Pages

Sunday 12 May 2013

“Crankshaft Deflection”

သဘော်ရဲ့ main engine ဟာ၊ huge and gigantic structures ဆိုသလို၊ ထုထည်နဲ့ အရွယ်အစားကြီးမားပါတယ်။ ဒါ့အပြင် engine လည်ပတ် မောင်းနှင်တဲ့ အခါ၊ pistons တွေရဲ့ ရွှေ့လျှား လှုပ်လျှားမှုမှ တဆင့်၊ force တွေအများအပြား သက်ရောက်မှုရှိပါတယ်။ engine ရဲ့ weight နဲ့ force တွေကို၊ ခံနိုင်ရည် ရှိရန် တောင့်တင်းတဲ့ strong base အပေါါမှာ၊ တတ်ဆင်ထားသလို၊ engine back plate ကလည်း၊ engine block နဲ့ crankshaft တို့ကို၊ structural base အနေနဲ့ support လုပ်ပေးထားပါတယ်။


Fig. Engine bed plate 

အရွယ်အစားကြီးမားတဲ့ engine တွေရဲ့ bed plate ကို၊ longitudinal နဲ့ transverse direction အဖြစ်၊ တည်ဆောက်ထားသလို၊ engine ရဲ့ size အရွယ်အစား၊ weight အလေးချိန်၊ type အမျိုးအစားနဲ့ structure တည်ဆောက်ဖွဲ့စည်းပုံပေါါမူတည်ပြီး၊ design ပုံစံအနေအထား၊ ကွာခြားမှုရှိပါတယ်။ bed plate ကို၊ foundation bolts တွေနဲ့ secured လုပ်ထားသလို၊ foundation bolts တွေဟာ shear stress ကိုလည်း ခံနိုင်ရည်ရှိရန် လိုအပ်ပါတယ်။

bed plate ရဲ့ cross girders တွေဟာ၊ gravity နဲ့ inertial forces တွေကြောင့်၊ မြင့်မားတဲ့ cyclic loading သက်ရောက်မှုခံရတဲ့၊ အစိတ်အပိုင်းတွေဖြစ်ပါတယ်။ ဒါ့အပြင် bed plate ဟာ၊ excessive vibrations ကို ခံနိုင်ရည်ရှိရန်လိုအပ်ပါတယ်။ bed plate မှာ flaws ဆိုတဲ့ အနာအဆာတွေရှိခဲ့လျှင် crankshaft မှာပါ၊ misaligned ဖြစ်ပေါါလာနိုင်တဲ့ အတွက်၊ bed plate ရဲ့ cross girders, welded seams တွေနဲ့ holding bolts တွေရဲ့ tightness ကို၊ regular inspection အဖြစ်၊ ပုံမှန်စစ်ဆေးရန် လိုအပ်ပါတယ်။

engines ရဲ့ အစိတ်အပိုင်းတွေ၊ တည်ဆောက်တဲ့အခါ၊ ferrous metals နဲ့ non-ferrous metals တွေကို၊ categories အလိုက်၊ အမျိုးအစား ခွဲခြားအသုံးပြုကြပါတယ်။ ferrous metals မှာ iron သံဆိုတဲ့ အဓိကပါဝင်ပြီး၊ cast iron, wrought iron နဲ့ steels အမျိုးမျိုးတို့ကို အသုံးပြုပါတယ်။ non-ferrous metals မှာတော့ aluminum, copper, zinc, lead နဲ့ tin တို့ကို၊ အသုံးပြုပါတယ်။ bed plate ဟာ၊ crankshaft ရဲ့ rigid seating ဖြစ်ပြီး၊ deep longitudinal girders တွေနဲ့ cross girder လို့ခေါါတဲ့၊ transverse girders တွေကို၊ welding joints တွေနဲ့ဆက်ကာ တည်ဆောက်ထားပါတယ်။

longitudinal girders တွေအတွက်၊ mild steel ကိုအသုံးပြုပြီး၊ transverse girders တွေအတွက်၊ cast iron ကိုအသုံးပြုပါတယ်။ bed plate ရဲ့ engine mountings တွေကို၊ frames တွေနဲ့ support ပြုလုပ်ပေးထားပါတယ်။ frame တိုင်းမှာ cross girder တခုစီ တတ်ဆင်ထားသလို၊ mild steel plates တွေနဲ့ tubes တွေကို အသုံးပြုတည်ဆောက်ထားပါတယ်။ bed plate ကို holding down အဖြစ်၊ အထိုင်ချတဲ့နေရာမှာ၊ မြဲမြံစေရန် chocks အနေနဲ့၊ cast steel နဲ့ epoxy resin ကိုသုံးပြီး၊ UTS steel နဲ့ ပြုလုပ်ထားတဲ့၊ tank top plate အပေါါမှာ၊ holding down bolts တွေနဲ့ secured ဖမ်းထားပါတယ်။

bed plate အပေါါမှာထိုင်ထားတဲ့ crankshaft ကို၊ tensile strength အနေနဲ့ (590 ~ 680) N/ mm2 ရှိတဲ့၊ low alloyed Cr –Mo steel, normalized unalloyed carbon steel, cast throw mild steel, forged သို့မဟုတ် cast carbon steel နဲ့ forged nickel steel အစရှိတဲ့ materials တွေကို အသုံးပြုတည်ဆောက်လေ့ ရှိပါတယ်။


Fig. Bed plate - (A) transverse girder (cast iron), (B) longitudinal girder (mild steel), (C) limit stop, (D) chocks

crankshaft material အတွက်အသုံးပြုထားတဲ့ဟာ၊ strength ကောင်းရန် လိုအပ်တဲ့ အပြင် fatigue failure မဖြစ်ပေါါစေဖို့ high endurance limit ရှိတဲ့၊ material ဖြစ်ရန်လည်းလိုအပ်ပါတယ်။ ဒါ့အပြင် good surface finish အနေနဲ့ရှိရန်လိုအပ်ပြီး၊ journals နဲ့ crank pins နေရာတွေဟာလည်း၊ hardened resist wear ဖြစ်ရန် လိုအပ်ပါတယ်။ load ကို ထမ်းရတဲ့အတွက်၊ bearing line alignment ကောင်းဖို့နဲ့ resist bending ရှိရန်လည်းလိုအပ်ပါတယ်။ crankshaft ရဲ့ material composition ဟာ၊ engine speed အပေါါမူတည်ပြီး၊ ကွဲပြားမှုရှိပါတယ်။ crank shafts တွေကို ခွဲခြား ကြည့်တဲ့အခါ၊ fully-built crankshaft, semi-built crankshaft, welded crankshaft နဲ့ flanged coupling crankshaft ဆိုပြီးတွေ့ရပါတယ်။ 


Fig. SULZER RND 10 engine's crankshaft stress diagram

Main engine မောင်းနှင်တဲ့အခါ၊ pistons တွေရဲ့ weight, combustion loads နဲ့ compressive loads တို့အပြင်၊ သဘော်ရဲ့ main engine ဟာ၊ ရေထဲမှာ immersed အဖြစ်မြုတ်နေတဲ့ propeller ရဲ့ axial load ကိုပါ၊ ထမ်းထားရတဲ့ အတွက်၊ crank shaft မှာ၊ twisting နဲ့ bending forces အများအပြား သက်ရောက်နေပါတယ်။

crank-webs, crank-pins နဲ့ journals တွေအပါအဝင်၊ crankshaft တချောင်းလုံးရဲ့ weight ကို၊ bed plate မှ တဆင့် journals တွေရဲ့ main bearings မှ၊ support အနေနဲ့ ထမ်းထားရပါတယ်။ main bearings တွေကို၊ အသုံးပြုဖို့သက်မှတ်ထားတဲ့ အချိန်၊ recommended running hours သက်တမ်းထက် ကျော်လွန်ပြီး၊ အသုံးပြုတဲ့အခါ၊ bearings တွေဟာ၊ wear down အနေနဲ့ ပွန်းစားသွားတတ် ပါတယ်။ bearing wear down ဟာ၊ crankshaft ရဲ့ entire length တလျှောက်မှာရှိတဲ့၊ journals တွေနေရာမှာ uniform wear down အနေနဲ့ တညီတည်း စားသွားတာမျိုး မဟုတ်တဲ့အတွက်၊ crankshaft ဟာ၊ initial straight အနေနဲ့ တဖြောင်းတည်း မရှိနိုင်တော့ပါဘူး။

အဲဒီအခါ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့၊ up ward သို့မဟုတ် down ward bent အနေအထားမျိုးနဲ့ အနည်းငယ် slight degree အနေအထားဖြင့်ကောက်သွားနိုင် သလို၊ crankshaft အပေါါ သက်ရောက်နေတဲ့ repeated loading forces တွေကြောင့်၊ crank-web မှာ၊ fatigue ဆိုတဲ့ structural damage အက်ကွဲမှုတွေ ဖြစ်ပေါါလာတတ်ပါတယ်။


Fig. Crank-web structural damage

crankshaft ဟာ၊ သတ်မှတ်ထားတဲ့၊ initial straight limit အတွင်းမှာ ရှိနေရန်လိုအပ်ပါတယ်။ straight limit အတွင်းရှိနေခြင်း ရှိမရှိကို၊ crankshaft deflection ပုံမှန်စစ်ဆေးခြင်းဖြင့် သိနိုင်ပါတယ်။ crankshaft deflection ဆိုတာကတော့ crank-web (၂) ခုအကြားမှ၊ အကွာအဝေးကို dial gauge ကိုသုံးကာ တိုင်းတာခြင်းဖြစ်ပါတယ်။ deflection တိုင်းတာတဲ့အခါ မူလက၊ တိုင်းတာခဲ့တဲ့ နေရာကို၊ center punch နဲ့ အသေအခြာမှတ်သားပြီး၊ time interval တခုမှာ၊ ထပ်မံတိုင်းတာတဲ့အခါ၊ မူလက center punch ဖြင့် မှတ်သားထားတဲ့ နေရာ မှသာ၊ ပြန်လည်တိုင်းတာသင့်ပါတယ်။


Fig. Crankshaft deflection

ပုံမှန်အားဖြင့် crank - web ရဲ့ top, bottom နဲ့ sides ဆိုပြီး၊ အပေါါ၊ အောက်၊ ဘေး ဖက် (၂) နေရာ၊ စုစုပေါင်း point နေရာ (၄) ခုမှ တိုင်းတာကြ ပါတယ်။ ဒါ့အပြင် သဘော်ရဲ့ load , trim, hog နဲ့ sag အစရှိတဲ့ condition တွေကိုလည်း၊ ထည့်သွင်းမှတ်သားရသလို၊ dock တင်တဲ့ အခါမှာလည်း before docking နဲ့ after docking ဆိုပြီး၊ docking မတင်ခင်နဲ့ docking တင်ပြီးမှာ၊ တိုင်းတာလေ့ရှိပါတယ်။


Fig. Crankshaft deflection reading points

Crank - web ရဲ့ bottom center position point မှ၊ တိုင်းတာတဲ့အခါ connecting rod မှ၊ fouling အနေနဲ့ ဖုံးအုပ်ကာကွယ်ထားသလိုဖြစ်နေတဲ့ အတွက်၊ လက်တွေ့မှာ crankshaft deflection ရယူရန်မဖြစ်နိုင်တာတွေ့ရပါတယ်။ ဒီ့အတွက် crank-web bottom မှ၊ ဘယ်ဖက်နဲ့ ညာဖက် position အမှတ် (၂) ခုကိုသာ၊ တိုင်းတာနိုင်ပြီး၊ crankshaft deflection reading point အနေနဲ့ စုစုပေါင်း (၅) ခုရရှိလာမှာ ဖြစ်ပါတယ်။

 
အထက်မှာဖော်ပြထားတဲ့၊ ဇယားဟာ cylinder unit တခုခြင်းစီရဲ့ position (၅) ခုမှ၊ တိုင်းတာရရှိလာတဲ့ deflection reading တွေဖြစ်ပြီး၊ ယူနစ်ကတော့ 1/100 mm ဖြစ်ပါတယ်။ အောက်ဆုံးအတန်း final row မှာ၊ ဖော်ပြထားတဲ့ reading တွေ ကတော့၊ top နဲ့ bottom reading ရဲ့ ကွာခြားချက်ဖြစ်ပါတယ်။ အင်ဂျင် ထုတ်လုပ်သူ engine maker မှ၊ သတ်မှတ်ထားတဲ့ maximum permissible limit ဖြင့်နှိုင်းယှဉ်ကြည့်ပြီး၊ crankshaft မှာ vertical mis-alignment ဖြစ်ပေါါခြင်း ရှိမရှိကို၊ စစ်ဆေးရန်လိုအပ်ပါတယ်။


နောက်ပိုင်းမှာတော့ crankshaft deflection တိုင်းတာတဲ့အခါ၊ dial gauges တွေ အစား၊ electronic measuring instruments တွေကို အသုံးပြုကာ တိုင်းတာကြ ပါတယ်။

Reference and image credit to :
Principles & Practice of Marine Diesel Engines - Sanyal, D.K. (1998), 

Remark :  All publications and images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.
 




No comments:

Post a Comment