Pages

Saturday 25 August 2012

Hydraulic control valves (၂)

Safety valve - control valve နဲ့အတူ တွဲဖက်ပြီး၊ circuit အတွင်းမှ hydraulic cylinder သို့မဟုတ် hydraulic motor တိုင်းမှာ safety valve တွေကို၊ တတ်ဆင်ထားပါတယ်။ hydraulic cylinder သို့မဟုတ် hydraulic motor ဟာ ပုံမှန်ထက်ပိုမိုများပြားတဲ့ဝန်အပို 'excessive load' ကို ထမ်းဆောင်ရခြင်းကြောင့်၊ ပေါါပေါက်လာတဲ့ abnormal high-pressure fluid ကို safety valve မှ၊ လျှော့ချပေးပါတယ်။ သာမန် ordinary hydraulic circuit တွေမှာ abnormal high-pressure အနေနဲ့ မြင့်တက်လာလာမယ့် hydraulic fluid ကို၊ small relief flow rate ဖြင့်စီးဆင်းလျှော့ချပေးရန်၊ safety valve တွေကို direct acting valve အဖြစ်၊ တည်ဆောက် အသုံးပြုပါတယ်။ အရွယ်အစားကြီးမားတဲ့ hydraulic circuit တွေမှာတော့ large relief flow rate ဖြင့်စီးဆင်းလျှော့ချပေးရန်၊ safety valve တွေကို pilot valve အဖြစ်၊ တည်ဆောက်အသုံးပြုပါတယ်။ safety valves တွေမှ low peak pressure ဖြင့်လျှော့ချပေးခြင်းဖြင့် hydraulic cylinder သို့မဟုတ် hydraulic motor တို့မှာသက်ရောက်လာမယ့်၊ excessive shock ကိုကာကွယ်ပေးသလို၊ excessive load ကိုထမ်းဆောင်နေစဉ် relief flow rate ကို ထိမ်းသိမ်းကာလျှော့ချပေးခြင်းဖြင့်၊ hydraulic cylinder သို့မဟုတ် hydraulic motor တို့မှာ ထမ်းဆောင်ထားရတဲ့ ဝန်ကြောင့်၊ ရုတ်တရက်ပြိုလဲပျက်စီးမှု fall down မဖြစ်စေရန်၊ တားဆီးပေးပါတယ်။

hydraulic cylinder သို့မဟုတ် hydraulic motor တို့မှာ external impact ဖြစ်ပေါါတဲ့နေရာအပေါါ မူတည်ပြီး၊ safety valve ရဲ့ အလုပ်လုပ်ပုံ၊ ကွာခြားပါတယ်။ hydraulic cylinder ရဲ့ ထိပ်ဖက် cylinder head မှ external impact ကြောင့်ပေါါပေါက်လာတဲ့ critical pressure သို့မဟုတ် abnormal high-pressure fluid ဟာ၊ hydraulic circuit မှတဆင့် safety valve ရဲ့ port "A" သို့သာ၊ ဝင်ရောက်ပါတယ်။ abnormal high-pressure fluid ရဲ့ တွန်းအားကြောင့် valve အတွင်းမှ၊ spool ဟာ ဘယ်ဖက်သို့ရွှေ့သွားပြီး၊ relief port တွေအားလုံးကို ဖွင့်ပေးလိုက်ခြင်းကြောင့်၊ tank အတွင်းသို့ high-pressure fluid flow စီးဆင်းသွားပါတယ်။ hydraulic cylinder ရဲ့ အောက်ခြေ cylinder bottom နဲ့ ဆက်သွယ်ထားတဲ့ hydraulic circuit ကတော့၊ ပိတ်လျှက် closed position အနေအထားမှာ၊ ရှိနေမှာဖြစ်ပါတယ်။ 

hydraulic cylinder ရဲ့အောက်ခြေ cylinder bottom မှ external impact ကြောင့်ပေါါပေါက်လာတဲ့ abnormal high-pressure fluid ကတော့၊ hydraulic circuit မှတဆင့် safety valve ရဲ့ port "B" သို့၊ ဝင်ရောက်ပါတယ်။ abnormal high-pressure fluid ရဲ့ တွန်းအားကြောင့် valve အတွင်းမှ၊ spool ဟာ ညာဖက်သို့ရွှေ့သွားပြီး၊ relief port တွေအားလုံးကို ဖွင့်ပေးလိုက်ခြင်းကြောင့်၊ tank အတွင်းသို့ high-pressure fluid flow စီးဆင်းသွားပါတယ်။ hydraulic cylinder ရဲ့ ထိပ်ဖက် cylinder head နဲ့ ဆက်သွယ်ထားတဲ့ hydraulic circuit ကတော့၊ ပိတ်လျှက် closed position အနေအထားမှာ၊ ရှိနေမှာဖြစ်ပါတယ်။ အလားတူ hydraulic motor တွေမှာလည်း external impact ကြောင့်ပေါါပေါက်လာတဲ့ abnormal high-pressure fluid ဟာ၊ motor ရဲ့ လည်ပတ်မှုလားရာ direction of rotation ပေါါ မူတည်ပြီး၊ hydraulic circuit မှတဆင့် safety valve ရဲ့ port "A" သို့မဟုတ် port "B" သို့၊ ရွှေးချယ်ဝင်ရောက်ပါတယ်။

Fig. Peak pressure

hydraulic cylinder ဟာ excessive load ကြောင့် hydraulic circuit မှာ abnormal high-pressure fluid ဖြစ်ပေါါစဉ် သို့မဟုတ် hydraulic cylinder ဟာ အဆုံးအနေအထား stroke end position သို့ရောက်ရှိ သွားတဲ့အတွက် abnormal high-pressure fluid ဖြစ်ပေါါစဉ်၊ safety valve မှ high-pressure fluid ကို relief အနေနဲ့မလျှော့ချခင်အချိန်အခိုက်အတန့်မှာ၊ 'set pressure' ပမာဏထက် ပိုမိုမြင့်မားတဲ့ pressure တန်ဖိုးတခု၊ ပေါါပေါက်လာပြီး 'surge pressure' လို့ခေါါပါတယ်။ hydraulic motor တွေမှာလည်း excessive load ကြောင့် surge pressure ဖြစ်ပေါါတတ်ပါတယ်။ surge pressure ကြောင့် hydraulic circuit အတွင်းမှ components တွေမှာ 'cavitation' ဖြစ်ပေါါနိုင်သလို၊ hydraulic fluid flow ကို အနှောက်အယှက်ပေးတဲ့အတွက်၊ control valve တွေရုတ်တရက် ပိတ်ဆို့သွားတတ်ပါတယ်။ ဒါ့အပြင် valve ပွင့်စဉ်၊ hydraulic fluid flow ဟာ high pressure side အခြမ်းမှ low pressure side အခြမ်းသို့၊ ရုတ်တရက် စီးဆင်းသွားတတ်ပါတယ်။

(၂) - Flow control valve - pressure-compensated flow control valve, quick drop valve တို့ဟာ flow control valve တွေဖြစ်ကြပါတယ်။ flow control valve တွေဟာ hydraulic circuit အတွင်းမှာ load အပြောင်းအလဲ ရှိနေပေမယ့် circuit အတွင်းမှ hydraulic fluid ကို၊ constant flow rate ဖြင့် တသမတ်တည်း စီးဆင်းနေစေရန်၊ ဆောင်ရွက်ပေးပါတယ်။

hydraulic circuit အတွင်းမှ fluid စီးဆင်းမှုမရှိခင်၊ spring force ဖြင့် flow control valve ဟာ closed position အနေအထားဖြင့်၊ ပိတ်မြဲပိတ်နေပါတယ်။ hydraulic circuit အတွင်းမှ fluid ဟာ၊ ပုံမှာဖော်ပြထားတဲ့ flow direction အတိုင်း၊ valve အတွင်းသို့ ဝင်ရောက်လာတဲ့အခါ၊ port 'A', 'B' နဲ့ 'C' တို့အားလုံး ပွင့်သွားမှာဖြစ်ပြီး၊ large flow rate ပမာဏဖြင့် ဖြတ်သန်းစီးဆင်းသွားမှာဖြစ်ပါတယ်။ flow control valve မှာ rusting အနေနဲ့ သံချေးတက်နေခြင်းနဲ့ existence of foreign matters ဆိုတဲ့ အရာဝထ္တု တခုခုဝင်ရောက်ပြီး၊ ပိတ်ဆို့နေခြင်းတို့ဖြစ်ပေါါနေပါက၊ hydraulic fluid ဟာ valve ရဲ့ port 'B' မှသာ၊ restricted flow အဖြစ် ဖြတ်သန်း စီးဆင်းသွားနိုင်ပါတယ်။  

hydraulic circuit အတွင်းမှ fluid ဟာ၊ ပုံမှာဖော်ပြထားတဲ့ ဆန့်ကျင်ဖက် flow direction အတိုင်း၊ valve အတွင်းသို့ ဝင်ရောက်လာတဲ့အခါမှာတော့၊ flow control valve ဟာ closed position အနေအထားဖြင့်၊ ပိတ်မြဲပိတ်နေပြီး၊ port 'B' မှသာ၊ restricted flow အဖြစ် ဖြတ်သန်းစီးဆင်းသွားမှာဖြစ်ပါတယ်။ အကယ်၍ flow control valve မှာ rusting အနေနဲ့ သံချေးတက်နေခြင်းနဲ့ existence of foreign matters ဆိုတဲ့ အရာဝထ္တုတခုခုဝင်ရောက်ပြီး၊ ပိတ်ဆို့နေခြင်းတို့ဖြစ်ပေါါနေပါက၊ port 'A', 'B' နဲ့ 'C' တို့အားလုံး ပွင့်သွားမှာဖြစ်ပြီး၊ fluid flow rate ကို control အဖြစ်ထိမ်းသိမ်းလို့မရရှိတော့ပဲ၊ free flow rate အနေနဲ့သာ စီးဆင်းသွားနိုင်ပါတယ်။

Pressure compensated flow control valve - hydraulic pump အထွက် discharge မှရရှိလာတဲ့ fluid ရဲ့ total flow rate "Q" ဟာ၊ flow control valve အတွင်းမှ return spring ရဲ့ force ထက်ပိုများမှသာ၊ valve ပွင့်မှာဖြစ်ပါတယ်။ flow control valve အတွင်းမှ orifice ကိုဖြတ်သန်းပြီး၊ hydraulic cylinder သို့မဟုတ် hydraulic motor သို့စီးဆင်းဝင်ရောက်မယ့် flow rate ကို "Q1" လို့သတ်မှတ်ပြီး၊ valve shoulder နဲ့ drain hole တို့မှတဆင့် hydraulic tank သို့ drain အဖြစ် return အနေနဲ့ စီးဆင်း ဝင်ရောက်မယ့် flow rate ကိုတော့ "Q2" လို့သတ်မှတ်ပါတယ်။ flow rate "Q1" ဟာ orifice ကို ဖြတ်သန်းစဉ် differential pressure (P1 - P2) ပေါါပေါက်ပါတယ်။ differential pressure (P1 - P2) နဲ့ return spring ရဲ့ force တို့ဟာ balance အနေနဲ့ ညီမျှနေစဉ်၊ valve ရွှေ့လျှားမှု၊ မရှိပဲ closed position မှာသာရပ်တန့်နေမှာဖြစ်ပါတယ်။ flow control valve အတွင်းမှ return spring ရဲ့ pre-load အဖြစ် ချိန်ညှိထားတဲ့ set pressure ဟာ differential pressure (P1 - P2) နဲ့ return spring ရဲ့ force တို့ဟာ balance အနေနဲ့ ညီမျှနေစဉ်၊ ဖြစ်ပေါါလာမယ့် pressure နဲ့ တူညီနေခဲ့လျှင်၊ drain hole ပွင့်သွားမှာဖြစ်ပြီး၊ hydraulic fluid ဟာ "Q2" အနေနဲ့ hydraulic tank သို့ စီးဆင်းသွားပါတယ်။


Fig. Pressure compensated flow control valve

အကယ်၍ flow control valve အတွင်းမှ orifice ကိုဖြတ်သန်းစီးဆင်းမယ့် flow rate "Q1" မြင့်တက် လာတဲ့အခါ၊ differential pressure (P1 - P2) လိုက်ပါမြင့်တက်လာပြီး၊ valve ဟာ ညာဖက်သို့ရွှေ့လျှားသွားကာ၊ drain hole လည်း ပိုမိုပွင့်လာမှာဖြစ်ပါတယ်။ orifice ကိုဖြတ်သန်း စီးဆင်းမယ့် flow rate ဟာ hydraulic cylinder သို့မဟုတ် hydraulic motor သို့စီးဆင်းဝင်ရောက်မယ့် flow rate ထက်ပိုများမှသာ၊ drain hole အတွင်းသို့ စီးဆင်းဝင်ရောက်သွားမယ့် fluid ကို၊ recover အနေနဲ့ အစားထိုးနိုင်ပြီး၊ standard "Q1" ကိုရရှိနိုင်ပါတယ်။ orifice ကိုဖြတ်သန်းစီးဆင်းမယ့် flow rate လျှော့နည်းနေခဲ့လျှင်၊ differential pressure (P1 - P2) လည်းလိုက်ပါကျဆင်းပြီး၊ valve ဟာ ဘယ်ဖက်သို့ရွှေ့လျှားသွားတဲ့အတွက်၊ drain hole အနည်းငယ်သာ၊ ပွင့်ပါတယ်။ တနည်းအားဖြင့် flow control valve မှ drain hole အတွင်းသို့ စီးဆင်းဝင်ရောက်သွားမယ့် fluid ကို restrict fluid flow အဖြစ် စီးဆင်းစေပြီး၊ 'compensated' အနေနဲ့ အစားထိုးနိုင်မှသာ၊ standard "Q1" ကိုရရှိနိုင်မှာဖြစ်ပါတယ်။

load pressure "P2" မြင့်တက်လာတဲ့အခါ၊ orifice ရဲ့ထိပ်မှာသက်ရောက်နေတဲ့ pressure "P1" လည်း၊ လိုက်ပါမြင့်တက်ပြီး differential pressure (P1 - P2) ဟာ အပြောင်းအလဲမရှိ unvaried အနေအထားဖြင့် constant flow rate ကိုစီးဆင်းစေတဲ့အတွက် 'pressure compensated flow control valve' လို့ခေါါခြင်းဖြစ်ပါတယ်။ pressure compensated flow control valve မှာ load pressure "P2" ရရှိစေဖို့အပြင် pressure "P1" ပါလိုက်ပါမြင့်တက်စေဖို့ back pressure ရရှိစေမယ့်၊ throttled passage ကိုထည့်သွင်းတည်ဆောက်ထားပါတယ်။ load pressure "P2" ဟာ valve မှ throttled passage ကိုဖြတ်စီးစဉ်၊ pressure compensated flow တခုဖြစ်ပေါါလာပြီး၊ back pressure ဖြင့်၊ လုံလောက်တဲ့ standard "Q1" ရရှိစေရန်ဆောင်ရွက်ပေးပါတယ်။

Reference and image credit to : ကိုတင်မင်းထူး "Unit Instruction Manual - Hydraulic Control Valves" - KOMATSU

Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party. 

1 comment:

  1. ကျေးဇူးတင်ပါတယ်ခင်ဗျာ

    ReplyDelete