Pages

Friday, 13 January 2012

Rudder & Steering Gear


တကယ်တော့ Rudder ဆိုတာ သိပ်ထူးထူးခြားခြားမဟုတ်ပါဘူး။ casting ပုံလောင်းထားတဲ့ frame ဒါမှမဟုတ် fabricated လုပ်ထားတဲ့ frame ပေါါမှာ၊ plate သံပြားကို welded ဂဟေဆော်ထားတဲ့ blade သာဖြစ်ပါတယ်။ frame အပြင် ဘက်ကနေ၊ သံပြားနဲ့ပါတ်လည်အုပ်ထားတဲ့အတွက်၊ အတွင်းဘက်မှာ hollow ဆိုတဲ့ ခေါင်းပွ ပုံသဏ္တွန်ဖြစ်နေပြီး၊ buoyancy တနည်းအားဖြင့် ရေရဲ့ ပင့်အားကြောင့်၊ ရေပေါါမှာပေါါနေနိုင်ပါတယ်။ တချို့ rudder တွေမှာတော့၊ foam တွေကို အတွင်းဘက်မှာ ထည့်ထားတတ်ပါတယ်။ corrosion မဖြစ်စေဖို့ internal surface အတွင်းပိုင်းမျက်နှာပြင်ကို၊ protective coating လုပ်ထားပြီး၊ အပြင်ဘက်မှာတော့ zinc anodes တွေကို တတ်ထားလေ့ရှိသလို၊ အကြောင်းတစုံ တခုကြောင့် hollow housing ထဲရေဝင် ခဲ့လျှင်၊ ဖောက်ထုတ်လို့ရစေဇို့ drain plug ကိုလည်း တတ်ထားလေ့ရှိပါတယ်။

Fig. Type of rudder blade arrangements    

rudder blade arrangements တွေရဲ့အပေါါမူကာ၊ Ordinary Type, Hanging Type, Balanced Type , Semi-balance Type နဲ့ Non-balanced Type ဆိုပြီးတွေ့နိုင်ပါတယ်။ အသုံးအများဆုံး Rudder Type ကတော့၊ Semi-Balanced Type ဖြစ်ပါတယ်။ Semi-Balanced Type ရဲ့အဓိကအားသာချက်က၊ Rudder Blade ရဲ့ နောက်ဘက် (၄)ပုံ ပုံ (၃) ပုံဧရိယာဟာ၊ ပြားနေတဲ့အတွက် Propeller မှယက်ထုတ်လိုက်တဲ့ ရေရဲ့ counter acting ဟာ Rudder မှာ သက်ရောက်မှု နည်းသွားပါတယ်။ အဲဒီအခါ၊ Rudder ရွှေ့လျားမှု၊ ပိုမြန်လာပြီး၊ ပေါ့ပါးသေးငယ်တဲ့ Steering Gear Unit တွေကို၊ တတ်ဆင်အသုံးပြုနိုင်ပါတယ်။

 

Fig. Spade rudder


Fig. Half-speed rudder


Fig. Flap rudder

တခါ Rudder neck arrangement ပေါါမူတည်ပြီး၊ Spade rudder, Half speed rudder နဲ့ Flap rudder ဆိုပြီး တွေ့နိုင်ပါတယ်။ Spade rudder, Half speed rudder နဲ့ Flap rudder တို့ဟာ၊ Semi-Balanced Type Rudder တွေဖြစ်ကြပါတယ်။


Fig. Semi-balanced rudder's construction

Spade rudder ကို Ferries သဘော်တွေနဲ့၊ သဘော်အသေးစားတွေမှာ တတ်ဆင်အသုံးပြုပြီး maneuverability ဆိုတဲ့ ရွှေ့လျားချဉ်းကပ်နှိုင်စွမ်းကောင်းမွန်တာတွေ့နိုင်ပါတယ်။ Half speed rudder တွေကိုတော့ သဘော်ကြီးတွေမှာ တတ်ဆင်အသုံးပြုကြပါတယ်။ Flap rudder မှာ နောက်ဖက်ဧရိယာကို rear fin အပြား ပုံစံတည်ဆောက်ထားတဲ့အတွက်၊ maneuverability အကောင်းဆုံးဖြစ်ပါတယ်။



      

Fig. Current force, Side force နဲ့ Gravity force

Rudder အပေါါမှာ၊ Propeller ယက်ထုတ်ရာမှပေါါပေါက်လာတဲ့ current forces, Rudder ဘယ်၊ ညာရွေ့လျှား ရာမှဖြစ်ပေါါလာတဲ့ side force နဲ့ gravity force တို့သက်ရောက်ပြီး၊ Rudder အရွယ်အစား၊ blade နဲ့ neck arrangement တို့အပေါါ မူတည်ပြီး၊ current forces, side force နဲ့ gravity force တို့ အနည်းနဲ့ အများကွာခြား ပါတယ်။

Rudder ကို၊ Steering gear မှ torque တခုနဲ့ ဘယ်နဲ့ ညာရွှေ့လျားစေပါတယ်။ Torque requirement နဲ့ ပက်သက်ပြီး၊ သဘော်ရဲ့ အရွယ်အစား၊ သဘော်ရဲ့ speed နဲ့ rudder အရွယ်အစားတို့ပေါါမူတည်ပြီး၊ သက်ဆိုင်ရာ Classification Societies တွေမှ သတ်မှတ်ပေးထားပါတယ်။ Rudder ရွှေ့လျားစေဖို့ဆောင် ရွက်ပေးတဲ့ Steering gear တွေကို၊ Fully hydraulic, Electro-hydraulic နဲ့ Fully electric Type ဆိုပြီးတွေ့ရသလို၊ Electro-hydraulic type steering gear ကိုအသုံးအများဆုံးဖြစ်ပါတယ်။

တတ်ဆင်အသုံးပြုမယ့် Steering gear system ဟာ၊ SOLAS Regulation, Chapter II-1 : Construction- structure, stability, installations အပိုင်းမှ၊ Part C - Machinery installations, Regulation 29 အရ၊ သတ်မှတ် ထားတဲ့ အချက်အလက်တွေနဲ့ကိုက်ညီရမှာဖြစ်ပါတယ်။


 Fig. Minimum rudder angle velocity

steering gear system မှာ၊ blade ဟာ port side ဆိုတဲ့ ဘယ်ဖက် (၃၅) ဒီဂရီနဲ့ star board side ဆိုတဲ့  ညာဖက် (၃၅) ဒီဂရီ ဒါမှမဟုတ် ညာဖက် (၃၅) ဒီဂရီမှ ဘယ်ဖက် (၃၅) ဒီဂရီ၊ အတွင်းမှာသာရွှေ့လျှားပါတယ်။ SOLAS Regulation အရ၊ (၂၈) စက္ကန့်အတွင်း port side  (၃၅) ဒီဂရီမှ star board side (၃၀) ဒီဂရီ ဒါမှမဟုတ် star board port (၃၅) ဒီဂရီမှ port (၃၀) ဒီဂရီ သို့ရွှေ့လျားနိုင်ရမှာဖြစ်ပြီး၊ minimum rudder angle velocity လို့ခေါါပါတယ်။


 Fig. Torque capacity

ဒါ့အပြင် သဘော်ဟာ full speed ဖြင့်သွားလာနေစဉ်၊ torque capacity အနေနဲ့ port side (၂၅) ဒီဂရီမှ star board side (၂၅) ဒီဂရီ ဒါမှမဟုတ် star board side (၂၅) ဒီဂရီမှ port side  (၂၅) ဒီဂရီ သို့ရွှေ့လျားနိုင်ရမှာ ဖြစ်ပြီး၊ လုံလောက်တဲ့ hydraulic oil pressure ရှိရမှာဖြစ်ပါတယ်။ Torque requirement နဲ့ ပက်သက်ပြီး၊ သဘော်ရဲ့ အရွယ်အစား၊ သဘော်ရဲ့ speed နဲ့ rudder အရွယ်အစားတို့ပေါါမူတည်ပြီး၊ သက်ဆိုင်ရာ Classification Societies တွေမှ သတ်မှတ်ပေးထားပါတယ်။

Rudder ကို၊ Steering gear မှ torque တခုနဲ့ ဘယ်နဲ့ ညာရွှေ့လျားစပါတယ်။ Steering gear တွေကို၊ Fully hydraulic, Electro-hydraulic နဲ့ Fully electric Type ဆိုပြီးတွေ့ရသလို၊ Electro-hydraulic type steering gear ကိုအသုံးအများဆုံးဖြစ်ပါတယ်။ 

Electro-hydraulic Steering Gear system မှာ၊ Tele-motor Unit, Control Unit နဲ့ Power Unit ဆိုပြီး အဓိက အစိတ်အပိုင်း (၃) ခုရှိပါတယ်။ Tele-motor Unit မှာ၊ Transmitter နဲ့ Receiver ဆိုတဲ့ အစိတ် အပိုင်း (၂) ခု ပါဝင်ပါတယ်။ Transmitter ကို၊ Navigation bridge မှာတတ်ဆင်ထားပြီး၊ Wheel ကို လှည့်ရာမှရလာတဲ့ signal ကို၊ Steering Gear Compartment မှာရှိတဲ့၊ Receiver ဆီသို့ ပို့ပေးပါတယ်။


Fig. Basic electro-hydraulic steering gear system

Receiver ဟာ၊ signal ကို linear motion အနေနဲ့ convert လုပ်ပြီး၊ Control Unit ကို အလုပ်လုပ်စေပါတယ်။ Steering Gear Compartment မှာရှိတဲ့ Control Unit ဟာ၊ signal ကိုလက်ခံပြီး၊ နောက်ထပ် signal တစ်ခု မလာမှီ အထိ၊ Rudder ကို Position တစ်ခုမှာ ထိန်းထားပါတယ်။ Tiler ကို Power Unit မှ Rudder Stock နဲ့ တိုက်ရိုက်ချိတ်ဆက်ထားပြီး၊ Rudder ကို ဘယ်နဲ့ ညာရွှေ့လျားစေမယ့်အဓိက အစိတ်အပိုင်း ဖြစ်ပါတယ်။ Hydraulic fluid power ရစေဖို့၊ electric motor နဲ့မောင်းနှင်တဲ့ variable displacement pumps တွေကို အသုံးပြု ပါတယ်။ electric motor နဲ့ pump တွေဟာ အဆက်မပြတ်မောင်းနှင်နိုင်တဲ့ continuous rating ရှိဖို့လိုအပ် ပါတယ်။

Power Unit ကို၊ Ram သို့မဟုတ် Cylinder type နဲ့ Rotary vane type ဆိုပြီး (၂) မျိုးတွေ့ရပါတယ်။ Ram သို့မဟုတ် Cylinder ဟာ tiller ကို hydraulic fluid pressure နဲ့တွန်းပေးတာပြီး၊ tiller ကို rudder stock နဲ့ စွပ် ထားတဲ့အတွက်၊ tiller ရွေ့တာနဲ့ rudder stock ဟာ rotating movement နဲ့ ဘယ်နဲ့ ညာလည်ပတ်ပါတယ်။


 
Fig. Ram type steering gear system

ram type ဟာ၊ vane type ထက် hydraulic fluid pressure ကိုပိုမိုလိုအပ်ပါတယ်။ ဒါ့အပြင် rudder stock မှာ external bearing တတ်ဆင်ဖို့လိုအပ်သလို၊ rudder blade ဟာ working angle နေနဲ့  limited degree တခု အတွင်းမှာသာရွှေ့လျှားနိုင်ပါတယ်။

vane type မှာတော့ rotary vane ကို၊ rudder stock အပေါါမှ rudder hub လို့ခေါါတဲ့ boss နဲ့ စွပ်ထားပါတယ်။ hydraulic fluid pressure အနေနဲ့ ram type steering gear တွေလောက်မလို အပ်သလို၊ working angle အနေနဲ့ (၃၆၀) ဒီဂရီတပါတ်လည်ရနိုင်ပါတယ်။ အခုနောက်ပိုင်းမှာ Tankers ဆိုတဲ့ ရေနံတင်သဘော်တွေကလွဲလို့၊ single rudder arrangement  သဘော်တွေမှာ၊ အသုံးပြုကြပါတယ်။



Fig. Vane type steering gear system

vane type steering gear ရဲ့ rudder actuator တခုမှာ အဓိကပါဝင်တဲ့ အစိတ်အပိုင်းတွေကတော့၊ housing, rotor, stopper, cover, radial bearing နဲ့ rudder carrier တို့ဖြစ်ပါတယ်။



actuator ရဲ့အပေါါ၊ rudder stock ရဲ့ထိပ်မှာ rudder angle indicator ရှိပါတယ်။ expansion tank ကို၊ သီးခြား အပြင်မှာမတတ်ဆင်ပဲ၊ rudder stock ရဲ့အပေါါပိုင်းမှာတတ်ဆင်ထားပါတယ်။ rudder stock nut ဟာ၊ rudder stock နဲ့ rotor တို့အတွက် securing nut ဖြစ်ပြီး၊ stopper ဟာ pressure chamber ရဲ့ boundary အဖြစ်ဆောင် ရွက်ပေးပါတယ်။ stopper bolt nuts တွေကတော့ pressure chamber အဖြစ်ဆောင်ရွက်ပေးသလို၊ port နဲ့ star board side ကိုရွှေ့လျှားမယ့် rudder blade အတွက် rudder angle set limit အနေနဲ့ လည်းဆောင်ရွက်ပေး ပါတယ်။

upper နဲ့ lower radial bearings တွေဟာ၊ bronze bearings တွေဖြစ်ပြီး၊ steering gear ရဲ့ system hydraulic oil ကို၊ lubricating အနေနဲ့ပြန်လည်အသုံးပြုထားပါတယ်။ အထက်နဲ့အောက်တတ်ဆင်ထာတဲ့ bearing တွေရဲ့ conjunction မှတဆင့်၊ radial force ကိုရရှိပါတယ်။

 
Fig. Rotor hub

rotor hub မှာ spring loaded cast iron bars တွေကို၊ dynamic seal အဖြစ်အသုံးပြုထားပါတယ်။ rotor hub ရဲ့ တဖက်တချက်စီမှာရှိတဲ့ vane တခုခုကို၊ hydraulic pressure နဲ့ တွန်းလိုက်တဲ့အခါ၊ hub ဟာ rotating movement နဲ့ လည်သွားပြီး၊ hub ကို rudder stock မှာစွပ်ထားတဲ့အတွက်၊ rudder မှာလည်း rotating movement ကိုရရှိမှာ ဖြစ်ပါတယ်။ actuator housing ဟာ outer boundary ဖြစ်သလို၊ pressure chamber လည်းဖြစ်ပါတယ်။ brass material ကို အုံးပြုထားတဲ့၊ rudder carrier bearing ဟာ၊ rudder အပါအဝင်၊ steering gear မှ moving parts တွေအားလုံးရဲ့ အလေးချိန်ကိုထမ်းထားရသလို၊ wave နဲ့ propeller လည်ပတ်မှုကြောင့်ပေါါပေါက် လာတဲ့ axial force ဟာလည်း၊ rudder carrier bearing ပေါါသက်ရောက်ပါတယ်။ system oil တွေ၊ rudder stock မှတဆင့်အောက်ဖက်မှာရှိတဲ့၊ rudder carrier လို့ခေါါတဲ့ rudder post ကိုစီးဆင်းမသွားစေဖို့၊ lower packing မှ တားဆီးပေးပါတယ်။


Fig. Wheel house system components

steering gear ရဲ့ system components တွေကို၊ wheel house, engine control room နဲ့ steering gear compartment တို့မှာခွဲခြားတတ်ဆင်ထားပါတယ်။ steering gear main control panel ကို၊ wheel house မှာတတ်ဆင်ထားပြီး၊ start/ stop နဲ့ alarm system တွေပါဝင်ပါတယ်။ rudder ရွှေ့လျှားမှုကိုသိစေဖို့၊ wheel house မျက်နှာကျက်မှာ panorama 3 way rudder angle indicator ဆိုတဲ့ (၃) ဖက်မြင် indicator ကိုတတ်ဆင်ထားသလို၊ port နဲ့ star board side bridge wing တဖက်တချက်စီမှာလည်း၊ rudder angle indicator တခုစီတတ်ဆင်ထားပါတယ်။


 Fig. Engine control room arrangement

engine control room မှာတော့၊ rudder angle indicator နဲ့ alarm panel တို့ကိုသာ၊ တတ်ဆင်လေ့ရှိကြပါတယ်။ steering gear compartment မှာ၊ rudder angle indicator နဲ့ signal transmitter တို့ကို၊ actuator အပေါါမှာ တတ်ဆင်ထားပြီး၊ signal transmitter ဟာ၊ remote rudder indicating နဲ့ steering gear control system တို့ အတွက်၊ feed back signal ပေးပို့ပါတယ်။ ဒါ့အပြင် power unit (၂) စုံတတ်ဆင်ထားတဲ့အတွက်၊ တခုနဲ့ တခုဟာ back up အနေနဲ့ဆောင်ရွက်ပေးနိုင်ပြီး၊ automatic isolating arrangement လို့ခေါါပါတယ်။


 Fig. Steering gear compartment arrangement

steering gear starter panel လို့ခေါါတဲ့ power unit panel တွေထဲမှ၊ တခုကို colour plate for MCB အရ၊ Essential Load အဖြစ်သတ်မှတ်ထားပြီး၊ Mian Switch Board မှာ၊ power မရှိတဲ့အခါ၊ Emergency Switch Bord မှတဆင့် power ရယူနိုင်စေဖို့ စီစဉ်ထားပါတယ်။

steering gear ကို၊ manual လို့ခေါါတဲ့ non-follow up တနည်းအားဖြင့် "NFU", variant manual လို့ခေါါတဲ့ follow up တနည်းအားဖြင့် "FU" နဲ့ "Autopilot" mode တို့နဲ့၊ ရွေးချယ်အသုံးပြုပါတယ်။ non-follow up တနည်း အားဖြင့် "NFU" mode ဟာ၊ rudder movement ကို wheel house မှ manually control အနေနဲ့မောင်းနှင်ခြင်း ဖြစ်ပြီး၊ emergency situation ဆိုတဲ့ အရေးပေါါအခြေအနေမှာ၊ steering gear compartment မှလည်း၊ မောင်းနှင် နိုင်ပါတယ်။  follow up တနည်းအားဖြင့် "FU" mode ဟာ၊ rudder ကို၊ fixed angle position တခုမှာ၊ locked လုပ်ပြီး၊ မောင်းနှင်တဲ့ variant manual control ဖြစ်ပါတယ်။

မောင်းနှင်သွားလာမယ့်ဦးတည်ရာဆိုတဲ့ course ကို၊ pre set route အနေနဲ့ရွေးချယ်ပြီး၊ gyro-compass ကဲ့သို့၊ navigational equipment တခုခုနဲ့ချိတ်ဆက်ကာ၊ pre set position အဖြစ်သတ်မှတ်မောင်းနှင်ခြင်းကို၊ "Autopilot" mode လို့ခေါါပါတယ်။ အကယ်၍သဘော်ဟာ မူလသတ်မှတ်ထားတဲ့လမ်းကြောင်းပြောင်းမှ ဦးတည်ရာ course ပြောင်းသွားခဲ့လျှင်၊ Autopilot ဟာ၊ rudder ကို၊ မူလရွေးချယ်ထားတဲ့ pre set position သို့၊ အလိုအလျှောက်ပြန်လည်ပို့ဆောင်ပေးပါတယ်။




Reference :  Marine Auxiliary Machinery, H.D McGeroge C. Eng, F.I.Mar.E, M.R.I.N.A, M. Phil .
Image credit to : http://marineengineersblog.blogspot.com, http://www.indiamart.com, http://www.japanham.co.jp/, http://www.globmaritime.com,

Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.

Tuesday, 10 January 2012

စက်ာပူ North - South MRT လမ်းအပိုင်း လျှပ်စစ်ဓါတ်အားစနစ်ပြတ်တောက်မှု (၂)


စက်ာပူ North - South နဲ့ East - West MRT လမ်းအပိုင်းတွေမှာအသုံးပြုနေတဲ့ ရထားတွေကိုခွဲခြားကြည့်ရင်၊ C 151, C 651, C 751B နဲ့ C 151A ဆိုပြီးတွေ့ရမှာဖြစ်ပါတယ်။ စုစုပေါင်း ရထား (၁၂၈) စီးရှိပြီး၊ ရထား တစီးမှာ အရှည် (၂၃) မီတာ၊ အမြင့် (၃ ဒသမ ၇) မီတာနဲ့ အကျယ် (၃ ဒသမ ၂) မီတာစီရှိတဲ့ ရထားတွဲ (၆) တွဲ ပါဝင်ပါတယ်။ C151 ရထားတွေကို ဂျပန်နိုင်ငံ Kawasaki Heavy Industries က ထုတ်လုပ်တာဖြစ်ပြီး၊ ရထား (၆၆) စီးနဲ့ (၁၉၈၇) ခုနှစ်ကတည်းက၊ ပြေးဆွဲအသုံးပြုခဲ့ပါတယ်။ (၁၉၉၄) ခုနှစ်မှာတော့ ဂျာမဏီနိုင်ငံ Seimens AG မှ ထုတ်လုပ်တဲ့ C 651 ရထား (၁၉) စီးကိုထပ်မံဝယ်ယူပြီး၊ ပြေးဆွဲခဲ့ပါတယ်။

 
(၂၀၀၀) ခုနှစ်မှာ ဂျပန်နိုင်ငံ Kawasaki Heavy Industries ကထုတ်လုပ်ပြီး၊ ဂျပန်နိုင်ငံ Nippon Sharyo မှ တတ်ဆင်တဲ့ C 751 B အမျိုးအစားရထား (၂၁) စီး ဝယ်ယူခဲ့ပြီး၊ (၂၀၁၁) ခုနှစ် မှာတော့၊ ဂျပန်နိုင်ငံ Kawasaki Heavy Industries ကထုတ်လုပ်ပြီး၊ တရုပ်နိုင်ငံ CSR Sifang မှတတ်ဆင်တဲ့၊ C 151 A ရထား (၂၂) စီး ကို၊ ထပ်မံဝယ်ယူပြီး၊ ပြေးဆွဲခဲ့ ဖို့စီစဉ်ခဲ့ပါတယ်။   

(၂၀၁၁) မေလမှစပြီး၊ C 151A အမျိုးအစားရထား (၅) စီးကို၊ North - South နဲ့ East - West MRT လမ်း အပိုင်းတွေမှာ အသုံးပြုပြေးဆွဲခဲ့ပါတယ်။ စုစုပေါင်း (၂၂) စီး ဝယ်ယူခဲ့တဲ့အထဲမှ၊ လက်ကျန် (၁၇) စီးဟာ (၂၀၁၂) ခုနှစ်ဇန်နဝါရီလဆန်းမှာ၊ ရောက်ရှိလာပြီဖြစ်ပါတယ်။ C 151 A ရထားတစီးဟာ (၂၂၀) တန် အလေးချိန်ရှိပြီး၊ မူလပြေးဆွဲနေတဲ့ ရထားတွေထက် (၅) တန်ခန့်  ပိုလေးသလို ခရီးသည်အပြည့်နဲ့ဆို ရထားတစီးဟာ (၃၂၀) တန် အလေးချိန်ရှိပါတယ်။

 

(၂၀၁၁) ခုနှစ် ဒီဇင်ဘာလ (၁၅) ရက်နေ့နဲ့ (၁၇) ရက်နေ့မှာဖြစ်ပွားခဲ့တဲ့၊ လျှပ်စစ်ဓါတ်အား ပြတ်တောက်မှု မှာ  C 151, C 651 နဲ့ C 751B ရထားအမျိုးအစား (၁၃) စီးမှ၊ collector shoes တွေ ပျက်စီးခဲ့တာကိုတွေ့ရ ပါတယ်။ collector shoes တွေပျက်စီးခဲ့ရခြင်း၊ claws တွေချောင်ကာနေရာရွေ့ရခြင်းနဲ့ floating slab တွေနေရာရွှေ့ရခြင်းဟာ excessive vibration ကြောင့်လို့ယူဆပြီး၊ မူလပြေးဆွဲနေတဲ့ ရထားတွေထက် (၅) တန် ခန့်ပိုလေးတဲ့၊ C 151 A ရထားတွေကြောင့် excessive vibration ပေါါပေါက်လာသလားလို့၊ ပို့ဆောင်ရေး ဝန်ကြီးကို၊  မနေ့က၊ ပါလီမန်မှာ အမတ်တွေက၊ မေးခွန်းထုတ်ကြပါတယ်။

(၂၄) နှစ်ကျော်သက်တမ်းရှိနေပြီဖြစ်တဲ့ ရထားလမ်းမှာ၊ အရင်တုန်းက ဘာပြသနာမှ မဖြစ်ပေါါခဲ့ပဲ၊ တရုတ် နိုင်ငံမှာတတ်ဆင်တဲ့  C 151A အမျိုးအစားရထား (၅) စီး၊ ဝင်ရောက်ပြေးဆွဲမှသာ ပျက်စီးမှုတွေ ဖြစ်ပေါါ ရတယ်လို့၊ သုံးသတ်သူတွေရှိသလို၊ (၂၀၀၈) ခုနှစ်ကစပြီး၊ ရထားပြေးဆွဲမှုအရည်အတွက် တပါတ်မှာ အကြိမ် (၂၀၀၀) ထပ်တိုးခဲ့တဲ့အတွက်၊ ရထားလမ်းတွေရဲ့ ကြံ့ခိုင်မှု ကျဆင်းခဲ့ရတယ်လို့ ယူဆသူတွေ လည်း ရှိပါတယ်။



Reference : New batch of trains 5 tons heavier, Did weight cause brakedown ? - The New Paper, January 10, 2012.

Image credit to :  The New Paper, January 10, 2012.

Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.

Sunday, 8 January 2012

Ultrasonic Sensors

Ultrasound waves တွေဟာ၊ differing media ဆိုတဲ့၊ object နဲ့ sensor ကြား သို့မဟုတ် boundary ဆိုတဲ့ object ရဲ့ နံရံကို ရိုက်ခတ်ပြီး၊ sensor သို့ uniform medium အနေနဲ့ ပြန်လာနိုင်တဲ့ အတွက်၊ reflected နဲ့ transmitted တို့ အတွက်၊ အသုံးပြုနိုင်ပါတယ်။Through-beam သို့မဟုတ် Reflective Sensors တွေမှာ Ultrasonic waves တွေကို သုံးပြီး၊ transparent films, glass bottles, plastic bottles နဲ့ plate glass အစရှိတဲ့၊ objects တွေကို၊ stable detection အနေနဲ့ sense လုပ်လေ့ရှိပါတယ်။



Fig. Ultrasonic Sensors 

ဒါ့အပြင် measuring အနေနဲ့ anemometer တွေမှာ၊ လေတိုက်နှုံးနဲ့ လေစီးကြောင်းလားရာကိုတိုင်းတာခြင်း၊ tank တွေအတွင်းမှ ဆီ သို့မဟုတ် ရေလို၊ fluid media ကိုဖြတ်သန်းပြီး၊ level ကိုတိုင်းတာခြင်း၊ humidifiers, sonar, medical ultrasonography, burglar alarms နဲ့ NDT အဖြစ်အသုံးပြုခြင်း အစရှိတဲ့ applications တွေမှာ လည်း၊ အသုံးပြုကြပါတယ်။ ဒါပေမယ့် materials တွေရဲ့ shape ဆိုတဲ့ ပုံပန်း သဏ္တွန်၊ surface ဆိုတဲ့ မျက်နှာပြင်အနေအထား၊ consistency ဆိုတဲ့ ထူထပ်မှုနဲ့ density ဆိုတဲ့ သိပ်သည်းမှု တို့ အပေါါ မူတည်ပြီး၊ အကန့်အသတ်နဲ့သာအသုံးပြုနိုင်ပါတယ်။ ဥပမာ foam လို အမြှုတ်ပါတဲ့ fluid မျိုးကို တိုင်းတာတဲ့အခါ၊ Ultrasonic Sensors တွေကို အသုံးပြုလို့ မရတာ တွေ့ရမှာဖြစ်ပါတယ်။


 Fig. UT test

NDT ဆိုတဲ့ non-destructive testing နည်းတွေကို၊ AET - Acoustic Emission Testing, ART - Acoustic Resonance Testing, ET - Electromagnetic Testing, IRT - Infrared Testing, LT - Leak Testing, MT - Magnetic Particle Testing, PT - Dye Penetrant Testing, RT - Radiographic Testing, UT - Ultrasonic Testing နဲ့ VT - Visual Testing (VI - Visual Inspection) ဆိုပြီး ခွဲခြားထားပါတယ်။ NDT တနည်းအားဖြင့် non-destructive testing မှာ၊ UT ဆိုတဲ့ Ultrasonic testing အဖြစ်၊ Ultrasonic Sensors တွေကို အသုံးပြုပါတယ်။ 



Fig. Types and shapes of detection objects (reflective type)

Industrial application ဆိုတဲ့ စက်မှုကုန်ထုတ်လုပ်ငန်းတွေအတွက် reflective type ultrasonic sensors တွေကို အသုံးပြုလေ့ရှိပါတယ်။ reflective type ultrasonic sensors တွေကို အသုံးပြုတဲ့အခါ၊ detected objects အမျိုး အစားအစားအလိုက်၊ ခွဲခြားအသုံးပြုပါတယ်။ detected objects တွေကို၊ Flat-surface objects, Cylindrical objects နဲ့ Powders and chunk-like objects ဆိုပြီးခွဲခြားနိုင်ပါတယ်။ fluids, boxes, plastic sheets, paper နဲ့ glass တို့ဟာ၊ Flat-surface objects တွေဖြစ်ပြီး၊ cans, bottles နဲ့ human bodies ဆိုတဲ့ လူ့ခန္ဓာကိုယ် အစိတ် အပိုင်းတွေကတော့၊ Cylindrical objects တွေဖြစ်ပါတယ်။ minerals, rocks, coal, coke နဲ့ plastic တို့ကို Powders and chunk-like objects အဖြစ်သတ်မှတ်ပါတယ်။

sending နဲ့ receiving ကိုတပြိုင်တည်းလုပ်နိုင်တဲ့အတွက်၊ Ultrasonic Sensors တွေကို transceivers လို့ လည်းခေါါကြပါတယ်။ Ultrasonic sensors တွေဟာ၊ high frequency sound waves တွေကိုထုတ်ပေးပြီး၊ echo ဆိုတဲ့၊ ပဲ့တင်သံအနေနဲ့ sensor မှပြန်လည်လက်ခံယူပါတယ်။

ပဲ့တင်သံအနေနဲ့ပြန်လာမယ့် receiving signal နဲ့ ထုတ်လွှင့်လိုက်တဲ့ sending signal တို့ အကြားမှ၊ time interval ကတဆင့်၊ sensor ဟာ object ကို detect လုပ် ပါတယ်။ Ultrasound waves တွေဟာ၊ 'C = 331.5 + 0.61 θ (m/s)' ဆိုတဲ့ အလျှင်နှုံးနဲ့ တန်းတန်းမတ်မတ် သွားလာပြီး၊ လှိုင်းရဲ့ဖွဲ့စည်းပုံကတော့ ညီညာတဲ့ uniform medium wave form ဖြစ်ပါတယ်။

'θ' ဟာ လေထုအပူချိန်ဆိုတဲ့ air temperature (°C) ဖြစ်ပြီး၊ လေထုအပူချိန်အပြောင်းအလဲဟာ၊ measurement error ကိုဖြစ်ပေါါတတ်စေတတ်ပါတယ်။ Ultrasonic sensors တွေမှာ temperature-based distance measurement error လို့ခေါါပါတယ်။ Ultrasound waves တွေဟာ frequency ဆိုတဲ့ ကြိမ်နှုံးအနေနဲ့ 18,000 Hz အထက်အသံလှိုင်းတွေဖြစ်ပါတယ်။ Ultrasonic Sensors တွေမှာ barium titanate transducer တွေကို၊ အသုံပြုပြီး၊ piezoelectric effect မှတဆင့် electrical signal ကို sound wave အနေနဲ့ပြောင်းလဲ ထုတ်လွှင့် ပါတယ်။ sound wave အနေနဲ့ပြောင်းလဲထုတ်လွှင့်ပြီး၊ echo ဆိုတဲ့ ပဲ့တင်သံအဖြစ်ပြန်လာတဲ့ reflected wave ကို၊ sensor မှတဆင့် electrical signal အဖြစ် ပြန်ပြောင်းလဲယူခြင်းဖြင့်၊ detecting, measuring နဲ့ displaying တို့ကိုဆောင်ရွက်ပါတယ်။
 

Fig. Multi-reflection

ultrasound waves တွေဟာ၊ detection object မှတဆင့် reflected wave အနေနဲ့ sensor head ရဲ့ surface ကို ပြန်လာသလို၊ တချိန်တည်းမှာ sensor ရဲ့အနီးအနား နံရံနဲ့ မျက်နှာကျက် မျက်နှာပြင်တွေကို၊ echo အနေနဲ့ သွားရိုက်ခတ်ကာ၊ detection object ထံသို့ပြန်သွားပြီးမှ sensor head သို့ reflected wave အနေနဲ့ ပြန်လာတာ မျိုးလည်းရှိပါတယ်။ reflected wave ဟာ Multi-reflection အနေနဲ့ပြန်လာတာဖြစ်ပြီး၊ ultrasound waves တခု တည်းက double reflection သဘောမျိုး (၂) ခါပြန်လာပြန်လာတာကြောင့်၊ reflected wave အနေနဲ့သွားခဲ့ရတဲ့ အကွာအဝေးဟာ၊ (၂) ဆ ဖြစ်သွားပါတယ်။ 


maximum detection distance ကို adjust လုပ်နိုင်သလို၊ minimum detection distance ကိုလည်း၊ လိုအပ်သလို adjust လုပ်နိုင်ပါတယ်။ sensor ဟာ၊ maximum detection distance နဲ့ minimum detection distance ကြားမှာ သာ၊ detect လုပ်နိုင်ပြီး၊ detection range တနည်းအားဖြင့် zone limit လို့ခေါါပါတယ်။ detection distance adjustment ပြုလုပ်ရာမှတဆင့် sensor head နဲ့ minimum detection distance ကြားမှာ၊ non-sensitive zone ဆိုတဲ့ uncertainty zone တခုပေါါပေါက်လာနိုင်ပါတယ်။ တနည်းအားဖြင့် sensor နဲ့ပိုမိုနီးကပ်လာတဲ့ area ဖြစ်ပြီး၊ uncertainty zone မှာ sensor head configuration နဲ့ reverberations တွေကြောင့်၊ detection မလုပ်နိုင်တာတွေ့ရ ပါတယ်။

sensor ဟာ target object ကို၊ non-directivity transmitter အနေနဲ့ specified sound energy တခုကို လွှင့်ပေးပြီး၊ object ဟာ directivity transmitter အနေနဲ့ sensor သို့ sound output ကိုပြန်လည်ပေးပို့ပါတယ်။ non-directivity transmitter ရဲ့ output နဲ့ directivity transmitter ရဲ့ output ratio ကို၊ directivity gain အဖြစ်သတ်မှတ်ပါတယ်။


frequency နဲ့ vibration ကိုမြင့်ပေးလိုက်တဲ့အခါ၊ directivity gain တနည်းအားဖြင့် directivity ဟာလည်း ပိုမို စူးရှလာအတွက်၊ sound wave ဖြစ်တဲ့ Ultrasound wave ရဲ့ efficiency ပိုမိုကောင်းမွန်လာမှာဖြစ်ပါတယ်။ sensor unit ဟာ ultrasound switch အနေနဲ့ directivity ကို၊ (8° ~ 30°) အတွင်းမှာထုတ်ပေးပြီး၊ sound pressure half-angle လို့ခေါါပါတယ်။ sound pressure half-angle ဟာ directivity index ဖြစ်ပြီး၊ traducer ရဲ့ center မှာ ဖြစ်ပေါါလာမယ့် angle ဖြစ်ပါတယ်။ angle ကို တိုးပေးလိုက်တဲ့အခါ၊ directivity ကျဆင်းသွားမှာဖြစ်ပြီး၊ certain point တခုမှာတော့ directivity ဟာပြန်တက်လာမှာဖြစ်ကာ၊ side lobe လို့ခေါါပါတယ်။ half-angle မှာ sound strength ဆိုတဲ့ sound level ကို၊ maximum အနေနဲ့ရနိုင်ပါတယ်။ 



Fig. Horn

Horn ဆိုတာကတော့ sensor မှာတတ်ဆင်ထားတဲ့၊ reflector ဖြစ်ပြီး၊ ultrasound waves တွေကို၊ concentrate လုပ်ကာ direction တိကျစွာထုတ်ပေးသလို၊ reflected waves အနေနဲ့ ပြန်လာတဲ့ echos တွေကိုပြန်လည် လက်ခံယူပါတယ်။ sensor horn ရဲ့ shape, traducer ရဲ့ vibration mode တို့ဟာ၊ directivity အပေါါ သက်ရောက်မှုရှိတဲ့အတွက်၊ desired operation range အတွင်းမှာ တတ်ဆင် အသုံးပြုမယ့် sensor unit ရဲ့ shape, operation frequency နဲ့ traducer type တို့ကို မှန်ကန်စွာရွေးချယ်ဖို့လိုအပ်ပါတယ်။


electrical signal ကို၊ transducer သို့ pulse အနေနဲ့ပေးသွင်းပြီး waves တွေကိုထုတ်လွှင့်စဉ်၊ frequency ဟာ tranducer ရဲ့ resonance frequency နဲ့နီးကပ်သွားတဲ့အခါ၊ electrical signal ပေးသွင်းမှုကိုရပ်လိုက်ပေမယ့် ultrasound vibration ဟာ၊ reverberation အဖြစ်၊ အချိန်အတိုင်းအတာတခုအထိကျန်ရှိနေတတ်ပါတယ်။ reverberation အချိန်သိပ်ကြာသွားရင်တော့ sensor ဟာ detection ကိုမဆောင်ရွက်နိုင်တာ တွေ့ရပါတယ်။


Reference : Marine Electrical & Automation Course - (ဦးခင်မောင်ဦး၊ အချိန်ပိုင်း ကထိက၊ စက်မှုဌာန၊ ရေကြောင်းပညာသိပ္ပံကျောင်း), Technical Guide - OMRON Industrial Automation, Australia,

Image credit to : http://www.omron.com.au/, http://www.directindustry.com/,
http://en.wikipedia.org,/http://www.scienceclarified.com/

Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party
.

Thursday, 5 January 2012

Photoelectric sensor (၄)

Distance-settable sensors တွေမှာ၊ position detector လို့ခေါါတဲ့ 2 part photo diode ကို၊ receiver အနေနဲ့ sensor housing မှာတတ်ဆင်ထားပါတယ်။ sensing object ရွှေ့လျှားမှုကြောင့် ဖြစ်ပေါါလာတဲ့၊ trangulated reflected beam concentration ပြောင်း လဲမှုမှ တဆင့်၊ sensing object ရဲ့ distance အပြောင်းအလဲကို၊ receiver မှ sense လုပ်ပါတယ်။ object ဟာ၊ sensor နဲ့ အနီးကပ်ဆုံး အကွာအဝေး သို့၊ ရောက်လာခြင်းကို N (near) end လို့ သတ်မှတ် ပြီး၊ အဝေးဆုံးအကွာအဝေးသို့၊ ရောက်သွားခြင်းကိုတော့ F (far) end အဖြစ်သတ်မှတ်ပါတယ်။



Fig. Distance-settable sensor

N end နဲ့ F end တို့အလယ်၊ set position မှာ၊ object ရှိနေတဲ့အခါ၊ reflected light ဟာ၊ 2 part photo diode ရဲ့ အလယ်နေရာသို့၊ အလင်းပြန်ပြီး၊ photo diode ရဲ့ အစွန်း နှစ်ဖက်လုံးမှာ၊ ညီမျှတဲ့ အလင်းပြန်မှုကို၊ ရရှိမှာ ဖြစ်ပါတယ်။ sensing object ဟာ၊ sensor နဲ့ အနီးကပ်ဆုံး အကွာအဝေးသို့၊ ရွှေ့လျှားလာတဲ့ အခါ၊ reflected light ဟာ triangulation အနေနဲ့ 2 part photo diode ရဲ့ N end အစွန်းမှာ၊ ပိုမိုကျရောက်မှာ ဖြစ်သလို၊ object ဟာ၊ set distance position ကိုကျော်လွန်ပြီး၊ sensor နဲ့ အဝေးဆုံးအကွာ အဝေး သို့၊ ရွှေ့လျှားသွား ရင်တော့ reflected light ဟာ၊ F end အစွန်းကိုသာ၊ ပိုမိုကျရောက်မှာ ဖြစ်ပါတယ်။ N end နဲ့ F end တို့မှာဖြစ်ပေါါတဲ့ light intensity ကွာခြားချက်မှတဆင့်၊ sensing object position ကို၊ sensor မှတွက်ယူပါတယ်။

 distance-settable sensors တွေကို၊ BGS လို့ခေါါတဲ့ Background suppression sensor နဲ့ FGS လို့ခေါါတဲ့ Foreground suppression sensor ဆိုပြီး၊ ခွဲခြားအသုံးပြုကြပါတယ်။ BGS နဲ့ FGS တွေကို၊ object အပေါါမှ နီးနီးကပ်ကပ်တတ်ဆင်ပြီး၊ sense လုပ်နိုင်ပါတယ်။



Fig. BGS - Background suppression sensor နဲ့ FGS - Foreground Suppression sensor

object ရဲ့ surface condition နဲ့ colour တို့ဟာ၊ sensor အပေါါ effect မဖြစ်ပေမယ့်၊ object ရဲ့ background ကတော့၊ sensor အပေါါမှာ အနည်းငယ်သက်ရောက်မှု ရှိတတ်ပါတယ်။ conveyor လို background object တွေ အပေါါမှာ၊ ရွှေ့လျှားတဲ့ application တွေ အတွက်၊ BGS လို့ခေါါတဲ့ background suppression function distance-settable sensors တွေကို၊ သုံးကြပါတယ်။

black paper ထက်၊ ပိုမှောင်တဲ့ objects တွေဟာ၊ extremely low reflectance တနည်းအားဖြင့် အလင်းပြန်မှု ပမာဏ အလွန်နည်းပါး မှာဖြစ်သလို၊ mirror လို objects တွေကတော့၊ အလင်းပြန်မှုပမာဏ အလွန်များမှာ ဖြစ်ပါတယ်။ glossy surfaces လို၊ objects တွေဟာ လည်း အလင်းပြန်မှုပမာဏများသလို၊ အလင်းတန်းတွေ ဟာ၊ random directions အနေနဲ့၊ ဖြာထွက်မှာဖြစ်ပါတယ်။ ပြန်လင်းတန်းဟာ၊ receiver မှလက်ခံရမယ့် specified light intensity ပမာဏထက်နည်းနိုင်၊ များနိုင်တဲ့၊ applications တွေနဲ့ object ဟာ set distance နဲ့ အနီးကပ်ဆုံးအကွာအဝေးအထိသာရွှေ့လျှားတဲ့ applications တွေမှာတော့ FGS function sensors တွေကို၊ သုံးကြပါတယ်။

အလင်းတန်းတွေဟာ၊ random directions အနေနဲ့၊ ဖြာထွက်တဲ့အခါ၊ receiver မှာ chattering effect ဖြစ်ပေါါ နိုင်တဲ့အတွက်၊ OFF delay timer တလုံးကို၊ FGS function sensor နဲ့တွေဖက်ကာသုံးသင့်ပါတယ်။

Limited-reflective Sensors တွေကတော့၊ Diffuse-reflective Sensors တွေလိုအလုပ်လုပ်ပါတယ်။ emitter နဲ့ receiver တို့ကို တတ်ဆင်ထားပုံအရ၊ regular-reflection light ကိုသာ၊ လက်ခံနိုင်ပြီး၊ object ကို specific distance ဆိုတဲ့၊ သတ်မှတ်ထားတဲ့ အကွာ အဝေးအတွင်းမှာသာ၊ detect လုပ်နိင်ပါတယ်။ object ဟာ receiver ရဲ့ reception area အတွင်းရှိနေစဉ်မှာ၊ sense လုပ်ပြီး၊ reception area ကိုကျော်လွန်ကာ object ရွှေ့လျှားသွားတဲ့ အခါ၊ detect မလုပ်နိုင်တော့တဲ့အတွက် reception over lap အဖြစ်သတ်မှတ်နိုင်ပါတယ်။


 Fig. Limited-reflective Sensor

limited-reflective sensors တွေကို၊ object အပေါါမှနီးနီးကပ်ကပ်တတ်ဆင်ပြီး၊ sense လုပ်နိုင်သလို၊ object ရဲ့ colour ကြောင့် sensor မှာ၊ effect မဖြစ်ပေါါစေနိုင်တာတွေ့ရပါတယ်။ ဒါပေမယ့် glossiness လို့ခေါါတဲ့ smooth, shiny, lustrous surface တွေလို ပြောင်လက်နေ တဲ့ object တွေနဲ့၊ inclination လို့ခေါါတဲ့ disposition နဲ့ bent တွေ လို၊ အထစ်တွေ၊ အကွေးအဝိုက် ပုံသဏ္တွန်တွေရှိတဲ့ object တွေကို၊ detect လုပ်တဲ့အခါ၊ sensor မှာ effect ဖြစ်ပေါါနိုင်ပါတယ်။

electrical components တွေတတ်ဆင်ထားခြင်းမရှိပေမယ့်၊ Optical Fiber Sensors တွေကို၊ Photoelectric sensor အဖြစ်သတ်မှတ် နိုင်ပါတယ်။ Optical Fiber Sensors တွေ ဟာ noise နဲ့ environmental influences တွေ ရဲ့၊ သက်ရောက်မှုကို highly resistant အနေနဲ့၊ ခံနိုင်ရည် ရှိပါတယ်။








Fig. Optical Fiber Sensor

Optical fiber မှာ high refractive index central core ကို၊ low refractive index cladding မှ၊ surrounded အနေနဲ့  ဖုံးအုပ်ထား ပါတယ်။ အလင်းတန်းဟာ core ထဲကိုဝင်လာတဲ့အခါ၊ core ရဲ့ နံရံမှာဖြစ်ပေါါမယ့် repetitive total internal reflection ဟာ၊ refractive cladding ကြောင့်ကျဆင်းသွားပြီး၊ အလင်းတန်းဟာ optical fiber မှ၊ အထက်အောက် 60° ခန့်ဖြာထွက်ကာ၊ sensing object ကို strikes အနေနဲ့ သက်ရောက်ပါတယ်။ optical fiber တွေရဲ့ cross section တည်ဆောက်ပုံအရ၊ Flexible type (multi-core), Standard type (single core) နဲ့ Robot type (bundled) ဆိုပြီးခွဲခြားထားပါတယ်။ 


Flexible type (Multi-core) optical fibers တွေကို၊ soft electrical wiring အနေနဲ့ အသုံးပြုနိုင်ပြီး၊ 1 mm radius အထိကွေးလို့ရသလို၊ bending ဟာ light intensity ကိုမထိခိုက် နိုင်တာ၊ တွေ့ရပါတယ်။ Standard type (single core) optical fibers တွေကိုတော့ 10 ~ 25 mm radius အထိသာကွေးလို့ ရပေမယ့်၊ long sensing distances application တွေမှာ၊ light transmission အနေနဲ့ efficient ဖြစ်တာ တွေ့ရပါတယ်။ Robot type (bundled) optical fibers တွေဟာ၊ အလွယ်တကူမပျက်စီးနိုင်တဲ့၊ damage resists optical fibers တွေဖြစ်တဲ့အတွက်၊ robot hands ကဲ့သို့၊ moving parts တွေမှာ၊ attached အနေနဲ့၊ တွဲဖက်အသုံးပြုလေ့ ရှိပါတယ်။ 

ဒါ့အပြင် bending-resistance characteristics အနေနဲ့၊ Repeated bending: 1,000,000 times min - တမိနစ်မှာ၊ အကြိမ် တသန်းအထိ အကွေးအဆန့်၊ ခံနိုင်ရည်ရှိပြီး၊ allowable bending radius အနေနဲ့ 4 mm အထိကွေးလို့ ရတာကို၊ တွေ့ရပါတယ်။


Optical Fiber Sensors တွေကို၊ "intrinsic sensors" ဆိုတဲ့၊ sensing element အဖြစ်အသုံးပြုနိုင်သလို၊ "extrinsic sensors" ဆိုတဲ့၊ signals ကိုသယ်ဆောင်ပေးသွားမယ့်၊ remote sensor အဖြစ်ပါအသုံးပြုနိုင်ပါတယ်။

optical fiber ကို၊ transducer အဖြစ်၊ အသုံးပြုထားတဲ့ Intrinsic sensors တွေကို၊ strain, temperature, pressure နဲ့ အခြား quantities တွေတိုင်းတာဖို့အတွက် အသုံးပြုလေ့ရှိပါတယ်။ Intrinsic sensors တွေဟာ optical fiber ကို၊ transducer အဖြစ်၊ အသုံးပြု ထားပြီး၊ strain, temperature, pressure နဲ့ အခြား quantities တွေကို တိုင်းတာနိုင် ပါတယ်။ တနည်းအားဖြင့် optical fiber မှာဖြစ်ပေါါလာမယ့်၊ intensity, phase, polarization, wavelength နဲ့ light transit time အစရှိတဲ့၊ modulated light wave parameter တွေမှ တဆင့်၊ detect လုပ်ခြင်းဖြစ်ပါတယ်။ 



Fig. Evanescent wave generation


Fig. Raman scattering

Optical Fiber ကိုအသုံးပြုပြီး၊ temperature ကိုတိုင်းတာတဲ့အခါ၊ temperature ပြောင်းလဲမှုကြောင့်၊ အလင်းတန်း မှာဖြစ်ပါါလာမယ့် evanescent loss မှတဆင့်၊ amplifier unit မှာတိုင်းတာခြင်းဖြစ်ပြီး၊ တခါတရံမှာတော့ အလင်းတန်းမှာ ဖြစ်ပါါလာမယ့် Raman scattering မှတဆင့်၊ amplifier unit မှာတိုင်းတာပါတယ်။ Electrical voltage ကိုတိုင်းတာတဲ့ အခါ၊ nonlinear optical effects အနေနဲ့တိုင်းတာခြင်းဖြစ်ပြီး၊ voltage သို့မဟုတ် electric field ကြောင့်ဖြစ်ပေါါလာတဲ့ light ရဲ့ polarization မှတဆင့်၊ amplifier unit မှာ တိုင်းတာပါတယ်။
 

Fig. Long-period fiber grating


Fig. Underwater-microphone


Fig. Sonar


Fig. Fiber-optic-interferometer

optical fiber တမျိုးဖြစ်တဲ့ LPG - long-period fiber grating တွေကို direction recognition အတွက် အသုံးပြုလေ့ရှိသလို၊ seismic နဲ့ sonar applications တွေမှာလည်း၊ hydrophonesအဖြစ်၊ optical fibers တွေကို၊ အသုံးပြုကြပါတယ်။ တနည်းအားဖြင့် underwater-microphone အဖြစ်အသုံးပြုခြင်းဖြစ်ပါတယ်။ electrical နဲ့ magnetic filed ပြင်းထန် များပြားတဲ့နေရာတွေမှာ၊ fiber optic microphone တွေနဲ့ fiber-optic based headphone တွေကို အသုံးပြုပါတယ်။ ဒါ့အပြင်optical fibers တွေကို၊ Distributed temperature sensing အဖြစ်၊ အပူရှိန်အရမ်း မြင့်မားတဲ့နေရာတွေမှာ၊ temperature တိုင်းတာဖို့၊ အသုံးပြုကြသလို၊ interferometric sensors တွေအဖြစ်၊ လေယာဉ်တွေရဲ့ gyroscopes မှာတတ်ဆင် အသုံးပြုလေ့ရှိပါတယ်။

middle and high voltage range (100–2000 V) တွေကို၊ တိတိကျကျတိုင်းတာဖို့၊ polarimetric detection အနေနဲ့၊ fiber-optic AC/DC voltage sensor တွေကိုအသုံးပြုပါတယ်။ electrical arc flash ဖြစ်ပေါါတဲ့အခါ၊ fiber-optic sensor မှ transmit light အနေနဲ့လက်ခံရယူပြီး၊ digital protective relay သို့ပေးပို့ကာ၊ breaker ကို tripping အဖြစ်ဖြုတ်ချနိုင်တဲ့အတွက်၊ electrical switchgear control ကဲ့သို့၊ အသုံးပြုနိုင်ပါတယ်။


Fig. 1.25 Gbit/s multi-mode fiber

multi-mode optical fiber cable အသုံးပြုထားတဲ့၊ Extrinsic sensors တွေကို vibration, rotation, displacement, velocity, acceleration, torque နဲ့ twisting တွေကိုတိုင်းတာဖို့အသုံးပြုလေ့ရှိပါတယ်။ conventional sensors တွေနဲ့ တွဲဖက်အသုံးပြုတဲ့အခါ၊ electrical out put ကို optical signal အဖြစ်ပြောင်းလဲပေးဖို့လိုအပ်ပြီး၊ non-fiber optical sensor သို့မဟုတ် electronic sensor နဲ့ optical transmitter တို့ကို၊ modulated light ပို့ဆောင်ပေးပါတယ်။ 

platinum resistance thermometer လို၊ conventional sensor နဲ့တွဲဖက်အသုံးပြုတဲ့အခါ၊ temperature ပြောင်းလဲမှုမှ resistance ပြောင်းလဲမှုမှကိုသာ ရရှိတဲ့ အတွက်၊ electrical power supply ကိုပေးသွင်းဖို့လိုအပ်ပါတယ်။ resistance ပြောင်းလဲမှုမှရရှိလာတဲ့ modulated voltage output ကို၊ optical fiber သို့ transmitter အနေနဲ့ပေးပို့ခြင်းဖြစ်ပါတယ်။

optical fiber cable တွေကို inaccessible ဆိုတဲ့ အတွင်းထဲကိုအလွယ်တကူ၊ ရောက်ရှိဖို့ မလွယ်တဲ့ တိုင်းတာမှုမျိုးမှာ၊ တတ်ဆင် အသုံးပြုလေ့ရှိပါတယ်။ ဥပမာ ဂျက် လေယာဉ်တွေရဲ့ engine အတွင်းပိုင်းမှ၊ temperature ကိုတိုင်းတာတဲ့အခါ၊ optical fiber ကိုအသုံးပြုပြီး၊ fiber cable မှာရရှိလာတဲ့ radiation ကို၊ engine အပြင်မှာတတ်ဆင်ထားတဲ့၊ radiation pyrometer သို့ပေးပို့ကာ၊ ဖတ်ယူပါတယ်။ အလားတူ transformers တွေရဲ့ temperature ကို တိုင်းတာတဲ့အခါ၊ optical fiber ကိုအသုံးပြုပြီး၊ fiber cable မှာရရှိလာတဲ့ electromagnetic field ကို၊ ပေးပို့ကာ၊ ဖတ်ယူပါတယ်။

Reference : Marine Electrical & Automation Course - (ဦးခင်မောင်ဦး၊ အချိန်ပိုင်း ကထိက၊ စက်မှုဌာန၊ ရေကြောင်းပညာသိပ္ပံကျောင်း), Technical Guide - OMRON Industrial Automation, Australia,
 
Image credit to : http://www.omron.com.au/, http://www.photonics.cusat.edu/, http://en.wikipedia.org/

Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party
.