Pages

Monday, 3 June 2013

"Hull, Bottom & Tank Corrosion Protection"


Fig. Type of corrosion

Corrosion တွေကို၊ Uniform corrosion, Concentration cell corrosion, Inter-granular corrosion ဆိုတဲ့ Exfoliation corrosion, Atmospheric corrosion, Erosion corrosion, Fretting corrosion, De-alloying corrosion, Formicary corrosion ဆိုတဲ့ Ant-net corrosion, MIC ဆိုတဲ့ Microbiological corrosion, Galvanic corrosion သို့မဟုတ် Bimetallic corrosion, Crevice corrosion ဆိုတဲ့ Pitting corrosion , Cracking ဆိုတဲ့ Stress corrosion, Cavitation corrosion, Hydrogen embitterment corrosion, Immunity corrosion နဲ့ Corrosion fatigue ဆိုပြီး သတ်မှတ်ထားကြပါတယ်။

ပင်လယ်ရေ sea water နဲ့ ဆားဓါတ်ပါတဲ့ ရေခိုးရေငွေ့ sea moisture တွေကို၊ အမြဲထိတွေ့နေရတဲ့ သဘော်အတွက်တော့၊ corrosion ဖြစ်ပေါါမှုဟာ၊ ရှောင်လွှဲလို့ မရနိုင်တဲ့ ကိစ္စဖြစ်ပြီး၊ လျှော့ချဖို့ကိုသာ၊ အတတ်နိုင်ဆုံးကြိုးစားရပါတယ်။ ပင်လယ်ရေနဲ့ ရေခိုးရေငွေ့တွေကို၊ အမြဲထိတွေ့နေရတဲ့ material တွေရဲ့ corrosion ဖြစ်ပေါါမှု process reaction ကို 'chemical reaction process' နဲ့ 'electrochemical reaction process' ဆိုပြီး၊ ခွဲခြားနိုင်ပါတယ်။ 

'Chemical reactions process' - သဘော်တွေရဲ့ သံသားမျက်နှာပြင် iron steel surface နဲ့ လေထုထဲမှ atmospheric oxygen တို့ထိတွေ့ရာမှ၊ iron တွေပြိုကွဲကာ chemical reaction process အနေနဲ့ iron oxide ဖြစ်ပေါါလာပါတယ်။ iron oxide ဟာ ရေနဲ့ ရေခိုးရေငွေ့တို့ဖြင့်၊ ထပ်မံထိတွေ့ခြင်းကြောင့်၊ iron hydroxide သို့မဟုတ် rust လို့ခေါါတဲ့ သံချေးတွေပေါါပေါက်လာပါတယ်။ rust ဟာ oxygen နဲ့ ဆက်တိုက်ထိတွေ့ခြင်းဖြင့် သံချေးတက် ဧရိယာပမာဏ၊ ပွားများလာပါတယ်။ oxygen ပါဝင်မှုနည်းတဲ့ stainless steel material ရဲ့ ပထမအလွှာမှ oxide layer မှာတော့ chemical reactions  မဖြစ်ပေါါနိုင်ကိုလည်း၊ တွေ့ရပါတယ်။

'Electrochemical reactions process' - အချို့သောသတ္တု metal တွေရဲ့ acid, bases နဲ့ ဓါတ်ငွေ့ဖွဲ့စည်းမှု gas compound တွေအတွင်း၊ iron ပြိုကွဲမှုကြောင့်၊ electrochemical reaction process ဖြစ်ပေါါလာပါတယ်။ metal compound တွေထဲမှ ပြိုကွဲထွက်လာတဲ့ iron တွေရဲ့ ရွှေ့လျှားမှုကြောင့် လျှပ်စီးမှု current flow ဖြစ်ပေါါပြီး၊ 'galvanic current flow' လို့ခေါါပါတယ်။ iron ပြိုကွဲမှုကြောင့် ရေနဲ့ ထိတွေနေတဲ့ သဘော်ကိုယ်ထည် သံပြားတွေမှာ negative iron ဖြစ်ပေါါလာပြီး၊ ရေမှာတော့ positive iron ဖြစ်ပေါါပါတယ်။

ရှောင်လွှဲလို့မရတဲ့ corrosion ကိုလျှော့ချနိုင်ရန် တစ်နည်းအားဖြင့် electrochemical reactions process ကို အဓိကထားကာ၊ လျှော့ချနိုင်ရန်၊ သဘော်တွေမှာ 'ဆေးသုတ်ခြင်း' ဆိုတဲ့  by painting the metal surface that is continuously exposed to water or moisture,  'sacrificial anode များတတ်ဆင်ခြင်း' ဆိုတဲ့ by reversing the current using sacrificial anode နဲ့ 'ICPP' ဆိုတဲ့ 'impressed current cathodic protection system တတ်ဆင်ခြင်း' စတဲ့ နည်းလမ်းတွေကို အသုံးပြုကြပါတယ်။ သဘော်တွေအတွက် corrosion protection အနေနဲ့၊ corrosion ကိုလျှော့ချရာမှာ  ဆေးသုတ်ခြင်းဆိုတဲ့ painting ကို၊ primary protection အဖြစ်သတ်မှတ်နိုင်ပြီး၊ sacrificial anode တတ်ဆင်ခြင်းနဲ့ impressed current cathodic protection system တတ်ဆင်ခြင်း တို့ကိုတော့ secondary protection အဖြစ် သတ်မှတ်နိုင်ပါတယ်။ အရည်အသွေးညံ့တဲ့ သုတ်ဆေး paint ကို အသုံးပြုထားပြီး၊ သုတ်ဆေးအလွှာ paint coating လည်း၊ 'ပါး' ခဲ့လျှင် sacrificial anode တွေရဲ့ သက်တမ်း၊ တိုတောင်းသွားနိုင်ပါတယ်။


Fig. galvanic current flow

ရေထဲမှ အမျိုးအစားမတူတဲ့ သတ္တုအလွှာ (၂) ခုကြားမှာ၊ အိုင်းယွန်းတွေရဲ့ ရွှေ့လျှားမှုကြောင့် 'လျှပ်စီး' ဆိုတဲ့ current flow ဟာ higher potential သတ္တုမှ၊ lower potential သတ္တုသို့ စီးဆင်းပါတယ်။ lower potential သတ္တုမှ iron တွေဟာ galvanic current flow ကြောင့် တဖြည်းဖြည်းနဲ့ ရေထဲသို့ စီးဆင်းသွားသလို၊ အချိန်အတိုင်းအတာ တခုသို့ ရောက်သွားတဲ့အခါမှာတော့ lower potential သတ္တုမှာ iron လုံးဝမကျန်တော့တဲ့ အခြေအနေဖြစ်ပေါါလာပြီး၊ 'anodic reaction' လို့ခေါါပါတယ်။ 


Fig. (A) - Corrosion in tank, (B) - Anodes on Rudder blade

သဘော်သံပြားတွေမှာ၊ lower potential သတ္တု အမျိုးအစားကို၊ တတ်ဆင်ပြီး၊ 'anode' လို့အမည်ပေးကာ၊ higher potential သတ္တုဖြစ်တဲ့ သဘော်သံပြားကိုတော့ 'cathode' လို့ အမည်ပေးပါတယ်။ hull plate ဆိုတဲ့၊ သဘော်ကိုယ်ထည် သံပြားတွေမှာမက၊ propeller နဲ့အနီးတဝိုက် ဧရိယာတွေ၊ pipeline တွေနဲ့ heat exchanger တွေမှာလည်း၊ lower potential သတ္တု အမျိုးအစားဖြစ်တဲ့ zinc နဲ့ aluminum တို့ကို၊ anode အဖြစ် တတ်ဆင်ပြီး၊ secondary corrosion protection အား၊ ဆောင်ရွက်ကြပါတယ်။  

တနည်းအားဖြင့် oxidation လို့ခေါါတဲ့ corrosion ဟာ၊ anodic zone မှာသာ ဖြစ်ပေါါပြီး၊ cathodic zone မှာ မဖြစ်ပေါါနိုင်တဲ့အတွက်၊ corrosion မပေါါပေါက်စေချင်တဲ့ metal surface ကို၊ cathodic zone အဖြစ် ပြောင်းလဲလိုက်ခြင်းဖြစ်ပါတယ်။ corrosion protection လို့ခေါါတဲ့ corrosion prevention အတွက်၊ အသုံးပြုတဲ့ cathodic protection system ကို၊ "Hull cathodic protection system" သို့မဟုတ် "Sacrificial anode protection system" နဲ့ ICCP  ဆိုတဲ့ "Impressed current cathodic protection system" ဆိုပြီး ခွဲခြားနိုင်ပါတယ်။  

'Sacrificial anode protection system' - သဘော်ရဲ့ hull, bottom နဲ့ tank တွေမှာ ဖြစ်ပေါါတဲ့ corrosion ဟာ၊ electrochemical reaction ကြောင့် ပေါါပေါက်လာတာဖြစ်ပြီး၊ 'uniform corrosion' လို့ခေါါပါတယ်။ anode နဲ့ cathode တို့ကို၊ common electrolyte အရည်တခုအတွင်း၊ 'နှစ်' လိုက်တဲ့အခါ၊ electrochemical reaction ဖြစ်ပေါါလာပါတယ်။ electrochemical reaction ဟာ၊ corrosion process ဖြစ်ပြီး၊ electrolyte ကိုဖြတ်ကာ၊ anode မှ cathode သို့၊ current flow တခု စီးဆင်းသွားခြင်းဖြစ်ပါတယ်။

anode မှ cathode သို့၊ current flow စီးဆင်းရာမှ၊ ပေါါပေါက်လာတဲ့ current ရဲ့ magnitude ဟာ၊ metal lost လို့ခေါါတဲ့ corrosion နဲ့ တိုက်ရိုက်အချိုးကျပြီး၊ 1 ampere ပမာဏရှိတဲ့ current flow ဟာ၊ steel ကို၊ တနှစ် 9 Kg အလေးချိန်ခန့်၊ corroding surface အဖြစ်၊ ပေါါပေါက်စေနိုင်တာကို တွေ့ရပါတယ်။ sacrificial anode protection system ဟာ၊ လျှပ်စစ်ဓါတ်အား အသုံးပြုပြီး၊ ဆောင်ရွက်ခြင်းမရှိသလို၊ installation လို့ခေါါတဲ့ တတ်ဆင်မှု အပိုင်းမှာလည်း လွယ်ကူတာကို၊ တွေ့ရပါတယ်။ ဒါ့အပြင် တတ်ဆင်ထားတဲ့၊ anode တွေ၊ ကုန်ဆုံးသွားတဲ့အထိ၊ corrosion protection အား၊ ဆောင်ရွက်ပေးနိုင်ပါတယ်။

"Hull cathodic protection system" ဆိုတဲ့ "Sacrificial anode protection system" ကို၊ metal တခုအား ကာကွယ်ရန်အတွက်၊ အခြား metal တခုမှ စတေးခံခြင်းလို့ ဆိုနိုင်ပါတယ်။ စတေးခံရတဲ့ sacrificial anode ဟာ၊ active metal ဖြစ်ပြီး၊ steel structure မှာပေါါပေါက်လာမယ့်၊ corrosion ဖြစ်ပေါါမှုအား၊ တားဆီးရန်၊ steel structure နဲ့အတူ coupling အနေနဲ့ တွဲဖက်ပြီး၊ တတ်ဆင်ထားပါတယ်။ အမျိုးအစားမတူတဲ့ သတ္ထု metal သို့မဟုတ် သတ္ထုစပ် alloy (၂) မျိုးကို၊ တွဲဆက်ပြီး၊ electrolyte form အနေနဲ့ ဖြစ်ပေါါစေခြင်းကို၊ galvanic couple သို့မဟုတ် galvanic cell လို့ခေါါပါတယ်။

aluminum, zinc နဲ့ magnesium anodes တွေကို၊ galvanic anodes တွေ အဖြစ်၊ အသုံးပြုတဲ့အခါ၊ galvanic reaction ပိုမိုကောင်းမွန်တာကိုတွေ့ရပါတယ်။ တနည်းအားဖြင့် current ပိုမိုထုတ်ပေးနိုင်တယ်လို့၊ ဆိုနိုင်ပါတယ်။ သဘော်ရဲ့ hull ကို cathode အဖြစ်၊ ယူဆတဲ့အခါ cathode မှထွက်လာတဲ့ corrosion current ရဲ့ magnitude အား၊ galvanic anodes တွေမှထုတ်ပေးတဲ့ protective current ဖြင့်၊ ဖိသိပ်ခြေဖျက်ခြင်းဖြစ်ပါတယ်။ 


Fig. (A) - Freely flowing corrosion current from anode to cathode and (B) - Flow of corrosion current suppressed by protective current discharged from sacrificial anode

မည်သည့် metal သို့မဟုတ် alloy ကိုမဆို၊ conductive electrolyte တခုခုအတွင်း နှစ်လိုက်တဲ့အခါ၊ open circuit potential လို့ခေါါတဲ့ unique corrosion potential တွေဖြစ်ပေါါလာပါတယ်။ 'Galvanic series' အရ၊ မည်သည့် metal သို့မဟုတ် alloy အမျိုးအစားမှာမဆို၊ ပင်လယ်ရေနဲ့ထိတွေ့တဲ့အခါ၊ more active သို့မဟုတ် prone to corrosion လို့ခေါါတဲ့၊ corrosion ဖြစ်လွယ်တဲ့သတ္တိတွေရှိသလို၊ noble သို့မဟုတ် corrosion resistant လို့ခေါါတဲ့၊ corrosion ဖြစ်ပေါါဖို့မလွယ်ကူတဲ့၊ ဂုဏ်သတ္တိတွေလည်း၊ ရှိပါတယ်။

conductive environment လို့ခေါါတဲ့၊ electrolyte တခုခုအတွင်းမှာ၊ အမျိုးအစား မတူတဲ့သတ္တု (၂) မျိုးကို၊ electrical connection အနေနဲ့ ဆက်သွယ်ပြီး၊ နှစ်လိုက်တဲ့ အခါ၊ electrons တွေဟာ active ဖြစ်တဲ့၊ သတ္တုမှ noble ဖြစ်တဲ့ သတ္တုဖက်သို့၊ စီးဆင်းပါတယ်။ active ဖြစ်တဲ့၊ သတ္တုဟာ negative surface ဖြစ်ပြီး၊ noble ဖြစ်တဲ့ သတ္တုဟာ၊ positive surface ဖြစ်တဲ့အတွက်၊ electrons flow ကြောင့် noble metal မှာ၊ negative potentials တွေပိုမိုဖြစ်ပေါါလာပြီး၊ cathodic polarization လို့ခေါါပါတယ်။ electron တွေရွှေ့လျားရာမှပေါါပေါက်လာတဲ့ current flow နဲ့ polarization ဟာ၊ noble metal မှာ corrosion ဖြစ်ပေါါမှုကိုတားဆီးပေးပါတယ်။ 

 

Fig. Anodic reaction

zinc နဲ့ steel တို့ကို၊ တွဲမဆက်ပဲ၊ သီးခြားတခုစီ sea water နဲ့ထိတွေ့စေတဲ့အခါ၊ 'Anodic reaction' အရ၊ steel surface မှာ excess flow အနေနဲ့ electrons တွေကို ပိုမိုစီးဆင်းစေနိုင်မယ်ဆိုရင်၊ steel ရဲ့ oxidation ကျဆင်းသွားမှာဖြစ်ပါတယ်။ zinc block တုံးကို၊ steel hull အပေါါမှာ welding ဆော်ပြီး၊ galvanic couple အနေနဲ့တွဲဆက်ကာ ပင်လယ်ရေနဲ့ထိတွေ့စေတဲ့အခါ၊ active metal ဖြစ်တဲ့၊ zinc မှာသာ၊ corrosion ပိုဖြစ်ပြီး၊ noble metal ဖြစ်တဲ့ steel မှာ corrosion ဖြစ်ပေါါမှုနည်းသွားတာ ကိုတွေ့ရပါတယ်။ တနည်းအားဖြင့် negative potentials တွေထုတ်ပေးမယ့် active metal တခုခုနဲ့ တွဲဆက်ပြီး၊ reverse reaction အနေနဲ့ driving force ကို ပိုမိုပေးသွင်းကာ၊ oxidation ကိုလျှော့ချခြင်း ဖြစ်ပါတယ်။

sacrificial anodes အဖြစ်အသုံးပြုမယ့်၊ metal ရဲ့ elector-chemical properties ဟာ၊ အရေးကြီးပါတယ်။ electrolyte တွေမှာ resistance ရှိတဲ့အတွက်၊ sacrificial anode မှ corrosion potential ဟာ၊ ပင်လယ်ရေလို electrolyte အတွင်းမှ၊ ဖြတ်သန်းသွားရပါတယ်။ sacrificial anode ဟာ၊ လုံလောက်တဲ့ driven current ကိုထုတ်ပေးနိုင်တဲ့ negative သို့မဟုတ် active metal ဖြစ်ရန်လိုအပ်ပါတယ်။ sacrificial anode အဖြစ် zinc ကိုအသုံးပြုသလို၊ aluminum ကိုလည်း အသုံးပြုနိုင်ပါတယ်။ zinc ကို aluminum နဲ့နှိုင်းယှဉ်အသုံးပြုကြည့်တဲ့အခါ၊ သက်တမ်း တိုတာကို တွေ့ရပါတယ်။ တနည်းအားဖြင့် zinc ရဲ့ corrosion protection rate ဟာ၊ aluminum ထက်နည်းတယ်လို့ ဆိုနိုင်ပါတယ်။ ဈေးနှုံးအရလည်း aluminum ဟာ သက်သာပေမယ့်၊ သဘော်တွေမှာ အစဉ်အလာတခုလို၊ zinc ကိုသာ အသုံးပြုနေဆဲ ဖြစ်ပါတယ်။

anode မှထုတ်ပေးတဲ့ current အနည်းအများပေါါမူတည်ပြီး၊ corrosion protection ကို၊ ဆောင်ရွက်တာဖြစ်သလို၊ anode တွေ၊ ကုန်မသွားပဲ ရေရှည်အသုံးနိုင်စေရန်၊ current အနည်းအများကို၊ ချိန်ညှိပေးလို့ မရသလို၊ hull မှာ တတ်ဆင်ထားတဲ့ anodes တွေရဲ့ ပွန်းစားမှုဟာ၊ သဘော်မောင်းနှင် သွားလာရာမှ ပေါါပေါက်လာတဲ့၊ hull pressure နဲ့ turbulent flow အနည်းအများအပေါါ မူတည်နေပါတယ်။ တတ်ဆင်ထားတဲ့ anodes တွေကြောင့် သဘော်ရဲ့ hull drag နဲ့ fuel consumption တိုးလာနိုင်သလို၊ သက်တမ်းအနေနဲ့ အများဆုံး (၃) နှစ် အထိသာခံပြီး၊ အသစ်လဲလှယ်ပေးရန် လိုအပ်ပါတယ်။ 

'Impressed current cathodic protection system' - ICCP ဆိုတဲ့ Impressed current cathodic protection system ရဲ့ အခြေခံအလုပ်လုပ်ပုံဟာ၊ Sacrificial anode protection system အခြေခံအလုပ်လုပ်ပုံနဲ့ ဆင်တူပြီး၊ vulnerable material ဆိုတဲ့ electrons တွေ၊ ပိုမိုထုတ်ပေးမယ့်၊ သတ္တုတမျိုးကိုအသုံးပြုကာ၊ အခြား သတ္တုတခုသို့ reverse direction အနေနဲ့ စီးဆင်းစေပြီး၊ corrosion rate အား လျှော့ချတာခြင်းဖြစ်ပါတယ်။ တနည်းအားဖြင့် vulnerable material တခုခုကို၊ galvanic anode အနေနဲ့ အသုံးပြုကာ၊ ပြင်ပမှ DC current အား၊ galvanic anodes အတွင်းသို့ပေးသွင်းပြီး၊ protective current ထုတ်ယူခြင်းလို့ ဆိုနိုင်ပါတယ်။ ယေဘုယျ အားဖြင့် graphite, silicon iron, lead alloy နဲ့ platinised metals တွေကို၊ galvanic anode အဖြစ် အသုံးပြုလေ့ရှိပါတယ်။

 

Fig. Anodic reaction

'M' ဟာ၊ metal ရဲ့ atomic symbol ဖြစ်ပြီး၊ 'n' ကတော့၊ reaction မှာ ဖြစ်ပေါါလာမယ့်၊ electron အရည်အတွက်ဖြစ်ပါတယ်။ 'Anodic reaction' အရ၊ steel surface မှာ excess flow အနေနဲ့ electrons တွေကို၊ ပိုမိုစီးဆင်းစေမယ်ဆိုလျှင်၊ steel ရဲ့ cathodic polarization ကျဆင်းသွားမှာ ဖြစ်ပါတယ်။ ICCP system ဟာ၊ conductive electrolyte တခုခုအတွင်းမှာပေါါပေါက်လာမယ့်၊ metal ရဲ့ open circuit potential လို့ခေါါတဲ့ unique corrosion potential ကို၊ ပြင်ပမှ electric current ပေးသွင်းကာ၊ fixed value အနေနဲ့ ထိမ်းညှိထားခြင်းဖြစ်ပါတယ်။ potential ကို fixed အနေနဲ့ controlled လုပ်ထားတဲ့အခါ၊ metal မှာ 'anodic dissolution' မပေါါပေါက်နိုင်တော့အတွက်၊ sacrificial anodes တွေလို၊ စားသွားခြင်း မရှိတော့သလို၊ corrosion ကိုလည်းလျှော့ချနိုင်ပါတယ်။  


Fig. Basic ICCP system

ICCP system မှာ အဓိကပါဝင်တဲ့ အစိတ်အပိုင်းတွေကတော့၊ power supply, AC signal ကို DC signal အဖြစ်ပြောင်းလဲပေးမယ့်၊ transformer - rectifier, anode, reference electrodes နဲ့ dielectric shield တို့ဖြစ်ပါတယ်။ dielectric shield ဟာ anode နဲ့ hull plate တို့ကို၊ short current အနေနဲ့စီးဆင်း မသွားစေရန် တားဆီးပေးပါတယ်။ အသုံးပြုထားတဲ့ vulnerable material ဆိုတဲ့ anodes တွေဟာ၊ corrosion resistance ရှိတဲ့၊ anodes တွေဖြစ်သလို၊ low resistance current flow anodes တွေလည်း ဖြစ်ပါတယ်။ ICCP anodes တွေ အဖြစ်၊ solid platinum anodes, platinum coated titanium anodes နဲ့ platinized niobium anodes တွေကို၊ အသုံးပြုကြပါတယ်။

ICCP system ဟာ၊ power supply operating range ပေါါမူတည်ပြီး၊ protective current ပမာဏအများအပြားကို ထုတ်ပေးနိုင်သလို၊ anodes အသစ်တွေနဲ့ လှဲလှယ် အစားထိုးရန်၊ မလိုအပ်တဲ့ protection system လည်းဖြစ်ပါတယ်။ anode အရည်အတွက်အနည်းငယ်သာ အသုံးပြုထားတဲ့ အတွက်၊ သဘော်ရဲ့ hull drag နဲ့ fuel consumption မှာ၊ အပြောင်းအလဲမရှိတော့ပေမယ့်၊ စတင်တတ်ဆင်တဲ့အခါ၊ initial cost မြင့်မားတဲ့ corrosion protection system လည်းဖြစ်ပါတယ်။

'Propeller shaft earthing system' - cooled region ဆိုတဲ့၊ အအေးပိုင်းဒေသတွေ အပါအဝင် နေရာအနှံ့သွားလာရန်၊ ရည်ရွယ် တည်ဆောက်ထားတဲ့ သဘော်တွေမှာ၊ inboard stern tube bearing cooling system အတွက်၊ sea water အသုံးမပြုပဲ၊ lubricating oil ကိုသာ အသုံးပြုကြပါတယ်။ stern tube bearing lubricating oil ဟာ သဘော်ရဲ့ hull နဲ့ propeller shaft အကြားမှာ၊ electrical insulator အနေနဲ့ တည်ရှိနေပါတယ်။ ဒါ့အပြင် inboard နဲ့ outboard stern tube bearings တွေဟာ၊ non-metallic bearings တွေဖြစ်ခဲ့လျှင် hull နဲ့ propeller shaft ကြားမှာ၊ insulator အနေနဲ့ ရှိနေမှာဖြစ်ပါတယ်။

propeller shaft လည်ပတ်မှုကြောင့်ပေါါပေါက်လာတဲ့ static electricity ကြောင့်၊ hull နဲ့ propeller ကြားမှာ၊ electrical potential ဖြစ်ပေါါလာပြီး၊ hull နဲ့ propeller blade, propeller boss နဲ့ propeller shaft/ tail shaft metal တွေကို corrosion ဖြစ်စေနိုင်ပါတယ်။ propeller လည်ပတ်မှုမှ တဆင့်ပေါါပေါက်လာတဲ့၊ cavitation ကြောင့်၊ propeller blade တွေနဲ့ propeller boss တွေပျက်စီးသလို၊ hull နဲ့ propeller ကြားမှ၊ electrical potential ကြောင့်လည်း propeller blades နဲ့ boss မှာ corrosion ဖြစ်ပေါါကာ ပျက်စီးနိုင်ပါတယ်။ 


Fig. (A) - without shaft earthing system and (B) - correctly sized and fitted shaft earthing system

အကြောင်းတခုခုကြောင့် stern tube bearing seal damage ဖြစ်ကာ၊ lubricating oil နဲ့ ပင်လယ်ရေ ရောနှောသွားတဲ့အခါ၊ shaft နဲ့ hull ကြားမှာ၊ မြင့်မားတဲ့ heavy current flow ဖြစ်ပေါါတတ်သလို၊ current flow ကြောင့် bearing မှာ နက်ရှိုင်းတဲ့ deep pitting တွေပေါါပေါက်တတ်ပါတယ်။ main engine နဲ့ intermediate shaft ရဲ့ plumber block bearings တွေ၊ excessive wear ဖြစ်နေခဲ့လျှင်လည်း၊ heavy current flow ပေါါပေါက်ကာ၊ အခန့်မသင့်လျှင် spark erosion ဖြစ်ပေါါတတ်ပါတယ်။

 hull နဲ့ propeller shaft ကြားမှာ၊ lubricating oil ဟာ၊ insulation အနေနဲ့ ရှိနေတဲ့အခါ၊ 'Sacrificial Anode Protection System' နဲ့ 'Impressed Current Cathodic Protection System' တွေကို တတ်ဆင်ထားပေမယ့်၊ corrosion ဖြစ်ပေါါမှုအား၊ မတားဆီးနိုင်တာတွေ့ရပါတယ်။ propeller shaft လည်ပတ်မှုကြောင့်ပေါါပေါက်လာတဲ့ static electricity ဟာ၊ hull နဲ့ propeller ကြားမှာ၊ electrical potential အနေနဲ့ ရှိနေတဲ့အတွက်၊ current ကို hull သို့စီးဆင်းစေခြင်းဖြင့် corrosion အားလျှော့ချနိုင်ရန်နဲ့ spark erosion ကိုတားဆီးရန်အတွက်၊ 'Propeller shaft earthing device' ကို မရှိမဖြစ်တတ်ဆင်ဖို့ လိုအပ်ပါတယ်။

'Marine growth prevention system' - marine growth တွေဖြစ်တဲ့၊ mollusks, barnacles, mussels, algae နဲ့ slime အစရှိတဲ့၊ အဏ္ဏဝါဇီဝသက်ရှိတွေဟာ၊ သဘော်ရဲ့ sea water system အတွင်းမှ၊ temperature, nutrients, pH factor အစရှိတဲ့၊ environmental conditions တွေကောင်းမွန်မယ့် နေရာတွေကိုရွေးချယ်ပြီး တွယ်ကပ်ကြပါတယ်။ တွယ်ကပ်ပြီးတာနဲ့ ချက်ခြင်းမျိုးပွား ပေါက်ဖွားလာကြပြီး၊ fouling အနေနဲ့ ဖွဲ့တည်ကာ၊ sea water flow ကို၊ turbulence ဖြစ်ပေါါစေသလို၊ block အနေနဲ့ ပိတ်ဆို့ပြီး၊ coolers တွေရဲ့ heat transfer efficiency ကိုပါ ကျဆင်းစေပါတယ်။


Fig. Marine growth

marine growth တွေကို၊ hard marine growth နဲ့ soft marine growth ဆိုပြီး ခွဲခြားနိုင်ပါတယ်။ mollusks, barnacles, tubeworms, အချို့ algae တွေနဲ့ mussels အစရှိတဲ့၊ အဏ္ဏဝါဇီဝသက်ရှိတွေကို၊ hard marine growth အဖြစ် သတ်မှတ်နိုင်ပြီး၊ အချို့ algae တွေနဲ့ anemones, hydroid sponges နဲ့ slime အစရှိတဲ့ အဏ္ဏဝါဇီဝသက်ရှိတွေကိုတော့ soft marine growth အဖြစ် သတ်မှတ်နိုင်ပါတယ်။ 


Fig. (A) Macro-fouling and (B) - Macro-fouling
 
hard marine growth တွေကြောင့်ပေါါပေါက်လာတဲ့ fouling ကို၊ 'Macro-fouling' လို့ခေါါပြီး၊ soft marine growth တွေကြောင့်ပေါါပေါက်လာတဲ့ fouling ကိုတော့ 'Micro-fouling' လို့ခေါါပါတယ်။ သဘော်တွေရဲ့ sea water system မှာ macro-fouling နဲ့ micro-fouling (၂) မျိုးလုံးဖြစ်ပေါါတတ်ပါတယ်။ 

marine growth တွေကြောင့် sea water system မှာ corrosion ဖြစ်ပေါါလာပြီး၊ 'micro-biological corrosion' လို့ခေါါပါတယ်။ sea water system ရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ sea chest housing နဲ့ cooler covers တွေမှာတော့၊ sacrificial anodes တွေတတ်ဆင်ကာ၊ electrochemical reactions အနေနဲ့ ပေါါပေါက်လာမယ့် corrosion ကိုလျှော့ချကြပါတယ်။ ဒါ့အပြင် sea water system ရဲ့ pipe lines တွေမှာ ဖြစ်ပေါါလာမယ့် fouling ကိုလျှော့ချရန်၊ vulnerable material ကို anode အဖြစ်၊ တတ်ဆင်ကာ၊ current ပေးသွင်းတဲ့ စနစ်ကို၊ အသုံးပြုလာကြပြီး၊ MGPS သို့မဟုတ် 'marine growth prevention system' လို့ခေါါပါတယ်။ MGPS ကို Electrolytic action MGPS နဲ့ Sodium Hypochloride action MGPS အဖြစ်၊ ခွဲခြားအသုံးပြုကြပါတယ်။

'Electrolytic action MGPS' - copper နဲ့ aluminum တို့ကို anodes အဖြစ်၊ တတ်ဆင်အသုံးပြုလေ့ရှိသလို၊ soft iron သို့မဟုတ် 'သံ' ပါတဲ့ ferrous anodes တွေကိုလည်း၊ အသုံးပြုလေ့ရှိပါတယ်။ anodes တွေကို၊ sea chest နဲ့ strainer housing အဝင်ဖက်မှာ တတ်ဆင်ကာ၊ ပြင်ပမှ DC current ကို၊ anodes များအတွင်းသို့ ပေးသွင်းပါတယ်။ anodes တွေကို၊ current ပေးသွင်းလိုက်တဲ့အခါ၊ ions နဲ့ 'floc' ဆိုတဲ့ 'flocculent mass'  တွေထွက်ပေါါလာပြီး၊ sea water နဲ့အတူ piping system တလျှောက်လုံးသို့ ရောက်ရှိသွားကာ၊ အဏ္ဏဝါဇီဝသက်ရှိတွေ မနေနိုင်တဲ့၊ environmental conditions အခြေအနေမျိုးကို၊ ဖြစ်ပေါါစေပါတယ်။


Fig. Electrolytic action MGPS 

copper မှထုတ်ပေးတဲ့ ions တွေဟာ၊ ပမာဏအားဖြင့် အလွန့်လွန် နည်းပါးပါတယ်။ electrolytic action ကြောင့် ပေါါပေါက်လာတဲ့ aluminum hydroxide floc တွေ ကလည်း၊ piping system အတွင်းမှာ protective film အနေနဲ့ အလွှာပါးလေး တခုအဖြစ် ဖွဲ့တည်ပြီး၊ corrosion ဖြစ်ပေါါမှုအား၊ တားဆီးပေးပါတယ်။ တနည်းအားဖြင့် အချို့သော  အဏ္ဏဝါဇီဝသက်ရှိ marine growth တွေဟာ၊ အလင်းရောင်နဲ့ oxygen လုံးဝ မရရှိတဲ့ နေရာတွေ မှာလည်း၊ နေထိုင် အသက်ရှင်နိုင်ပေမယ့် 'floc' ဆိုတဲ့ 'flocculent mass' မှ၊ ပေါါပေါက်လာတဲ့ emulsion တွေနဲ့ ထိခိုက်မိခြင်းကြောင့်၊ အသက်ရှင်နေထိုင်နိုင်မှု life span သက်တမ်း၊ တိုတောင်းသွားခြင်းဖြစ်ပါတယ်။ 

'Sodium Hypochloride action MGPS' - Electrolytic action MGPS သို့မဟုတ် vulnerable material ကို၊ anode အဖြစ်တတ်ဆင်ပြီး current ပေးသွင်းတဲ့စနစ်ဟာ၊ Macro-fouling ကိုသာလျှော့ချနိုင်ပါတယ်။ macro-fouling နဲ့ micro-fouling (၂) မျိုးလုံး ကို၊ လျှော့ချရန်၊ 'sodium hypochlorite' ဆိုတဲ့ NaOCl ကို၊ သဘော်ရဲ့ sea water system အတွင်းသို့၊ anti-fouling agent အဖြစ်ပေးသွင်းတဲ့ Sodium Hypochloride action MGPS ကို၊ အသုံးပြုလာကြပါတယ်။

ပင်လယ်ရေမှာပါဝင်နေတဲ့ ဆားဓါတ်လို့ခေါါတဲ့ sodium chloride (NaCl) ဟာ၊ generating chamber ထဲမှ၊ anode နဲ့ cathode ဆိုတဲ့၊ electrodes (၂) ခုနဲ့ ထိတွေ့ရာမှ၊ electrolysis action ပေါါပေါက်လာပြီး၊ anti-fouling process ကိုဖြစ်ပေါါစေပါတယ်။ chamber ဟာ၊ cathode ဖြစ်ပြီး၊ anode အနေနဲ့ vulnerable material တခုခုအား၊ အသုံးပြုလေ့ရှိပါတယ်။


 Fig. Sodium Hypochloride action MGPS

generating chamber ထဲမှာ၊ anode မရှိတဲ့အခါ၊ chemical and electrochemical reactions အနေနဲ့ chlorine မှာ၊ '2 Cl ⇔ Cl₂ + 2e-' ဆိုပြီး ဖြစ်ပေါါပါတယ်။ cathode မှာတော့၊ ပင်လယ်ရေမှ OH-ions တွေဟာ၊ '2 H2O + 2e- ⇔ 2 OH- + H3' ဆိုပြီးဖြစ်ပေါါပါတယ်။ generating chamber ထဲမှာ၊ anode ရှိတဲ့အခါ၊ OH- ions နဲ့ Na+ ions တို့ဟာ၊ Cl2 ဆိုတဲ့ Chlorine နဲ့ပေါင်းစပ်ပြီး၊ '2 NaOH + Cl₂ ⇔ NaOCl + NaCl + H2O' ဆိုတဲ့၊ equation အရ၊ sodium hypochlorite ကိုထုတ်ပေးပါတယ်။ အကယ်၍ sea water မှာ၊ calcium နဲ့ magnesium တွေပါလာခဲ့ရင်၊ secondary reaction အနေနဲ့ generating chamber ထဲမှာ sodium hydrates နဲ့ sodium carbonates တွေဖြစ်ပေါါလာပါတယ်။ 

generating chamber ထဲမှ၊ sodium hypochlorite solution တွေကို၊ sea chests မှာရှိတဲ့၊ chlorine injection points တွေအထိ ရောက်အောင်၊ ပေးပို့လိုက်တဲ့အခါ၊ sea chest မှ ဝင်လာမယ့် ပင်လယ်ရေနဲ့  အတူ၊ sea water system အတွင်းသို့ ရောက်ရှိသွားပါတယ်။ chlorine-active sea water system ဖြင့် ထိတွေတဲ့အခါ mussels ကဲ့သို့၊ အခွံပါတဲ့ အဏ္ဏဝါဇီဝသက်ရှိတွေကတော့၊ အခွံကိုပိတ်ကာ ကာကွယ်နိုင်ပေမယ့်၊ sea water system ဟာ၊ chlorine-active ဖြစ်နေတဲ့အခါ၊ ရည်ရှည်မှာ တွယ်ကပ်နိုင်ခြင်းမရှိတော့သလို၊ chlorine ဟာ၊ toxicant လို့ခေါါတဲ့ အဆိပ်အတောက်တမျိုးဖြစ်တဲ့အတွက်၊ sea water system အတွင်း၊ 0.2 ~ 0.5 ppm ပမာဏခန့် continuous chlorination အနေနဲ့ရှိနေခဲ့ရင်၊ marine growth တွေဟာ fouling အနေနဲ့ တွယ်ကပ်မနေနိုင်တော့တာ တွေ့ရပါတယ်။


Reference and image credit to :  D. Jones, Principles and Prevention of Corrosion, Prentice Hall, New Jersey (1996), http://www.esru.strath.ac.uk/, http://blog.marport.com/, http://www.alvimcleantech.com/, http://itars.com.br/conteudo/biofouling.htm, http://www.nstcenter.com/, http://www.iccp-mgps.com/, http://www.farwestcorrosion.com, http://www.incorr.com.sg/, http://naval-architect-jobs.blogspot.com/, http://www.seafresh.co.uk/, http://www.nstcenter.com/, http://www.incorr.com.sg, http://www.iccp-mgps.com, http://www.amteccorrosion.co.uk/, http://www.mechanical-writings.com/, http://www.electrochemlab.com/, http://alliedreliabilityblog.com/, http://www.asminternational.org/, http://www.stoprust.com/, http://masteel.co.uk/, http://www.cathelco.com/

Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.

Thursday, 30 May 2013

"Oil Fired Drum Type Water Tube Boiler Automatic Control System"

ယေဘုယျအားဖြင့် boiler ရဲ့ automatic control system မှာ၊ water level control, alarm & monitoring system, steam pressure automatic control system, burner control system နဲ့ safety system တို့ပါဝင်ပြီး၊ ပုံမှန် အသုံးပြုနေကျ typical application အနေနဲ့ pneumatic နဲ့ electrical devices တွေကို primary devices အဖြစ်၊ တတ်ဆင်ထားလေ့ရှိပါတယ်။ သဘော်ရဲ့ boiler ကဲ့သို့ closed pressurized vessel ထဲမှ ‘non - volatile fluid’ တနည်းအားဖြင့် 'ရေ' ရဲ့ water level control & monitoring system အတွက် differential pressure transmitter တွေကိုအသုံးပြုခြင်းဟာ၊ အသင့်လျှော်ဆုံး ဖြစ်ပါတယ်။ သဘော်ရဲ့ boiler တွေမှာ differential pressure transmitter တွေအဖြစ်၊ 'pneumatic differential pressure transmitter' နဲ့ 'electrical differential pressure transmitter' တွေကို၊ အသုံးပြုကြပါတယ်။

'Pneumatic differential pressure transmitter' - boiler drum ရဲ့ water level မှ ရရှိလာတဲ့ differential pressure ကို pneumatic signal အဖြစ် ပြောင်းလဲပြီး၊ (0. 2 ~ 1 kg/ cm2 or 0 ~ 1. 4 kg/ cm2) pressure input signal အနေနဲ့၊ level controller နဲ့ alarm & monitoring system သို့ပေးသွင်းပါတယ်။ pneumatic transmitter တွေဟာ၊ differential pressure measuring device ဖြစ်တဲ့အတွက် 'pneumatic DP cell' လို့လည်းခေါါပါတယ်။

pneumatic differential pressure transmitter တွေဟာ သဘော်မှ၊ control air maximum (7. 0 kg/ cm2) pressure ပမာဏကို၊ air media အဖြစ် အသုံးပြုထားပါတယ်။ control air ကို transmitter အတွင်းရှိ၊ pressure regulator မှတဆင့် maximum (1. 4 kg / cm2) သို့မဟုတ် ( 20 psi) pressure အထိ ထပ်မံလျှော့ချပြီး၊ pneumatic input signal အနေနဲ့ ပြောင်းလဲလိုက်ပါတယ်။ transmitter ရဲ့ pneumatic output signal ကတော့ (0. 2 kg/ cm2 ~ 1. 05 kg/ cm2 ) သို့မဟုတ် (3 ~ 15 psi) pressure ပမာဏခန့်ရှိပါတယ်။

pneumatic differential pressure transmitter အသုံးပြုထားတဲ့ differential pressure measuring system ကို၊ "wet leg" system လို့လည်း၊ ခေါါကြပါတယ်။  'ရေ' ကို non - volatile fluid အနေနဲ့ ဖြည့်သွင်းထားပြီး၊ impulse pipes လို့ခေါါတဲ့ tube အသေးလေးတွေကို၊ အသုံးပြုကာ၊ transmitter ရဲ့တဖက်ကို၊ steam ရှိနေမယ့် boiler drum ရဲ့ upper section တနည်းအားဖြင့် 'negative measuring point' ဖြစ်တဲ့ highest water level ရဲ့ အထက်နေရာနဲ့ ဆက်သွယ်ပြီး၊ transmitter ရဲ့ အခြားတဖက်ကိုတော့ 'ရေ' ရှိနေမယ့် 'positive measuring point'  ဖြစ်တဲ့ lowest water level ရဲ့ အောက်နေရာနဲ့ ဆက်သွယ်ထားပါတယ်။
  
boiler drum ရဲ့ upper section ဟာ၊ water level အမြဲပြောင်းလဲနေမယ့်  'vary head' နေရာဖြစ်ပြီး၊ lowest water level ကတော့ water level တသမတ်တည်း ရှိနေမယ့် 'constant head' နေရာဖြစ်ပါတယ်။ boiler drum မှ၊ negative measuring point ဖြင့် ဆက်သွယ်ထားတဲ့နေရာဟာ၊ transmitter ရဲ့ low pressure side ဖြစ်ပြီး၊ positive measuring point ဖြင့် ဆက်သွယ်ထားတဲ့ နေရာကတော့၊ transmitter ရဲ့ high pressure side ဖြစ်ပါတယ်။


Fig. Force - balanced type basic pneumatic differential pressure transmitter

transmitter ရဲ့ low pressure side နဲ့ high pressure side တို့မှာ၊ liquid filled diaphragm capsules လေးတွေ ထည့်သွင်းတတ်ဆင်ထားပါတယ်။ negative measuring point မှ fluid ဟာ၊ low pressure side သို့စီးဝင်ပြီး၊ low pressure diaphragm capsule အားရွှေ့လျှားစေသလို၊ positive measuring point မှ fluid ဟာလည်း၊ high pressure side သို့စီးဝင်ကာ၊ high pressure diaphragm capsule ကို၊ ရွှေ့လျှားစေပါတယ်။ liquid filled diaphragm capsules တွေရဲ့ ရွှေ့လျှားမှုမှတဆင့် force bar  မှာ movement ဖြစ်ပေါါလာပါတယ်။ force bar ရွှေ့လျှားလှုပ်ရှားမှုဆိုတဲ့ movementေ ကြာင့်၊ nozzle နဲ့ flapper ကြားမှ၊ cavity ဧရိယာမှာ အပြောင်းအလဲ၊ ဖြစ်ပေါါလာပါတယ်။

pneumatic input signal ဟာ nozzle ရဲ့ cavity ဧရိယာမှတဆင့် ထွက်ပေါါနေပြီး၊ nozzle gap သေးငယ်သွားတဲ့အခါ၊ nozzle မှ ထွက်နေတဲ့ 'လေ' ရဲ့ pressure မြင့်တက်လာသလို၊ feed back bellow ကိုလည်း ရွှေ့လျှားစေပါတယ်။ feed back bellow ရွှေ့လျှားမှုကြောင့်ပေါါပေါက်လာတဲ့ pressure ဟာ differential pressure ဖြစ်ပြီး၊ pneumatic relay မှ output signal အဖြစ်ထုတ်ပေးပါတယ်။ 



Fig. Boiler Automatic Control System with pneumatic DP cell

boiler drum ရဲ့ level sight glass မှာ 'ရေ' ပမာဏ (0 %) သာရှိစဉ်၊  transmitter မှ (0. 2 kg/ cm2) သို့မဟုတ် (3 psi) pressure output signal ကိုထုတ်ပေးမှာဖြစ်ပြီး၊  boiler drum ရဲ့ level sight glass မှာ 'ရေ' ပမာဏ (100 %) ရှိတဲ့အခါ (1. 05 kg/ cm2) သို့မဟုတ် (15 psi) pressure output ထုတ်ပေးပါတယ်။ ရရှိလာတဲ့ pneumatic output signal ကို၊ pressure switch တွေဖြစ်တဲ့ boiler drum water high level alarm switch, boiler drum water low level alarm switch, boiler drum water low-low level alarm switch တနည်းအားဖြင့် burner cut-out switch တို့ကိုပေးပို့သလို၊ control room မှ၊ boiler drum water level monitoring unit/ indicator unit သို့လည်း ပေးပို့ပါတယ်။ ဒါ့အပြင် pneumatic output signal  ကို၊ level controller သို့  input signal အဖြစ်ပေးပို့ပြီး၊ ရရှိလာတဲ့ signal ကို level controller မှာ၊ amplify အနေနဲ့ ချဲ့ယူကာ၊ reference signal အနေနဲ့ boiler feed water regulator သို့ ထပ်မံပေးပို့ပါတယ်။ 

'Electrical differential pressure transmitter' - နောက်ပိုင်းမှာတော့ pneumatic differential pressure transmitter DP cell တွေအစား၊ electrical devices ဖြစ်တဲ့ electrical differential pressure transmitter DP cell တွေကို၊ အသုံးပြုလာကြပါတယ်။ differential pressure measuring device ဖြစ်တဲ့ electrical differential pressure transmitter DP cell တွေကို၊ capacitance based DP cell, strain - gauge based DP cell နဲ့ potentio-metric based DP cell ဆိုပြီး၊ ခွဲခြားနိုင်သလို၊ boiler တွေရဲ့ automatic control system မှာ၊  capacitance based DP cell တွေကို၊ တတ်ဆင် အသုံးပြုကြပါတယ်။


Fig. capacitance based DP cell

capacitance based DP cell ဟာ၊ electrical capacitance device တခုဖြစ်ပြီး၊ dielectric oil အတွင်းနှစ်ထားတဲ့၊ metal သို့မဟုတ် metal - coated quartz diaphragm တွေပါကို၊ ထည့်သွင်းတတ်ဆင်ထားပါတယ်။ diaphragm metal အဖြစ်၊ stainless steel material ကိုအသုံးပြုလေ့ရှိပြီး၊  corrosive ဖြစ်လွယ်တဲ့ applications တွေ မှာတော့၊ high-nickel steel alloys တွေဖြစ်တဲ့၊ 'inconel' ဒါမှမဟုတ်၊ 'hastelloy' တို့ကို အသုံးပြုလေ့ရှိပါတယ်။ chlorine, fluorine နဲ့ halogens ကဲ့သို့၊ gas applications တွေအတွက်၊ silver diaphragms တွေကို အသုံးပြုပါတယ်။

pneumatic DP cell ကဲ့သို့၊ capacitance based DP cell ရဲ့တဖက်ကို၊ steam ရှိနေမယ့် boiler drum ရဲ့ upper section တနည်းအားဖြင့် negative measuring point ဖြစ်တဲ့ highest water level ရဲ့ အထက်နေရာနဲ့ ဆက်သွယ်ပြီး၊ transmitter ရဲ့ အခြားတဖက်ကိုတော့ 'ရေ' ရှိနေမယ့် positive measuring point  ဖြစ်တဲ့ lowest water level ရဲ့ အောက်နေရာနဲ့ ဆက်သွယ်ထားပါတယ်။ boiler drum မှ၊ negative measuring point ဖြင့် ဆက်သွယ်ထားတဲ့နေရာဟာ၊ transmitter ရဲ့ low pressure side ဖြစ်ပြီး၊ positive measuring point ဖြင့် ဆက်သွယ်ထားတဲ့ နေရာကတော့၊ transmitter ရဲ့ high pressure side ဖြစ်ပါတယ်။

Fig. DP cell installation

cell အတွင်းသို့ ဝင်ရောက်လာတဲ့၊ pressure (၂) ခုတို့ဟာ၊ မတူညီတဲ့အတွက်၊ pressure difference ဆိုတဲ့ differential pressure ဖြစ်ပေါါလာပြီး၊ diaphragm မှာ ရွှေ့လျားမှု movement ဖြစ်ပေါါလာပါတယ်။ DP cell သို့၊ power supply ပေးသွင်းတဲ့အခါ၊ diaphragm movement ကြောင့် plates တွေမှာ capacitance တန်ဘိုး အပြောင်းအလဲဖြစ်ပေါါပြီး၊ electrical output signal ကို ရရှိလာပါတယ်။ ရရှိလာတဲ့ output ဟာ (4 ~ 20 mA) current signal ဖြစ်ပြီး၊ (1 ~ 5V) voltage signal သို့ပြောင်းလဲယူပါတယ်။ capacitance based DP cell တွေကို၊ single plate capacitor နဲ့ two-plate capacitor DP cell ဆိုပြီး ခွဲခြားနိုင်ပါတယ်။

single plate capacitor DP cell မှာ၊ stationary plate ကို diaphragm ရဲ့ အနောက်ဖက်မှာ တတ်ဆင်ထားပါတယ်။ diaphragm ရဲ့ movement လို့ခေါါတဲ့ diaphragm deflection ကြောင့် diaphragm နဲ့ stationary plate ကြားမှာ၊ variable capacitance တန်ဘိုးတခု ရရှိလာပါတယ်။ variable capacitance ဆိုတဲ့၊ capacitance တန်ဘိုးအပြောင်းအလဲကို၊ stationary plate မှရယူပြီး၊ DC current သို့မဟုတ် voltage signal အဖြစ်ပြောင်းလဲကာ၊ panel meters သို့မဟုတ် microprocessor - based input/ output boards တွေကိုပေးပို့ပြီး၊ ဖတ်ယူပါတယ်။

two-plate capacitor DP cell မှာတော့၊ stationary plate (၂) ခုကြားမှာ၊ diaphragm တတ်ဆင်ထားပြီး၊ high-frequency နဲ့ high-voltage oscillator တို့မှတဆင့်၊ stationary plates တွေကို၊ charge လုပ်ပါတယ်။ diaphragm deflection ကြောင့်ပေါါပေါက်လာတဲ့၊ capacitance တန်ဘိုး အပြောင်းအလဲကို၊ bridge circuit မှလက်ခံရယူပါတယ်။  bridge circuit မှာ balanced နဲ့ unbalanced mode တို့ပါဝင်ပါတယ်။ 


Fig. DP cell with micro capacitance silicon sensor

balanced mode ဟာ၊ differential pressure ကို၊ တိုင်းယူပြီး၊ ရရှိလာတဲ့ output တန်ဘိုးအား null detector လို့ခေါါတဲ့ comparator သို့ တိုက်ရိုက်ပေးပို့သလို၊၊ bridge circuit ကို၊ null ဆိုတဲ့ no value အနေအထားမှာ ရှိနေစေပါတယ်။ unbalanced mode မှာတော့၊ differential pressure ကြောင့်ရရှိလာတဲ့ output voltage တန်ဘိုးကို၊ excitation voltage နဲ့ နှိုင်းယှဉ်ပြီးမှ၊ pressure measurement ratio အဖြစ်၊ ပေးပို့ပါတယ်။ static pressure, over pressure နဲ့ temperature effects တို့ကြောင့်၊ DP cell ရဲ့ characteristics တွေ၊ ထိခိုက်နိုင်တဲ့အတွက်၊ 'stability' နဲ့ 'reliability' ကောင်းမွန်စေရန်၊ 'micro capacitance silicon sensor' တွေကို၊ measuring cell ရဲ့ neck မှာထည့်သွင်း တတ်ဆင်လာတာတွေ့ရပါတယ်။ 


Fig. Boiler Automatic Control System with electrical DP cell

pneumatic pressure transmitter အသုံးပြုထားတဲ့ boiler automatic control system ကဲ့သို့၊ electrical DP cell မှ ရရှိလာတဲ့ electrical output signal ကို၊ pressure switch တွေဖြစ်တဲ့ boiler drum water high level alarm switch, boiler drum water low level alarm switch, boiler drum water low-low level alarm switch တနည်းအားဖြင့် burner cut-out switch တို့ကိုပေးပို့သလို၊ control room မှ၊ boiler drum water level monitoring unit/ indicator unit သို့လည်း ပေးပို့ပါတယ်။ ဒါ့အပြင် electrical output signal  ကို၊ level controller သို့  input signal အဖြစ်ပေးပို့ပြီး၊ ရရှိလာတဲ့ signal ကို level controller မှာ၊ amplify အနေနဲ့ ချဲ့ယူကာ၊ reference signal အနေနဲ့ boiler feed water regulator သို့ ထပ်မံပေးပို့ပါတယ်။

ဒါ့အပြင် boiler ရဲ့ drum water level တိုင်းတာရာမှာ pneumatic နဲ့ electrical DP cell တွေအစား၊ magnetic float တွေနဲ့ conductivity သို့မဟုတ် capacitance probes တွေကိုလည်း အသုံးပြုကြပါတယ်။ magnetic float တွေနဲ့ conductivity သို့မဟုတ် capacitance probes တွေဟာ၊ water level control နဲ့ alarm system အတွက်သာ အသုံးပြုနိုင်ပြီး၊ monitoring system, steam pressure automatic control system, burner control system နဲ့ safety system တို့အတွက်၊ အသုံးမပြုနိုင်တာ၊ တွေ့ရပါတယ်။

'Magnetic floats' - တွေကို၊ magnetic level controller အဖြစ်၊ chamber အတွင်းမှာ၊ တတ်ဆင်လေ့ရှိသလို၊ boiler shell အတွင်းသို့ ထည့်သွင်းပြီး direct mounted အနေနဲ့လည်း၊ တတ်ဆင်ထားလေ့ရှိပါတယ်။ float ဟာ boiler ရဲ့ drum water level အပြောင်းအလဲပေါါမူတည်ပြီး၊  လိုက်ပါရွှေ့လျားနေမှာဖြစ်ပါတယ်။


Fig. Magnetic level controller in a chamber

float ရဲ့ level signal output အတွက်၊ mercury type သို့မဟုတ် 'air-break' type magnetically operated switches တွေကို၊ အသုံးပြုလေ့ရှိသလို၊ magnet attached float ရဲ့ ရွှေ့လျှားလှုပ်ရှားမှု movement မှတဆင့် inductive coil မှာဖြစ်ပေါါလာတဲ့ modulating signal ကိုလည်း၊ အသုံးပြုလေ့ရှိပါတယ်။  တနည်းအားဖြင့် float မှ တဆင့် ရရှိလာတဲ့ level signal output ကို၊ relay သို့ပေးသွင်းပြီး၊ alarm system နဲ့ On / Off control system အနေနဲ့ boiler feed water pump အား၊ အလိုအလျှောက် မောင်းနှင်ရန် အသုံးပြုသလို၊ modulating level control system အဖြစ်၊ boiler automatic feed water regulating valve ရဲ့ opened/ closed operation အတွက် အသုံးပြုခြင်းဖြစ်ပါတယ်။ float တွေဟာ၊ 'ရေ' နဲ့ အမြဲ ထိတွေ့နေရတဲ့အတွက်၊ ပျက်စီးမှု အနည်းနဲ့ အများ ဖြစ်ပေါါတတ်တာကိုလည်း၊ တွေ့ရပါတယ်။

'Conductivity probes' - တွေကို၊ single tip နဲ့  two tip probes ဆိုပြီး ခွဲခြားနိုင်ပါတယ်။ insulation ဖုံးအုပ်ထားတဲ့ metal rod အတွင်း၊ low voltage ဖြတ်စီးစဉ်၊ ပေါါပေါက်လာတဲ့ current တန်ဖိုး၊ အပြောင်းအလဲ မှတဆင့်၊ boiler ရဲ့ drum water level အား၊ တိုင်းတာခြင်းဖြစ်ပြီး၊ smooth insulating material အဖြစ်၊ 'teflon' တနည်းအားဖြင့် PTFE ဆိုတဲ့ 'poly - tetrafluoroethylene' ကို၊ အသုံးပြုထားပါတယ်။ 


Fig. (A) - Conductivity probes arranged to switch a feed-pump on and off - two tip, (B) Conductivity probe in a closed top tank 

probe ဟာ ရေထဲမှာ immersed အနေနဲ့ နစ်မြုတ်ကာ၊ ထိတွေ့နေစဉ် circuit အတွင်း၊ current ဖြတ်စီးကာ၊ lifted out of the water အနေနဲ့ ရေနဲ့ မထိတွေ့တဲ့ အခါမှာတော့၊  current ဖြတ်စီးခြင်းမရှိတာကို၊ တွေ့ရပါတယ်။ prob မှ တဆင့် ရရှိလာတဲ့ level signal output ကို၊ relay သို့ပေးသွင်းပြီး၊ alarm system နဲ့ On / Off control system အနေနဲ့ boiler feed water pump အား၊ အလိုအလျှောက် မောင်းနှင်ရန် အသုံးပြုလေ့ရှိပါတယ်။ drum water အတွင်းရောနှော ပါဝင်နေတဲ့ dirt တွေနဲ့ impurities တွေဟာ၊ probe ရဲ့ insulator အပေါါ ကပ်ငြိရာမှတဆင့်၊ drum water level တိုင်းတာရာမှာ၊ malfunctions အနေနဲ့ အမှားအယွင်းတွေ၊ ပေါါပေါက်တတ်ပါတယ်။ ဒါ့အပြင်၊ electrical conductivity operated အနေနဲ့ ဆောင်ရွက်တဲ့အတွက်၊ conductivity အနေနဲ့ 5 µ Siemens / cm ပမာဏထက်နည်းတဲ့၊ very pure water တနည်းအားဖြင့် 'ရေ'သန့်မှာ၊ အသုံးပြုလို့ မရတာကိုလည်း၊ တွေ့ရပါတယ်။

'Capacitance probes' - cylindrical probe ဖြစ်ပြီး၊ dielectric material ဖြစ်တဲ့ PTFE ဆိုတဲ့ 'poly - tetrafluoroethylene' ကို၊ conducting တနည်းအားဖြင့် first capacitor plate အဖြစ်အသုံးပြုကာ၊ boiler shell ကိုတော့ chamber wall တနည်းအားဖြင့် second capacitor plate အဖြစ် အသုံးပြုထားပါတယ်။ boiler ရဲ့ drum water level အပြောင်းအလဲကြောင့် second capacitor plate ရဲ့ ဧရိယာမှာ၊ အပြောင်းအလဲ၊ ပေါါပေါက်လာပြီး၊ overall capacitance တန်ဘိုးလည်း၊ လိုက်ပါပြောင်းလဲသွားပါတယ်။ total capacitance ဆိုတာကတော့ capacitance above the liquid surface ဆိုတဲ့ boiler ရဲ့ drum water level အပေါါမှ capacitance တန်ဘိုး 'CA'  နဲ့  capacitance below the liquid surface ဆိုတဲ့  boiler ရဲ့ drum water level အောက်မှ၊ capacitance 'CB' တန်ဘိုး  တို့ရဲ့ ပေါင်းလဒ်ဖြစ်ပါတယ်။


Fig. Capacitance probe

ပြောင်းလဲသွားတဲ့ overall capacitance တန်ဘိုးဟာ၊ အလွန်သေးငယ်ပြီး pico farads လို့ခေါါတဲ့ 10-12 farads ပမာဏခန့်သာရှိတဲ့အတွက်၊ conjunction အနေနဲ့ အသုံးပြုကာ၊ output signal အဖြစ်၊ amplifier circuit သို့ ပေးသွင်းပါတယ်။ amplifier circuit မှရရှိလာတဲ့ output signal ကိုတော့ relay သို့ပေးသွင်းပြီး၊ alarm system နဲ့ On / Off control system အနေနဲ့ boiler feed water pump အား၊ အလိုအလျှောက် မောင်းနှင်ရန် အသုံးပြုသလို၊ modulating level control system အဖြစ်လည်း၊ အသုံးပြုပါတယ်။ conductivity probes တွေကဲ့သို့၊ drum water အတွင်းရောနှော ပါဝင်နေတဲ့ dirt တွေနဲ့ impurities တွေဟာ၊ capacitance probe ရဲ့ conducting plate အပေါါကပ်ငြိရာမှတဆင့်၊ drum water level တိုင်းတာရာမှာ၊ malfunctions အနေနဲ့ အမှားအယွင်းတွေ၊ ပေါါပေါက်တတ်ပါတယ်။

'Boiler safety system' - boiler ရဲ့ automatic control system မှ၊ water level control, alarm & monitoring system, steam pressure automatic control system, burner control system နဲ့ safety system တို့ဟာ၊ တခုနဲ့တခု ဆက်သွယ်နေပါတယ်။ burner ရဲ့ pre - purging period, ignition period, operating period နဲ့ post - purging period ဆိုတဲ့ operation sequence တွေ တိကျ မှန်ကန်မှသာ၊ ဘေးအန္တရာယ်ကင်းရှင်းပြီး၊ boiler ရဲ့ efficiency ကိုလည်း အပြည့်အဝ ရရှိနိုင်မှာဖြစ်ပါတယ်။ 

boiler safety system မှ routine start/ stop protection, fan motor & oil pump interlock protection, low/ high oil temperature, low oil pressure, high steam pressure, exhaust gas high temperature protection တို့ကို၊ အခြေခံ safety system တွေအဖြစ် သတ်မှတ်နိုင်ပါတယ်။ low low/ lowest water level, missing fire & flame fault, manual emergency stop တို့ကတော့ မရှိမဖြစ်၊ အရေးကြီးတဲ့ safety system တွေဖြစ်ပါတယ်။


Fig. Burner control system and Boiler Safety system 

boiler ရဲ့ drum water level alarm ကို low water level နဲ့ low low water level သို့မဟုတ် lowest water level alarm ဆိုပြီး၊ ခွဲခြားထားပါတယ်။ water drum အတွင်းသို့၊ feed water pump မှ၊ 'ရေ' မပေးသွင်းနိုင်တဲ့အခါ၊ drum water ဟာ၊ သတ်မှတ်ထားတဲ့ level မှနိမ့်ကျဆင်းသွားပြီး၊ low water level alarm အနေနဲ့ activated ဖြစ်ပေါါပါတယ်။ အကယ်၍ boiler ကို၊ automatic control system တနည်းအားဖြင့် auto-mode ဖြင့်၊ မောင်းနှင်လည်ပတ်နေပါက၊ low water level alarm activated ဖြစ်စဉ်၊ safety system မှ fuel oil supply ကိုဖြတ်တောက်ကာ၊ burner အားရပ်တန့်လိုက်မှာ၊ ဖြစ်ပါတယ်။  low water level alarm activated ဖြစ်စဉ်၊ manual mode ဖြင့် burner အား manual mode ဖြင့်၊ ပြန်လလည်မောင်းနှင်နိုင်ပါတယ်။ အကယ်၍ water drum အတွင်းမှ 'ရေ' ဟာ  low water level ထက် ပိုမိုနိမ့်ကျတဲ့ low low water level သို့မဟုတ် lowest water level သို့ ကျဆင်းသွားကာ၊ lowest water level alarm activated ဖြစ်ပေါါလာတဲ့ အခါမှာတော့၊ manual mode ဖြင့်ပါမောင်းနှင်၍မရစေရန်၊ safety  system မှ၊ ဖြတ်တောက်ထားပါတယ်။

SOLAS Regulation - Part C : Machinery installations - Regulation 32 မှာ၊ boiler အတွက် safety valve (၂) လုံး တတ်ဆင်ထားရမယ်လို့ ပြဌာန်းထားပါတယ်။ ဒါ့အပြင် low water level အခြေအနေ၊ flame fault/ flame failure ပေါါပေါက်တဲ့အခြေအနေနဲ့ အကယ်၍ boiler ရဲ့ water level control, alarm & monitoring system, steam pressure automatic control system, burner control system နဲ့ safety system တို့အတွက်၊ pneumatic pressure transmitter အသုံးပြုထားပါက၊ air supply ပြတ်တောက်သွားတဲ့ အခြေအနေတွေမှာ၊ alarm activated ဖြစ်ပေါါပြီး၊  fuel supply အား အလိုအလျှောက် ဖြတ်တောက်နိုင်ရမယ်လို့ ပြဌာန်းထားပါတယ်။ 

propulsion အတွက်၊ steam အသုံးပြုမယ်ဆိုလျှင် boiler water drum high level alarm တတ်ဆင်ထားရန်လိုအပ်ပြီး၊ boiler feed water system ဟာ၊ အကြောင်းတစုံတခုကြောင့် အသုံးမပြုနိုင်ခဲ့လျှင်၊ မပြတ်တောက်စေရန် အရံအဖြစ်၊ နောက်ထပ် boiler feed water system တစုံသီးသန့် တတ်ဆင်ထားရမှာဖြစ်ပါတယ်။ ဒါ့အပြင် boiler မှာအသုံးပြုတဲ့ feed water quality ကိုလည်း၊ အမြဲမပြတ်စောင့်ကြည့်စစ်ဆေးပြီး၊ လိုအပ်သလို treatment ပြုလုပ်ပေးရန် ပြဌာန်းထားပါတယ်။ boiler water level ကို၊ gauge glass တွေမှတဆင့် ဖတ်ရှုနိုင်ရမှာဖြစ်သလို၊ အနည်းဆုံး  gauge glass (၂) စုံ တတ်ဆင်ထားရန်၊ သတ်မှတ်ထားတာကိုလည်း တွေ့ရပါတယ်။ 


Reference and image credit to :  Steam Engineering Tutorials., 

Remark : All publications and images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.

Saturday, 25 May 2013

"Oil Fired Drum Type Water Tube Boiler Mountings & Fittings"

oil fired drum type water tube boiler တွေမှာ၊ တတ်ဆင်ထားလေ့ရှိတဲ့ mountings & fittings တွေကတော့  main steam stop valve, auxiliary steam stop valve, thermometer, pressure gauges, blow down valve, run down valve, chemical dosing valve, scum down valve, feed check valve, salino-meter, water level gauge glass နဲ့  safety valve တို့ဖြစ်ပြီး၊ regular inspection အနေနဲ့ ပုံမှန်စစ်ဆေးခြင်းကို၊ ဆောင်ရွက်ပေးရန် လိုအပ်ပါတယ်။

အရေးကြီးတဲ့ boiler mountings တွေကတော့၊ safety valves, main steam valve, auxiliary stem stop valve, feed check valve or control valve, water level gauges, pressure gauge & connections, air release cock, sampling connection, blow down valve, scum valve, whistle stop valve, automatic feed water regulator, low alarm level, high alarm level, super heater circulating valves နဲ့ soot blowers တို့ဖြစ်ပါတယ်။

'safety valves ကို boiler ရဲ့ body မှာ အစုံလိုက် (၂) လုံး တတ်ဆင်ထားပါတယ်။ boiler အတွင်း steam pressure  မြင့်တက်လာပြီး၊ သတ်မှတ်ထားတဲ့ setting pressure သို့ရောက်ရှိတဲ့အခါ၊ safety valve အလိုအလျှောက်ပွင့်ကာ steam ကို boiler ရဲ့ ပြင်ပသို့၊ စွန့်ထုတ်ခြင်းဖြင့် pressure ကိုလျှော့ချပါတယ်။ လက်တွေ့မှာ steam pressure ကို (4. 8 kg/ cm2 ~ 5. 2 kg/ cm2) ခန့်၊ အသုံးပြုတဲ့အခါ၊ safety valve ရဲ့ setting အား (7 kg/ cm2) လောက်မှာ ချိန်ညှိထားလေ့
ရှိကြပါတယ်။

'main steam valve' ကို 'main steam stop valve' လို့လည်းခေါါပြီး၊ non-return valve အမျိုးအစားဖြစ်ပါတယ်။ boiler နဲ့ အနီးဆုံးနေရာ steam ထွက်လာရာ လမ်းကြောင်းမှာ တတ်ဆင်ထားပါတယ်။ non-return valve အမျိုးအစားဖြစ်တဲ့ 'auxiliary steam stop valve' ကတော့၊ 'main steam valve' ရဲ့ အရံ spare valve ဖြစ်ပါတယ်။

'feed check valve' ဟာ non-return valve အမျိုးအအစားဖြစ်ပြီး၊ အစုံလိုက် (၂) လုံး တတ်ဆင်ထားပါတယ်။ တလုံးကို main valve အဖြစ်၊ အသုံးပြုကာ အခြားတလုံးကိုတော့ auxiliary သို့မဟုတ် stand by valve အနေနဲ့၊ တတ်ဆင်ထားပါတယ်။ feed check valves တွေဟာ၊ boiler အတွင်းသို့ feed water ပေးသွင်းတဲ့ valve တွေဖြစ်ပြီး၊ အဖွင့်နဲ့ အပိတ် opened/ closed position အနေအအထားကို indicator ဖြင့်၊ ဖော်ပြပါတယ်။ 

boiler drum အတွင်းမှ၊ 'ရေ' level အား၊ monitoring အဖြစ်၊ ဖော်ပြပေးမယ့် 'water level gauges' တွေကိုလည်း၊ အစုံလိုက် (၂) ခု တတ်ဆင်ထားသလို၊ boiler drum နဲ့ super heater အတွင်းမှ steam pressure ပမာဏကို၊ အလွယ်တကူ ဖတ်ရှုနိုင်ရန် 'pressure gauges' တွေကိုလည်း၊ တတ်ဆင်ထားပါတယ်။ 

'scum valve' ကတော့ boiler drum အတွင်းမှ၊ 'ရေ' မျက်နှာပြင်ရဲ့ အထက်မှာ ရှိနေမယ့် impurities တွေကို၊ ဖယ်ရှားတဲ့အခါ အသုံးပြုရန် တတ်ဆင်ထားတာ ဖြစ်ပါတယ်။ အကယ်၍သဘော်ရဲ့ whistle သို့မဟုတ် horn ကို steam whistle အနေနဲ့ အသုံးပြုခဲ့လျှင်၊ steam supply ကိုပေးပို့ရန်၊ 'whistle stop valve' အား၊ တတ်ဆင်ထားလေ့ရှိပါတယ်။

boiler ကို အချိန်အတော်ကြာ ရပ်တန့်ပြီးမှ၊ ပြန်လည်မောင်းနှင်တဲ့အခါနဲ့ boiler အတွင်းမှ ရေတွေကို၊ drain အနေနဲ့ ဖောက်ချပြီး၊ ပြန်လည်မောင်းနှင်တဲ့ အခါတွေမှာ၊ drum အတွင်းရှိ steam နေရာမှာ၊ အစားထိုးနေရာယူနေတဲ့ 'လေ' တွေကို၊ 'air released cock' မှတဆင့် ဖယ်ထုတ်ပါတယ်။ 

'sampling connection' ကိုတာ့၊ boiler feed water ကို analysis လုပ်ရန်၊ 'ရေ' နမူနာ sample ရယူမယ့် နေရာမှာ တတ်ဆင်ထားပါတယ်။ blow down valve ဟာ boiler အတွင်းမှ 'ရေ' သို့မဟုတ် 'steam' ကို၊ drain အနေနဲ့ ဖောက်ချတဲ့အခါ၊ အသုံးပြုပြီး၊ boiler ရဲ့ အောက်ခြေနား နေရာမှာ၊ တတ်ဆင်ထားပါတယ်။ 

'automatic feed water regulator' အား၊ boiler feed water line ရဲ့ main feed check valve အနီးမှာ၊ တတ်ဆင်ထားပါတယ်။ sensor element တွေကိုသုံးကာ water level နဲ့ load ဆိုတဲ့ steam pressure အနည်းအများပေါါမူတည်ပြီး၊ boiler သို့ပေးသွင်းမယ့်် feed water အနည်းအများကို၊ automatic feed water regulator မှ ချိန်ညှိပေးပါတယ်။ တနည်းအားဖြင့် 'automatic feed water regulator' မှ boiler drum ရဲ့ water level ကို၊ control အနေနဲ့ ထိမ်းညှိပေးတယ်လို့၊ ဆိုနိုင်ပါတယ်။

Automatic Level Control Systems - oil fired drum type water tube boiler တွေမှာ အသုံးပြုတဲ့ 'automatic level control systems' တွေကို On/ Off control system နဲ့ Modulating control system ဆိုပြီး၊ ခွဲခြားနိုင်ပါတယ်။ Modulating control system မှာ Single element water level control, Two element water level control နဲ့ Three element water level control တို့အဖြစ်၊ ထပ်မံခွဲခြားကာ အသုံးပြုပါတယ်။

"On/ Off control system" -  water level sensing element အဖြစ်၊ magnetic switch ကို၊ float level control element အနေနဲ့ တတ်ဆင်ထားသလို၊ 'conductivity probe' လို့ခေါါတဲ့ 'capacitance probes' တွေကိုလည်း၊ အသုံးပြုလေ့ရှိပါတယ်။ fixed switching levels လို့ခေါါတဲ့ feed water pump ရဲ့ On/ Off function အတွက်၊ level probes (၂) စုံကို အသုံးပြုလေ့ရှိပြီး၊ level probes တွေမှတဆင့်၊ On/ Off switching levels ကို၊ adjustment အနေနဲ့၊ လိုအပ်သလို ချိန်ညှိပေးပါတယ်။

Fig. 3.17.1 - On / off control 

Fig. On/ Off control system

On/ Off control system ကို steam generation rate အနေနဲ့ 5, 000 Kg / h သို့မဟုတ် 3 MW ခန့် ပမာဏထုတ်ပေးတဲ့ boiler တွေမှာသာ၊ တတ်ဆင် အသုံးပြုလေ့ရှိပါတယ်။ On/ Off control system အသုံးပြုထားတဲ့ automatic level control application မှာ၊ switching activated ဖြစ်ရာမှ၊ feed water pump ရုတ်တရက် 'ထ' လည်ပြီး၊ 'cold' feed-water ဆိုတဲ့ 'ရေအေး' တွေကို၊ မြင့်မားတဲ့ relatively high flow-rate ဖြင့်၊ ပေးသွင်းလိုက်တဲ့အတွက်၊ boiler အတွင်းမှ steam pressure ဟာ၊ ရုတ်တရက် လျှင်မြန်စွာ ကျဆင်းသွားနိုင်ပါတယ်။ 

burner ဟာ steam pressure အား၊ ထိန်းညှိနိုင်ရန် continuously vary အနေနဲ့ အဆက်မပြတ်လည်လိုက်၊ ရပ်လိုက် အနေအထားဖြင့် firing ဆိုတဲ့ 'မီးထိုး' ခြင်းကို ဆောာင်ရွက်ပေးနေမှာဖြစ်သလို၊ burner controls ပိုင်းဆိုင်ရာ၊ အစိတ်အပိုင်းတွေမှာ wear and tear ဆိုတဲ့ ပွန်းစား ပျက်စီးမှုတွေ၊ တိုတောင်းတဲ့ အချိန်အတိုင်းအတာ တခုအတွင်း ဖြစ်ပွားလာနိုင်ပါတယ်။ ဒါ့အပြင် boiler ရဲ့ water drum မှာ temperature cycling တွေပေါါပေါက်လာပြီး၊ steam flow-rate ဟာ 'saw-tooth' type ပုံသဏ္ဍန်ဖြင့် စီးဆင်းခြင်းကြောင့်  boiler ရဲ့ 'efficiency' ကျဆင်း သွားတတ်ပါတယ်။

"Modulating control system" - water level sensing element အဖြစ်၊ float switch, capacitance probes နဲ့ differential pressure cells တွေကို၊ အသုံးပြုလေ့ရှိပါတယ်။ modulating control system မှာ feed water pump ဟာ ဆက်တိုက်မရပ်မနား continuously လည်ပတ်နေပြီး၊ feed water pump နဲ့ boiler ကြားမှာ တတ်ဆင်ထားတဲ့ automatic feed water regulating valve မှတဆင့်၊ လိုအပ်မယ့် steam demand အပေါါမူတည်ကာ၊ feed water flow-rate ကို control အနေနဲ့ ထိမ်းညှိပေးပါတယ်။ 

Fig. 3.17.3 - Modulating control

Fig. Modulating control system

modulating control system ကို၊ အသုံးပြုတဲ့အခါ၊ drum အတွင်းမှာ တည်ငြိမ်တဲ့ water level stability အား၊ ရရှိစေနိုင်သလို၊ steam flow-rate ကိုလည်း၊ 'smooth' အနေနဲ့ ချောမွေ့စွာ စီးဆင်းစေနိုင်တာ၊ တွေ့ရပါတယ်။ level control valve လို့ခေါါတဲ့ modulating valve ပိတ်သွားရာမှ၊ feed water pump မှာ အပူလွန်ပြီး overheating မပေါါပေါက်စေရန်၊ recirculation ဆိုတဲ့ spill-back line ကို တတ်ဆင်ထားပြီး၊ feed water pump မှာ၊ minimum flow-rate ဖြင့်၊ feed water အား စီးဆင်းစေပါတယ်။ recirculation အား  valve သို့မဟုတ် (5 mm ~ 7 mm) အရွယ်အစားရှိတဲ့၊ orifice plate ကို၊ အသုံးပြုပြီး ဆောင်ရွက်စေပါတယ်။  

ဒါ့အပြင်၊ modulating control system ကို၊ boiler feed-water pump ရဲ့ speed အား၊ varying အနေနဲ့ အတိုး၊ အလျှော့ပြောင်းလဲ လည်ပတ်ကာ၊ အသုံးပြုနိုင်ပါတယ်။ တနည်းအားဖြင့် boiler water level sensing element  မှတဆင့်၊ ရရှိလာတဲ့ modulating signal ကို၊ electrical frequency controller လို့ခေါါတဲ့ variable frequency control drive တနည်းအားဖြင့် VFD သို့ပေးပို့ကာ၊ feed-water pump motor ရဲ့ speed အား၊ ပြောင်းလဲလည်ပတ်စေခြင်းဖြစ်ပါတယ်။ 

Fig. 3.17.4 - Recirculation of feedwater 

Fig. Recirculation of feedwater

variable speed drive feed-water pump ဖြင့် တွဲဖက်တတ်ဆင်တဲ့အခါ၊ with recirculation နဲ့ without recirculation ဆိုပြီး၊ ခွဲခြားအသုံးပြုနိုင်ပါတယ်။ with recirculation application အဖြစ်၊ တတ်ဆင်အသုံးပြုရာမှာ steam demand အနေနဲ့ boiler ရဲ့ load နည်းနေစဉ်ကာလမှာ၊ feed water pump motor ဟာ၊ minimum speed ဖြင့်လည်ပတ်နေပြီး၊ recirculation line မှတဆင့် feed water ကို စီးဆင်းစေပါတယ်။ without recirculation application မှာတော့ low boiler load ဆိုတဲ့ steam demand မရှိတဲ့အခါ၊ motor controller မှတဆင့် feed - water pump ကို၊ ရပ်တန့်ထားပါတယ်။ feed - water pump ပြန်လည်တဲ့အခါ  frequency controller ဟာ၊ motor speed ကို rump-up အနေနဲ့ တဖြည်းဖြည်း၊ တိုးမြှင့် ယူသွားခြင်းဖြင့်  power consumption ကို၊ လျှော့ကျသက်သာစေပါတယ်။

"Single element water level control" -  modulating control ရဲ့ proportional control method ဖြစ်ပြီး၊ rated capacity အတွင်း အသုံးပြုမယ့်၊  applications တွေမှာ၊ majority အဖြစ်၊ တတ်ဆင်အသုံးပြုတဲ့ control system လည်းဖြစ်ပါတယ်။ proportional control ဖြစ်တဲ့အတွက်၊ low steaming rates ဖြင့် အသုံးပြုနေစဉ် water level ဟာ higher အနေနဲ့ မြင့်မားနေမှာ ဖြစ်သလို၊ high steaming rates ဖြင့် အသုံးပြုနေစဉ်မှာတော့ lower အနေနဲ့ နိမ့်ကျသွားရာမှတဆင့် water drum အတွင်း falling level control characteristic တွေ၊ ဖြစ်ပေါါလာနိုင်ပါတယ်။ 

boiler ကို rated capacity အတွင်း အသုံးပြုနေစဉ်၊ steam demand ကို၊ increase အနေနဲ့ တိုးမြှင့် အသုံးပြုလိုက်တဲ့အခါ၊ boiler မှ steam pressure ဟာ၊ initial fall အနေနဲ့ သိသိသာသာ၊ ထိုးကျသွားပြီး၊ control system မှတဆင့်  burner firing rate အား မြင့်တင်ပေးမှာဖြစ်သလို၊ evaporation rate ဟာလည်း၊ မြင့်တက်လာမှာဖြစ်ပါတယ်။ evaporation rate မြင့်တက်လာတဲ့အတွက်၊ drum water အတွင်းမှာ၊ steam bubbles တွေပိုမို၊ ပေါါပေါက်လာပြီး၊ less dense အနေနဲ့ 'ရေ' နဲ့ အတူ အနည်းငယ်သာ ရောနှောနေမှာဖြစ်ပါတယ်။

steam demand ကို၊ ရုတ်တရက် sudden load အနေနဲ့ ပမာဏများစွာ၊  အသုံးပြုလိုက်တဲ့ အခါ၊ boiler မှ steam pressure ဟာလည်း၊  further reduced အနေနဲ့ ထပ်မံ ကျဆင်းသွားပြီး၊ feed water ဟာ steam နေရာမှာ flash in အဖြစ်၊ တွန်းထိုးဝင်ရောက်လာမှာ ဖြစ်သလို၊ control system မှတဆင့်  burner firing rate အား၊ maximum အထိ၊ မြင့်တင်ပေးလိုက်မှာ ဖြစ်ပါတယ်။ တချိန်တည်းမှာ drum water အတွင်း၊ steam bubbles တွေမြောက်များစွာပေါါပေါက်လာပြီး၊ steam ရဲ့ density လည်း ကျဆင်းသွားပါတယ်။ 

steam bubbles တွေဟာ water mixture အဖြစ် 'ရေ' နဲ့ရောကာ ဖွဲ့တည်နေခြင်းကို၊ 'swell' လို့ခေါါပါတယ်။ swell ကြောင့် drum ရဲ့ water level မြင့်တက်လာသလို၊ level control detector မှ မှားယွင်းယူဆပြီး၊  feed-water control valve အား၊ closed အနေအထားဖြင့် 'ပိတ်' သွားစေပါတယ်။ အမှန်တော့  လိုအပ်လာတဲ့ high steam demand ကြောင့်၊ water drum အတွင်းသို့ 'ရေ' ပေးသွင်းခြင်းကို၊ ပိုမိုဆောင်ရွက်ရမှာဖြစ်ပြီး၊ လက်တွေ့မှာတော့ feed-water control valve 'ပိတ်' သွားပြီး၊ 'ရေ' ပေးသွင်းခြင်းအား၊ ရပ်တန့်လိုက်ခြင်းကြောင့် falling level ဆိုတဲ့ drum water low level condition အခြေအနေ ပေါါပေါက်လာနိုင်ပါတယ်။ တနည်းအားဖြင့် falling level control characteristic လို့၊ ဆိုနိုင်ပါတယ်။ falling level control characteristic ဖြစ်ပေါါတတ်တဲ့အတွက် နောက်ပိုင်းမှာတော့၊ single element water level control အစား၊ Two element water level control ကို၊ ပြောင်းလဲ အသုံးပြုလာကြပါတယ်။

"Two element water level control" - first element အဖြစ် drum water မှ level signal နဲ့ second element အဖြစ်၊ steam flow meter မှ flow signal တို့ကို၊ sensing element အဖြစ် အသုံးပြုထားပါတယ်။ steam flow meter ကို၊ boiler ရဲ့ steam discharge line မှာ တတ်ဆင်ထားပြီး၊ steam demand ကို၊ increase အနေနဲ့ တိုးမြှင့် အသုံးပြုရန်လိုအပ်မယ့် high steam loads condition အခြေအနေမှာ၊ level controller set point ကို၊ steam flow meter မှ flow signal ဖြင့်၊ မြှင့်တင်ပေးတဲ့ control system ဖြစ်ပါတယ်။

Fig. 3.17.7 - Two element boiler water level control 

Fig. Two element boiler water level control

frequent သို့မဟုတ် sudden changes ဆိုတဲ့ steam demand ကို၊ ရုတ်တရက်၊ ပမာဏများစွာပြောင်းလဲ အသုံးပြုရတဲ့ application တွေမှာ 'Two element boiler water level control' ကို၊ တတ်ဆင်ထားလေ့ရှိပါတယ်။ တနည်းအားဖြင့်် boiler ရဲ့ rated capacity ထက် (25 %) ခန့်် load အပြောင်းအလဲရှိတတ်တဲ့ applications တွေမှာ၊ တတ်ဆင်အသုံးပြုတယ်လို့ ဆိုနိုင်ပါတယ်။

"Three element water level control" - first element အဖြစ် drum water မှ level signal နဲ့ second element အဖြစ်၊ steam flow meter မှ flow signal တို့အပြင်၊ third element အဖြစ် feed - water pump မှ boiler drum အတွင်းသို့ ပေးသွင်းမယ့် feed water ရဲ့ flow rate ကိုပါ၊ sensing element အဖြစ် အသုံးပြုထားပါတယ်။ boiler တွေကို အရည်အတွက် တလုံးထက်ပိုပြီး တတ်ဆင်ကာ၊ feed - water အား common တနည်းအားဖြင့် 'pressurised ring main' အနေနဲ့ ပေးသွင်းတဲ့ applications တွေမှာ၊ အသုံးပြုလေ့ရှိတဲ့ control system လည်းဖြစ်ပါတယ်။

boiler တလုံးးစီမှာ steam demand ကြောင့်၊ water drum အတွင်းသို့ 'ရေ' ပေးသွင်းရာမှာ၊ feed-water ring main အတွင်း၊ vary အနေနဲ့ အပြောင်းအလဲတွေ ပေါါပေါက်လာတတ်ပြီး၊ 'ရေ' ပေးသွင်းရန်လိုအပ်မယ့် boiler မှာတတ်ဆင်ထားတဲ့ feed water ရဲ့ flow rate signal မှတဆင့် automatic feed water regulating valve မှတဆင့်၊ feed water flow - rate ကို control အနေနဲ့ ထိမ်းညှိပေးပါတယ်။

'super heater circulating valves' ဟာ boiler ကို၊ စတင်မောင်းနှင်ပြီး၊ initial warming  ဆောင်ရွက်တဲ့အခါ၊ steam flow အား control အနေနဲ့ ထိမ်းညှိပေးသလို၊ air vent အဖြစ်လည်းဆောင်ရွက်ပေးပါတယ်။ soot blower ဟာ၊ boiler အတွင်းမှ wall, surface နဲ့ tubes တွေပေါါ တင်ရှိနေတဲ့ soot တွေနဲ့ combustion deposit တွေကို compressed air သို့မဟုတ် pressurized steam အား အသုံးပြုပြီး၊ အပြင်ဘက်သို့ မှုတ်ထုတ်ပေးပါတယ်။

water tube boilers တွေကို fire tube boilers တွေနဲ့နှိုင်းယှဉ်ကြည့်လျှင်၊ 'ရေ' ပမာဏ အနည်းငယ်သာ၊ အသုံးပြုပြီး၊ steam pressure ပမာဏ မျာများ ရရှိ စေရန်၊ ဆောင်ရွက်ပေးနိုင်တာ တွေ့ရပါတယ်။ မတော်တဆ မီးလောင်ပေါက်ကွဲထွက်ခြင်း ဆိုတဲ့ 'accidents' ဖြစ်ပေါါရန်၊ အခွင့်အလမ်းလည်း၊ ပိုများတဲ့အတွက်၊ အထိမ်းအဖြစ် အထိုင် 'mounting' များကို ပိုမိုတတ်ဆင်ထားရန် လိုအပ်ပါတယ်။ mounting တွေကို shell plate အပေါါမှာအထိုင်ချကာ၊ တတ်ဆင်ထားတဲ့အတွက်၊ boiler shell, mounting နဲ့ fittings တွေကို regular inspection အဖြစ်၊ ဂရုစိုက်ကာ၊ စစ်ဆေးရန်လိုအပ်ပြီး စစ်ဆေးရာမှာ

shell plate တွေရဲ့ internal နဲ့ external မျက်နှာပြင်အက်ကွဲမှု crack,  corrosion wastage နဲ့ deformation များကိုစစ်ဆေးခြင်း၊ အဓိကအရေးကြီးတဲ့ mounting တွေကို boiler မှ၊ ဖြုတ်ကာ စစ်ဆေးခြင်း၊ gauge glasses, safety valves, feed check valves တွေနဲ့ steam stop valves တွေရဲ့ corrosion, erosion, strength နဲ့ correct operation အခြေအနေများကိုစစ်ဆေးခြင်း၊ internal feeding နဲ့ chemical injection  ကြောင့် pipeline တွေမှာ၊ oxygen pitting ဆိုတဲ့ oxidization ဖြစ်ပေါါပြီး၊ သံချေးတက်ကာစားသွားတဲ့ အချိုင့်တွေနဲ့ corrosion အခြေအနေများကို စစ်ဆေးခြင်း၊ steam pipelines တွေနဲ့ drain pipeline တွေကို 'တူ' ဖြင့် 'ခေါက်' ကာ hammer test အနေနဲ့ စစ်ဆေးခြင်း၊ soot blower nozzles တွေကို၊ correct sweep pattern အနေအထားမှာ၊ ရှိမရှိ စစ်ဆေးခြင်း၊ air register ကို၊ စစ်ဆေးသန့်ရှင်းခြင်း၊ boiler manhole နဲ့ manhole cover ကိုစစ်ဆေးခြင်း၊ strained door studs တွေ၊ stripped နဲ့ slack nuts တွေ၊ distorted dogs တွေရဲ့အခြေအနေကို စစ်ဆေးခြင်း၊ boiler နဲ့ foundation structure attachment တွေမှာ လုံလောက်တဲ့ expansion ရှိမရှိ၊ adequate provision for expansion နဲ့ 'yield' သို့မဟုတ် bend and cracking  ဆိုတဲ့ ကွေးကောက်တွန့်လိမ်ခြင်းနဲ့ အက်ကွဲမှုအခြေအနေကိုစစ်ဆေးခြင်းနဲ့ shell plating နဲ့တွဲဆက်ထားတဲ့ welding attachment တွေဖြစ်တဲ့၊ cradles, feet နဲ့ rolling stay lugs တွေမှ အက်ကွဲမှု အခြေအနေကို စစ်ဆေးခြင်း အစရှိတာတွေကို ဆောင်ရွက်ရပါတယ်။

Refractory Material - boiler ရဲ့ furnace ဟာ fuel burning လောင်ကျွမ်းခြင်းကြောင့် အပူချိန်အမြင့်မားဆုံး လက်ခံ ရရှိတဲ့ နေရာဖြစ်ပါတယ်။ furnace wall နံရံတွေကို၊ အပူချိန်ခံနိုင်စေရန် တည်ဆောက်ထားပြီး၊ အသုံးပြုထားတဲ့ material ကို 'refractory material' လို့ခါါပါတယ်။ refractory material ဟာ၊ non-metallic materials ဖြစ်ပြီး၊ အပူချိန် (538ံ C) သို့မဟုတ် (1000ံ F) အထိ ခံနိုင်ရည် ရှိကာ၊ boiler နဲ့ incinerator တွေရဲ့ furnace တွေမှာသာမက၊ reactors တွေမှာလည်း ကြားခံ lining အဖြစ် အသုံးပြုကြပါတယ်။ refractory materials ဟာ၊ မြင့်မားတဲ့အပူချိန်မှာ chemically and physically ဂုဏ်သတ္တိတွေ ပြောင်းလဲမှုမရှိရန်လိုအပ်သလို၊ boiler ရဲ့ furnace မှာ၊ အသုံးပြုတဲ့အခါ thermal shock ၊ thermal conductivity နဲ့ thermal expansion တို့ကိုခံနိုင်ရည်ရှိရန် လိုအပ်ပါတယ်။

 

Fig. Refractory material in boiler furnace

ယေဘုယျအားဖြင့် refractory materials ကို 'alumina' လို့ခေါါတဲ့ aluminium oxides, silicon နဲ့ magnesium တို့မှ တဆင့်ရောစပ်ထုတ်လုပ်ကာ၊ calcium oxide အနည်းငယ်ပါဝင်သလို fireclays လည်း ရောစပ်ပါဝင်လေ့ရှိပါတယ်။ တချို့နေရာတွေမှာတော့၊ လိုအပ်ချက်အရ zirconia ဆိုတဲ့ refractories အမျိုးအစားကို အသုံးပြုပါတယ်။ silicon carbide နဲ့ graphite ကို လည်းထည့်သွင်းအသုံးပြုလေ့ရှိပြီး၊ oxygen နဲ့ မထိတွေ့ရတဲ့ furnace တွေ၊ အတွက်သာ ရည်ရွယ်ထုတ်လုပ်ပါတယ်။

refractories အမျိုးအစားတွေကို chemical composition အရခွဲခြားတဲ့အခါ၊ RO2 group ဆိုတဲ့ Ex- silica (SiO2), 'acidic refractories' group ဆိုတဲ့ Zirconia (ZrO2), R2O3 group ဆိုတဲ့ alumina (Al2O3), 'neutral refractories' group ဆိုတဲ့ chromia ( Cr2O3) နဲ့ carbon, RO group ဆိုတဲ့ magnesia (MgO) ဆိုပြီးတွေ့ရပါတယ်။ ထုတ်လုပ်ပုံနည်းလမ်း method of manufacture အရ dry press process, fused cast, hand molded, normal formed, fired formed, chemical bonded formed နဲ့ un-formed ဆိုပြီးတွေ့ရပါတယ်။ physical form ပုံသဏ္တွန်အနေနဲ့ကတော့ shaped နဲ့ unshaped ဆိုပြီးသာတွေ့ရမှာဖြစ်ပါတယ်။

 Fig. (A) -  Firebricks refractory (shaped), (B) - Mouldable refractory (unshaped)

'mouldable refractory' ကို၊ direct exposure to radiant heat ဆိုတဲ့ flame နဲ့တိုက်ရိုက်ထိတွေ့မယ့် နေရာတွေမှာ အသုံးပြုပါတယ်။ အသုံးမပြုခင် အမှုန့်ဖြစ် သွား စေရန်၊ pounded အနေနဲ့ ထုထောင်းပြီးမှ " မံ " ပါတယ်။ 'castable refractory' ဟာ၊ အဆောက်အဦးဆောက်တဲ့နေရာမှာ၊ အသုံးပြုတဲ့ ဘိလပ်မြေကဲ့သို့ 'အမှုန့်' ဖြစ်ပြီး၊ water walls  ရဲ့ အနောက်ဖက်နံရံတွေ တနည်းအားဖြင့် flame နဲ့တိုက်ရိုက်ထိတွေ့ မှုမရှိမယ့်၊ နေရာတွေမှာ အသုံးပြုပါတယ်။ 'plastic chrome core refractory' ကိုတော့ studded water walls လိုနေရာတွေမှာ၊ အသုံးပြုပါတယ်။ plastic chrome core refractory ဟာ၊ အလွန်မြင့်မားတဲ့ အပူချိန်ကို ခံနိုင်ပေမယ့်၊ mechanical strength အလွန်နည်းပါးပါတယ်။ steel studs တွေထဲသို့ ထုထောင်းထည့်ပြီး၊ tube တွေနဲ့  welded တွေကို တွဲဆက်ရန်အသုံးပြုပါတယ်။ addition strength ရစေဖို့ tube အပေါါ" မံ" ထားတဲ့၊ refractory နဲ့ တွဲဆက်ထားခြင်းဖြစ်ပါတယ်။ 

refractory "မံ" တဲ့အခါ၊ thermal expansion ကြောင့် ပြန့်ထွက်လာရန် နေရာ အနည်းငယ်ချန်ပေးရပါတယ်။ နေရာမချန်ထားတဲ့အခါ undue stresses ကြောင့်၊ attachment နေရာတွေ အက်ကွဲတတ်ပါတယ်။ refractory "မံ" ပြီး တဲ့အခါ၊ ဆက်တိုက်မီးထိုးပြီး steam pressure မတင်သင့်သလို၊ အသစ် "မံ" ထားတဲ့ refractory တွေဟာ၊ thermal stress ကြောင့် အက်ကွဲတတ်တဲ့အတွက် boiler ကို မောင်းလိုက် ရပ်လိုက်လုပ်ကာ မီးထိုးသင့်ပါတယ်။

boiler shut down အနေနဲ့ အသုံးမပြုပဲ လုံးဝရပ်တဲ့အခါ၊ post - purging period ပြီးဆုံးချိန်မှာ၊ air damper ကိုလည်း တပြိုင်တည်း လိုက်ပိတ်ရန်လိုအပ်ပါတယ်။ အကယ်၍ damper မပိတ်တဲ့အခါ၊ ပြင်ပမှဝင်လာတဲ့ cold air impingement  လေအေးနဲ့  မီးထိုးပြီးစ furnace ထဲမှ၊ hot refractory တို့ထိတွေ့ပြီး၊ 'surface flaking' လို့ခေါါတဲ့ refractory မျက်နှာပြင်အဖတ်လိုက်ကွာကျမှု တနည်းအားဖြင့် 'spalling'  တွေ ဖြစ်ပေါါလာနိုင်ပါတယ်။ spalling ဟာ refractory wall ရဲ့ thickness အထူကို လျှော့ပါးစေပါတယ်။ ဒါ့အပြင် flame impingement နဲ့ တိုက်ရိုက်ထိတွေ့မှုကြောင့် carbon deposit တွေ၊ refractory အကြားစိမ့်ဝင်ရာမှ၊ spalling ဖြစ်ပေါါတတ် ပါတယ်။ fuel မှာပါဝင်တဲ့  vanadium နဲ့ sodium salts တွေကြောင့်လည်း၊ refractory molten slag အဖြစ် အတုံးလိုက် ကွာကျတတ်ပြီး၊ refractory wall ရဲ့ thickness အထူကို လျှော့ပါးစေတတ်ပါတယ်။

boiler ကို firing အနေနဲ့ 'မီးထိုး' တဲ့အခါ flame နဲ့ flue gas တွေ furnace wall မှ၊ အပြင်သို့၊ ထွက်မသွားစေရန်  refractory material ဖြင့် "မံ" ထားတာဖြစ်ပါတယ်။ ဒါပေမယ့် furnace wall နံရံတွေမှာ၊ refractory materials တွေကို " မံ " ပြီးသုံးတဲ့ အခါ၊ spalling ဆိုတဲ့ မျက်နှာပြင် အဖတ်လိုက်ကွာကျမှုနဲ့ molten slag ဆိုတဲ့ အတုံးလိုက်ကွာကျ မှုတွေကြောင့်၊ မကြာခဏ ပြန်လည်ပြီး re-install အနေနဲ့ "မံ" ပေးရန် လိုအပ်ပါတယ်။ အထူးသဖြင့် vertical walls ဒေါင်လိုက်နံရံမှာ၊ ကွာကျမှုတွေပိုမို ဖြစ်ပေါါလေ့ရှိပါတယ်။

boiler ဟာ၊ furnace အတွင်း  လောင်စာတွေကို အပြည့်အဝလောင်ကျွမ်းစေပြီး၊ အပူဓါတ်ဆိုတဲ့ 'heat' အား၊  ဖြစ်ပေါါစေပါတယ်။ လောင်ကျွမ်းမှုကြောင့်ရလာတဲ့ အပူကို၊ 'ရေ' ထည့်သွင်းထားတဲ့ tube တွေထံသို့  heat transfer အနေနဲ့၊ အပူစီးကူးစေပြီး steam အဖြစ်ပြောင်းလဲယူခြင်းဖြစ်ကာ၊ ရရှိလာတဲ့အပူမှာ ဆုံးရှူံးမှုမဖြစ်ပေါါစေရန်၊ 'ရေ' ထည့်သွင်းထားတဲ့ tube တွေရဲ့ နံရံ တနည်းအားဖြင့် water wall တွေရဲ့ အရှေ့ဖက်နံရံနဲ့ အနောက် ဖက်နံရံတွေမှာပါ၊  refractory material တွေနဲ့ "မံ" ထားရပါတယ်။  major heat loss ဆိုတဲ့၊ အပူရှိန်ကောင်းကောင်းလုံလောက်စွာ မရရှိခြင်းဟာ refractory material ကို ဂရုတစိုက်နဲ့ ပုံမှန်စစ်ဆေးပြီး၊ လိုအပ်သလို ပြုပြင်ထိန်းသိမ်းမှုတွေကို မဆောင်ရွက်ခဲ့ခြင်းကြောင့်ဖြစ်ပါတယ်။ နောက်ပိုင်းမှာ refractory materials တွေကို furnace wall မှာ အသုံးပြုစရာမလိုတဲ့ arrangements တွေ အသုံးပြုလာတာတွေ့ရပါတယ်။ refractory materials အစားထိုး၊ arrangements တွေကို 'tangent tube arrangement' နဲ့ 'mono-wall' သို့မဟုတ် 'membrane wall arrangement' ဆိုပြီး ခွဲခြားနိုင်ပါတယ်။

"Tangent Tube Arrangement" - မီးလောင်ခန်းနံရံ furnace wall အဖြစ် လုံးပတ်သေးငယ်တဲ့ ပိုက်လုံး tube တွေကို close pitched အနေအထားဖြင့်၊ boiler casing မှာ၊ တခုနဲ့တခု ထိကပ်နေအောင်၊ အလျှားလိုက် စီတန်းနေရာချပြီး၊ အပြင်ဖက်မှ၊ refractory material ဖြင့် "မံ" ကာ၊ boiler casing အပြင်ဖက်မှာတော့ insulation အလွှာနဲ့၊ outer casing တို့ဖြင့် ထပ်မံဖုံးအုပ်ထားတဲ့ arrangement ဖြစ်ပါတယ်။ refractory material ဖြင့် အပြင်ဖက်မှ "မံ" ထားတဲ့ close pitched tubes အလွှာကို၊ inner casing အဖြစ်၊ သတ်မှတ်နိုင်ပါတယ်။


Fig. (A) - Tangent Tube Arrangement, (B) -  Inner casing, insulation & Outer casing

အကယ်၍ အပူရှိန်ကြောင့် tube တွေမှာ leakage အနေနဲ့ 'ရေ' ယိုစိမ့်မှုပေါါပေါက်ခဲ့လျှင် အပြင်ဖက်မှ၊ "မံ" ထားတဲ့ refractory material အလွှာတွေကို၊ ခွာထုတ်ကာ ပြင်ဆင်ရတဲ့အတွက်၊ ခက်ခဲတဲ့ အလုပ်ဖြစ်ပါတယ်။ leakage ဖြစ်ပေါါနေတဲ့ tube ကို၊ အတိအကျရှာဖွေ သိနိုင်ခဲ့လျှင်၊ ယာယီပြင်ဆင်မှု အဖြစ်၊ 'ရေ' ယိုစိမ့်နေတဲ့ tube ရဲ့ အစအဆုံး နှစ်ဖက်စလုံးမှ၊ plugged ပိတ်ကာ refractory material  ဖြင့် အတွင်း၊ အပြင်ထပ်မံ "မံ" ပေးရန်၊ လိုအပ်ပါတယ်။

"Mono-wall သို့မဟုတ် Membrane Wall Arrangement" - tubes တွေကို boiler casing မှာ အလျှားလိုက် စီတန်းနေရာချထားပြီး၊ မီးလောင်ခန်းမှ flu - gas တွေ tubes တွေကြားမှ၊  ယိုစိမ့်စိမ့်ထွက်မသွားစေရန်၊  steel strip တွေကို အသုံးပြုပြီး၊ ဂဟေသား welding ဖြင့် tube တွေနဲ့၊ ချိတ်ဆက်ကာပိတ်ထားပါတယ်။ အပြင်မှ insulation ထပ်မံကာရံပြီး၊ 'cleading' ဆိုတဲ့ သံပြားအလွှာနဲ့ ဖုံးအုပ်ထားပါတယ်။ 


 Fig. (A) - Membrane Wall Arrangement, (B) - longitudinal 2 - drum, D - type chamber combustion structure with membrane cooling tube wall

membrane wall arrangement ရဲ့ အားသာချက်ကတော့ refractory material တွေကို၊ ထူထပ်စွာ ဖုံးအုပ်ထားခြင်း မရှိတဲ့အတွက်၊ အပူရှိန်ကြောင့် tube တွေမှာ leakage အနေနဲ့ 'ရေ' ယိုစိမ့်မှုပေါါပေါက်ခဲ့လျှင်၊ အလွယ်တကူ ရှာဖွေတွေ့နိုင်ပြီး၊ ယာယီပြင်ဆင်မှုအဖြစ်၊ 'ရေ' ယိုစိမ့်နေတဲ့ tube ရဲ့ အစအဆုံး နှစ်ဖက်စလုံးမှ၊ plugged ပိတ်ရုံနဲ့တင်၊ လုံလောက်ပါတယ်။ 


 Fig. Calcium silicate boiler insulation asbestos

boiler မှာ insulation အနေနဲ့၊ silicate material တွေမှတဆင့် ထုတ်ယူထားတဲ့၊ 'asbestos' တွေကို အသုံးပြုကြပါတယ်။ အပူခံအတားအဆီးအဖြစ်သုံးတဲ့ silicate material asbestos တွေဟာ၊ အရေပြားနဲ့ ထိမိလျှင် ယားယံတတ်သလို၊ ယားလို့ ကုတ်တိုင်း အသားထဲသို့ စူးသထက်စူး၊ စိုက်သထက်စိုက်ကာ၊ သွေးထွက်လာတဲ့ အထိ ဒုက္ခပေးတတ်သလို၊ silicate allergy အနေနဲ့ ဓါတ်မတည့်ခဲ့လျှင်တော့၊ အနာတွေပါဖြစ်လာတတ်ပါတယ်။ အသက်ရှူလမ်းကြောင်းထဲကို၊ ဝင်သွားခဲ့လျှင် အဆုတ်ကင်ဆာရောဂါ ဖြစ်ပေါါတတ်ပါတယ်။

Possible Defects in Boiler Furnace - boiler ရဲ့ မီးလောင်ခန်း furnace တွေ၊ အဓိကပျက်စီးရတဲ့ အကြောင်းတွေကတော့ အပူရှိန်လွန်ကဲခြင်း overheating,  direct flame impingement ဆိုတဲ့ 'မီးတောက်' ဟာ မီးလောင်ခန်းနံရံ fire wall အား၊ တိုက်ရိုက် ထိတွေ့ခြင်းကြောင့် ခြောက်သွေ့အက်ကွဲခြင်းနဲ့ နက်ရှိုင်းစွာ အက်ကွဲခြင်း dry & deep crack တို့အပြင် corrosion ကြောင့် ပျက်စီးရခြင်း တို့ဖြစ်ပါတယ်။

"Overheating" - furnace crown နံရံတွေ၊ ပုံပျက်တွန့်လိမ်သွားလောက်တဲ့အထိ ဖြစ်ပေါါတတ်ပြီး၊ vertical boiler တွေမှာ 'ဆီအညစ်အကြေး' sludge တွေ၊ စုပုံလောင်ကျွမ်းခြင်းမှ ပေါါပေါက်ပါတယ်။ overheating ကြောင့်၊ thermal နဲ့ mechanical stress တွေ ဖြစ်ပေါါလာပြီး၊ furnace နဲ့ shell ကို တွဲဆက်ထားတဲ့ ဂဟေသားအဆက်မှာ၊ အက်ကွဲမှု welding seam crack တွေဖြစ်ပေါါတတ်ပါတယ်။ boiler စတင်မောင်းနှင်ခြင်း၊ ရပ်တန့်ခြင်းတွေကို၊ စနစ်တကျ မဆောင်ရွက်ခဲ့ ရာမှလည်း  thermal နဲ့ mechanical stress တွေဖြစ်ပေါါတတ်ပါတယ်။

"Direct flame impingement" - burner နဲ့ မျက်နာခြင်းဆိုင်နံရံကို၊ ပုံပျက်တွန့်လိမ်သွားစေပြီး၊ မီးတောက် 'flame' ဖြင့် တိုက်ရိုက်ထိတွေ့ခြင်းကြောင့် ဖြစ်ပေါါရပါတယ်။

"Dry & Deep crack" - scaling ဆိုတဲ့၊ ရေချိုးတွေဟာ tube အတွင်းမှာ အလွှာတခုကဲ့သို့ ဖုံးအုပ်နေပြီး၊ tube နဲ့ flame တို့ တိုက်ရိုက်ထိတွေ့တဲ့အခါ  dry & deep crack ဆိုတဲ့ ခြောက်သွေ့အက်ကွဲခြင်းနဲ့  နက်ရှိုင်းစွာအက်ကွဲခြင်းတွေ၊ ဖြစ်ပေါါတတ်ပါတယ်။ အလားတူပဲ tube အတွင်းမှာ၊ circulating water ရဲ့flow ဟာ အကြောင်းတစုံတခု ကြာင့်  နှေးကွေးသွားခဲ့လျှင်လည်းဖြစ်ပေါါတတ်ပါတယ်။ အက်ကွဲမှု crack ဟာ furnace ရဲ့ entrance အဝ၊ အပေါါပိုင်း upper side နဲ့ tube wall နံရံတွေ မှာဖြစ်ပေါါလေ့ရှိပါတယ်။ အမျိုးအစားမတူတဲ့ indifferent feed water 'ရေ' ကိုမကြာခဏ ပြောင်းလဲ သုံးစွဲခြင်းကြောင့်လည်း furnace crown နံရံတွေမှာ အချိုင့် pitting တွေ ဖြစ်ပေါါတတ်ပါတယ်။

"Corrosion" - boiler ရဲ့ furnace နဲ့ ဆက်စပ်နေတဲ့ shell plates တွေမှာ သံချေးစားခြင်း corrosion ဖြစ်ပေါါမှု ပိုများတာကိုတွေ့ရပါတယ်။

coal fired boiler ဆိုတဲ့၊ ကျောက်မီးသွေး coal ကို လောင်စာအဖြစ် အသုံးပြုတဲ့ boiler တွေရဲ့ furnace အရွယ်အစား၊ oil fired boiler ဆိုတဲ့ fuel oil ကို လောင်စာအဖြစ် အသုံးပြုတဲ့ boiler တွေရဲ့ furnace အရွယ်အစားနဲ့ gas fired boiler ဆိုတဲ့ ဓါတ်ငွေ့ gas ကို လောင်စာအဖြစ် အသုံးပြုတဲ့ boiler တွေရဲ့ furnace အရွယ်အစားတွေဟာ တခုနဲ့ တခုကွာခြားပါတယ်။ boiler capacity ခြင်းတူပေမယ့်၊ coal fired boiler furnace ဟာ oil fired boiler ရဲ့ furnace အရွယ်အစားထက် (၂၅ %) မှ (၃၀ %) ခန့် ပိုမိုကြီးမားပါတယ်။

အပူရှိန်ရရှိစေရန် ကျောက်မီးသွေးအား၊ အသုံးပြုတဲ့အခါ လောင်စာဆီကို အသုံးပြုတာထက် အချိန်ပိုကြာပါတယ်။ ဒါပေမယ့်ဖြစ်ပေါါလာတဲ့ မီးတောက် flame ရဲ့ အပူရှိန်ကတော့ oil fire burner မှရရှိတဲ့ flame အပူရှိန်ထက် ပိုများပြီး၊ (၁၇၀၀ံC) ပါတ်ဝန်းကျင်ခန့်ရှိပါတယ်။ မီးတောက်ရဲ့ အပူရှိန်ဟာ furnace မျက်နှာပြင်ဧရိယာ အတော်များများသို့ ပြန့်နှံရောက်ရှိ ပြီး၊ ကျောက်မီးသွေးကို လောင်စာအဖြစ် အသုံးပြုတဲ့ အတွက်၊ ကျောက်မီးသွေးပြာ coal ash တွေ ကျွင်းကျန်ရစ်ခဲ့မှာဖြစ်သလို၊ ash တွေဟာ မီးလောင်ခန်းနံရံ furnace wall တွေမှာ စုပုံကပ်နေခဲ့လျှင် အပူစီးကူးမှုစွမ်းရည် heat transfer efficiency ကို ကျဆင်းစေနိုင်ပါတယ်။

coal fired boiler တွေရဲ့ furnace အောက်ခြေမှာ ash တွေ စုပုံကျဆင်းစေရန် တည်ဆောက်ထားပြီး၊ ash တွေကို ဆွဲယူထုတ်လို့ရအောင် arrangement အနေနဲ့ စီမံ တတ်ဆင်ထားပါတယ်။ oil fired boiler နဲ့ gas fired boiler တွေရဲ့ furnace အောက်ခြေဟာ coal fired boiler တွေရဲ့ furnace အောက်ခြေပုံသဏ္ဍန်နဲ့ မတူပဲ၊ flat အနေနဲ့ ပြန့်ပြူးနေတာကို တွေ့ရပါလိမ့်မယ်။ oil fire burner မှ flame emissivity ဟာ coal fired boiler မှ flame ထက် ပိုပြင်းပါတယ်။ ဒါ့အပြင် လောင်စာဆီလောင်ကျွမ်းသွားပြီးတဲ့အခါ ash မကျန်ရစ်ခဲ့တဲ့အတွက် 'near zero % Ash' ရယ်လို့ခေါါဆိုနိုင်ပါတယ်။ gas fired boiler တွေရဲ့ furnace ကတော့၊ oil fired boiler တွေရဲ့ furnace ထက် စာလျှင်၊ ပိုမိုသန့်ရှင်းပြီး၊ heat loading ကို ပိုမိုခံနိုင်အောင် တည်ဆောက်ထားတာ တွေ့ရမှာဖြစ်ပါတယ်။
 

Reference and image credit to : Steam Engineering Tutorials.,

Remark : All publications and images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.