Pages

Saturday, 26 January 2013

Electronic Chart Display and Information System ကြောင့် စစ်သဘော်သောင်တင်ခြင်း

'တိုးအေး' သဘော်မောင်းနှင်တဲ့ ရေယာဉ်မှူး (ဆလင်/ တက်မကိုင်) လည်း၊ ရန်ကုန်မြစ်ထဲမှာ တက်မ wheel ကို၊ လက်နဲ့လှည့် မောင်းရင်း collision ဖြစ်ကာ၊ သဘော်တိုက်ခဲ့ဖူးသလို၊ ဆူးလူးပင်လယ်လို အပြောကျယ်တဲ့ ဗွေပင်လယ်မှာ၊ အီလက်ထရောနစ်စက်ပစ္စည်းတွေ၊ အကူအညီနဲ့ မောင်းရင်း grounding ဖြစ်ကာ၊ သောင်တင်တတ်တာကိုလည်း၊ တောက်တိုမယ်ရ၊ ကြားဖူးနားဝ အနေနဲ့ ရေးပါဦးမယ်။

Fig. Yangon River (Rangoon River) and Approaches, Admiralty Charts No. 0833

သဘော်တွေ၊ တနေရာနဲ့ တနေရာကို သွားလာခုတ်မောင်းတဲ့အခါ၊ ရေပုံ ဆိုတဲ့ nautical charts တွေကို၊ အသုံးပြုရပါတယ်။ တကမ္ဘာလုံးမှာ အသုံးပြုနေတဲ့ nautical charts တွေဟာ၊ United Kingdom Hydrographic Office ဆိုတဲ့ ဗြိတိသျှဘုရင်မကြီးရဲ့ ဇလဗေဒဆိုင်ရာတိုင်းတာရေးရုံးမှ၊ ထုတ်ဝေတာ ဖြစ်သလို၊ Admiralty Charts တွေလို့ ခေါါပါတယ်။ မူပိုင်ခွင့် copy right အနေနဲ့ ဗြိတိသျှဓနသဟာယ common wealth နိုင်ငံတွေ အားလုံးနဲ့ သက်ဆိုင်တဲ့အတွက်၊ 'crown copyright' ရယ်လို့၊ အမှတ်အသား ပြုထားပါတယ်။ ရေပုံစာရွက် mapping အနေနဲ့ အရည်အတွက် (၃၀၀၀) ကျော်တဲ့ nautical charts တွေကို၊ large-scale charts, medium-scale charts နဲ့ small-scale charts ဆိုပြီး ခွဲခြား အသုံးပြုကြပါတယ်။ large-scale charts တွေကို၊ entrances to harbours ဆိုတဲ့ ဆိပ်ကမ်းအဝင် အထွက်၊ မောင်းနှင်ခြင်းကိစ္စတွေမှာ အသုံးပြုကာ၊ medium-scale charts တွေကို coastal areas ဆိုတဲ့၊ ကမ်းခြေ အနီးအနား မောင်းနှင်ခြင်းကိစ္စတွေမှာ အသုံးပြုပါတယ်။ small-scale charts တွေကိုတော့ open areas ဆိုတဲ့၊ ပင်လယ်သမုဒ္ဒရာအတွင်း၊ မောင်းနှင်ခြင်းကိစ္စတွေမှာ အသုံးပြုကြပါတယ်။ 
'ဒူဒူ' တို့လို ဗုစုခရုတွေကတော့ ရေပုံစာရွက် chart paper mappings တွေဟာ၊ စာရွက်အသား ကောင်းသမို့၊ ခပ်ပါးပါး gasket paper အနေနဲ့ အလိုရှိသလို၊ စက်ခန်းမှာ တွင်တွင်ကျယ်ကျယ်၊ အသုံးပြုကြပါတယ်။
ဇလဗေဒ hydrology ဆိုင်ရာ အချက်အလက်တွေဟာ၊ အချိန်နဲ့ အမျှပြောင်းလဲနေပါတယ်။ သက်ဆိုင်ရာ တိုင်းပြည်တွေရဲ့ ရေကြောင်းဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေမှ အချိန်နဲ့ တပြေးးညီ updated ပေးပို့တဲ့ သတင်း၊ အချက်အလက်တွေအပေါါ မူတည်ပြီး၊ United Kingdom Hydrographic Office ဟာ၊ ရေပုံတွေမှာ ဖြည့်စွက် ပြင်ဆင်မှု amended ကိစ္စတွေကို၊ ဆောင်ရွက်ရသလို၊ သက်ဆိုင်ရာ တိုင်းပြည်တွေရဲ့ ရေကြောင်းဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေကိုလည်း၊ mariners' notice အနေနဲ့ ပြန်လည် သတင်းပေးပို့ရပါတယ်။ ရေကြောင်းဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေဟာ၊ သဘော်လိုင်းတွေသို့ ၊ mariners' notice တွေကို ဆက်လက်ပေးပို့ပြီး၊ သဘော်မှ ရေပုံစာရွက် ပြင်ဆင်ခြင်း chart correction အားဆောင်ရွက်ရပါတယ်။ 


Fig. ECDIS

နောက်ပိုင်းမှာတော့ ရေပုံစာရွက် chart papers တွေအစား၊ Electronic Chart Display and Information System ဆိုတဲ့ ECDIS စနစ်တွေကို၊ သဘော်တွေမှာ တတ်ဆင် အသုံးပြုလာကြပါတယ်။ ECDIS စနစ်ဟာ computer-based navigation information system ဖြစ်ပြီး၊၊ ENC လို့ခေါါတဲ့ electronic navigational charts တနည်းအားဖြင့် DNC လို့ခေါါတဲ့ Digital Nautical Charts တွေနဲ့ radar, Navtex, automatic identification systems (AIS), Sailing Directions နဲ့ fathometer တို့မှ၊ ရရှိလာတဲ့ အချက်အလက်တွေကို၊ ပေါင်းစပ်အသုံးပြုတဲ့ စနစ်လို့ပြောနိုင်ပါတယ်။


ECDIS စနစ်ကို (၂၀၀၂) ခုနှစ်လောက်မှ၊ စတင်ပြီး SOLAS regulation V/ 19-2.1.4 အရ၊ သဘော်တွေမှာ backup arrangement အနေနဲ့ အရံအဖြစ် တတ်ဆင်အသုံးပြုခဲ့ရာမှ၊ IMO Maritime Safety Committee ရဲ့ (၂၀၀၉) ခုနှစ် ဆုံးဖြတ်ချက်အရ၊ safe navigation အနေနဲ့ ဘေးအန္တရာယ်ကင်းရှင်းစွာ၊ သွားလာခုတ်မောင်းနိုင်စေရန်၊ မရှိမဖြတ်တတ်ဆင် အသုံးပြုရမယ့် mandatory requirement စနစ် ဖြစ်လာပါတော့တယ်။ IMO Maritime Safety Committee ရဲ့ MSC. 232(82) အရ အပြည်ပြည်ဆိုင်ရာ international voyages ရေလမ်းခရီးတွေမှာ၊ သွားလာခုတ်မောင်းနေတဲ့ သဘော်တိုင်းမှာ တတ်ဆင် ထားရမှာဖြစ်ပါတယ်။


Fig. USS Guardian, grounding in Sulu Sea, Tubbataha Reef, Philippine waters

USS Guardian ဆိုတဲ့ အမေရိကန်စစ်သဘော်ဟာ၊ Sulu Sea အတွင်းမှ Tubbataha Reef ဆိုတဲ့ သန္တာကျောက်တန်းနဲ့ ငြိပြီး၊ ဒီနှစ် ဇန္နဝါရီလ (၁၇) ရက်နေ့က၊ သောင်တင်သွားခဲ့ ပါတယ်။ ECDIS စနစ် သို့မဟုတ် DNC လို့ခေါါတဲ့ Digital Nautical Charts တွေ တနည်းအားဖြင့် DNC mapping တွေကို၊ အမေရိကန်စစ်သဘော်တွေမှာ တတ်ဆင်အသုံးပြုကြပြီး၊ USS Guardian သောင်တင်ခြင်းဟာ၊ chart data မှ အချက်အလက် erroneous navigation အမှားတွေကြောင့်၊ ပေါါပေါက်ခဲ့ရတယ်လို့၊ ပဏာမစုံစမ်းစစ်ဆေးချက် preliminary findings တွေအရ၊ သိရပါတယ်။ chart data မှ အချက်အလက်တွေထဲမှာ၊ Tubbataha Reef ဆိုတဲ့ သန္တာကျောက်တန်း တည်နေရာကို လွဲမှားစွာဖော်ပြထားတာ တွေ့ရပါတယ်။ USS Guardian ဟာ၊ ရွှေမြန်မာ သဘော်သားတို့ ပျော်စံရာစခန်းသာဆိုတဲ့၊ ပလဝန်း Palawan Island ကျွန်းရဲ့ အရေရှ့တောင်ဖက်၊ မိုင် (၈၀) အကွာမှာ သောင်တင်နေနတာဖြစ်ပြီး၊ U.S. 7th Fleet ဆိုတဲ့ အမေရိကန်အမှတ် (၇) ရေယာဉ်စုဟာ၊ သန္တာကျောက်တန်းမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု environmental effects အနည်းဆုံး အနေအထားဖြင့်၊ သဘော်ဆယ်ယူမှု salvage operations ကိုဆောင်ရွက်နေပါတယ်။


Reference and Image credit to : Admiralty Charts, U.S. Pacific Fleet spokesman Capt. Darryn James On January 19, 2013.

Remark : All publications images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party. 

Saturday, 19 January 2013

မျိုးရိုးဗီဇနဲ့ သန္ဓေပြောင်းခြင်း heredity and mutation

"မြန်မာအင်ဂျင်နီယာဖိုရမ်" ရဲ့ မျိုးရိုးဗီဇအင်ဂျင်နီယာပညာ ဘာသာရပ်မှ၊ 'ငုတ်ဗီဇ' ခေါင်းစဉ်အောက်မှာ၊ ရေးဖြစ်ခဲ့တဲ့ post ကိုပြန်လည် ကူးယူဖော်ပြလိုက်ပါတယ်။
'ငုတ်ဗီဇ' ဆိုတဲ့  'recessive gene' နဲ့ ပက်သက်ပြီး၊ မျိုးရိုးဗီဇအင်ဂျင်နီယာ genetic engineering ပညာရပ်နယ်ပယ်ဖက်မှမဟုတ်ပဲ၊ evolutionary biology ဆင့်ကဲပြောင်းလဲမှုဇီဝဗေဒနဲ့ cognitive psychology သိခြင်းဆိုင်ရာ စိတ်ပညာတို့ကို၊ ပေါင်းစပ်ထားတဲ့ လူမှုရေးသိပ္ပံ social science ပညာရပ်ခေါင်းစဉ်အောက်မှ၊ 'ဆင့်ကဲပြောင်းလဲမှု စိတ်ပညာ' ဆိုတဲ့ evolutionary psychology ပညာရပ်နယ်ပယ် အမြင်နဲ့ ဆွေးနွေး ကြည့်ပါဦးမယ်။ ရုပ်ကြွင်း fossils နဲ့ ဇီဝသက်ရှိ organic compounds ပညာရှင် palaeontologist တဦးဖြစ်သူ 'Stephen Jay Gould' ကတော့ ဆင့်ကဲပြောင်းလဲမှု စိတ်ပညာဟာ၊ ထင်ကြေးနဲ့ ကောလ ဟာလတွေကို၊ မှန်မမှန် စစ်ဆေးခြင်းမရှိပဲ လိုရာဆွဲယူကာ လက်ခံထားတဲ့ ပညာရပ်ရယ်လို့၊ ပြောဖူးပါတယ်။ ဒီ post ကိုလည်း၊ လိုရာ ဆွဲယူပြီးရေးထားတဲ့ post အဖြစ်ယူဆကာ၊ ဖတ်ကြပါလို့ ကြိုတင်တောင်းပန်ပါရစေ။


Fig. Gene

မျိုးရိုးဗီဇနဲ့ သန္ဓေပြောင်းခြင်း heredity and mutation တို့ကြောင့် ဆင့်ကဲပြောင်းလဲမှု revolution ဖြစ်ပေါါလာရပါတယ်။ မျိုးစေ့ သို့မဟုတ် ဗီဇဆိုတဲ့ gene ဟာ၊ cell ထဲမှာရှိနေပြီး၊ ပုံစံတူစေရန် ညွှန်ကြားပေးတဲ့ အရာတခုဖြစ်ပါတယ်။ molecular unit ဖြစ်တဲ့ gene ဟာ မျိုးရိုးဗီဇ heredity ကို ဖြစ်ပေါါစေတဲ့ သက်ရှိဇီဝခန္စာအဖွဲ့အစည်း living organism လည်းဖြစ်ပါတယ်။ DNA လို့ခေါါတဲ့ gene ရဲ့ ညွှန်ကြားချက်အရ ဆဲလ် cell မှ ပရိုတိန်း protein တွေကိုထုတ်ပေးပါတယ်။ gene ဟာ ဆံပင်အညို၊ ဆံပင်အနက်၊ မျက်လုံးအပြာ၊ မျက်လုံးအနက်၊ အသားအဖြူ၊ အသားအညိုနဲ့ အရပ်၊ အတို အရှည် အပါအဝင်၊ စိတ်နေစိတ်ထားတွေကို ညွှန်ကြားပေးတဲ့ အရာဖြစ်ပါတယ်။ သားသမီးတွေ မိဘနဲ့ တူရတာကတော့၊ မိဘထံမှ မျိုးစေ့ သို့မဟုတ် ဗီဇဆိုတဲ့ gene ကိုလက်ခံရရှိခြင်းကြောင့်ဖြစ်ပြီး၊ heredity ဆိုတဲ့ 'မျိုးရိုးဇာတိလက်ခံရရှိခြင်း' လည်းဖြစ်ပါတယ်။

DNA လို့ခေါါတဲ့ gene ဆိုတဲ့ မျိုးစေ့တွေဟာ ကန်ထဲမှာရှိနေသလို အလားသဏ္ဍန်တူပြီး၊ လူရဲ့ မျိုးစေ့တွေဟာ လူမျိုးစေ့ကန်၊ ဆင်ရဲ့မျိုးစေ့တွေဟာ ဆင်မျိုးစေ့ကန်နဲ့ လိပ်ရဲ့ မျိုးစေ့တွေဟာ လိပ်မျိုးစေ့ ကန်မှာ ရှိနေတယ်လို့ ဥပမာပေးပါရစေ။ လူမျိုးစေ့ကန်ထဲမှာ လူရဲ့ပုံသဏ္ဍန်၊ အရွယ်အစားအစရှိတာတွေကို ဖြစ်ပေါါစေတဲ့ လူရဲ့ မျိုးစေ့တွေရှိသလို၊ ဆင်နဲ့လိပ်တို့ရဲ့ လူမျိုးစေ့ကန်တွေထဲမှာလည်း၊ ဆင်နဲ့ လိပ်တို့ရဲ့ ပုံသဏ္ဍန်၊ အရွယ်အစား အစရှိတာတွေကို ဖြစ်ပေါါစေတဲ့ မျိုးစေ့တွေရှိပါတယ်။

မျိုးစေ့ကန်အတွင်း၊ တူညီတဲ့မျိုးစေ့တွေရှိနေပေမယ့် မျိုးစေ့ တခုတလေ သို့မဟုတ် အချို့ဟာ ကွဲပြား ခြားနားနေရာမှ၊ သန္ဓေပြောင်းခြင်း mutation ဖြစ်ပေါါလာရပါတယ်။ တနည်းအားဖြင့် cell တခုထဲ အတွင်းမှာ ရှိနေတဲ့ မျိုးစေ့ကိုယ်တိုင်ပြောင်းလဲသွားခြင်းဖြစ်ပါတယ်။ အရပ်ရှည်စေရန်ပြုလုပ်ပေးမယ့် မျိုးစေ့မှ၊ လက်ချောင်းတချောင်း ပိုထွက်လာစေရန် ပြုလုပ်ပေးလိုက်ခြင်းဟာ သန္ဓေပြောင်းခြင်းဖြစ်သလို၊ cell အသစ် ဖြစ်ပေါါလာခြင်းလည်း ဖြစ်ပါတယ်။ သန္ဓေပြောင်းခြင်းအများစုဟာ အန္တရာယ် ဖြစ်စေတတ်ပါတယ်။ သန္ဓေပြောင်းခြင်းမှပေါါပေါက်လာတဲ့ မျိုးစေ့အသစ်ဟာ ရှင်သန်မှုနဲ့ မျိုးပွားမှုကို အားမပေးလျှင် ကြာကြာမခံသလို၊ ရှင်သန်မှုနဲ့ မျိုးပွားမှုအားကောင်းတဲ့အခါ အခြားမျိုးစေ့တွေကိုပါ၊ ကူးစက်ပြန့်နှံ့သွားပြီး၊ မျိုးစေ့ကန်အတွင်းမှာ မျိုးစေ့အသစ်တွေကိုထပ်မံပေါါပေါက်စေပါတယ်။

သက်ရှိသတ္တဝါတွေမှာ မျိုးစေ့အသစ်တွေထပ်မံပေါါပြီး၊ cell အသစ်တွေပေါါပေါက်ရာမှတဆင့် ဆင့်ကဲပြောင်းလဲမှု revolution ဖြစ်ပေါါလာရပါတယ်။ ဗြိတိသျှလူမျိုး evolutionary biologist ဆင့်ကဲပြောင်းလဲမှု ဇီဝဗေဒပညာရှင် ဝီလျှံဒေါါလ်နယ်ဟယ်လ်မင်တန် 'W.D Hamilton' က ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်မှာ ဖွဲ့စည်းပုံဟာအဓိကမဟုတ်ပဲ၊ သက်ဆိုင်ရာမျိုးစေ့ကသာ အဓိက ကျတယ်လို့ (၁၉၆၄) ခုနှစ်လောက်တုန်းက၊ ပြောခဲ့ပါတယ်။ W.D Hamilton ရဲ့ Hamilton's rule နိယာမအကြောင်းကိုလည်း၊ ထည့်ပြောပါဦးမယ်။

ဆွေမျိုးနီးစပ်သူတွေမှာ၊ တူညီတဲ့မျိုးစေ့တွေရှိကြပြီး၊ သွေးသားတော်စပ်သူတွေကို ကူညီခြင်းဟာ တူညီတဲ့မျိုးစေ့တွေ အခြင်းခြင်း အညီပေးခြင်းဖြစ်သလို၊ မိမိရဲ့ ကိုယ်ပွားတွေကို ကူညီခြင်းဖြစ်တယ်လို့ 'ပါမောက္ခ Richard Dawkins' ကဆိုခဲ့ပါတယ်။ ဆွေမျိုးတော်စပ်မှုပမာဏ coefficient of relatedness ကို 'r' ဆိုတဲ့ တိုင်းတာမှု ကိန်းနဲ့ တွက်ချက်နိုင်ပါတယ်။ အမေရိကန်လူမျိုး geneticist မျိုးရိုးဗီဇပညာရှင် 'Sewall Wright' က၊ coefficient of relatedness ကို ပထမဒီဂရီဆွေမျိုး၊ ဒုတိယဒီဂရီဆွေမျိုးနဲ့ တတိယဒီဂရီဆွေမျိုးဆိုပြီး၊ ပိုင်းခြားကာ၊ 'r' တန်ဘိုးကို တိုင်းတာပြခဲ့ပါတယ်။ 

ပထမဒီဂရီဆွေမျိုးအုပ်စုမှာ မိဘနဲ့ သားသမီးတို့ပါဝင်ပြီး၊ 'r' တန်ဖိုး အနေနဲ့ (၅၀) % ရှိပါတယ်။ ဒုတိယဒီဂရီဆွေမျိုးအုပ်စုမှာတော့ အဘိုး၊ အဘွား၊ ဘကြီး၊ ကြီးဒေါါ၊ ဦးလေး၊ အဒေါါ၊ တူ၊ တူမတို့ ပါဝင်ကာ၊ 'r' တန်ဖိုးအနေနဲ့ (၂၅) % ရှိပါတယ်။ တတိယဒီဂရီဆွေမျိုး အုပ်စုမှာတော့ တစ်ဝမ်းကွဲတွေ ပါဝင်ပြီး၊ 'r' တန်ဖိုးအနေနဲ့ (၁၂. ၅) % ရှိပါတယ်။ သွေးသားတော်စပ်သူတွေအခြင်းခြင်း၊ အပြန်အလှန်အကျိုးကို မမျှော်ကိုးပဲ၊ ကူညီစောင့်ရှောက်ခြင်း ဖြစ်ပေါါစေရန်၊ ဆွေမျိုးတော်စပ်မှုပမာဏ coefficient of relatedness 'r' ဟာ ကောင်းကျိုးတန်ဖိုးအချိုး cost - benefit ratio ဆိုတဲ့ c/ b တန်ဖိုးထက် ကျော်လွန်ရမယ်လို့၊ "r > c/ b" ဆိုပြီး Hamilton's rule နိယာမကဆိုပါတယ်။

'ငုတ်ဗီဇ' ဟာ ဆွေမျိုးနီးစပ်သူတွေရဲ့၊ တူညီတဲ့မျိုးစေ့တွေမှတဆင့် သန္ဓေပြောင်းခြင်း heredity မှပေါါပေါက်လာတဲ့ မျိုးစေ့အသစ်ဖြစ်ပါတယ်။ သန္ဓေပြောင်းခြင်းမှပေါါပေါက်လာတဲ့ မျိုးစေ့အသစ်ဟာ မျိုးစေ့ကန်အတွင်းမှာ cell အသစ်ကို ဖြစ်ပေါါစေခြင်းမရှိပဲ၊ ပုန်းကွယ်နေတတ်ပါတယ်။ တချိန်ချိန်မှာ မျိုးရိုးဇာတိကို လက်ခံရရှိသူရဲ့ မျိုးစေ့ကန်အတွင်းမှာ ငုတ်ဗီဇ ဆိုတဲ့ recessive gene ကြောင့်၊ cell အသစ် ဖြစ်ပေါါလာတတ်သလို၊ နောက်တခါမှာတော့ ငုတ်ဗီဇ အနေနဲ့ ပြန်လည် ပုန်းကွယ်နေတတ်ပါတယ်။ 


Reference and image credit to : ဒေါက်တာခင်မောင်ဝင်း၊ အီဗော်လူးရှင်းစိတ်ပညာ၊ မုံရွေး စာအုပ်တိုက်၊ အောက်တိုဘာ၊ (၂၀၁၀) ခုနှစ်။ Pearson H (2006). "Genetics: what is a gene?". Nature 441 (7092): 398–401,. The Evolution of Desire : Strategies of Human Mating, by David Buss, 1994., Gene

Remark : All publications and images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.

Wednesday, 2 January 2013

Dynamic Positioning System ဆိုင်ရာ စာအုပ်စာတမ်းများ (၁)

ကျွန်တော်နဲ့ အတူ တစီးတည်း၊ စီးခဲ့ဖူးတဲ့ junior ညီငယ်တဦး၊ ပြီးခဲ့တဲ့ အပတ်က DP maintenance Course လာတက်ပါတယ်။ (၄) ရက် သင်တန်းကို၊ စက်ာပူဒေါါလာ ၆၀၀၀ သွင်းရပါသတဲ့။ မြန်မာပြည် မပြန်ခင် သင်တန်းမှ soft copy တွေကို၊ ပေးခဲ့ပါတယ်။ အဲဒီထဲက တချို့တဝက်ကို တင်ပေးပါဦးမယ်။


ဒီစာအုပ်ကတော့ "Guide to Dynamic Positioning of Vessel" ဆိုတဲ့ စာအုပ်ဖြစ်ပါတယ်။ ဒီနေရာမှတဆင့် ရယူနိုင်ပါတယ်။


ဒီစာအုပ် ကတော့ "Latitude & Longitude for D.P System Users and Marine Engineers" ဆိုတဲ့စာအုပ်ဖြစ်ပါတယ်။ ဒီနေရာမှတဆင့် ရယူနိုင်ပါတယ်။

Dynamic Positioning System တတ်ဆင်သုံးစွဲထားတဲ့ သဘော်တွေအတွက်၊ အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့မှ၊ ပြဌာန်းချက်
guide lines ဆိုတဲ့ MSC/ Circ. 645 ကိုတော့ ဒီနေရာမှတဆင့် ရယူနိုင်ပါတယ်။

Credit to : Aung Kyaw Soe

Remark : All publications herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.

Tuesday, 1 January 2013

Hydraulic control valves (၅)

pilot-operated with external drain type check valve လို့ခေါါတဲ့ 'sequence valve' အကြောင်းကို၊ ဆက်ပါဦးမယ်။ fluid power circuits လို့ခေါါတဲ့ hydraulic circuits တွေမှာ၊ operation, efficiency နဲ့ performance တွေကောင်းလာစေဖို့အပြင်၊ safety အတွက်ပါ ရည်ရွယ်ပြီး၊ sequence valves တွေကို၊ တတ်ဆင်အသုံးပြုကြပါတယ်။ sequence vales တွေဟာ normally closed အနေအထားဖြင့် 'ပိတ်' နေသလို၊ fluid ဟာ bidirectional flow ဖြင့်၊ valve အား ဖြတ်သန်းစီးဆင်းနိုင်ပြီး၊ bypass check valve တလုံးနဲ့အပြိုင် parallel တွဲဖက်တတ်ဆင်အသုံးပြုရတဲ့၊ valves တွေဖြစ်ပါတယ်။ sequence valves တွေမှာ hydraulic tank ဖြင့် တိုက်ရိုက်ဆက်သွယ်ထားတဲ့ external drain line ပါဝင်ပါတယ်။

(၂) ခုထက်ပိုတဲ့ hydraulic cylinders တွေကို၊ parallel အနေနဲ့ မောင်းနှင်အသုံးပြုတဲ့အခါ၊ အစီအစဉ် တကျ sequence အနေနဲ့ လှုပ်လျှားရွှေ့လျှားစေဖို့ လိုအပ်ပါတယ်။ directional control valves, limit switches တွေနဲ့ limit valves တွေကို၊ တတ်ဆင်အသုံးပြုပြီး၊ first cylinder ဟာ၊ လိုအပ်တဲ့ positive location ကိုမရောက်ခင်၊ second cylinder စတင် ရွှေ့လျှားစေဖို့၊ ဆောင်ရွက်ခဲ့ကြရာမှ၊ sequence valves တွေကို cylinder actuation အတွက် အစားးထိုးတတ်ဆင်ပြီး၊ အသုံးပြုလာကြပါတယ်။ bypass check valve တလုံးနဲ့အပြိုင် parallel တွဲဖက်ထားတဲ့ sequence valve ကို၊ directional valve ဖြင့်၊ တိုက်ရိုက် series အနေအထားဖြင့် တတ်ဆင်အသုံးပြုလေ့ရှိပါတယ်။


Fig. Simplified cutaway of a typical hydraulic sequence valve and schematic symbol

sequence valves တွေကို preset pressure ဖြင့် setting ချိန်ညှိထားပါတယ်။ fluid pressure ဟာ preset pressure မရောက်ခင်မှာ valve ပွင့်သွားပြီး၊ flow အားဖြတ်သန်း စီးဆင်းစေသသို၊ လိုအပ်ပါက flow direction ကိုပါပြောင်းလဲ စီးဆင်းစေနိုင်ပါတယ်။ အထက်မှာ အသုံးများတဲ့ direct acting - internally pilot operated sequence valve တလုံးကို၊ နမူနာအဖြစ် ဖော်ပြထားပါတယ်။ internally pilot operated sequence valves တွေကို၊ အများဆုံး set pressure အနေနဲ့ 50 psi ပမာဏထက်မပိုပဲ၊ ချိန်ညှိထားလေ့ ရှိပါတယ်။ internally piloted designed အဖြစ် တည်ဆောက်ထားပေမယ့်၊ လိုအပ်ပါက externally piloted အဖြစ်ပြောင်းလဲ တတ်ဆင်အသုံးပြုနိုင်ပါတယ်။ direct acting - externally pilot operated sequence valves တွေမှာ set pressure ကို 100 ~ 150 psi ပမာဏခန့်မှာ၊  ချိန်ညှိ ထားပေမယ့် premature cylinder creep ဆိုတဲ့ hydraulic cylinder တဖြည်းဖြည်း ညင်သာစွာ စတင်ရွှေ့လျှားစေဖို့၊ below set pressure မှာ၊ valve ဟာ partially open အနေအထားဖြင့်၊ အနည်းငယ် စတင် 'ပွင့်' တာတွေ့ရပါတယ်။

မူလအခြေအနေမှာ၊ spring မှ adjustable force ရဲ့ တွန်းအားဖြင့် balanced spool ဟာ sequence valve inlet သို့ fluid စီးဆင်း မဝင်ရောက်စေရန်၊ block အနေနဲ့ တားဆီး ထားပါတယ်။ valve inlet မှ fluid ရဲ့ pressure ဟာ spring force setting ကိုကျော်လွန်သွားတဲ့အခါ၊ spool အား အပေါါသို့ တွန်းတင်လိုက်ပါတယ်။ fluid ဟာ routing fluid အနေနဲ့ စီးဝင်လာပေမယ့်၊ outlet ဟာ valve အတွင်းမှ fluid pressure မြင့်တက် မလာမခြင်း 'ပိတ်' နေပါတယ်။ inlet မှ fluid pressure ဟာ set pressure ရဲ့အောက်သို့ လုံးဝကျဆင်းမှု မရှိတဲ့ အခြေအနေရောက်မှာသာ၊ outlet စတင် 'ပွင့်' သွားပြီး၊ fluid flow ဆက်လက် စီးဆင်းသွားပါတော့တယ်။ outlet pressure ဟာ exceeds set pressure အဖြစ် ရရှိလာတဲ့အခါ၊ valve ဟာ fully open အနေအထားဖြင့် အပြည့်အဝ 'ပွင့်' သွားပြီး၊ valve ရဲ့ အဝင်နဲ့ အထွက် inlet and outlet မှ fluid flow pressure ကို equalized အနေနဲ့ ညီမျှနေစေရန်၊ ဆောင်ရွက်ပေးပါတယ်။

Fig. Typical hydraulic circuit using conventional sequence valves for sequential operation of cylinders 

အထက်မှာ work piece ကို clamp and hold အနေနဲ့ ကိုင်တွယ်ပြီး၊ second operation အဖြစ် လွှဲပြောင်းပေးမယ့်၊ machine တခုရဲ့ hydraulic circuit ကို၊ နမူနာအဖြစ် ဖော်ပြထား ပါတယ်။ sequence valve '2' ကို preset pressure အနေနဲ့ 500 psi မှာချိန်ညှိထားတဲ့အတွက်၊ cylinder '1' မှာအနည်းဆုံး 550 psi ဖိအားပမာဏရှိမှသာ၊ cylinder '2' ဟာ extend အနေနဲ့ အပြင်သို့ ဆန့်ထွက်နိုင်မှာ ဖြစ်ပါတယ်။ cylinder '2' ဟာ အပြင်သို့ extending အနေနဲ့ ဆန့်ထွက်ရွှေ့လျှားစဉ်၊ circuit အတွင်းမှ pressure ဟာ 500 psi ဖိအား ပမာဏအောက်သို့ ကျဆင်းမသွားရန် လိုအပ်ပါတယ်။ အကယ်၍ cylinder '2' ဟာ 1000 psi ဖိအားပမာဏလိုအပ်ပါက၊ relief valve setting မှတဆင့် increase အနေနဲ့ မြှင့်တင်ပေးနိုင်ပါတယ်။

cylinder '2' ဟာ retracted အနေနဲ့ အတွင်းသို့ ဝင်ရောက်ရွှေ့လျှားစဉ်၊ cylinder '1' သို့ retracted signal မဝင်ရောက်စေရန်၊ sequence valve '1' ကို preset pressure အနေနဲ့ 450 psi မှာချိန်ညှိကာ၊ block အဖြစ် တားဆီးပေးထားပါတယ်။ cylinder '2' ဟာ retracted အနေနဲ့ အတွင်းသို့ ဝင်ရောက်ရွှေ့လျှားစဉ်၊ pilot-operated check valve မှ cylinder '1' ရဲ့ force ကို ထိန်းသိမ်းပေးထား ပါတယ်။ sequence valve '1' နဲ့ cylinder '1' တို့ရဲ့ line မှဝင်ရောက်လာမယ့် signal မှသာ၊ pilot-operated check valve ကို open position ဖြင့် ဖွင့်နိုင်တဲ့အတွက်၊ အနှောက်အယှက်ပေးမယ့် မည်သည့် signal မှမရှိတဲ့ အခြေအနေ ဖြစ်ပေါါနေပြီး၊ cylinder '2' ဟာ fully retraced အနေနဲ့ အဆုံးထိ ဝင်ရောက်ရွှေ့လျှားနိုင်မှာ ဖြစ်ပါတယ်။

အကယ်၍ cylinder '1' ဟာ load contacting တနည်းအားဖြင့် stroke end သို့ရောက်ရှိစဉ်၊ သို့မဟုတ် cylinder '2' ဟာ prematurely အနေနဲ့ ချောမွှေ့စွာအလုပ်လုပ်နိုင်တဲ့ အခြေအနေမျိုးမှာ build-up pressure ပေါါပေါက်နိုင်တဲ့ အတွက်၊ အထက်မှာဖော်ပြထားတဲ့ circuit ကို၊ safe အနေနဲ့ စိတ်ချ ယုံကြည်စွာ၊ အသုံးမပြုနိုင်တာ တွေ့ရပါတယ်။ ဒါ့အပြင် ပထမဆုံးရွှေ့လျှားမယ့် cylinder '2' ဟာ၊ subsequent ones အနေနဲ့ နောက်ထပ် လိုက်ပါရွှေ့လျှားမယ့် cylinder '1' ထက် higher pressure ပိုမို လိုအပ်တဲ့အတွက်၊ sequence valves တွေမှာ အဆက်မပြတ် substantial heat တွေပေါါပေါက်နိုင်တဲ့ အပြင်၊ valve ရဲ့ အဝင်နဲ့ အထွက်မှာလည်း၊ မြင့်မားတဲ့ high pressure drop တွေ ဖြစ်ပေါါနိုင်ပါတယ်။
Fig. Simplified cutaway of a kick-down sequence valve and schematic symbol   

sequence valves တွေမှာ ဖြစ်ပေါါလာမယ့် substantial heat တွေနဲ့ high pressure drop ကို၊ တားဆီး ကာကွယ်ရန် conventional sequence valves တွေအစား၊ kick-down sequence valves တွေကို၊ hydraulic circuits တွေမှာ တတ်ဆင်အသုံးပြုလာကြပါတယ်။ kick-down sequence valves တွေမှာ spring force နဲ့ပိတ်နေမယ့် adjustable poppet ပါဝင်ပါတယ်။ pressurized fluid ဟာ valve ရဲ့ inlet မှတဆင့် control orifice ကိုဖြတ်ပြီး၊ main poppet သို့ ဝင်ရောက်စီးဆင်းပါတယ်။ main poppet up ကို pressurized fluid မှ တွန်းပေမယ့်၊ opposite side မှ light spring ရဲ့force နဲ့ equal pressure အဖြစ်၊ ညီမျှနေစဉ် valve ဟာ 'ပိတ်' နေပါတယ်။

fluid ဟာ adjustable poppet ကို 'ပွင့်'သွားစေမယ့် ဖိအားပမာဏ pressure built-up အခြေအနေ အထိ ရောက်ရှိလာတဲ့အခါ၊ valve ရဲ့ inlet မှတဆင့် control orifice ကိုဖြတ်ပြီး စီးဆင်းခဲ့တဲ့ နှုံးထက်၊ ပိုမြန်မယ့် flow rate တခုဖြင့်၊ ဖြတ်သန်းစီးဆင်းပါတယ်။ flow rate ကြောင့် pressure imbalance ဖြစ်ပေါါလာပြီး၊ main poppet လည်း၊ အပေါါသို့ 'ကြွ' တက်လာပါတယ်။ main poppet ဟာ အပေါါသို့ route trapped အနေနဲ့ လုံလုံလောက်လောက် 'ကြွ' တက်သွားစဉ်မှာတော့၊ bypass orifice ကိုဖြတ်ပြီး၊ fluid စီးဆင်းပါတယ်။ bypass orifice ရဲ့အရွယ်အစားဟာ၊ control orifice ရဲ့ အရွယ်အစားထက်၊ ပိုမို ကြီးမားတဲ့အတွက်၊ main poppet ရဲ့အထက်မှာ pressure ကျဆင်းသွားပါတယ်။ spring force နဲ့ outlet port မှ back-pressure တို့မှသာ main poppet ကို ပိတ်စေနိုင်ပါတယ်။ pressure ဟာ valve ရဲ့ အဝင်နဲ့ အထွက်မှ၊ pressure ဟာ equalized အနေနဲ့ ညီမျှသွားစဉ်မှာတော့၊ fluid ရဲ့ flow လည်းရပ်တန့်သွားပြီး၊ spring force ဖြင့် main poppet ကို ပိတ်လိုက်ပါတယ်။

Fig. Typical hydraulic circuit using conventional sequence valves for sequential operation of cylinders

ဖော်ပြထားတဲ့ circuit ဟာ၊ အထက်မှာဖော်ပြခဲ့တဲ့ work piece ကို lamp and hold အနေနဲ့ ကိုင်တွယ်ပြီး၊ second operation အဖြစ်၊ လွှဲပြောင်းပေးမယ့်၊ machine တခုရဲ့ hydraulic circuit နဲ့ အတူတူဖြစ်ပြီး၊ conventional sequence valves တွေအစား၊ kick-down sequence valves တွေကို၊ အသုံးပြုထားတဲ့ circuit လည်းဖြစ်ပါတယ်။ cylinder '1' မှာ ဖိအားပမာဏ 750 psi မရရှိ မခြင်း၊ cylinder '2' လည်း ရပ်တန့်နေမှာ ဖြစ်ပါတယ်။ preset setting သို့ရောက်ရှိပြီး၊ kick-down sequence valve ပွင့်သွားတာနဲ့ fluid ရဲ့ ဖိအားပမာဏ pressure ဟာ၊ မူလထက် 50 psi ခန့် ဖိအားပမာဏ ထပ်တိုးသွားသလို၊ overcome resistance အနေနဲ့ system အား၊ ထိန်းညှိပေးထားနိုင်တာ တွေ့ရပါတယ်။

Reference and image credit to : http://hydraulicspneumatics.com/, Are You Taking Advantage of Sequence Valves ? By Bud Trinkel - Fluid Power Consultant, Oct. 8, 2008.

Remark : All publications and images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party. 

Monday, 31 December 2012

Hydraulic control valves (၄)


Check valve - hydraulic system အတွင်းမှာ ဆန့်ကျင်ဖက် opposite direction ဖြင့်စီးဝင်လာမယ့် fluid ရဲ့ free flow ကိုတားဆီးရန်အတွက်၊ အသုံးပြုကြပါတယ်။ check valves တွေကို poppet-type check valve နဲ့ pilot-operated check valve ဆိုပြီး၊ ခွဲခြားသတ်မှတ်ကြပါတယ်။ 'pilot-operated check valves' တွေ အတွင်းသို့၊ external source တခုခုမှ fluid ကို reverse flow အနေနဲ့ပေးသွင်းပြီး၊ မူလစီးဆင်းနေတဲ့ valve ရဲ့ inlet ရှိ၊ free-flow ကို၊ လိုအပ်သလို ဆက်လက် စီးဆင်းစေနိုင်သလို၊ လိုအပ်သလိုရပ်တန့်စေနိုင်ပါတယ်။ ( Originally Posted by ကိုထွန်း )

Fig. Pilot operated check valves

directional valves တွေအကြောင်း ပြည့်ပြည့်စုံစုံပြောဖို့ pilot-operated တွဲဖက်အသုံးပြုရမယ့် check valves တွေအကြောင်းမှ၊ အစတည်ခဲ့တယ်လို့ 'ဒူဒူ' နည်းလည်မိပါတယ်။ ဦးကြီးကိုယ်စား "ဒူဒူ" တယောက်၊ ဆက်ကာ 'ပွား' ပါရစေ။ pilot-operated check valves တွေကို၊ pilot-to-open check valve နဲ့ pilot-to-close check valve ဆိုပြီး၊ ခွဲခြားကြပါသတဲ့။ pilot operated ရယ်လို့ သုံးနှုံးရခြင်းကတော့ valve ရဲ့ အဖွင့်နဲ့အပိတ် open and close ကိစ္စတွေကို၊ external pilot supply ဆိုတဲ့ valve ရဲ့ outlet မှ fluid reverse flow တခုကို၊ valve သို့ပေးသွင်းကာ၊ ဆောင်ရွက်စေလို့ပဲ ဖြစ်ပါတယ်။

Pilot-to-open check valve - valve ရဲ့ inlet မှ free-flow port မှတဆင့် ဝင်ရောက်လာမယ့် fluid ရဲ့ pressure ဟာ၊ spring force setting pressure ကိုမကျော်လွန်သေးတဲ့အထိ၊ normally closed အနေအထားဖြင့်၊ valve 'ပိတ်' နေပြီး၊ spring force setting ထက်ကျော်လွန်သွားစဉ်မှာတော့ open အနေအထားဖြင့် 'ပွင့်' သွားပါတော့တယ်။ check valves တွေဟာ pilot piston နဲ့ steam ကိုသုံးကာ၊ အဖွင့်အပိတ်ကိုဆောင်ရွက်ပေးတဲ့ valve တွေဖြစ်သလို၊ valve ရဲ့ အဝင်နဲ့အထွက် inlet and outlet မှ fluid flow pressure ကို equalized အနေနဲ့ ညီမျှနေစေရန်၊ ဆောင်ရွက်ပေးတဲ့ valves တွေလည်း ဖြစ်ပါတယ်။ pilot-to-open check valves တွေကို၊ တည်ဆောက်ပုံ အရ plain pilot to open, pilot to open with decompression နဲ့ pilot to open with external drain type ဆိုပြီး၊ ခွဲခြားတွေ့နိုင်ပါတယ်။

 

Fig. Three types of pilot-to-open check valves with symbols
(Plain pilot to open, Pilot to open with decompression and Pilot to open with external drain type) 

plain pilot to open check valves တွေရဲ့ pilot piston area ဟာ၊ poppet seat area ထက် (၃) ဆမှ (၄) ဆခန့်အထိ၊ ကြီးမားကျယ်ပြန့်ပါတယ်။ valve ရဲ့ pilot piston ထိပ်သို့၊ external pilot supply ဆိုတဲ့ fluid မှ reverse flow တနည်းအားဖြင့် valve ရဲ့ outlet မှ fluid flow သို့မဟုတ် controlled flow ဝင်ရောက်လာတဲ့အခါ၊ check valve ရဲ့ poppet မှာ seat အနေနဲ့ 'ထိုင်' နေတဲ့ pilot piston နဲ့ steam ဟာ အပေါါသို့ထပ်မံ 'ကြွ' တက်သွားပါတယ်။ pilot piston area ကြီးမားတဲ့အတွက်၊ pressurized reverse flow သက်ရောက်ရာမှ force ပိုမိုရရှိလာပါတယ်။ ပိုမိုရရှိလာတဲ့ force ကြောင့်ဖြစ်ပေါါလာတဲ့ pressure ဟာ၊ poppet ကိုတွန်းထားမယ့် valve ရဲ့ inlet ရှိ၊ free-flow port မှတဆင့် သက်ရောက်နေတဲ့ back-pressure ထက်ကျော်လွန်သွားသဖြင့်၊ poppet ရွှေ့လျှားပြီး valve ဟာ ပိုမို၊ ပွင့်သွားပါတယ်။ အချို့ plain pilot to open check valves တွေမှာ၊ အလွန်သေးငယ်တဲ့ very low pilot pressure ပမာဏသာ အသုံးပြုပြီး၊ valve ကိုထပ်မံပွင့်စေရန်၊ ရည်ရွယ်ထားတဲ့အတွက် pilot piston area နဲ့ poppet seat area တို့ရဲ့ အချိုး ratio ကို '100: 1' ခန့်ထားရှိကာ၊ တတ်ဆင် အသုံးပြုကြပါတယ်။

pilot to open with decompression type check valves တွေမှာ၊ သေးငယ်တဲ့ inner decompression poppet ကို၊ အသုံးပြုထားပါတယ်။ inner decompression poppet မှာ valve ရဲ့ outlet မှရရှိလာတဲ့၊ low pilot pressure မှတဆင့် သေးငယ်တဲ့ small flow passage တခုဖြစ်ပေါါလာပါတယ်။ small flow passage ကြောင့်ပေါါပေါက်လာတဲ့ သေးငယ်တဲ့ pressure ကို အသုံးပြုပြီး၊ poppet ကိုတွန်းထားမယ့် valve ရဲ့ inlet ရှိ၊ free-flow port မှတဆင့် သက်ရောက်နေတဲ့ back-pressure ကို အရင်ဆုံးလျှော့ချ ယူပါတယ်။ poppet အနည်းငယ် ရွှေ့လျှားမှုကြောင့် back-pressure ကျဆင်းသွားတဲ့အခါ၊ valve ရဲ့ outlet မှ fluid flow တနည်းအားဖြင့် controlled flow သက်ရောက်နေတဲ့ pilot piston လည်း၊ အလွယ်တကူ ရွှေ့လျှားသွားပြီး၊ poppet ကို ထပ်မံတွန်းလိုက်ရာမှ valve ဟာ fully open အနေအထားဖြင့် ပိုမို၊ ပွင့်သွားပါတယ်။ load-induced သို့မဟုတ် continuous forces တွေရှိနေမယ့် hydraulic fluid circuits တွေမှာတော့ valve ရဲ့ outlet မှ free-flow port မှာ high back-pressure အဆက်မပြတ်ပြောင်းလဲကာ၊ သက်ရောက်နေတဲ့အတွက်၊ pilot to open with decompression type check valve တွေကို၊ တတ်ဆင် အသုံးမပြုကြတာ တွေ့ရပါတယ်။

pilot-operated with external drain type check valve တွေဟာ အခြား check valves တွေနဲ့မတူပဲ၊ fluid ရဲ့ flow ကို လားရာ (၂) ဖက် by-direction ဖြင့်၊ စီးဆင်းစေနိုင်သလို၊ valve ရဲ့ inlet မှ free-flow port မှတဆင့် pilot piston ရဲ့ stem side သို့ သက်ရောက်နေတဲ့ back-pressure ကို isolate အနေနဲ့ တားဆီးပေးထားနိုင်ပါတယ်။ pilot piston ရဲ့ stem side သို့ သက်ရောက်နေတဲ့ valve ရဲ့ inlet မှ back-pressure ဟာ၊ poppet ကိုရွှေ့လျှားစေမယ့် pilot pressure အား၊ resist အနေနဲ့ ဆန့်ကျင် တားဆီးထားတဲ့ pressure လည်းဖြစ်ပါတယ်။ အချို့ hydraulic fluid circuits တွေမှာတော့ back pressure ဟာ၊ valve ရဲ့ အထွက် downstream ရှိ controlled flow ဒါမှမဟုတ် counterbalance valve မှတဆင့် သက်ရောက်နေတတ်ပါတယ်။ pilot-operated with external drain type check valve တွေကို၊ pilot-operated 2-way function အနေနဲ့အသုံးပြုတဲ့အခါ၊ pilot piston return အတွက်၊ external-drain port ကို ထည့်သွင်းအသုံးပြုကြပါတယ်။



Fig. Spool in middle position

valve ရဲ့ outlet port (၂) ခုစလုံးပိတ်နေတဲ့အတွက်၊ fluid ဟာ hydraulic actuator တနည်းအားဖြင့် hydraulic cylinder အတွင်းသို့ စီးဆင်းဝင်နိုင်ခြင်း မရှိတဲ့ အခြေအနေကို၊ directional valve ရဲ့ 'hold' position အဖြစ်သတ်မှတ်ပါတယ်။ pressurized fluid flow ဟာ directional valve မှတဆင့် hydraulic cylinder ကိုရွှေ့လျှားစေမယ့် expanding side ဖက်သို့၊ စီးဝင်မှသာ cylinder movement ဖြစ်ပေါါပါတယ်။



Fig. Spool moved to right position

spool ဟာ ညာဖက်သို့ရွှေ့လျှားတဲ့အတွက် pressurized fluid flow ဟာ directional valve မှတဆင့် hydraulic cylinder နဲ့ ဆက်သွယ်ထားတဲ့ right-side port မှတဆင့် expanding side ဖက်သို့၊ စီးဝင်သွားပြီး၊ cylinder အတွင်းမှ piston ကိုရွှေ့လျှားစေပါတယ်။ hydraulic cylinder ရဲ့ contracting side နဲ့ဆက်သွယ်ထားတဲ့t left-side port ကတော့ ပိတ်မြဲ ပိတ်နေပါတယ်။ left-side port ပိတ်နေတဲ့ အတွက်၊ cylinder ရဲ့ contracting side မှ fluid ဟာ၊ hydraulic tank အတွင်းသို့ return အနေနဲ့ ပြန်လည် စီးဆင်း ဝင်ရောက်သွားပါတယ်။ (Originally Posted by ကိုထွန်း)
လက်တွေ့မှာတော့ spool-type directional control valves တွေဟာ၊ hydraulic cylinder ကို mid-stroke position မှရွှေ့လျှားမသွားစေဖို့၊ အချိန်အကြာကြီး မထိန်းသိမ်းထားနိုင်တာတွေ့ရပါတယ်။ spool valves တွေမှာ by-pass line တွေ ထည့်သွင်းတတ်ဆင်ထားတဲ့အတွက်၊ hydraulic cylinder ကို အနေအထားတခုခုမှာ stop position ဖြင့် ရပ်တန့်ထားစဉ်၊ ပြင်ပမှသက်ရောက်လာမယ့် outside force တခုခုကြောင့်၊ hydraulic cylinder ဟာ နဂိုမူလ position မှ တဖြည်းဖြည်း၊ ရွှေ့သွားတတ်ပါတယ်။



Fig. Typical circuit incorporating pilot-operated with external drain type check valve

အထက်မှာ pilot-operated with external drain type check valve နဲ့ 3/2 way spool type directional control valve တို့ကို၊ တွဲဖက်အသုံးပြုခြင်းအား၊ ဥပမာအဖြစ် ဖော်ပြထားပါတယ်။ hydraulic cylinder ကို position တခုခုမှာ ရပ်လိုက်စဉ်၊ နဂိုမူလ position မှ တဖြည်းဖြည်း၊ ရွှေ့မသွားစေရန်၊ operated check valves တွေကို hydraulic cylinder ရဲ့ expanding side နဲ့ contracting side တို့မှတဆင့် directional valve ရဲ့အထွက် port 'A' နဲ့ port 'B' တို့ဖြင့်် ဆက်သွယ်ထားပြီးမှ၊ fluid ကို hydraulic tank သို့ return အနေနဲ့ ပြန်လည် စီးဆင်း ဝင်ရောက်သွားစေရန်၊ စီစဉ်ထားတာ တွေ့နိုင်ပါတယ်။ cylinder မှ piston seal ယိုစိမ့်မှုမပေါါပေါက်သ၍၊၊ hydraulic cylinder ဟာ၊ ပြင်ပမှ outside force အားတခုခု သက်ရောက်ပေမယ့် ရပ်တန့်ခဲ့တဲ့ နဂိုမူလ position မှာသာ ရှိနေမှာဖြစ်ပါတယ်။
ဦးကြီးရဲ့ သဘော်တစီးပေါါ အလည်ရောက်ခဲ့စဉ်က၊ aft station မှာ ဟိုကြည့်ဒီကြည့် 'ဒူဒူ' ကြည့်နေစဉ်၊ ခြေထောက်အောက်မှ တဒုန်းဒုန်းနဲ့ တစုံတရာ ဘယ်ညာ ရိုက်ခါတ်နေတာကို၊ ခံစားသိနဲ့ 'သိ' ခဲ့ဖူးပါတယ်။ ဘာသံကြီးလည်း ဦးကြီးရေလို့ 'ဒူဒူ' မေးတဲ့အခါ၊ အောက်ရေစီး lower current ကြမ်းသမို့၊ rudder ဘယ်ညာ လှုပ်နေတာလို့ပြောပြီး၊ steering gear room သို့ခေါါသွားပါတယ်။ steering gear room မှ hydraulic cylinder (၂) လုံးဟာ ဟိုဖက်ဒီဖက် horizontally အနေအထားဖြင့်၊ အလိုအလျှောက်ရွှေ့နေသလို၊ rudder stock ကို ဘယ်ညာ၊ လည်အောင် တွန်းနေတာ၊ တွေ့ရပါတယ်။ ဦးကြီးမှ steering gear hydraulic pump တလုံးကို၊ မောင်းလိုက်စဉ်မှာတော့ hydraulic cylinder (၂) လုံးရဲ့ ရွှေ့လျှား လှုပ်ရှားမှု၊ ရပ်တန့်သွားပါတယ်။

hydraulic cylinder (၂) လုံးကို တကယ်တမ်းရွှေ့လျှားစေမယ့် directional valves တွေမှာ၊ pilot-operated with external drain type check valves တွေကို တွဲဖက်တတ်ဆင် ထားတာ တွေ့ရပြီး၊ valve ရဲ့ အဝင်နဲ့အထွက် inlet and outlet မှ fluid flow pressure ကို equalized အနေနဲ့ ညီမျှနေစေရန်၊ ဆောင်ရွက်ပေးထားတဲ့ အတွက်၊ hydraulic pump မောင်းကာ၊ pilot-operated with external drain type check valves တွေမှတဆင့် hydraulic cylinder ကို position တခုခုမှာ ရပ်ထားစဉ်၊ နဂိုမူလ position မှ တဖြည်းဖြည်း၊ ရွှေ့မသွားစေရန်၊ ထိမ်းလိုက်တာလို့ 'ဒူဒူ' နားလည်မိပါတော့တယ်။ 

Reference and image credit to : http://hydraulicspneumatics.com/, http://www.comatrol.com/,

Remark : All publications and images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party. 

Saturday, 29 December 2012

Hydraulic control valves (၃)

pressure-compensated flow control valve, quick drop valve တို့ဟာ flow control valve တွေဖြစ်ကြပါတယ်။ flow valve တွေဟာ hydraulic circuit အတွင်းမှာ load အပြောင်းအလဲ ရှိနေပေမယ့် hydraulic circuit အတွင်းမှ hydraulic fluid ကို၊ constant flow rate ဖြင့်တသမတ်တည်း စီးဆင်းနေစေရန်၊ ဆောင်ရွက်ပေးပါတယ်။


Quick drop valve - bulldozer မှ blade တွေရဲ့ hydraulic cylinder အောက်ခြေမှာ quick drop valves တွေကို တတ်ဆင်ထားလေ့ရှိပါတယ်။ quick drop valve တွေဟာ၊ flow control valve အမျိုးအစားဖြစ်ပြီး၊ blade ကို အောက်သို့အလျှင်အမြန် lower quickly အနေအထားဖြင့် ချနိုင်စေဖို့အပြင်၊ cylinder အောက်ခြေမှ hydraulic pressure ကိုလည်း relief အနေနဲ့ လျှော့ချပေးပါတယ်။


Fig. Quick drop valve


Fig. Blade raised up position

blade ကို အပေါါသို့ မြှင့်တင်လိုက်တဲ့အခါ၊ hydraulic fluid ဟာ under pressure flow ဖြင့် orifice မှတဆင့် valve ရဲ့ sleeve အတွင်းသို့ ဝင်ရောက်လာပြီး၊ 'မ' တင်ထားတဲ့ blade ရဲ့ cylinder ထိပ်သို့ စီးဆင်းသွားပါတယ်။ fluid အချို့ကတော့ orifice ကိုဖြတ်သန်းစီးဆင်းမှုမရှိပဲ၊ plunger နောက်မှ cavity လို့ခေါါတဲ့ နေရာလွတ် fluid filled space အတွင်းသို့၊ စီးဆင်း ဝင်ရောက်ပါတယ်။ cavity အတွင်းရှိ fluid pressure ဟာ spring ကိုထပ်ဖိထားတဲ့အတွက်၊ valve ဟာ plunger ကို sleeve အတွင်း 'အထိုင်' ကျနေစေရန် တွန်းထားနိုင်ပါတယ်။ sleeve အတွင်းမှာ plunger အထိုင်ကျနေတဲ့အတွက်၊ valve ဟာ close အနေအထားဖြင့်၊ ပိတ်နေပါတယ်။ valve ပိတ်နေတဲ့အတွက်၊ hydraulic cylinder အောက်ခြေမှ fluid ဟာ port မှတဆင့် ဝင်ရောက်လာပြီး၊ quick drop valve နဲ့ဆက်ထားမယ့် control valve အတွင်းကိုသာ၊ ပြန်လည်စီးဆင်းသွားမှာဖြစ်ပါတယ်။


Fig. Blade quickly lowering position

blade ကို အောက်သို့ freely lower အနေအထားဖြင့် အလျှင်အမြန် နှိမ့််ချလိုက်တဲ့အခါ၊ hydraulic cylinder ရဲ့ထိပ်မှ fluid ဟာလည်း၊ forcefully return အနေအထားဖြင့် control valve မှတဆင့် quick drop valve အတွင်းသို့၊ စီးဆင်း ဝင်ရောက်လာပါတယ်။ fluid flow ကြောင့် quick drop valve ရဲ့ orifice မှာ differential pressure ဖြစ်ပေါါလာသလို၊ differential pressure ကြောင့် valve နဲ့ plunger ဟာ return spring force ကိုဆန့်ကျင်ကာ၊ ရွှေ့လျှားသွားပါတယ်။ fluid ဟာ quick drop valve အတွင်းမှ open passage ကို၊ ဖြတ်သန်း၊ စီးဆင်းသွားတဲ့အတွက်၊ flow မြင့်တက်လာပြီး၊ hydraulic cylinder ရဲ့ အောက်ခြေ bottom မှာ vacuum ဖြစ်ပေါါမှုကိုလည်း၊ တားဆီးးပေးပါတယ်။

blade control lever ကို၊ lower position အနီးသို့ရွှေ့လိုက်တဲ့အခါ၊ quick drop valve ဟာ အလုပ် မလုပ်တော့သလို၊ blade ကို' မ' တင်ပေးထားတဲ့ hydraulic cylinder မှ၊ blade ကို တဖြည်းဖြည်း gradually အနေအထားဖြင့် အောက်သို့ ချပေးပါတယ်။ hydraulic cylinder ရဲ့ထိပ်မှာ fluid flow မရှိတော့တဲ့အတွက်၊ quick drop valve နဲ့ valve အတွင်းမှ plunger မှာ pressure လည်း မရှိတော့တာ တွေ့ရပါတယ်။ အဲဒီနောက်မှာတော့ cylinder ရဲ့ အောက်ခြေမှ fluid ဟာ control valve မှတဆင့် flow back အနေနဲ့ပြန်လည်စီးဆင်းပြီး၊ pressurized fluid flow အနေနဲ့ hydraulic cylinder ရဲ့ထိပ်သို့ ဝင်ရောက်သွားပါတယ်။

Directional valve - hydraulic actuator တနည်းအားဖြင့် hydraulic cylinder တွေ အတွင်းသို့၊ ပေးပို့မယ့် fluid ရဲ့ flow ကို ရပ်တန့်စေနိုင်သလို၊ စီးဆင်းစေနိုင်တဲ့အပြင် flow direction ကိုလည်း ပြောင်းလဲပေးနိုင်တဲ့အတွက် flow control valve အဖြစ် သတ်မှတ်နိုင်ပါတယ်။ directional valve တွေဟာ sample construction အနေနဲ့ တည်ဆောက်ပုံ ရိုးရှင်းပြီး၊ ပင်မ main line မှဝင်လာတဲ့ fluid အား ဘယ်ဖက်နဲ့ ညာဖက် သို့မဟုတ် ညာဖက်နဲ့ ဘယ်ဖက်မှ line တွေသို့ valve မှတဆင့်၊ လိုအပ်သလို ရွေးချယ် စီးဆင်းစေနိုင်ပါတယ်။ directional valves တွေကို၊ fluid စီးဆင်းပုံ function ပေါါမူတည်ပြီး၊ 2/ 2 way, 3/ 2 way, 4/ 2 way, 4/ 3 way, 5/ 2 way နဲ့ 5/ 3 way ဆိုပြီး၊ သတ်မှတ်ကြသလို၊ တည်ဆောက်ပုံ type အရ၊ sliding-plate valve, poppet valve နဲ့ spool valve ဆိုပြီး၊ ခွဲခြားနိုင်ပါတယ်။ 


Fig. Spool type directional valve

double acting hydraulic cylinder တွေနဲ့ တွဲဖက်အသုံးပြုတဲ့၊ 3/ 2 way directional spool valve ကို၊ ဥပမာအဖြစ်ဖော်ပြပါဦးမယ်။ pressurized fluid ဟာ hydraulic oil pump မှတဆင့် valve ရဲ့ inlet port သို့ဝင်ရောက်လာပါတယ်။ valve ရဲ့ spool ဟာ အလယ်ဗဟို middle position မှာရှိနေစဉ်၊ outlet port (၂) ခုစလုံးပိတ်နေပြီး၊ fluid ဟာ valve အတွင်းမှဖြတ်သန်းကာ၊ hydraulic tank အတွင်းသို့ return အနေနဲ့ ပြန်လည် စီးဆင်း ဝင်ရောက်သွားပါတယ်။


Fig. Spool in middle position

valve ရဲ့ outlet port (၂) ခုစလုံးပိတ်နေတဲ့အတွက်၊ fluid ဟာ hydraulic actuator တနည်းအားဖြင့် hydraulic cylinder အတွင်းသို့ စီးဆင်းဝင်နိုင်ခြင်း မရှိတဲ့ အခြေအနေကို၊ directional valve ရဲ့ 'hold' position အဖြစ်သတ်မှတ်ပါတယ်။ pressurized fluid flow ဟာ directional valve မှတဆင့် hydraulic cylinder ကိုရွှေ့လျှားစေမယ့်expanding side ဖက်သို့၊ စီးဝင်မှသာ cylinder movement ဖြစ်ပေါါပါတယ်။


Fig. Spool moved to right position

spool ဟာ ညာဖက်သို့ရွှေ့လျှားတဲ့အတွက် pressurized fluid flow ဟာ directional valve မှတဆင့် hydraulic cylinder နဲ့ ဆက်သွယ်ထားတဲ့ right-side port မှတဆင့် expanding side ဖက်သို့၊ စီးဝင်သွားပြီး၊ cylinder အတွင်းမှ piston ကိုရွှေ့လျှားစေပါတယ်။ hydraulic cylinder ရဲ့ contracting side နဲ့ဆက်သွယ်ထားတဲ့t left-side port ကတော့ ပိတ်မြဲပိတ်နေပါတယ်။ left-side port ပိတ်နေတဲ့ အတွက်၊ cylinder ရဲ့ contracting side မှ fluid ဟာ၊ hydraulic tank အတွင်းသို့ return အနေနဲ့ ပြန်လည် စီးဆင်း ဝင်ရောက်သွားပါတယ်။


Fig. Spool moved to left position

spool ဘယ်ဖက်သို့ ရွှေ့လျှားတဲ့အခါ၊ pressurized fluid flow ဟာ directional valve မှတဆင့် hydraulic cylinder နဲ့ ဆက်သွယ်ထားတဲ့ left-side port မှတဆင့် contraction side ဖက်သို့၊ စီးဝင်သွားပြီး၊ cylinder အတွင်းမှ piston ကို မူလနေရာမှ ဆန့်ကျင်ဖက်လားရာဖြင့် ရွှေ့လျှားစေပါတယ်။ hydraulic cylinder ရဲ့ expanding side နဲ့ဆက်သွယ်ထားတဲ့ right-side port လည်းပိတ်သွားပြီး၊ မူလရှိနေတဲ့ expanding side မှ pressurized fluid ဟာ hydraulic tank အတွင်းသို့ return အနေနဲ့ ပြန်လည် စီးဆင်း ဝင်ရောက်သွားပါတယ်။
directional valve တွေဟာ၊ stop or block fluid flow, allow fluid flow and change direction of fluid flow ဆိုပြီး၊ အထက်မှာဖော်ပြခဲ့သလို fluid ရဲ့ flow ကိုရပ်တန့်စေနိုင်ပြီး၊၊ စီးဆင်းစေနိုင်တဲ့ အပြင်လိုအပ်သလို flow direction ကိုလည်း ပြောင်းလဲပေးနိုင်ပါတယ်။ directional valves တွေအကြောင်းပြောမယ်ဆိုလျှင် check valve တွေက စပြီး၊ ပြောကြပါတယ်။ check valve ဟာ fluid flow ကို ဦးတည်ရာ direction တဖက်တည်းသို့ စီးဆင်းစေပြီး၊ ဆန့်ကျင်ဖက် opposite direction ဖြင့်စီးဝင်လာမယ့် flow ကိုပါ block အနေနဲ့ တားဆီးပေးတဲ့ အတွက်၊ directional valve အဖြစ် သတ်မှတ်နိုင်ပါတယ်။
Check valve - hydraulic system အတွင်းမှာ ဆန့်ကျင်ဖက် opposite direction ဖြင့်စီးဝင်လာမယ့် fluid ရဲ့ flow ကိုတားဆီးရန်အတွက်၊ အသုံးပြုကြပါတယ်။ check valves တွေကို poppet-type check valve နဲ့ pilot-operated check valve ဆိုပြီး၊ ခွဲခြားသတ်မှတ်ကြပါတယ်။ ဒါ့အပြင် pilot-operated check valve တွေဟာ external source တခုခုကို အသုံးပြုပြီး၊ မူလစီးဆင်းနေတဲ့ fluid ရဲ့ free flow ကိုရပ်တန့်ကာ၊ ပြောင်းပြန် reverse flow ဖြင့်လည်း စီးဆင်းစေနိုင်ပါတယ်။


Fig. Cross-sectional views and symbols for two types of check valves
(Vertical type and Right-angle type)  

အထက်မှာဖော်ပြထားတဲ့ poppet type check valves တွေဟာ၊ အသုံးများတဲ့ check valve တွေဖြစ်ပြီး၊ မူလက poppet အစား ball ကိုတတ်ဆင်အသုံးပြုခဲ့ပါတယ်။ ball ကိုတတ်ဆင် အသုံးပြုတဲ့အတွက်၊ ball check valve လို့လည်းခေါါကြပါတယ်။ ball check valve တွေဟာ၊ valve operate လုပ်တိုင်း အကြိမ်ပေါင်း များစွာ ball လှုပ်ရှားခဲ့ရရာမှတဆင့် ball ထိုင်မယ့် contact seat မှာ ပွန်းစားတဲ့ wear groove လိုင်းတွေဖြစ်ပေါါလာနိုင်ပြီး၊ valve မလုံတော့တဲ့ အခြေအနေ leakage condition ဖြစ်ပေါါလာတတ်ပါတယ်။ နောက်ပိုင်းမှာတော့ ball အစား guided poppet တွေကိုအစားထိုး၊ တတ်ဆင်အသုံးပြုခဲ့ပေမယ့်၊ သက်ေတ symbol အနေနဲ့ကတော့ ball ပုံသဏ္ဍန်လေးဖြင့်သာ၊ ဖော်ပြ သတ်မှတ်နေဆဲဖြစ်ပါတယ်။


Fig. Poppet type in-line/ vertical check valve with spring  

check valve အတွင်းသို့ ဝင်ရောက်လာတဲ့ fluid ဟာ spring ကိုတွန်းပြီး၊ 'မ' တင်လိုက်တဲ့အတွက်၊ spring နဲ့အတူ poppet လည်း မူလနေရာမှရွှေ့လျှားသွားပါတယ်။ valve body seat ရဲ့အပေါါပိုင်းမှာ angled seat face ပုံသဏ္ဍန်တည်ဆောက်ထားပြီး၊ အပေါက် holes တွေဖောက်ထားတဲ့အတွက်၊ spring ရဲ့တွန်းအားကြောင့် poppet နေရာရွှေ့သွားစဉ် flow ဟာ valve အတွင်းမှ ဖြတ်သန်းသွားနိုင်ပါတယ်။ poppet type check valves တွေဟာ ပျက်စီးချို့ယွင်းခြင်းဖြစ်ပေါါမှုနည်းပါးတဲ့ almost trouble-free devices တွေဖြစ်ပါတယ်။ right-angle type, screw-in cartridge type နဲ့ sub-plate mounted type ဆိုပြီး၊ တတ်ဆင်ပုံအနေအထားအရ poppet type check valves တွေကို ခွဲခြားသတ်မှတ်ကြပါတယ်။


Fig. Poppet type inline/ vertical check valve without spring

check valves တွေဟာ flow ကို control လုပ်ပေးသလို၊ pressure ကိုလည်း control လုပ်နိုင်ပါတယ်။ check valve မှာအသုံးပြုထားတဲ့ spring ရဲ့တွန်းအားဟာ ပမာဏသေးငယ်တဲ့ light force ဖြစ်ပြီး၊ pressurized flow မရှိတော့တာနဲ့ poppet သို့ အလွယ်တကူ return အနေနဲ့ပြန်လာနိုင်ပါတယ်။ spring force ရဲ့ပမာဏမြင့်မားတဲ့အခါ energy loss နဲ့ heat တို့ဖြစ်ပေါါနိုင်သလို၊ poppet ရွှေ့လျှားစေဖို့ fluid pressure ပမာဏအနည်းငယ်သာ၊ လိုအပ်တဲ့အတွက် light force spring တွေကို အသုံးပြုခြင်း ဖြစ်ပါတယ်။ အရွယ်အစား ကြီးမားတဲ့ vertical type poppet check valve တွေမှာတော့၊ poppet ရဲ့အရွယ်အစားလည်း ကြီးမားပြီး၊ poppet ရဲ့ အလေးချိန် weight ဖြင့်၊ seat အပေါါမှာ ' ပြန်ထိုင်' နိုင်တဲ့အတွက်၊ without spring အဖြစ်၊ spring ထည့်သွင်း တတ်ဆင်ထားခြင်း မရှိတာတွေ့ရပါတယ်။

သန်မာတဲ့ strong springs တွေကို၊ ထည့်သွင်းတတ်ဆင်ထားတဲ့ check valves တွေမှာတော့၊ fluid flow မှာ extra resistance ဖြစ်ပေါါလာတဲ့အတွက်၊ low pressure by pass ပြုလုပ်ပေးရန်လိုအပ်ပြီး၊ check valve ဟာ relief valve အဖြစ် အလုပ်လုပ်ပါတယ်။ low pressure by pass ထည့်သွင်းထားတဲ့ check valves တွေကို၊ low-pressure filter တွေနဲ့ heat exchanger ကဲ့သို့ low-pressure circuits တွေနဲ့ pilot-operated directional control valves တွေမှာ၊ minimum pilot pressure ကိုထိန်းထားနိုင်စေဖို့ အသုံးပြုကြပါတယ်။


Fig. In-line check valve with orifice drilled through poppet
(Poppet type orifice check valve)

အချို့ check valve တွေရဲ့ poppet မှာ အပေါါက်ဖောက်ကာ၊ orifice အနေနဲ့ ထည့်သွင်း တတ်ဆင်ထားပြီး၊ fixed-orifice flow-control function ဖြင့် အလုပ်လုပ်စေတာကို တွေ့ရပါတယ်။ orifice ဟာ fluid ကို လားရာ one direction တဖက်တည်းသို့၊ free flow အနေနဲ့ စီးဆင်းစေသလို၊ ဆန့်ကျင်ဖက် opposite way မှ flow ကိုလည်း၊ measured flow အဖြစ်စောင့်ကြည့်နေပါတယ်။ orifice ဟာ အသေတတ်ဆင်ထားတဲ့ non-adjustable component ဖြစ်ပြီး၊ ချိန်ညှိစရာမလိုအပ်တဲ့ tamper proof component လို့လည်း၊ ပြောနိုင်ပါတယ်။ actuator speed ကို ပြောင်းလဲရန်လိုအပ်မှသာ၊ orifice ရဲ့အရွယ်အစား size ကိုပြောင်းလဲကြပါတယ်။ poppet type orifice check valves တွေကို flange fitted သို့မဟုတ် hard piped အနေနဲ့ actuator port ဖြင့်တိုက်ရိုက်၊ တတ်ဆင်ထားကြပြီး၊ system မှာ line broke နဲ့ valve malfunctioned ပေါါပေါက်တဲ့အခါ၊ actuator ကိုထိခိုက်မှု မဖြစ်စေရန် ကာကွယ်ပေးပါတယ်။


Reference and image credit to : ကိုတင်မင်းထူး"Unit Instruction Manual - Hydraulic Control Valves" - KOMATSU, http://www.indiamart.com/, http://hydraulicspneumatics.com/, http://www.tucsonhydrocontrols.com/, http://www.cranechempharma.com/

Remark : All publications and images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party. 

Tuesday, 25 December 2012

Hydraulic fluids

ဟိုတလောက သဘော်လွဲပြောင်းလက်ခံယူခြင်း delivery အလုပ်ကိစ္စတခုနဲ့ ပက်သက်ပြီး၊ အနှတ် (၁၀) ဒီဂရီအောက်အေးတဲ့ နေရာတခုကို၊ ခဏရောက်နေခဲ့ပါတယ်။ သဘော်အတွက် လမ်းခရီးမှာ လိုအပ်မယ့် ဟိုက်ဒရောလစ်ဆီတွေ၊ မှာတဲ့အခါ ပေးလိုက်တဲ့ HV 68 ဆိုတဲ့ specification အတိုင်းမဟုတ်ပဲ LV 46 ဆိုတဲ့ specification ဖြင့် supplier မှပေးပို့လာ ပါတယ်။ supplier မှ အအေးပိုင်းဒေသမှာ သုံးမယ် အထင်နဲ့ specification မှားတယ် ဆိုပြီး၊ စေတနာဖြင့် သင့်လျှော်တဲ့ ဟိုက်ဒရောလစ်ဆီတွေကို၊ ပေးပို့ခဲ့ပေမယ့် သဘော်ဟာ၊ အပူပိုင်းဇုံ tropical area ကိုသွားမှာမို့ HV 68 နဲ့ပြန်လဲပေးရန်သာ supplier ကို အကြောင်းပြန်ရပါတယ်။
သဘော်သား ဘဝတုန်းက crane တွေ၊ winch တွေနဲ့ steering gear တွေနဲ့ပက်သက်ပြီး၊ ဟိုက်ဒရောလစ်ဆီတွေနဲ့ ရင်းနှီးခဲ့ရပါတယ်။ မှတ်မှတ်ရရ ဂျာမဏီဆောက်၊ 'တခိုင်လုံးရွှေ' ဆိုတဲ့ တစီးလုံးမြန်မာ သဘော်တစီးမှာ junior တဦးအဖြစ် စီးရစဉ်၊ 32, 46 နဲ့ 68 ဆိုပြီး၊ ဟိုက်ဒရောလစ်ဆီတွေ ခွဲသုံးထားတာကို သတိရမိပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ 'မြန်မာအင်ဂျင်နီယာဖိုရမ်' မှာ ဟိုက်ဒရောလစ်ဆီ အကြောင်း မေးထားတာတွေ့လို့၊ ရေးလက်စ post ကို ခဏရပ်ကာ၊ မှတ်သားမိသလောက် ဟိုက်ဒရောလစ် ဆီအကြောင်း၊ ဖော်ပြလိုက်ပါတယ်။
 
ဟိုက်ဒရောလစ်ဆီ hydraulic oil ရယ်လို့၊ အရပ်ခေါါ ခေါါကြတဲ့ hydraulic fluid ကို hydraulic liquid လို့လဲခေါါကြပါတယ်။ hydraulic machinery တွေရဲ့စွမ်းအားလွဲပြောင်းမှု power transfer အတွက်ကြားခံ medium အဖြစ်ဆောင်ရွက်ပေးတဲ့ hydraulic fluid ကို ယေဘုယျအနေနဲ့ သဘာဝတွင်းထွက်ဆီ mineral oil တွေမှထုတ်ယူနိုင်သလို water ဆိုတဲ့ရေမှ တဆင့်လည်း ထုတ်ယူနိုင်ပါတယ်။ 

hydraulic fluid ထုတ်ယူရာမှာ အသုံးပြုမယ့် mineral oil ဟာ၊ non-vegetable oil ဆိုတဲ့ ဟင်းသီးဟင်းရွက်မှ ထုတ်ယူထားတဲ့ ဆီအမျိုးအစား မဟုတ်ပဲ၊ hydrocarbons compounds ဖြစ်တဲ့ ရေနံ petroleum တနည်းအားဖြင့် ရေနံစိမ်း crude oil မှတဆင့် distillate အနေနဲ့ပေါင်းခံကာ၊ ထုတ်လုပ်ထားတဲ့ ဆီဖြစ်ပါတယ်။ alkanes အနည်းငယ်ဟာ ဟိုက်ဒရောလစ်ဆီမှာ light mixtures အဖြစ်ရောနှော ပါဝင်နေပြီး၊ အရောင်အဆင်းမဲ့ကာ၊ အနံ့အသက်မရှိတဲ့ colorless and odorless oil ဆီအမျိုးအစားလည်း ဖြစ်ပါတယ်။ hydraulic fluid တွေရဲ့ စွမ်းဆောင်နိုင်မှု functions တွေနဲ့ ရုပ်ဂုဏ်သတ္ထိ property တွေကို ဆက်လက်ဖော်ပြပါဦးမယ်။

hydraulic system တခုကို၊ ထိရောက်စွာ most efficiently အနေနဲ့ အလုပ်လုပ်စေရန်၊ အသုံးပြုမယ့် hydraulic fluid ဟာ low compressibility အဖြစ် စွမ်းဆောင်နိုင်ဖို့ လိုအပ်ပါတယ်။
thermodynamics နဲ့ fluid mechanics ဘာသာရပ်မှာ အရည် fluid သို့မဟုတ် အစိုင်အခဲ solid တခုဟာ၊ ဖိအား pressure သို့မဟုတ် တွန်းအား stress တခုခုပြောင်းလဲမှုကြောင့် ပေါါပေါက်လာမယ့် ထုထည် volume ပြောင်းလဲမှုကို တိုင်းတာခြင်းအား compressibility အဖြစ် သတ်မှတ်ပါတယ်။ low compressibility ဆိုတာကတော့ ဖိအား pressure သို့မဟုတ် တွန်းအား stress တခုခုပြောင်းလဲပေမယ့် ထုထည် volume ပြောင်းလဲမှု အနည်းငယ်သာပေါါပေါက်ခြင်းဖြစ်ပါတယ်။ 
Functions and properties of hydraulic fluids - hydraulic fluid တွေရဲ့ စွမ်းဆောင်နိုင်မှု functions တွေကို medium for power transfer and control, medium for heat transfer, sealing medium, lubricant, pump efficiency, special function, environmental impact နဲ့ functioning life ဆိုပြီး၊ တွေ့ရပါတယ်။ hydraulic fluid တွေဟာ hydraulic machinery တွေရဲ့စွမ်းအားလွဲပြောင်းမှု power transfer အတွက်ကြားခံ medium အဖြစ်၊ medium for power transfer and control အနေနဲ့ စွမ်းဆောင်ပေးရာမှာ၊ ဖိသိပ်မှုခံနိုင်ခြင်း low compressibility (high bulk modulus), ရောနှော ပါဝင်နေတဲ့လေကို အလျှင်အမြန်ဖယ်ထုတ်နိုင်ခြင်း fast air release, hydraulic system အတွင်း အမြှုတ်အနေနဲ့နေရာယူမှု နည်းပါးခြင်း low foaming tendency နဲ့ low volatility ဆိုတဲ့ ရုပ်ဂုဏ်သတ္ထိတွေရှိဖို့လိုအပ်ပါတယ်။ အပူကူးပြောင်းမှု medium for heat transfer အနေနဲ့ စွမ်းဆောင်ရာမှာ အပူဒဏ်ခံနိုင်ပြီးအပူကူးမှုလွယ်ကူခြင်း good thermal capacity and conductivity ဆိုတဲ့ရုပ်ဂုဏ်သတ္ထိတွေရှိဖို့လိုအပ်ပါတယ်။

ယိုစိမ့်မှုမဖြစ်ပေါါစေမယ့်ကြားခံအတားအဆီး sealing medium အနေနဲ့ကတော့ အသုံးပြုတဲ့ hydraulic fluid ရဲ့ shear stability နဲ့ လုံလောက်တဲ့ စေးပျစ်မှု adequate viscosity တနည်းအားဖြင့် viscosity index ဆိုတဲ့ စေးပျစ်မှုအညွန်းကိန်း ရုပ်ဂုဏ်သတ္ထိတွေအပေါါ မူတည်ပါတယ်။ liquid ဆိုတဲ့ အရည်တခုဟာ အပူချိန် temperature မြင့်တက် လာတဲ့ အခါ၊ စေးပျစ်မှု viscosity ကျဆင်းသွားပါတယ်။ ဆီတွေရဲ့ စေးပျစ်မှု viscosity ကို centistokes လို့ခေါါတဲ့ cSt unit ဖြင့် တိုင်းတာသတ်မှတ်ပြီး၊ စေးပျစ်မှု အညွန်းကိန်း viscosity index ကိုတော့ VI scale ဖြင့်ဖော်ပြပါတယ်။

VI scale ကို SAE လို့ခေါါတဲ့ Society of Automotive Engineers အဖွဲ့အစည်းမှ ချောဆီ lubricating oil တွေအတွက်၊ စတင် သတ်မှတ်ခဲ့တာဖြစ်ပြီး၊ အပူချိန် temperatures ကို reference အနေနဲ့ ကိုးကားဖော်ပြပါတယ်။ မူလစတင်သတ်မှတ်စဉ်က VI scale ဟာ '0' မှ '100' အထိသာရှိခဲ့ပါတယ်။ organic compound ဖြစ်တဲ့ naphthalene ဟာ VI scale အရ '0' သာရှိပြီး၊ saturated hydrocarbons တွေနဲ့  ဖွဲ့စည်းထားတဲ့ paraffin လို့ခေါါတဲ့ alkanes ကတော့ VI scale အရ '100' ရှိတာတွေ့ရပါတယ်။

chemical compounds တွေဖြစ်တဲ့ additive တွေကို ထည့်သွင်းအသုံးပြုရာမှ၊ VI scale မြင့်မားတဲ့ synthetic oil တွေ ထုတ်လုပ်လာနိုင်တဲ့အခါ VI scale '80' မှ '400' ခန့်အထိရှိတဲ့ ချောဆီ lubricating oil တွေပေါါပေါက်လာပါတယ်။ viscosity index အနနဲ့ '0' ~ '35' VI scale ရှိလျှင် low classification oil, '35' ~ '80' VI scale ရှိလျှင် medium classification oil, '80' ~ '110' ရှိလျှင် high classification oil နဲ့ '110' အထက် VI scale ရှိလျှင် very high classification oil ဆိုပြီးသတ်မှတ်ပါတယ်။

hydraulic fluid ဟာ hydraulic machinery တွေရဲ့စွမ်းအားလွဲပြောင်းမှု power transfer အတွက်ကြားခံ medium အဖြစ်ဆောင်ရွက်ပေးတဲ့အပြင်၊ ချောဆီ lubricant အနေနဲ့လည်း ဆောင်ရွက်ပေးပါတယ်။ ချောဆီ lubricant အနေနဲ့ ဆောင်ရွက်ရာမှာ ဆီရဲ့ စေးပျစ်မှုမှကိုထိန်းထားနိုင်ခြင်း viscosity for film maintenance, အပူချိန်နိမ့်ပေမယ့် အရည်အနေနဲ့သာတည်ရှိနေခြင်း low temperature fluidity, အပူနဲ့ oxidation ဆိုတဲ့ အီလက်ထရွန်ဆုံးရှုံးမှု loss of electrons တို့ကြောင့် ဆီအရည်အသွေး အလွယ်တကူပြောင်းလဲမှု မဖြစ်ပေါါနိုင်ခြင်း thermal and oxidative stability, ရေနဲ့ရောသွားပေမယ့် အလွယ်တကူပြောင်းလဲမှုမဖြစ်ပေါါနိုင်ခြင်း hydrolytic stability or water tolerance, အလွယ်တကူ သန့်ရှင်းစစ်ယူနိုင်ခြင်း cleanliness and filterability, ရောနှော ပါဝင်နေတဲ့ရေကို ဖယ်ထုတ်နိုင်ခြင်း demulsibility, ပွန်းစားမှုကို ကာကွယ်ပေးနိုင်ခြင်း anti-wear characteristics နဲ့ ဓါတ်ပြုတိုက်စားမှုကို တားဆီးပေးနိုင်ခြင်း corrosion control ဆိုတဲ့ရုပ်ဂုဏ်သတ္ထိတွေ ရှိဖို့လိုအပ်ပါတယ်။

hydraulic pump ရဲ့ စွမ်းဆောင်ရည် pump efficiency ကောင်းစေဖို့၊ ရုပ်ဂုဏ်သတ္ထိ property အနေနဲ့ high viscosity index ဆိုတဲ့ စေးပျစ်မှုအညွန်းကိန်းမြင့်မားရန်လိုအပ်သလို၊ hydraulic machinery တွေရဲ့ အတွင်းအစိတ်အပိုင်းတွေမှာ ဖြစ်ပေါါတတ်တဲ့ internal leakage ယိုစိမ့်မှုကို၊ လျှော့ချနိုင်ရန် မှန်ကန်တဲ့ proper viscosity ဆီအမျိုးအစားကိုလည်း၊ အသုံးပြုဖို့ လိုအပ်ပါတယ်။

hydraulic fluid ကို mineral oil တွေမှထုတ်ယူထားပေမယ့် ထူးခြားတဲ့ special function အနေနဲ့ မီးမလောင်နိုင်ခြင်း fire resistance, ပွတ်မှုအားကို ပြောင်းလဲပေးနိုင်ခြင်း friction modifications နဲ့ စွမ်းအင်ရှိပြီးသေးငယ်တဲ့ energetic particles အရာဝထ္ထုတွေနဲ့ စွမ်းအင်ရှိတဲ့ energetic waves လှိုင်းတွေ ဖြတ်သန်း သွားလာခြင်းကို၊ တားဆီးပေးနိုင်ခြင်း radiation resistance ဆိုတဲ့ ရုပ်ဂုဏ် သတ္ထိတွေရှိပါတယ်။

hydraulic fluid တွေကို decomposed အနေနဲ့ စွန့်ပြစ်ရာမှာ၊ အဆိပ်အတောက် ဖြစ်ပေါါမှုနည်းပါးခြင်း low toxicity ကြောင့် သဘာဝပတ်ဝန်းကျင်ကို environmental impact အနေနဲ့ ထိခိုက်မှု မဖြစ်ပေါါစေတာ တွေ့ရသလို၊ သတ်တမ်းတိုတဲ့ အဆင့်နိမ့်ဇီဝပြောင်းလဲဖြစ်ပေါါမှု bio-degradation တနည်းအားဖြင့် စွန့်ပြစ်ထားတဲ့ hydraulic fluid တွေနဲ့ ဘက်တီးရီးယားတွေမှတဆင့်၊ ဇီဝဓါတုဆိုင်ရာ ဓါတ်ပြုမှုအသစ်တွေ၊ မဖြစ်ပေါါနိုင်ခြင်း biodegradability ဆိုတဲ့ ရုပ်ဂုဏ်သတ္ထိ ရှိတာကိုလည်း၊ တွေ့ရပါတယ်။ hydraulic fluid သက်တမ်း functioning life ကတော့၊ material compatibility ဆိုတဲ့ အထက်မှဖော်ပြခဲ့တဲ့ အသုံးပြုထားတဲ့ ဟိုက်ဒရောလစ်ဆီရဲ့ ရုပ်ဂုဏ်သတ္ထိဆိုင်ရာ၊ အရည်အသွေးတွေပေါါမှာ မူတည်ပါတယ်။

ရေကို hydraulic fluid အနေနဲ့ရှေးဟောင်း ancient Egypt လူမျိုးတွေလက်ထက်ကတည်းက၊ အသုံးပြုခဲ့တယ်လို့ ဆိုကြပါတယ်။ (၁၉၂၀) ခုနှစ်နောက်ပိုင်းကစပြီး၊ hydraulic fluid ထုတ်လုပ်ရာ အခြေခံကုန်ကြမ်း base stock အဖြစ်၊ mineral oil ကိုစတင်အသုံးပြုခဲ့ပါတယ်။ ဆူမှတ် boiling point မြင့်မားပြီး၊ ပင်ကိုမူလ inherent lubrication properties ရုပ်ဂုဏ် သတ္ထိတွေရှိတဲ့အတွက်၊ mineral oil base stocks တွေဟာ၊ hydraulic fluid ထုတ်လုပ်ရာ အဓိကအခြေခံကုန်ကြမ်း အဖြစ်၊ ဒီနေ့ အချိန်ကာလအထိ အသုံးဝင်နေဆဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ တိရိစ္ဆာန်အစာသစ်စေ့တွေက ထုတ်ယူရရှိတဲ့ rapeseed လို့ခေါါတဲ့ canola oil လို၊ သဘာဝဆီ natural oils တွေနဲ့ အစားထိုး ထုတ်လုပ်လာခဲ့ပါတယ်။ glycol, esters, organophosphate ester, polyalphaolefin, propylene glycol နဲ့ silicone oils တို့လို၊ base stocks တွေကိုတော့ fire resistance နဲ့ မြင့်မားတဲ့အပူချိန် extreme temperature ကိုခံနိုင်ရည်ရှိမယ့်၊ hydraulic fluid တွေထုတ်လုပ်ရာမှာ အဓိကအခြေခံ ကုန်ကြမ်းအဖြစ် အသုံးပြုပါတယ်။

hydraulic fluid မှာ ဓါတုဒြပ်ပေါင်း chemical compounds တွေအမျိုးအစား၊ စုံလင်စွာ ပါဝင်နေတာကို တွေ့ရပါတယ်။ oil အပြင်၊ butanol နဲ့ phthalates, adipate ဆိုတဲ့ adipic acid တွေလည်း ပါဝင်ပါတယ်။ phthalates နဲ့ adipate တို့ဟာ esters တွေဖြစ်ပါတယ်။ ဒါ့အပြင် tributylphosphate ဆိုတဲ့ phosphate esters တွေနဲ့ silicones, alkylated aromatic hydrocarbons တွေနဲ့ polyisobutenes ကဲ့သို့ polyalphaolefins တွေနဲ့ corrosion inhibitors တွေလည်း၊ ရောနှောပါဝင်နေပါတယ်။
biodegradable hydraulic fluids အကြောင်းကိုလည်း၊ အနည်းငယ်ထည့်သွင်းဖော်ပြပါရစေ။ oil spill ဆိုတဲ့ ဆီယိုဖိတ်မှုမှတဆင့် သဘာဝပါတ်ဝန်းကျင်ကိုအထိခိုက်မခံတဲ့ environmentally sensitive applications တွေမှာ အသုံးပြုမယ့်၊ လယ်ယာသုံး farm tractors တွေနဲ့ သောင်တူးစက် marine dredging တွေအတွက်၊ biodegradable hydraulic fluids တွေကို အသုံးပြုကြပါတယ်။ rapeseed လို့ခေါါတဲ့ canola oil လို၊ သဘာဝဆီ natural oils တွေမှတဆင့်၊ ထုတ်ယူရရှိလာတဲ့ biodegradable hydraulic fluids တွေကို၊ ISO 32, ISO 46 နဲ့ ISO 68 ဆိုပြီး၊ specification အရခွဲခြား သတ်မှတ်ပါတယ်။ ASTM standards အရ ASTM-D-6006 - Guide for Assessing Biodegradability of Hydraulic Fluids နဲ့ ASTM-D-6046 - Standard Classification of Hydraulic Fluids for Environmental Impact တို့မှာလည်း၊ သဘာဝ ပတ်ဝန်းကျင်ကို environmental impact အနေနဲ့ ထိခိုက်မှုမဖြစ်ပေါါစေမယ့်၊ biodegradable hydraulic fluids တွေကို၊ ခွဲခြားသတ်မှတ် ထားတာ တွေ့ရပါတယ်။
Types of hydraulic fluids - hydraulic fluids တွေကို၊ ထုတ်လုပ်ရာအခြေခံကုန်ကြမ်း base stock တွေအပေါါ မူတည်ပြီး၊ petroleum based mineral hydraulic fluid, phosphate ester based synthetic hydraulic fluids, polyol ester based synthetic hydraulic fluids, Water glycol synthetic hydraulic fluids နဲ့ vegetable hydraulic fluid ဆိုပြီး၊ ခွဲခြားသတ်မှတ်နိုင်ပါတယ်။

petroleum based mineral hydraulic fluid တွေဟာ ဈေးသက်သာတဲ့အတွက်၊ အသုံးများတဲ့ hydraulic fluids အမျိုးအစားဖြစ်ပြီး၊ အခြား hydraulic fluids တွေနဲ့ နှိုင်းယှဉ်ကြည့်ရာမှာ fire resistance, toxicity နဲ့ biodegradability ဆိုင်ရာအချက်အလက်တွေ၊ နိမ့်ပါးတာတွေ့ရပါတယ်။ phosphate ester တွေကို phosphoric acid နဲ့ aromatic alcohols တို့ပေါင်းစပ်ဓါတ်ပြုခြင်း reaction မှတဆင့် ထုတ်လုပ်ပါတယ်။ phosphate ester based synthetic hydraulic fluids တွေဟာ flash point မြင့်တဲ့အတွက်၊ fire resistance ကောင်းပေမယ့် toxicity ဆိုင်ရာအချက်အလက်တွေ၊ နိမ့်ပါးတာတွေ့ရပါတယ်။ ဒါ့အပြင် paints, adhesives , polymers တွေနဲ့ sealant materials တွေကို ထိခိုက်စေတတ်ပါတယ်။ 

polyol esters based hydraulic fluids တွေကိုတော့ long-chain fatty acids တွေနဲ့ synthesized alcohols တွေပေါင်းစပ်ဓါတ်ပြုခြင်း reaction မှတဆင့် ထုတ်လုပ်ပါတယ်။ polyol ester based hydraulic fluids တွေဟာ၊ fire resistance ကောင်းသလို၊ lubrication properties ဂုဏ်သတ္ထိမှာလည်း၊ မြင့်မားပါတယ်။ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်မယ့် environmentally friendly fluid ဖြစ်ပေမယ့်၊ ဈေးနှုံးမြင့်မားတာကိုလည်း တွေ့ရပါတယ်။

water glycol based hydraulic fluids မှာ solution ပုံသဏ္ဍန်နဲ့ ရေဟာ 35 ~ 60 % ခန့်အထိ ပါဝင်နေပြီး၊ anti-foam, anti-freeze, rust and corrosion inhibitors တွေနဲ့ anti-wear တို့လို ထပ်ပေါင်းဒြပ်နှော additives တွေလည်းပါဝင်နေပါတယ်။ water glycol based hydraulic fluids တွေဟာ biodegradable ဆိုင်ရာအချက်အလက်တွေ မြင့်မားပြီး၊ fire resistance ကောင်းသလို၊ အဆိပ်အတောက် မဖြစ်စေတဲ့ non-toxic fluid လည်းဖြစ်ပါတယ်။ temperature range အနေနဲ့ 32 °F ~ 120 °F (0 °C ~ 49 °C) အတွင်းမှာသာ ရှိပါတယ်။ အပူခံနိုင်မှုနိမ့်ပါးတဲ့အတွက်၊ evaporation အဖြစ် ငွေ့ရည်စုဖွဲ့ကာ၊ hydraulic fluids ရဲ့ ရုပ်ဂုဏ်သတ္ထတွေကို deterioration အနေနဲ့ ကျဆင်းစေနိုင် ပါတယ်။

vegetable hydraulic fluids တွေကိုတော့ canola oil မှတဆင့်ထုတ်လုပ်ပြီး၊ ဓါတုဖွဲ့စည်းပုံ chemical structure ဟာ၊ polyol esters နဲ့ ဆင်တူပါတယ်။ vegetable hydraulic oils တွေဟာ lubrication properties ဆိုင်ရာရုပ်ဂုဏ်သတ္ထိတွေမြင့်မားသလို၊ viscosity index အရလည်း မြင့်မားပါတယ်။ အဆိပ်အတောက်မဖြစ်စေတဲ့ non-toxic fluid ဖြစ်ကာ၊ biodegradability ဆိုင်ရာ အချက်အလက်တွေမှာလည်း၊ မြင့်မားတာကိုတွေ့ရပါတယ်။

Viscosity of hydraulic fluids - hydraulic fluids တွေရဲ့ စေးပျစ်မှု viscosity ကို၊ SAE designation နဲ့ ISO designation ဆိုပြီး၊ ခွဲခြားသတ်မှတ်ပေမယ့် နှစ်မျိုးစလုံးဟာ၊ viscosity grading system အပေါါမှာ အခြေခံထားပါတယ်။ hydraulic fluids တွေရဲ့ စေးပျစ်မှုကို low viscosity limit နဲ့ upper viscosity value ဆိုပြီး၊ ခွဲခြားဖော်ပြလေ့ရှိပါတယ်။

hydraulic fluids တွေရဲ့ အနိမ့်ဆုံးစေးပျစ်မှု low viscosity ဟာ composition ဆိုတဲ့ ရောနှော ဖွဲ့စည်းထားပုံနဲ့ temperature ဆိုတဲ့ အပူချိန်တို့အပေါါ၊ မူတည်ပါတယ်။ fluids တွေရဲ့ low viscosity limit ကို lubrication properties နဲ့ cavitation ဖြစ်ပေါါခြင်းကို တားဆီးနိုင်မှုဆိုတဲ့ cavitation resistance ဖြင့် သတ်မှတ်ပါတယ်။
hydraulic fluid ဟာ system အတွင်းမှ control valve တွေကိုဖြတ်သန်းစီးဆင်းစဉ်၊ ဖြစ်ပေါါတတ်တဲ့ 'cavitation' အကြောင်း၊ အနည်းငယ်ထည့်သွင်းဖော်ပြပါရစေ။ controlling လုပ်စဉ် fluid flow ရဲ့ pressure ဟာကျဆင်းသွားပြီး၊ flow ရဲ့ velocity ကြောင့်၊ valve seat အပြင်ဖက်မှာ fluid ရဲ့ vapour pressure ထက်နိမ့်တဲ့ local pressure တခု ဖြစ်ပေါါလာပါတယ်။ အဲဒီ အခါ၊ fluid မှာ vapour bubbles အနေနဲ့ လေဘူဘောင်းလို၊ အမြှုတ်တွေ 'ထ' ကုန်ပါတယ်။ pressure ပြန်တက်လာတဲ့အခါ၊ vapour bubbles တွေဟာ၊ မြင့်မားတဲ့ pressure နဲ့ အရှိန်ပြင်းစွာ ရုတ်တရက် ကွဲထွက်ပြိုကွဲသွားပါတယ်။ ကွဲထွက်တဲ့ bubbles collapse မှ adjacent အနေနဲ့ အနီးကပ်ဆုံး metal surfaces တွေ ဖြစ်တဲ့ valve trim, valve body နဲ့ downstream pipework တွေ၊ ထိခိုက် ပျက်စီးခြင်းကို "cavitation" လို့ခေါါပါတယ်။ cavitation ကြောင့် porous အဖြစ်အပေါက်တွေ၊ အချိုင့်တွေနဲ့၊ ကြမ်းတမ်းတဲ့ metal surface မျက်နှာပြင် ဖြစ်လာရသလို၊ protective oxide layers ကိုပါ ကွာကျစေတဲ့ အတွက်၊ accelerated corrosion ကို ပေါါပေါက်စေပါတယ်။ ဒါ့အပြင် noise နဲ့ vibration တွေပါ ဖြစ်ပေါါလာတာကို၊ တွေ့ရပါတယ်။ 
upper viscosity value တန်ဖိုးကတော့ pump အထွက်မှာရရှိလာမယ့် fluid ရဲ့ pressure နဲ့ flow တနည်းအားဖြင့် hydraulic fluid ရဲ့ စွမ်းဆောင်နိုင်မှု ability အပေါါ မူတည်ပါတယ်။ ယေဘုယျာနေနဲ့ hydraulic fluid ရဲ့ common viscosity range ဟာ 16 ~ 100 centistokes အတွင်းရှိသလို၊ အသင့်လျှော်ဆုံး optimum viscosity value အနေနဲ့ 16 ~ 36 centistokes ခန့်ရှိသင့်ပါတယ်။

SAE designation အရ၊ hydraulic fluids တွေကို mono-grade hydraulic fluids နဲ့ multi-grade hydraulic fluids ဆိုပြီး၊ ခွဲခြားသတ်မှတ်ပါတယ်။ mono-grade hydraulic fluids တွေကို 10, 20, 30 နဲ့ 40 အစရှိတဲ့ ဂဏန်းတွေနဲ့ သက်ေတပြုကာ၊ ဖော်ပြထားပြီး၊ particular temperature ဆိုတဲ့ သတ်မှတ်ထားတဲ့ အပူချိန်တခုမှာ ရှိနေမယ့် စေးပျစ်မှု viscosity တန်ဖိုးဖြစ်ပါတယ်။ ဂဏန်းတန်ဖိုး ကြီးတဲ့အခါ စေးပျစ်မှု viscosity လည်း၊ မြင့်မားသွားပါတယ်။ ဂဏန်းရဲ့ နောက်မှာ “W” မပါပဲ SAE 10, SAE 20 နဲ့ SAE 30 အစရှိသလို၊ ဖော်ပြထားတဲ့ hydraulic fluids တွေဟာလည်း၊ mono-grade hydraulic fluids တွေ ဖြစ်ပါတယ်။ 212 °F (100 °C) အထိ အပူချိန်မြင့်မားတဲ့ high ambient temperatures တွေမှာ၊ စေးပျစ်မှု viscosity ပြောင်းလဲမှုမရှိပဲ အသုံးပြုနိုင်မယ့် hydraulic fluids တွေဖြစ်ပါတယ်။ ဂဏန်းရဲ့ နောက်မှာ “W” ပါဝင်ပြီး SAE 10W, SAE 20W နဲ့ SAE 30W အစရှိသလို၊ ဖော်ပြထားတဲ့ hydraulic fluids တွေဟာလည်း၊ mono-grade hydraulic fluids တွေ ဖြစ်ပါတယ်။ 0 °F ( -18 °C) အထိ အပူချိန်နိမ့်တဲ့ low ambient temperatures တွေမှာ၊ စေးပျစ်မှု viscosity ပြောင်းလဲမှုမရှိပဲ အသုံးပြုနိုင်မယ့် hydraulic fluids တွေဖြစ်ပါတယ်။

စေးပျစ်မှု viscosity တန်ဖိုးအား ထိန်းထားနိုင်စေဖို့ polymeric additives တွေကို viscosity index improvers အဖြစ်ထည့်သွင်းရောစပ်ထားတဲ့ hydraulic fluids တွေကို၊ multi-grade hydraulic fluids အဖြစ် သတ်မှတ်ပါတယ်။ SAE 5W30, SAE 10W20 နဲ့ SAE 10W30 အစရှိသလို၊ ဂဏန်းနဲ့ အက္ခရာတွေဖြင့် ရောနှောဖော်ပြထားပြီး၊ ပထမဂဏန်းဟာ cold temperature မှာရှိမယ့် စေးပျစ်မှု viscosity နဲ့ ဒုတိယဂဏန်းဟာ high temperature မှာရှိမယ့် စေးပျစ်မှု viscosity ကို၊ ကိုယ်စားပြု ပါတယ်။ multi-grade hydraulic fluids တွေဟာ အပူချိန်ပြောင်းလဲမှု temperature range အမျိုးမျိုးအတွင်း၊ အသုံးပြုနိုင်တဲ့ hydraulic fluids တွေဖြစ်ပါတယ်။

ISO designation အရ၊ hydraulic fluids တွေကို viscosity grading ဆိုတဲ့ VG သက်ေတဖြင့်၊ ခွဲခြားသတ်မှတ်ပါတယ်။ ISO VG 32, ISO VG 46, ISO VG 68, ISO VG 100 နဲ့ ISO VG 150 အစရှိသလို၊ ဖော်ပြထားတဲ့ hydraulic fluids တွေဟာ viscosity grading တန်ဖိုးဖြင့် ဖော်ပြထားတာဖြစ်ပြီး၊ particular temperature ဆိုတဲ့ သတ်မှတ်ထားတဲ့ အပူချိန် 40 °C (104 °F) မှာ ရှိနေမယ့် စေးပျစ်မှု viscosity grading တန်ဖိုးကို centistokes ဖြင့် တိုင်းတာ သတ်မှတ်ထားခြင်းလည်း ဖြစ်ပါတယ်။

Choosing the right hydraulic fluid - multigrade engine oil တွေနဲ့ automatic transmission fluid လို oil တွေကို၊ conventional anti-wear hydraulic fluids တွေအဖြစ်၊ အသုံးပြုနိုင်ပါတယ်။ viscosity ဆိုတဲ့ စေးပျစ်မှုဟာ၊ hydraulic fluids ရွေးချယ်ရာမှာ အရေးတကြီး၊ ထည့်သွင်းစဉ်းစားရမယ့် အချက်အလက် specification ဖြစ်ပါတယ်။ အသုံးပြုမယ့် operating temperature range နဲ့ viscosity ဆိုတဲ့ စေးပျစ်မှုတို့ ကိုက်ညီခြင်းမရှိတဲ့အခါ၊ hydraulic system တခုကို၊ ထိရောက်စွာ most efficiently အနေနဲ့ အသုံးမပြုနိုင်တော့သလို၊ system အတွင်းတတ်ဆင်အသုံးပြုထားတဲ့ component တွေရဲ့ သက်တမ်း service life ဟာလည်း၊ တိုတောင်းသွားတာကို တွေ့ရပါတယ်။

အသုံးပြုရန် မှန်ကန်တဲ့ correct fluid viscosity grade ကိုရွေးချယ်ရန်၊ အနိမ့်ဆုံး minimum ambient temperature မှာရရှိနိုင်မယ့် fluid ရဲ့ starting viscosity, အမြင့်ဆုံး maximum ambient temperature မှာပေါါပေါက်လာမယ့် fluid ရဲ့ အများဆုံး maximum expected operating temperature နဲ့ system အတွင်း တတ်ဆင်အသုံးပြုထားတဲ့ component တွေ အတွက် အသင့်လျှော်ဆုံး permissible and optimum fluid viscosity range တို့ကို အခြေခံရပါတယ်။

  
Fig. Typical minimum viscosity values for hydraulic components

အထက်မှာ အမျိုးအမည်ကွဲပြားတဲ့ hydraulic components တွေအတွက်၊ လိုအပ်မယ့် typical minimum permissible and optimum viscosity values တန်ဖိုးတွေကို၊ ဥပမာအဖြစ် ဖော်ပြထားပါတယ်။ အကယ်၍ hydraulic system ကို အေးခဲတဲ့ freezing temperatures အခြေအနေမျိုးနဲ့ ပူနွေးတဲ့ tropical conditions အခြေအနေမျိုးတွေမှာ၊ ပြောင်းလဲအသုံးပြုရမယ်ဆိုလျှင် wide operating temperature range ရှိတဲ့၊ multi-grade hydraulic fluid တွေကိုသာ ရွေးချယ်အသုံးပြုသင့်ပါတယ်။ fluid viscosity ကို optimum range ဖြစ်တဲ့ 25 ~ 36 cSt အတွင်းထိန်းထားနိုင်မယ်ဆိုလျှင်၊ hydraulic system ကို၊ ထိရောက်စွာ most efficiently အနေနဲ့ အလုပ်လုပ်စေနိုင် သလို၊ ပေးသွင်းရမယ့် input power ဟာလည်း ကျဆင်းသွားတာ၊ တွေ့ရပါတယ်။ တနည်းအားဖြင့် multi-grade hydraulic fluids တွေကို အသုံးပြုခြင်းဖြင့် hydraulic system အတွက် အသုံးပြုရမယ့် power consumption ကိုလျှော့ချနိုင်ခြင်း ဖြစ်ပါတယ်။

multi-grade fluids တွေ အသုံးပြုရာမှာ၊ ထည့်သွင်းထားတဲ့ viscosity index (VI) improvers တွေကြောင့် hydraulic fluid မှာရှိသင့်တဲ့ air separation properties ဂုဏ်သတ္ထိကို၊ negative effect အနေနဲ့ ကျဆင်းစေနိုင်ပါတယ်။ အကယ်၍ system မှာသေးငယ်တဲ့ reservoir ကိုတတ်ဆင်အသုံးပြုပါက၊ deaeration characteristics လည်းကျဆင်းသွားပြီး၊ fluids ဟာ မြင့်မားတဲ့ high shear rates နဲ့အတူ turbulent flow တွေဖြစ်ပေါါ စီးဆင်းသွားနိုင်ပါတယ်။ 

turbulent flow ကြောင့် အချိန် ကြာလာတာနဲ့အမျှ hydraulic systems အတွင်းရှိ hydraulic fluid မှ viscosity index improvers တွေရဲ့ molecular bonds တွေပျက်စီးဆုံးရှုံးရပြီး၊ viscosity လည်း ကျဆင်းသွားရပါတယ်။ ဒီ့အတွက် high VI လို့ခေါါတဲ့ multi-grade fluid တွေကို၊ ရွေးချယ် အသုံးပြုတဲ့အခါ VI improver sheardown ကို၊ compensate အနေနဲ့ အစားထိုးနိုင်စေရန်၊ hydraulic component ထုတ်လုပ်သူ manufacturers တွေ သတ်မှတ်ပေးထားတဲ့ minimum permissible viscosity values တန်ဖိုးထက် 30 percent ခန့် ပိုမယ့် multi-grade fluid ကိုရွေးချယ်အသုံးပြုသင့်ပါတယ်။

အပူချိန်ပြောင်းလဲခြင်းဖြစ်ပေါါမှု နည်းပါးတဲ့ narrow operating temperature range အတွင်းမှာတော့ viscosity အပြောင်းအလဲနည်းပါးတဲ့အတွက်၊ monograde hydraulic fluids တွေကိုသာ၊ အသုံးပြုသင့်ပါတယ်။

Detergent or no detergent - DIN 51524 standard အရ၊ HLP-D fluids ဆိုပြီး anti-wear hydraulic fluids တွေကို ခွဲခြား သတ်မှတ်ထားတာ၊ တွေ့ရပါတယ်။ anti-wear hydraulic fluids တွေထဲမှာ၊ detergents တွေနဲ့ dispersants တွေပါဝင်သလို၊ အသုံးများတဲ့ hydraulic fluids တွေ ဖြစ်ပါတယ်။ fluid အတွင်း ရေရောနှောပါဝင်နေလျှင်လည်း၊ detergents တွေကြောင့် emulsify အနေနဲ့ ပျစ်နှစ်စေးကပ်သွားစေသလို၊ အခြား contaminants အဖြစ်၊ ရောနှောပါဝင်နေတဲ့ varnish နဲ့ sludge စတဲ့ အနယ်အနှစ်တွေနဲ့အတူ၊ disperse အနေနဲ့ ပြိုကွဲကျေပျက်သွားစေပါတယ်။ emulsify water နဲ့ deposit အဖြစ်၊ အနည်ထိုင်သွားမယ့် ရောနှောပါဝင်နေတဲ့၊ contaminants တွေကို hydraulic system မှာတတ်ဆင်ထားတဲ့ ဆီစစ် oil filters တွေနဲ့ ရေစစ် emulsified water filters တွေမှတဆင့် ဖယ်ထုတ်ယူနိုင်ပါတယ်။

hydraulic system အတွင်းမှရေကြောင့် fluid ရဲ့ lubricity နဲ့ filterability ကိုကျဆင်းစေနိုင်ပြီး၊ seal တွေမှ ယိုစိမ့်မှုတွေဖြစ်ပေါါစေသလို၊ corrosion နဲ့ cavitation တွေလည်းပိုမို ဖြစ်ပေါါစေနိုင်ပါတယ်။ ဒါ့အပြင် hydraulic system အတွင်းမှ ရေဟာ မြင့်မားတဲ့ ဝန်ကိုထမ်းဆောင်ရတဲ့ highly loaded parts အစိတ်အပိုင်းတွေအတွင်း၊ အပူချိန်ကြောင့် steam အဖြစ်ပြောင်းလဲသွားနိုင်ပါတယ်။ ဒီ့အတွက် detergents တွေနဲ့ dispersants တွေပါဝင်တဲ့ anti-wear hydraulic fluids တွေကို၊ အသုံးပြုပေမယ့် operating temperature ကို oil saturation point အောက်မှာသာ အသုံးပြုပြီး၊ ရေရောနှောပါဝင်နေမှု water content ကို၊ ထိန်းထားသင့်ပါတယ်။

Anti-wear or no anti-wear - lubrication ရဲ့ boundary conditions တွေကို ထိန်းထားနိုင်စေရန်၊ hydraulic fluids တွေမှာ၊ anti-wear additives တွေကို ထည့်သွင်း အသုံးပြုကြပါတယ်။ အသုံးများတဲ့ anti-wear additives ကတော့ ZDDP လို့ခေါါတဲ့ zinc dialkyl dithiophosphate ဖြစ်ပါတယ်။ ZDDP ရဲ့ ဓါတုပြိုကွဲမှု chemically break down ကြောင့် hydraulic system အတွင်းမှ သတ္ထု metals တွေပျက်စီးပြီး၊ fluid ရဲ့ filterability ကို ကျဆင်းစေတတ်ပါတယ်။ မြင့်မားတဲ့ high-pressure ဖိအားနဲ့ မြင့်မားတဲ့ high-performance စွမ်းဆောင်ရည်အတွက်၊ piston pump တွေနဲ့ motor တွေကိုအသုံးပြုထားတဲ့၊ hydraulic system တွေမှာ၊ ဓါတုပြိုကွဲမှုမဖြစ်ပေါါနိုင်မယ့် stabilized ZDDP အမျိုးအစား anti-wear additives တွေပါဝင်တဲ့ hydraulic fluids တွေကိုသာ၊ အသုံးပြုသင့်ပါတယ်။


Fig. Effect on viscosity upon the volumetric and mechanical efficiency of hydraulic pumps

gear pump, piston pump, gear roller motor, vane motor, mobile spool valve နဲ့ cartridge spool valve အစရှိသလို hydraulic system ကို operate လုပ်မယ့် အဓိက components အမျိုးအစားအလိုက် မည်သည့် fluid အမျိုးအစားကိုသုံးရမယ်ဆိုပြီး၊ machinery ထုတ်လုပ်သူ makers တွေက၊ သတ်မှတ်ပေးထားပါတယ်။ တနည်းအားဖြင့် အသုံးပြုမယ့် machinery ရဲ့ volumetric efficiency နဲ့ mechanical efficiency တို့အပေါါါမူတည်ပြီး၊ viscosity ကိုသတ်မှတ်ခြင်းဖြစ်ပါတယ်။

ဒါ့အပြင် hydraulic fluid တွေကိုဝယ်ယူတိုင်း၊ ထုတ်လုပ်ရောင်းချသူ manufacturer and distributor တွေမှ fluid နဲ့ပက်သက်တဲ့ specification တွေကိုပေးသလို၊ material data sheet လို့ခေါါပါတယ်။ material data sheet ကို MSDS တနည်းးအားဖြင့် material safety data sheet လို့လည်း၊ ခေါါကြပါတယ်။ mineral oil မှထုတ်ယူရရှိတဲ့ hydraulic fluid တွေရဲ့ material data sheet မှာ density, kinematic viscosity, viscosity index, flash point, pour point, aniline point နဲ့ colour တို့နဲ့ပက်သက်တဲ့၊ အချက်အလက် specifications တွေကို ရေးသားဖော်ပြထား ပါတယ်။ biodegradable hydraulic fluid ရဲ့ material data sheet မှာတော့ density, kinematic viscosity, viscosity index, flash point, pour point တို့အပြင်၊ zinc ပါဝင်မှုအချိုးအဆကို ppm ဖြင့်တိုင်းတာဖော်ပြလေ့ရှိပါတယ်။
liquid တခုစီးဆင်းရာ flow မှာဖြစ်ပေါါလာမယ့် internal resistance ကို fluid viscosity လို့ခေါါပါတယ်။ liquid ရဲ့ absolute viscosity ကို " µ " ဆိုတဲ့ သက်ေတဖြင့်သတ်မှတ်ပါတယ်။ absolute viscosity ဟာ fluid ရဲ့ parallel layers (၂) ခုကြားမှာ ပေါါပေါက်လာမယ့် certain slip velocity ဖြစ်ပြီး၊ force အနေနဲ့ ယူဆပါတယ်။ fluid viscosity ကို absolute viscosity နဲ့ kinematic viscosity ဆိုပြီး၊ ခွဲခြားသတ်မှတ် နိုင်သလို၊ absolute viscosity ဟာ liquid တခုစီးဆင်းရာ flow မှာဖြစ်ပေါါလာတဲ့အတွက်၊ dynamic viscosity အဖြစ်ယူဆကြပါတယ်။  

Fig. Effect of temperature on kinematic viscosity
kinematic viscosity ကတော့ fluid ရဲ့ dynamic viscosity နဲ့ fluid ရဲ့ density တို့ရဲ့ အချိုးဖြစ်ပါတယ်။ တနည်းအားဖြင့် fluid ရဲ့ viscosity ကို dynamic viscosity နဲ့ kinematic viscosity အနေနဲ့ ခွဲခြားတိုင်းတာကြတယ်လို့ ဆိုနိုင်ပါတယ်။ fluid ရဲ့ viscosity ဟာ temperature ကြောင့် အပြောင်းအလဲဖြစ်ပေါါတတ်သလို၊ pressure ကြောင့်လည်း အပြောင်းအလဲ variations တွေ ဖြစ်ပေါါနိုင်ပါတယ်။ close loop hydraulic system တခုမှာ အပူချိန်ဟာ fixed temperature အဖြစ်၊ အပြောင်းအလဲမရှိပေမယ့် system အတွင်းမှ pressure ဟာ 40 MPa သို့မဟုတ် 400 bar ခန့်ရောက်သွားစဉ်၊ viscosity အနေနဲ့ 8 % ခန့်မြင့်တက်သွားတာ တွေ့ရပါတယ်။

Life of hydraulic fluids - ဟိုက်ဒရောလစ်ဆီရဲ့ အသုံးခံနိုင်မှုသက်တမ်းဟာ၊ quality of oil ဆိုတဲ့ ဆီအရည်အသွေး၊ operating conditions ဆိုတဲ့ အသုံးပြုမှုအခြေအနေတွေနဲ့ potential contamination ဆိုတဲ့ အသုံးပြုနေစဉ်အတွင်း varnish နဲ့ sludge စတဲ့ အနယ်အနှစ်တွေနဲ့အတူ၊ ရေရောနှောပါဝင်နိုင်မှု အစရှိတဲ့ အချက်အလက် factors အကြောင်းအရာတွေပေါါ မူတည်နေပါတယ်။ အရည်အသွေးကောင်းမွန်တဲ့ ဟိုက်ဒရောလစ်ဆီဟာ စေးပျစ်မှုအညွှန်းကိန်း viscosity index အပြောင်းအလဲ မရှိပဲ၊ (၆) လခန့်အထိ အသုံးခံပါတယ်။

hydraulic system ကို၊ ထိရောက်စွာ most efficiently အနေနဲ့ အလုပ်လုပ်စေနိုင်ရန်၊ အသုံးပြုထားတဲ့ hydraulic fluid ကို (၆) လမှာတကြိမ်ခန့် နမူနာ oil sample ယူပြီး၊ oil analysis program အနေနဲ့ ဓါတ်ခွဲခန်းသို့ပို့ကာ စစ်ဆေးပေးသင့်ပါတယ်။ စက်မောင်းချိန် running hours အနေနဲ့ 1500 ~ 5000 hours အတွင်း၊ စစ်ဆေးပေးသင့်ပါတယ်။ သဘော်တွေမှာတော့ hydraulic fluid တွေကိုဝယ်ယူတိုင်း၊ ထုတ်လုပ်ရောင်းချသူ manufacturer and distributor တွေမှ oil analysis program အနေနဲ့ အခမဲ့ စစ်ဆေးပေးလေ့ ရှိသလို၊ တခါတရံမှာ မိမိအစီအစဉ်ဖြင့် နှစ်သက်ရာ ဓါတ်ခွဲခန်းသို့ပို့ကာ၊ စစ်ဆေးလေ့ ရှိပါတယ်။ မိမိ အစီအစဉ်ဖြင့် နှစ်သက်ရာ ဓါတ်ခွဲခန်းသို့ပို့ကာ၊ စစ်ဆေးတဲ့အခါ စစ်ဆေးမယ့် နမူနာ oil sample အပြင်၊ တိကျစွာကိုးကားနိုင်စေရန် အမျိုးအစားတူ၊ မသုံးရသေးတဲ့ ဆီအသစ်ကိုလည်း reference sample အဖြစ်ပေးပို့ သင့်ပါတယ်။

ဟိုက်ဒရောလစ်ဆီရဲ့ ပကတိအသုံးခံနိုင်မှုသက်တမ်း potential life ဟာ၊ အသုံးပြုတဲ့ operating temperature အပူချိန်ပေါါမူတည်နေပါတယ်။ industrial applications အများစုမှာ fluid temperature ဟာ 60 °C ခန့်ရှိပြီး၊ တခါတရံ fluctuations သို့မဟုတ် spikes အနေနဲ့ 85 °C ခန့်သို့ပြောင်းလဲ၊ ရောက်ရှိသွားတတ်ပါတယ်။ 85 °C မှာ extended periods အနေနဲ့ အချိန်ကာလအတော်ကြာကြာ၊ အသုံးပြုခဲ့လျှင် ဆီမှာ oxidation process လည်းလျှင်မြန်စွာ accelerated အခြေအနေဖြင့်၊ ပေါါပေါက်လာပြီး အသုံးခံနိုင်မှု သက်တမ်းဟာ တဝက်ခန့်အထိ တိုတောင်း ကျဆင်းသွားတာ တွေ့ရပါတယ်။ အပူချိန် 10 °C မြင့်တက်လာတိုင်း၊ oxidation rate ဟာ (၂) ဆ တိုးသွားတယ်လို့ ဆိုနိုင်ပါတယ်။
fluid အတွင်းမှ hydrocarbon molecules တွေဟာ carboxylic acids အဖြစ်၊ converted အနေနဲ့ အသွင်ကူးပြောင်းသွားခြင်းကို 'oxidation' လို့ခေါါပါတယ်။ hydraulic system အတွင်းမှ အသုံးပြုထားတဲ့ certain metals တွေ၊ အစအနအပွန်းအပဲ့ wear particles တွေနဲ့ မြင့်မားတဲ့ high temperature အပူချိန်တို့ ပေါင်းစပ်ရာမှတဆင့် oxidation ဖြစ်ပေါါ လာပါတယ်။ 
varnish ဟာလည်း oxidation byproducts ဖြစ်သလို၊ အနှယ်အနှစ် sludge အနေနဲ့ servo-valves တွေရဲ့ရွှေ့လျှားမှုအား sticking အဖြစ် အနှောက်အယှက် ပေးတတ်ပါတယ်။ ဒါ့အပြင် oxidation byproducts တွေမှ တဆင့် ပေါါပေါက်လာတဲ့ အနှယ်အနှစ် sludge တွေဟာ၊ system အတွင်းမှ filters တွေနဲ့ suction strainers တွေကို clog အနေနဲ့ ပိတ်ဆို့စေတတ်ပါတယ်။ oxidation ဖြစ်ပေါါမှု အနည်းအများပမာဏကို၊ oil analysis program အရ ဓါတ်ခွဲစစ်ဆေးမှုပြုလုပ်ခြင်းဖြင့် သိနိုင်ပြီး၊ အကယ်၍ oxidation rate ပမာဏမြင့်မားနေပါက၊ ဆက်လက်အသုံးမပြုတော့ပဲ ဆီအသစ်ဖြင့် အစားထိုးလဲလှယ်မှု oil renewal ကိုဆောင်ရွက်သင့်ပါတယ်။

hydraulic fluids တွေရဲ့ 99 % ခန့်ကို non-viscosity modified formulations အနေနဲ့ ထုတ်လုပ်ခဲ့ကြပြီး၊ နောက်ပိုင်းမှာတော့ antioxidants တွေရောနှောပေါင်းစပ်ထားတဲ့ oxidation resistance fluid တွေကို၊ ထုတ်လုပ်အသုံးပြုလာကြပါတယ်။ hydraulic fluids မှ oxidation resistance ကို 'Turbine Oil Oxidation Test ASTM D943' နည်းလမ်းဖြင့် စမ်းသတ်နိုင်ပါတယ်။ ဆီကိုရေဖြင့်ရောစပ်ပြီး metal catalyst တခုနဲ့အတူ၊ အပူပေးကာ၊ hydraulic fluid မှာ ပါဝင်တဲ့ acid number ဟာ 2. 0 သို့မြင့်တက်သွားမယ့် အချိန်အား တိုင်းတာခြင်းဖြစ်ပါတယ်။

system အတွင်းရှိ hydraulic fluid မှာ ရေ water, လေ air, အမှုန်အမွှားအစအနအပွန်းအပဲ့ dirt and wear particles တွေ၊ လောင်စာဆီ fuel oil နဲ့ ချောဆီ lubricating oil အပါအဝင်၊ အခြားသော အမျိုးအစားမတူညီတဲ့ hydraulic fluids တွေဟာလည်း၊ အကြောင်းအမျိုးမျိုးကြောင့် contamination အဖြစ်၊ ရောနှောပါဝင်နေတတ်ပါတယ်။ ရေဟာ hydraulic fluid မှာ contamination အဖြစ်၊ အလွယ်တကူရောနှောပါဝင်လေ့ရှိတဲ့ အရာဖြစ်ပြီး၊ ရေကြောင့် fluid ရဲ့ lubricating property ရုပ်ဂုဏ်သတ္ထိကျဆင်းနိုင်သလို၊ ပွန်းစားမှု wear down တွေအပြင်၊ oxidation rate လည်း တိုးမြင့်လာနိုင်ပါတယ်။ system အတွင်းရှိ hydraulic fluid မှာ လေပါဝင်နေမှုဟာလည်း၊ oxidation rate ကိုတိုးမြင့်လာစေနိုင်ပါတယ်။

အမှုန်အမွှား အစအနအပွန်းအပဲ့ dirt and wear particles တွေဟာ fluid မှာ contamination အဖြစ်ရောနှောပါဝင်ရာမှ၊ oxidation rate ကိုတိုးမြင့်လာစေနိုင်သလို၊ အစိုင်အခဲ solid contaminants အဖြစ်ပေါင်းစပ်သွားရာမှတဆင့် system အတွင်းမှ surface မျက်နှာပြင်တွေကိုလည်း၊ abrasion or surface fatigue အနေနဲ့ ပွန်းပဲ့ပျက်စီးစေတတ် ပါတယ်။ လောင်စာဆီ fuel oil နဲ့ ချောဆီ lubricating oil အပါအဝင်၊ အခြားသော အမျိုးအစားမတူညီတဲ့ hydraulic fluids တွေရောနှောပါဝင်နေတဲ့အခါ၊ fluid ရဲ့ flash point ကျဆင်းသွားရသလို၊ vapour pressure လည်းမြင့်တက်ကာ၊ film strength ကျဆင်းမှုမှ တဆင့် viscosity ပါ လိုက်ပါကျဆင်း သွားတတ်ပါတယ်။ 

Reference : Givens W. and Michael P., Fuels and Lubricants Handbook, G. Totten ed., ASTM International, 2003, p. 373 ISBN 0-8031-2096-6, Placek, D., Synthetics, Mineral Oils and Bio-based Lubricants, L. Rudnick ed., CRC Press, 2006, p. 519 ISBN 1-57444-723-8, Bosch Automotive Handbook, 4th Edition, Robert Bosch GmbH, 1996, pp. 241 - 243. ISBN 0-8376-0333-1, Kornblatt, J. A. (1998). "Materials with Negative Compressibilities". Science 281 (5374):, Engineering Tribology (2nd Edition). Gwidon W. Stachowiak and Andrew W. Batchelor. Butterworth-Heinemann, Boston, 2001 (740pp), Mannesmann Rexroth. “Mineral Oil-based Pressure Fluids for Vane Pumps, Radial Piston Pumps and Gear Pumps as Well as GM, GMRP, MCS, MCR, MR and MKM/MRM Motors.” (RE 07 075/07.98), p.2. 1998., "Determining Hydraulic Fluid Viscosity Requirements". Machinery Lubrication Magazine. January 2007.,Viscosity of Hydraulic Oil By Martin Cuthbert M. Eng (Hons), Webtec Products Ltd., How well do you know your hydraulic fluid ? By Rob Profilet, Sep. 4, 2007, Lubrizol Corp., http://www.substech.com/, http://en.wikipedia.org/, http://www.skydrol.com/, http://www.exxonmobil.com/, http://www.astonseals.com/

Remark : All publications and images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.