဓါတ်အား ကို emergency switch board မှတဆင့်ပေးပို့ပါတယ်။ main switch board နဲ့ main generators တွေဟာ သဘော်ရဲ့ water line အောက်မှာ တတ်ဆင်ထားပြီး၊ emergency switch board နဲ့ emergency generator တို့ကိုတော့ water line သို့မဟုတ် load line ရဲ့အထက် နေရာတွေဖြစ်တဲ့ upper deck လို၊ continuous deck မှာ သီးခြားတတ်ဆင်ထားပါတယ်။ သာမန်အခြေအနေမှာ generator မှ၊ လျှပ်စစ်ဓါတ်အားကို main switch board နဲ့ emergency switch board ကိုပေးပို့ပါတယ်။ အကြောင်းတစုံတခုကြောင့် generator ဟာ၊ လျှပ်စစ်ဓါတ်အားကို main switch board သို့မပို့နိုင်တော့တဲ့အခါ၊ emergency generator အလိုအလျှောက် စတင်လည်ပါတ်ပြီး၊ emergency switch board မှတဆင့် essential load တွေထံ၊ လျှပ်စစ် ဓါတ်အားပေးပို့မှာဖြစ်ပါတယ်။


Reference and image credit to : Marine electrical equipment and practice by H.D Mc George, http://www.ship-technology.com, http://www.ubitechonline.com,

Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party. 

1 comment: