Pages

Sunday 23 June 2013

"Fire Classes"

သဘော်ရဲ့ စက်ခန်း engine room ကို fire prone area ဆိုတဲ့ အချိန်မရွေး မီးလောင်နိုင်တဲ့ နေရာအဖြစ်၊ သတ်မှတ်နိုင်ပါတယ်။ စက်ပစ္စည်းအမျိုးအစား အရည်အတွက် (၁၃၀) ခန့်တတ်ဆင်ထားတဲ့၊ စက်ခန်း engine room ထဲမှာ စက်တွေရဲ့ ဆီစားနှူံး fuel consumption ကလည်း၊ တနေ့ကို တန် (၄၀) လောက်ရှိသလို၊ စက်မောင်းဆီတွေနဲ့ ချောဆီတွေကို၊ သိုလှောင်ထားတဲ့ fuel oil storage tank, fuel oil service tank, diesel oil storage tank, diesel oil service tank, lubricating storage tank, lubricating oil service tank အစရှိတဲ့လှောင်ကန်တွေနဲ့ greases တွေ၊ chemicals တွေလည်း ရှိနေပါသေးတယ်။

HFO လို့ခေါါတဲ့ heavy fuel oil မီးထိုးဆီတွေကို၊ စက်မောင်းဆီအဖြစ် အသုံးပြုရာမှာ၊ temperature 120 ~ 150 degrees Celsius ခန့်၊ အပူပေးထားရတဲ့အပြင်၊ fuel injection အတွက် high pressure pipes တွေအတွင်း၊ ဖြတ်သန်းစီးဆင်းနေတဲ့ စက်မောင်းဆီရဲ့ pressure ကလည်း 1200 bar ခန့်ရှိပါတယ်။ 'အပူရှိန်' ရှိနေတဲ့ သဘော်ရဲ့ စက်ခန်း engine room မှာ၊ boiler နဲ့ အမှိုက်သရိုက် garbage တွေကို မီးရှို့ပေးမယ့် incinerator လည်းရှိနေပါသေးတယ်။

'လောင်စာ' ဆိုတဲ့ combustible substance, 'မီးစ' ဆိုတဲ့ ignition နဲ့  'လေ' ဆိုတဲ့ supply of air တို့ ပေါင်းစပ်မှုကြောင့် 'မီးလောင်မှု' ဖြစ်ပွားရပါတယ်။  လောင်စာဆိုတဲ့ combustible substance, မီးစဆိုတဲ့ ignition နဲ့  လေဆိုတဲ့ supply of air တို့ဟာ၊ မီးလောင်မှု ဖြစ်ပွားစေနိုင်မယ့် အဓိက အရင်းအမြစ်တွေ၊ ဖြစ်ပါတယ်။ အဓိကအရင်းအမြစ် (၃) ခု ထဲမှ၊ တခုခုကို ဖယ်ထုတ်ခြင်းဖြင့် မီးလောင်ခြင်းအား၊ တားဆီးနိုင်ပါတယ်။

စက်ခန်းမှာ မီးလောင်လွယ်တဲ့ 'အမှိုက်' အစအနတွေနဲ့ 'ဆီ' အစအနတွေ မရှိစေပဲ good house keeping အနေနဲ့ စက်ခန်းကို သတ်ရပ်သန့်ရှင်းစွာ၊ ရှိနေစေခြင်းဟာ၊ မီးလောင်မှု ဖြစ်ပွားစေနိုင်မယ့် အဓိကအရင်းအမြစ် (၃) ခုထဲမှ၊ 'လောင်စာ' ဆိုတဲ့ combustible substance အား၊ ဖယ်ထုတ်ခြင်းဖြစ်ပါတယ်။'မီးစ' သို့မဟုတ် 'မီးပွား' တွေ၊ စတင်ဖြစ်ပေါါရာ source of ignition ကတော့၊ material failure ဒါမှမဟုတ်  insulation failure တို့ကြောင့် 'မီးစ' သို့မဟုတ် 'မီးပွား' တွေ၊ စတင်ဖြစ်ပေါါနိုင်တဲ့အတွက်၊ source of ignition အဖြစ်သတ်မှတ်နိုင်သလို၊ human error ကိုလည်း  'မီးပွား' တွေ၊ စတင်ဖြစ်ပေါါနိုင်တဲ့ source of ignition အဖြစ် သတ်မှတ်နိုင်ပါတယ်။

electric arc welding နဲ့ gas-cutting အလုပ်တွေကိုလည်း၊ source of ignition အဖြစ်သတ်မှတ်နိုင်တဲ့အတွက်၊ hot work တွေဆောင်ရွက်ရာမှာ၊ hot work permit check list မှ procedure အတိုင်း လိုက်နာဆောင်ရွက်သင့်ပါတယ်။  exhaust manifold တွေနဲ့ heated fuel piping တွေမှ lagging တွေပေါက်ပြဲ၊ ကွာကျနေတဲ့နေရာတွေကို၊ hot spot နေရာတွေအဖြစ်၊ သတ်မှတ်နိုင်ပြီး၊ hot spot နေရာတွေအပေါါ၊ high pressure pipelines မှ fuel တွေ၊ spilling ဖြစ်ကာ လွင့်စင်ကျခဲ့လျှင်လည်း၊ မီးလောင်တတ်တဲ့အတွက် source of ignition အဖြစ် သတ်မှတ်နိုင်ပါတယ်။

မူလကတည်းက စက်ခန်းမှာရှိနေတဲ့ oil vapors တွေနဲ့ gas မီးခြစ်လို့ခေါါတဲ့ butane lighters သို့မဟုတ် ဆေးလိပ်မီးပွားတို့၊ ထိတွေ့ရာမှ မီးလောင်တတ်တဲ့အတွက် source of ignition အဖြစ် သတ်မှတ်နိုင်ပါတယ်။ maintenance ပိုင်းမှာ၊ ပေါ့လျှော့ခဲ့ခြင်းနဲ့ material failure တို့ကြောင့်၊ main engine မှာ၊ source of ignition ဆိုတဲ့၊ hot spot နေရာတခု ဖြစ်ပေါါလာနိုင်ပါတယ်။ main engine ရဲ့ hot spot မှတဆင့် crank case explosion နဲ့ scavenge fire တို့ဖြစ်ပေါါလာတတ်ပြီး၊ စက်ခန်းမှာ မီးလောင် တတ်တဲ့အတွက် ill-maintained နဲ့ baldly maintained machinery တွေကို source of ignition အဖြစ် သတ်မှတ်နိုင်ပါတယ်။

supply of air ကိုတော့၊ မီးလောင်တဲ့အခါမှသာ မီးမကူးစေရန်၊ တနည်းအားဖြင့် မီးလောင်ကျွမ်းမှုကိုလျှော့ချရန် ထိမ်းချုပ်ကြပါတယ်။ မီးလောင်တဲ့အခါ စက်ခန်း engine room ကို အလုံပိတ်ကာ၊ blower fan တွေရပ်ပြီး၊ ကိုယ်တိုင် မီးမလောင်ပေမယ့် မီးလောင်ခြင်းကို အားပေးမယ့် အောက်စီဂျင်ကိုလျှော့ချခြင်းဟာ၊ supply of air အား ဖယ်ထုတ်ခြင်းဖြစ်ပါတယ်။

'Fire Classes' - မီးလောင်ခြင်းတွေကို၊ အမျိုးအစားတွေ ခွဲခြား သတ်မှတ်ထားပါတယ်။ wood, paper, cloths တွေကဲ့သို့၊ common combustible material တွေကြောင့်  ဖြစ်ပွားရတဲ့ မီးလောင်ခြင်းကို၊ 'Class A' fire အဖြစ်၊ အမျိုးအစားသတ်မှတ်ပါတယ်။ flammable liquids တွေကဲ့သို့၊ combustible material တွေကြောင့်  ဖြစ်ပွားရတဲ့ မီးလောင်ခြင်းကို 'Class B' fire အဖြစ်၊ အမျိုးအစားသတ်မှတ်ပါတယ်။ နဲ့ flammable gas တွေကြောင့်  ဖြစ်ပွားရတဲ့ မီးလောင်ခြင်းကို၊ 'Class C' fire အဖြစ်၊ အမျိုးအစားသတ်မှတ်ပါတယ်။

reactive chemicals တွေနဲ့ active metals တွေကြောင့်၊  ဖြစ်ပွားရတဲ့ မီးလောင်ခြင်းကိုတော့ 'Class D' fire အဖြစ်၊ အမျိုးအစားသတ်မှတ်ကာ၊ လျှပ်စစ်နဲ့ပက်သက်တဲ့ live electrical equipment တွေကြောင့်  ဖြစ်ပွားရတဲ့ မီးလောင်ခြင်းကို 'Class E' fire အဖြစ်၊ အမျိုးအစားသတ်မှတ်ပါတယ်။ ဒါ့အပြင် သဘော်ပေါါမှာ အစားအစာချက်ပြုတ်ရာမှ၊ vegetable oils, animal oil တွေနဲ့ fats တွေကဲ့သို့၊ cooking media တွေကြောင့်  ဖြစ်ပွားရတဲ့ မီးလောင်ခြင်းကိုတော့ 'Class K' fire အဖြစ်၊ အမျိုးအစားသတ်မှတ်ပါတယ်။

မီးလောင်ခြင်းတွေကို အမျိုးအစားခွဲခြားသတ်မှတ်လိုက်တဲ့အတွက်၊ မီးငြိမ်းသတ်ခြင်း fire fighting အား၊ ဆောင်ရွက်ရာမှာ၊ ပိုမိုလွယ်ကူသွားပါတယ်။ သဘော်တွေမှာ မီးလောင်တဲ့အခါ၊ fire extinguisher ဆိုတဲ့  မီးသတ်ဆေးဘူးတွေသုံးကာ မီးငြိမ်းသတ်ခြင်းနဲ့ fire main ဆိုတဲ့ ရေအလုံးအရင်းသုံးကာ မီးငြိမ်းသတ်ခြင်း နည်းလမ်းတွေဖြင့်  fire fighting ကို၊ ဆောင်ရွက်ကြပါတယ်။

'Fire extinguisher agents' - Class A fire ကဲ့သို့ combustible material တွေကြောင့်  ဖြစ်ပွားရတဲ့၊ မီးလောင်ခြင်းကို ရေ၊ foam spray, ABC powder နဲ့ wet chemical အစရှိတဲ့ fire extinguisher agents တွေ အသုံးပြုကာ၊ ငြိမ်းသတ်နိုင်ပါတယ်။ ABC powder ဟာ mono-ammonium phosphate မှတဆင့် ထုတ်ယူထားတဲ့၊ အဝါရောင် dry powder ဖြစ်ပါတယ်။ mono-ammonium phosphate dry powder ဟာ၊ Class A fire အမျိုးအစား မီးလောင်မှုတွေသာမက၊ Class B fire အမျိုးအစားဖြစ်တဲ့၊ flammable liquids တွေကြောင့်  ဖြစ်ပွားရတဲ့၊ မီးလောင်ခြင်းနဲ့ Class C fire  အမျိုးအစားဖြစ်တဲ့၊ flammable gas တွေကြောင့်  ဖြစ်ပွားရတဲ့၊ မီးလောင်ခြင်းကိုပါ၊ ငြိမ်းသတ်နိုင်တဲ့အတွက်၊ မှတ်သားရလွယ်ကူစေရန် "ABC powder" ရယ်လို့ ခေါါဆို အမည်ပေးကြပါတယ်။

Class B fire ကဲ့သို့ flammable liquids တွေကြောင့်  ဖြစ်ပွားရတဲ့၊ မီးလောင်ခြင်းကိုလည်း၊  foam နဲ့ ABC powder အစရှိတဲ့ fire extinguisher agents တွေအသုံးပြုကာ၊ ငြိမ်းသတ်နိုင်ပါတယ်။ foam အား၊ tri-methyltrimethylene glycol နဲ့ hexylene glycol ကဲ့သို့ organic solvents တွေကို အခြေခံကာ၊ 'အမြှုတ်' ရရှိစေရန် amphiphilic organic compound မှ surfactants ဖြင့် ရောစပ်ထုတ်ယူထားပါတယ်။ foam ကို၊ class A foam နဲ့ class B foam ဆိုပြီး ခွဲခြားနိုင်ပါတယ် Class A foam ကို၊ wildfires ကဲ့သို့ တောမီးလောင်ခြင်းအား၊ ငြိမ်းသတ်ရန် အသုံးပြုပြီး၊ Class B foam ကိုတော့၊ flammable liquids တွေကြောင့်  ဖြစ်ပွားရတဲ့၊ မီးလောင်ခြင်းအား၊ ငြိမ်းသတ်ရန် အသုံးပြုပါတယ်။

Class B foam agent ကို synthetic foams နဲ့ protein foams ဆိုပြီး သတ်မှတ်ထားပါသေးတယ်။ synthetic surfactants အခြေခံ၊ synthetic foams တွေဟာ၊ အသုံးပြုတဲ့အခါ၊ flow ကောင်းပြီး၊ flames knockdown အနေနဲ့ မီးညွှန့်ကျိုးလွယ်ပေမယ့်၊ မီးလောင်ပြီးအခြေအနေ post-fire security အတွက်တော့ စိတ်မချရတာ တွေ့ရပါတယ်။ synthetic foams တွေကို၊ aqueous film forming foams (AFFF) နဲ့ alcohol-resistant aqueous film forming foams (AR-AFFF) ဆိုပြီး ခွဲခြားထားပါသေးတယ်။ sodium alkyl sulfate နဲ့ fluorosurfactant ကဲ့သို့၊ hydrocarbon-based surfactant တွေနဲ့ ရေ တို့ကို၊ ပေါင်းစပ်ထားတဲ့ foams ဟာ၊ သဘော်တွေမှာအသုံးပြုတဲ့  aqueous film forming foams ဆိုတဲ့ AFFF တွေ ဖြစ်ပါတယ်။

protein foams agent ကတော့ natural proteins တွေကို၊ foaming agents အဖြစ်အခြေခံကာ၊ ထုတ်ယူထားတဲ့၊ bio-degradable foam တွေဖြစ်ပါတယ်။ flow သိပ်မကောင်းပေမယ့်၊ အသုံးပြုတဲ့အခါ foam blanket တခုသဖွယ်ပေါါပေါက်လာပြီး၊ 'spontaneous combustion' ကဲ့သို့၊ တငွေ့ငွေ့အထွင်းမှာ လှိုက်လောင်နေတတ်တဲ့၊ မီးလောင်မှုမျိုးငြိမ်းသတ်နိုင်ပါတယ်။ တနည်းအားဖြင့် မီးလောင်ပြီးအခြေအနေ post-fire security အတွက်စိတ်ချရတဲ့ foams အမျိုးအစားဖြစ်ပါတယ်။

regular protein foam ဆိုတဲ့ (P), fluoroprotein foam ဆိုတဲ့ (FP), film forming fluoroprotein ဆိုတဲ့ (FFFP), alcohol resistant fluoroprotein foam ဆိုတဲ့ (AR-FP) နဲ့ alcohol-resistant film forming fluoroprotein ဆိုတဲ့ (AR-FFFP) တို့ဟာ protein foam တွေဖြစ်ပါတယ်။ natural proteins ဆိုပေမယ့်၊ biological contaminants တွေကြောင့်၊ amyloid ကဲ့သို့၊ ဗဟိုအာရုံကြောစနစ်တွေ ထိခိုက်စေတတ်တဲ့ ရောဂါတွေ မဖြစ်ပွားစေရန်၊ non-animal sources တွေမှတဆင့် ထုတ်ယူထားတဲ့ proteins တွေကို၊ ရောစပ်ထားခြင်း ရှိ၊ မရှိ စစ်ဆေးပြီးမှသာ အသုံးပြုသင့်ပါတယ်။

Class C fire ကဲ့သို့ flammable gas တွေကြောင့်  ဖြစ်ပွားရတဲ့၊ မီးလောင်ခြင်းကိုတော့၊ ABC powder fire extinguisher agents တမျိုးတည်းသာ၊ အသုံးပြုပြီး ငြီမ်းသတ်နိုင်ပါတယ်။

reactive chemicals တွေနဲ့ active metals တွေကြောင့်၊  ဖြစ်ပွားရတဲ့ မီးလောင်ခြင်းကိုတော့ 'Class D' fire အဖြစ်၊ အမျိုးအစားသတ်မှတ်ပြီး၊ metal fire လို့လည်း ခေါါပါတယ်။ metal fire ဟာ magnesium, sodium, potassium နဲ့ sodium-potassium alloys သတ္တုစပ်တွေမှာ အပူရှိန်လွန်ကဲမှု hot spot တွေပေါါပေါက်ရာမှ၊ reactive chemicals တွေနဲ့ ပေါင်းစပ်ပြီး၊ ဖြစ်ပွားရတဲ့ မီးလောင်ခြင်းဖြစ်ပါတယ်။

class D fire extinguisher agents တွေကို၊ sodium chloride based, copper based, graphite based, sodium carbonate based နဲ့ water based suppressants ဆိုပြီး၊ ခွဲခြားနိုင်ပါတယ်။ 'Class D' fire အား၊ ငြိမ်းသတ်ရန် အသုံးပြုတဲ့ class D fire extinguisher agents တွေကို၊ မီးလောင်မှုဖြစ်ပေါါတဲ့ သတ္ထုနဲ့ သတ္တုစပ်အမျိုးအစားပေါါမူတည်ပြီး၊ မှန်ကန်စွာ ရွေးချယ်အသုံးပြုရန် လိုအပ်ပါတယ်။


Fig.  Sodium chloride based dry power class D fire extinguisher


sodium chloride based class D fire extinguisher agents မှာပါဝင်တဲ့ sodium chloride salt ဟာ၊ မီးလောင်နေတဲ့ metal အပေါါမှာ oxygen-excluding crust အနေနဲ့ အရည်ပျော်ကာ၊ အလွှာတခုအဖြစ်၊ ဖုံးအုပ်သွားခြင်းဖြင့် မီးလောင်မှုအား၊ ငြိမ်းသတ်ပါတယ်။ alkali metal တွေဖြစ်တဲ့ sodium နဲ့ potassium တို့အပြင်၊ အခြား metal တွေဖြစ်တဲ့ magnesium, titanium, aluminum နဲ့ zirconium သတ္တုတွေမှာ၊ ပေါါပေါက်တဲ့  မီးလောင်မှုအား၊ ငြိမ်းသတ်နိုင်ပါတယ်။

copper based class D fire extinguisher agents ကိုတော့ lithium နဲ့ lithium-alloy သတ္တုစပ်တွေမှာ၊ ဖြစ်ပွားတဲ့ မီးလောင်ခြင်းအား၊ ငြိမ်းသတ်ရန် အသုံးပြုပါတယ်။ copper based class D fire extinguisher agents ဟာ powder smothers အမှုန့်ဖြစ်ပြီး၊ မီးလောင်နေတဲ့ metal အပေါါမှာ  heat sink ဆိုတဲ့ အလွှာတခုအနေနဲ့ ဖုံးအုပ်ကာ၊ အပူရှိန်ကို လျှော့ချပါတယ်။  ဒါ့အပြင် copper-lithium alloy surface အဖြစ်ပြောင်းလဲသွားရာမှတဆင့် oxygen supply ကို၊ ဖြတ်တောက်ကာ မီးလောင်မှုအား၊ ငြိမ်းသတ်ပါတယ်။ powder smothers အမှုန့်ဖြစ်တဲ့အတွက် extinguish flowing မှာပိတ်ဆို့တတ်ပြီး၊ မီးသတ်ဆေးဘူး extinguisher ကို ဒေါင်လိုက်အနေအထားဖြင့် ထားရှိကာ၊ ဒေါင်လိုက် vertical surface မျက်နှာပြင်၊ မီးလောင်မှုတွေအတွက်သာ အသုံးပြုနိုင်ပါတယ်။

graphite-based class D fire extinguisher agents ဟာ၊ dry graphite အမှုန့်ဖြစ်ပြီး၊ magnesium နဲ့ lithium သတ္တုတွေမှာ၊  မြင့်မားတဲ့အပူချိန်တွေဖြင့်  ဖြစ်ပွားတဲ့ hot burning metal မီးလောင်ခြင်းအား၊ ငြိမ်းသတ်ရန် အသုံးပြုပါတယ်။ မီးလောင်နေတဲ့ metal အပေါါမှာ  heat sink ဆိုတဲ့ အလွှာတခုအနေနဲ့ ဖုံးအုပ်ကာ၊ အပူရှိန်ကို လျှော့ချခြင်းဖြင့် မီးငြိမ်းသတ်ခြင်းဖြစ်ပါတယ်။ dry graphite အမှုန့်ဟာ powder smothers အမှုန့်ကဲ့သို့ extinguish flowing မှာပိတ်ဆို့တတ်ခြင်း မရှိသလို၊ မီးသတ်ဆေးဘူး extinguisher အား၊ မည်သည့်အနေအထားဖြင့်မဆို ထားရှိကာ၊ အသုံးပြုနိုင်ပါတယ်။

sodium carbonate-based class D fire extinguisher agents ကို  stainless steel piping နဲ့ stainless steel equipments သတ္တုစပ်တွေမှာ၊ ဖြစ်ပွားတဲ့ မီးလောင်ခြင်းအား၊ ငြိမ်းသတ်ရန်အတွက်သာ အသုံးပြုပါတယ်။ water based suppressants class D fire extinguisher agents တွေကိုတော့ titanium နဲ့ magnesium သတ္တုတွေမှာ၊ ဖြစ်ပွားတဲ့ မီးလောင်ခြင်းအား၊ ငြိမ်းသတ်ရန်အတွက် အသုံးပြုသလို၊ elemental lithium သတ္တုမှာဖြစ်ပေါါတဲ့ မီးလောင်ခြင်းအား၊ ငြိမ်းသတ်အသုံးပြုတဲ့အခါ၊ water based suppressants ဖြစ်တဲ့အတွက်၊ extinguisher agents အတွင်း ပါဝင်နေတဲ့ ရေကြောင့် ပြင်းထန်တဲ့ ပေါက်ကွဲမှု ပေါါပေါက်နိုင်ပါတယ်။

Class E fire ကဲ့သို့ လျှပ်စစ်နဲ့ပက်သက်တဲ့ live electrical equipment တွေကြောင့်  ဖြစ်ပွားရတဲ့ မီးလောင်ခြင်းကို၊  ABC powder နဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ် CO2 တွေ အသုံးပြုကာ၊ ငြိမ်းသတ်နိုင်ပါတယ်။ အစားအစာချက်ပြုတ်ရာမှ၊ vegetable oils, animal oil တွေနဲ့ fats တွေကဲ့သို့၊ cooking media တွေကြောင့်  ဖြစ်ပွားရတဲ့ မီးလောင်ခြင်း 'Class K' fire ကိုတော့ wet chemical extinguisher agents ကိုအသုံးပြုကာ၊ ငြိမ်းသတ်ပါတယ်။ 'Class K' fire အတွက်အသုံးပြုတဲ့ wet chemical ဟာ၊ foams အမျိုးအစားဖြစ်ပြီး၊ potassium acetate, potassium carbonate ဒါမှမဟုတ် potassium citrate ကို အခြေခံကာ၊ ရေနဲ့ပေါင်းစပ်ထားတဲ့  extinguisher agents ဖြစ်ကာ၊ antifreeze chemicals တွေကိုလည်း ရောစပ်ထားလေ့ရှိပါတယ်။

"Fire main" - ရေ အလုံးအရင်းသုံးကာ မီးငြိမ်းသတ်ရန်၊ သဘော်တစီးလုံးမှာ fire pipeline တွေသွယ်ထားပြီး၊ fire hydrant တွေမှတဆင့်၊ ရေကို ရယူရပါတယ်။ fire hydrants တွေကလည်း အမျိုးအစားအစုံရှိသလို၊ fire hose nozzles တွေကလည်း၊ အမျိုး အစားစုံလင်ပါတယ်။ အလားတူပဲ fire hydrants တွေနဲ့ hose ကိုဆက်ပေးတဲ့ hose couplings တွေကလည်း အမျိုးအစားအစုံရှိပါတယ်။



Fig. fire hose couplings and hose nozzles

သဘော်တွေမှာ၊ တတ်ဆင်အသုံးပြုလေ့ရှိတဲ့ hose nozzle အမျိုးအစား type တွေကတော့ Machino type, Nikajima type, ANSI type, NOR type, John Morris type, NF type နဲ့ Screw coupling type တို့ဖြစ်ပါတယ်။ coupling တွေအဖြစ် Nakajama, Machino, John Morris, Nor, ANSI pin, ANSI slotter, French နဲ့ Storz အမျိုးအစား တို့ကို၊ အသုံးပြုလေ့ရှိပါတယ်။


Fig. (A) Inner outer synthetic rubber lined fire hose, (B) Rubber lined tetoron fire hose and (C) Fire hydrant and fire hose box 

hose အနေနဲ့ rubber lined tetoron အမျိုးအစားနဲ့ inner outer synthetic rubber lined အမျိုးအစား hose တွေကိုအသုံးပြုကြပါတယ်။ DWT တန်ချိန် (၁၀၀၀) နဲ့ အထက်သဘော်တွေရဲ့၊ မီတာ (၃၀) ဧရိယာတိုင်းမှာ၊ fire hydrant တခု တတ်ဆင်ထားရှိရန်သတ်မှတ်ထားသလို၊ fire hydrant ရဲ့ အနီးမှာ၊ မီတာ (၂၀) အရှည်ရှိတဲ့ fire hose အား၊ coupling, nozzle တို့နဲ့အတူအသင့်သုံးနိုင်ရန်၊ ဆင်ထားပြီး၊ hose box ထဲမှာ သိမ်းဆည်း ထားရမယ်လို့ သတ်မှတ်ထားပါတယ်။   ဒါ့အပြင် စုစုပေါင်း အသုံးပြုမယ့် fire hose set အစုံအရည်အတွက်ထက် အပို (၁) စုံကို၊ spare hose set အဖြစ် သိမ်းဆည်းထားရန်၊ သတ်မှတ်ထားပါသေးတယ်။ 

fire line piping မှာ၊ hydrant valve တွေအပြင်၊ isolating valve တွေကိုပါ တတ်ဆင်ထားပါတယ်။ fire fighting အဖြစ် မီးငြိမ်းရန် လိုအပ်တဲ့ ရေကို၊ စက်ခန်းမှ Fire & G.S pump ဖြင့်ပေးပို့ပါတယ်။ တကယ်၍ အကြောင်းတစုံတခုကြောင့် Fire & G.S pump ကို၊ အသုံးမပြုနိုင်ခဲ့လျှင် Bilge & Ballast pump ကို၊ အသုံးပြုပြီး ပေးပို့နိုင်ပါတယ်။ ဒါ့အပြင် Emergency fire pump ကိုလည်း တတ်ဆင်ထားပါတယ်။

Remark : All publications and images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.  

No comments:

Post a Comment