စက်ာပူ
North - South နဲ့ East -
West MRT လမ်းအပိုင်းတွေမှာအသုံးပြုနေတဲ့
ရထားတွေကိုခွဲခြားကြည့်ရင်၊
C 151, C 651, C 751B နဲ့
C 151A ဆိုပြီးတွေ့ရမှာဖြစ်ပါတယ်။
စုစုပေါင်း ရထား (၁၂၈) စီးရှိပြီး၊
ရထား တစီးမှာ အရှည် (၂၃) မီတာ၊
အမြင့် (၃ ဒသမ ၇)
မီတာနဲ့ အကျယ် (၃ ဒသမ
၂) မီတာစီရှိတဲ့ ရထားတွဲ (၆) တွဲ ပါဝင်ပါတယ်။ C151 ရထားတွေကို
ဂျပန်နိုင်ငံ Kawasaki
Heavy Industries က ထုတ်လုပ်တာဖြစ်ပြီး၊ ရထား (၆၆) စီးနဲ့
(၁၉၈၇) ခုနှစ်ကတည်းက၊ ပြေးဆွဲအသုံးပြုခဲ့ပါတယ်။ (၁၉၉၄) ခုနှစ်မှာတော့ ဂျာမဏီနိုင်ငံ
Seimens AG မှ ထုတ်လုပ်တဲ့ C 651 ရထား (၁၉) စီးကိုထပ်မံဝယ်ယူပြီး၊
ပြေးဆွဲခဲ့ပါတယ်။
(၂၀၀၀)
ခုနှစ်မှာ ဂျပန်နိုင်ငံ Kawasaki Heavy
Industries ကထုတ်လုပ်ပြီး၊
ဂျပန်နိုင်ငံ Nippon
Sharyo မှ တတ်ဆင်တဲ့ C 751
B အမျိုးအစားရထား (၂၁) စီး ဝယ်ယူခဲ့ပြီး၊
(၂၀၁၁) ခုနှစ် မှာတော့၊ ဂျပန်နိုင်ငံ
Kawasaki Heavy Industries ကထုတ်လုပ်ပြီး၊
တရုပ်နိုင်ငံ CSR Sifang မှတတ်ဆင်တဲ့၊ C 151 A ရထား (၂၂) စီး ကို၊
ထပ်မံဝယ်ယူပြီး၊ ပြေးဆွဲခဲ့ ဖို့စီစဉ်ခဲ့ပါတယ်။
(၂၀၁၁)
မေလမှစပြီး၊ C 151A အမျိုးအစားရထား (၅) စီးကို၊ North - South နဲ့ East - West MRT လမ်း အပိုင်းတွေမှာ
အသုံးပြုပြေးဆွဲခဲ့ပါတယ်။ စုစုပေါင်း (၂၂) စီး ဝယ်ယူခဲ့တဲ့အထဲမှ၊ လက်ကျန် (၁၇)
စီးဟာ (၂၀၁၂) ခုနှစ်ဇန်နဝါရီလဆန်းမှာ၊ ရောက်ရှိလာပြီဖြစ်ပါတယ်။ C 151 A ရထားတစီးဟာ (၂၂၀) တန် အလေးချိန်ရှိပြီး၊
မူလပြေးဆွဲနေတဲ့ ရထားတွေထက် (၅) တန်ခန့် 
ပိုလေးသလို ခရီးသည်အပြည့်နဲ့ဆို ရထားတစီးဟာ (၃၂၀) တန် အလေးချိန်ရှိပါတယ်။
(၂၀၁၁)
ခုနှစ် ဒီဇင်ဘာလ (၁၅) ရက်နေ့နဲ့ (၁၇)
ရက်နေ့မှာဖြစ်ပွားခဲ့တဲ့၊ လျှပ်စစ်ဓါတ်အား ပြတ်တောက်မှု မှာ C 151, C 651 နဲ့
C 751B ရထားအမျိုးအစား (၁၃) စီးမှ၊ collector shoes တွေ ပျက်စီးခဲ့တာကိုတွေ့ရ ပါတယ်။
collector shoes တွေပျက်စီးခဲ့ရခြင်း၊
claws တွေချောင်ကာနေရာရွေ့ရခြင်းနဲ့
floating slab တွေနေရာရွှေ့ရခြင်းဟာ
excessive vibration ကြောင့်လို့ယူဆပြီး၊
မူလပြေးဆွဲနေတဲ့ ရထားတွေထက် (၅) တန် ခန့်ပိုလေးတဲ့၊
C 151 A ရထားတွေကြောင့်
excessive vibration ပေါါပေါက်လာသလားလို့၊
ပို့ဆောင်ရေး ဝန်ကြီးကို၊ မနေ့က၊
ပါလီမန်မှာ အမတ်တွေက၊ မေးခွန်းထုတ်ကြပါတယ်။
(၂၄) နှစ်ကျော်သက်တမ်းရှိနေပြီဖြစ်တဲ့
ရထားလမ်းမှာ၊ အရင်တုန်းက ဘာပြသနာမှ မဖြစ်ပေါါခဲ့ပဲ၊ တရုတ် နိုင်ငံမှာတတ်ဆင်တဲ့ C 151A အမျိုးအစားရထား
(၅) စီး၊ ဝင်ရောက်ပြေးဆွဲမှသာ ပျက်စီးမှုတွေ ဖြစ်ပေါါ ရတယ်လို့၊
သုံးသတ်သူတွေရှိသလို၊ (၂၀၀၈) ခုနှစ်ကစပြီး၊ ရထားပြေးဆွဲမှုအရည်အတွက်
တပါတ်မှာ အကြိမ် (၂၀၀၀) ထပ်တိုးခဲ့တဲ့အတွက်၊ ရထားလမ်းတွေရဲ့
ကြံ့ခိုင်မှု ကျဆင်းခဲ့ရတယ်လို့ ယူဆသူတွေ လည်း ရှိပါတယ်။
Credit to : ကိုထွန်း
Reference :
New batch of trains 5 tons heavier, Did weight cause brakedown ? - The New
Paper, January 10, 2012.
Image credit to : The New
Paper, January 10, 2012.
Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.
Remark : All images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.
No comments:
Post a Comment